Showing posts with label ကျန်းမာရေးကဏ္ဍ. Show all posts
Showing posts with label ကျန်းမာရေးကဏ္ဍ. Show all posts

Thursday, February 14, 2013

ဣသရမူလီ ဆေးပင်


ဣသရမူလီ ဆေးပင်က တော်တော်လေး အစွမ်းထက်တယ်..... ဘီ တို့ စီ တို့တော့ မသိဘူး အဆုတ်အတွက်တော့ တော်တော်ကောင်းတယ်.....

အရွက်က ခါးတာတော့ တအားခါးတယ်..... ဒီအပင် မှန်လား မမှန်လားတော့ မသိဘူး.... ကျွန်တော့်တုန်းက အရွက် အခြောက်ကိုစားတာတောင် သေလောက်အောင်ခါးတယ်... ဒါပေမယ့် ကျန်းမာရေးကတော့ တော်တော့်ကို ကောင်းသွားတယ်....
*** B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း ***

ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။
အခု သူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်

Saturday, December 1, 2012


ကျန်းမာရေး*

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။

*နှုတ်ခမ်းကွဲခြင်း*

မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

*ဆံပင်ကျွတ်ခြင်း*

အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*

ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*

ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။
ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။
နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊

တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီး ပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*

သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။

*တံတောင်ဆစ်မည်းခြင်းအတွက်*

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ

တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။
ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

*ခြေထောက်*

သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။
တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*

ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့
သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ်တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာတိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျမ္မာရေး လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ် တင်ပြလိုက်ပါတယ် …

၁။သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူးသဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊

၂။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။

၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။

၎။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။

၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။

၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။

၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။

၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။

၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။

၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက် စေသည်။

၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။

၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။

၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။

၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။

၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။

၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။

၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီသသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။

၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော်ရည်တွင် ထည့် ကာ ခေါင်းလျော်နိုင်ပါသည်။

၁၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက ဆီး ရွှင်စေပါတယ်။

၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။

( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး )

စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊

ပိန်နေသူများ ၀စေသည်

ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။

အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊

ဝနေသူကို ပိန်စေသည်

ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း ..

ရောက်လေရာတွင် သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်… အလှအပကို မြတ်နိုးတတ်ကြတာ… သဘာဝပါ… ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်… လက်တွေ့… ၇ ရက်အတွင်း… သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်…

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်… အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ… ရောစပ်ပြီး လိမ်းပေးရမှာပါ…



ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး… အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ…
အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ… ထို့နောက် …. ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး… မွှေပေးပါ…



အသုံးပြုနည်း
ညအိပ်ယာဝင်ခါနီးတိုင်း……
ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ… ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်…တစ်ပါတ်အတွင်း သိသာစွာ… ဗိုက်ချပ်လာသည်ကို… လက်တွေ့… တွေ့မြင် ခံစားရမှာပါ…



မှတ်ချက်- ညစာကို ပုံမှန် ထက်… လျှော့စားပေးရင်… ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်…တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်။

Wednesday, September 12, 2012

လုပ်ငန်းခွင်မှာလန်းဆန်းတက်ကြွစေဖို့



နံနက် ၆ နာရီ – စောစောထပါ

အိပ်ရာမှတကယ်ထမည့်အချိန် ထက်၁၅ မိနစ်စော၍နှိုးစက်ပေးထား ပါ။ ၁၅မိနစ်အတွင်း အေးအေးလူလူ နိုးထနိုင်ပြီး တစ်နေ့တာလုပ်ဆောင်စ ရာများ တန်းစီစဉ်းစားရန်အချိန်လုံလုံ လောက်လောက်ရမည်ဖြစ်သည်။
မျက်လုံးစည်းတပ်အိပ်လေ့ရှိပါ ကမပွင့်တပွင့်ထား၍အိပ်ပါ။မျက်နှာ ပေါ်နေရောင်သန်းသည်နှင့်ဦးနှောက်မှ မယ်လတိုနင်ထုတ်လုပ်မှုလျှော့ချပြီး အဒရီနယ်လင်စတင်ထုတ်လုပ်သော ကြောင်
့နှိုးစက်မြည်ချိန်တွင်ခန္ဓာကိုယ် အတွက်နိုးထရန်အဆင်သင့်ဖြစ်စေ ပါသည်။
နံနက် ၇ နာရီ - အလုပ်မသွားခင်
နံနက်စာအဆာပြေစားပါ။ ပရို တိန်းနှင့်ကယ်လ်စီယမ်ဓာတ်များပါဝင် သောနို့ထွက်ပစ္စည်းများအဓိကစားပါ။
နံနက် ၈ နာရီ – လမ်းခရီးဝယ်
ရုံးနှင့်အိမ်နီးပါကပင်ပန်းမှုနည်း ပြီး လန်းလန်းဆန်းဆန်းလုပ်ငန်းခွင် ဝင်နိုင်မည်။အိမ်နှင့်ရုံးသို့တမျှော်တ ခေါ်သွားရ လျှင်ပင်ပန်းနွမ်းနယ်စေပြီး ခွင့်ရက်အနားယူရသည်အထိဖြစ် တတ်သည်။
လုပ်ငန်းခွင်နှင့်အလှမ်းဝေး ခြင်း ကိုရှောင်လွှဲ၍မရလျှင်မိမိကိုယ်ကိုလေ့ ကျင့်မှုအနည်းငယ်ပြုပေးရုံဖြင့် သက် သောင့်သက်သာခရီးသွားနိုင်မည်။ ဘတ်စ်ကားစီးနေစဉ်ထိုင်လျက်ဖြစ်စေ၊ မတ်တပ်ဖြစ်စေတရားမှတ်နိုင်သည်။ မည်သည့်ဘာသာဝင်မဆို ဆိုင်ရာဘာ သာ၏ဓလေ့ထုံးစံအတိုင်းဘုရားသခင် အားအာရုံပြုခြင်း၊တရားစာရွတ်ဖတ် ခြင်း၊ ဘာဝနာပွားခြင်းပြုနိုင်သည်။
ကိုယ်တိုင်ကားမောင်းလျှင်မီး ပွိုင့်တွင်ကားရပ်နားစဉ်အချိန်တွင်ပြုနိုင် သည်။
နံနက် ၉ နာရီ –အချိန်အနည်းငယ် ပေး၍ရှင်းလင်းပါ
အလုပ်စားပွဲပွလျှင်စိတ်ဖိစီး တတ်သည်။ စားပွဲတစ်ခုလုံးရှင်းလင်း ပစ်ဖို့အချိန်ပေးရမှာမနှမျောပါနှင့်။ အလုပ်တွေစုပုံမလာခင်၊အစည်းအဝေး တွေတန်းစီမနေခင်စားပွဲရှင်းလင်းထား ခြင်းဖြင့်စိတ်ဖိစီးမှုလျော့ပါးစေပါသည်။
ကွန်ပြူတာဖွင့်၍အီးမေးလ်မ ဖတ်ခင်စာရွက်အပုံများရှင်းပါ။အသုံး လိုသောစာရွက်နှင့်လွှင့်ပစ်ရမည့်စာ ရွက်တို့ကိုခွဲထုတ်ပါ။ ရှင်းလင်းရာတွင် အာရုံစူးစိုက်မှုရှိစေရန်မတ်တတ်ရပ်၍ လုပ်ကိုင်ပါ။
နံနက်၁၀ နာရီ – ကော်ဖီသောက် ချိန်
ဟားဗတ်တက္ကသိုလ်ဆေးပညာ ဌာနပါမောက္ခတစ်ဦးကကော်ဖီသည် အံ့မခန်းအသက်ကယ်ဆေးတစ်ခုဖြစ် သည်ဆို၏။သို့သော်ကော်ဖီအလွန် သောက်ခြင်းသည်စိတ်ဖိစီးပြီးကယောင် ကတမ်းဖြစ်စေသည်။
ကော်ဖီတွင်ပါဝင်သောကဖင်း ဓာတ်ကို ခန္ဓာကိုယ်ထဲသို့စုပ်ယူရန် ၄၅မိနစ်ခန့်ကြာလေရာနံနက် ၁၀ နာရီတွင်ကော်ဖီသောက်ခြင်းဖြင့် နံနက်ခင်းတစ်ခင်းလုံးလန်းလန်းဆန်း ဆန်းအလုပ်လုပ်နိုင်မည်ဖြစ်သည်။
နံနက် ၁၁ နာရီ – သရေစာရှောင်ပါ
မနက်စာအပြီးနာရီပိုင်းအတွင်း သရေစာထပ်စားခြင်းသည်စွမ်းအင် သိသိသာသာမြှင့်တင်ပေးနိုင်ခြင်းမရှိ ဘဲကိုယ်အလေးချိန်တိုးစေသည်။
နံနက်စာနှင့်နေ့လည်စာကြား ခြားနားချိန် ၃ နာရီမှ ၅ နာရီအတွင်းရှိ သင့်သည်။
၁၂ နာရီမှ ၁ နာရီ – နေ့လည်စာ
အလုပ်စားပွဲမှဘက်တီးရီးယား ပိုးမွှားများ အစာနှင့်မရောထွေးစေရန် အလုပ်စားပွဲနှင့်ဝေးရာမှာနေ့လည်စာ စားပါ။နေ့လည်စာအတွက်မိနစ် ၂၀ ခန့်လမ်းလျှောက်သွားနိုင်လျှင် ဒို ပါမင်း၊ နော်အပီနက်ဖရင်၊ ဆီရိုတိုနင် ဓာတ်များသမမျှတမှုရှိလာပြီး အလုပ် ခွင်ပြန်ဝင်ရာတွင် လန်းဆန်းတက်ြွက နေမည်ဖြစ်သည်။
မွန်းလွဲ ၂ နာရီ – မှေးစက်ချိန်
ရေအိမ်တစ်ခါဝင်ချိန်၊ ကော်ဖီ တစ်အိုးကျိုချိန်မျှ အချိန်ယူ၍ မှေးစက် အနားယူပါ။ အလုပ်ချိန်အတွင်း လူ မြင်ကွင်းတွင်ခေတ္တမှေး စက်ဖို့ရာကသိ ကအောက်နိုင်သော်လည်း နေ့ခင်း ၂ နာရီတွင် ၁၀ မိနစ်ခန့်မှေးစက်အနား ယူခြင်းသည်ကျန်တစ်နေ့တာ အတွက် သိသိသာသာစွမ်းအင်ပြည့်ဝစေသည်။ အလုပ်စားပွဲတွင်ခေတ္တမှေးစက်ရန်အ ခြေအနေမပေးပါက ကားအတွင်းဖြစ် စေ၊ရေအိမ်အတွင်းဖြစ်စေ၁၀ မိနစ်ခန့် မျက်လုံးမှိတ်အနားယူနိုင်သည်။
မွန်းလွဲ ၃ နာရီ – သင့်မျက်လုံးကိုစာ နာပါ။
သင့်မျက်လုံးများပင်ပန်းနွမ်းနယ် သည့်အခါ အလုပ်ဆက်လုပ်ရန် အဟန့်အတားဖြစ်လာမည်။ မျက်လုံး များညောင်းညာလာ သည့်အခါခဏ တဖြုတ်မတ်တတ်ရပ်ခြင်း၊ ရေထွက် သောက်ခြင်းပြုပေးပါ။
၂၀-၂၀-၂၀ ပုံစံအတိုင်းလုပ် ကြည့်ပါ။ မိနစ် ၂၀ ကြာတိုင်း ကွန်ပြူ တာမော်နီတာမှ ပေ ၂၀ ခန့်အကွာအ ဝေးကိုစက္ကန့်၂၀ ခန့်အမြင်လွှဲကြည့် ပေးပါ။
မွန်းလွဲ ၄ နာရီ–အကြောဆန့်ပါ
အလုပ်ခွင်သို့အာရုံစိုက်မှုမ လျော့ကျစေရန်အလုပ်စားပွဲမှာပင်အ ကြောဆန့်ပါ။ မကြာခဏခေါင်းလေ့ ကျင့်ခန်းအကွေးအဆန့်ပြုပါ။
ညနေ ၅ နာရီ – အိမ်ပြန်ချိန်
၅ နာရီဒေါင်ခနဲကွက်တိအိမ်ပြန် နိုင်ရန်မလွယ်သော်လည်း အနီးစပ်ဆုံး ပြန်နိုင်ရန်ကြိုးစားပါ။အချိန်ပိုအလုပ် ဆင်းခြင်းသည် ရေရှည်တွင်ကျန်းမာ ရေးကိုထိခိုက်စေသည်။
လုပ်ငန်းခွင်မှအလျင်စလိုထွက် ခွာသည်ထက်အေးအေးလူလူသက် သောင့်သက်သာပြန်ပါ။ အိမ်အပြန် လမ်းတွင်လုပ်ဖော်ကိုင်ဖက်များနှင့် စကားစမြည်ပြောဆို၍ပြန်ခြင်းက နွေးထွေးမှုရှိစေသည်။
ညနေ ၅ နာရီမှ ၆ နာရီ – အိမ်အပြန် လမ်း
ဂီတကိုနှစ်ခြိုက်သူဖြစ်ပါကအ လုပ်ခွင်တွင်တစ်နေ့တာလုံးတိတ်ဆိတ် ခဲ့ရသမျှအိမ်အပြန်လမ်းတွင်သီချင်းနား ထောင်ပါ။
နံနက်ခင်းလုပ်ငန်းခွင်လာစဉ် က အတိုင်းတရားရှုမှတ်နိုင်ကတစ်နေ့ တာလုံးစိတ်ဖိစီးခဲ့သမျှလျော့ပါးသက် သာစေပါသည်။
ည ၉ နာရီ – အိပ်ရာမဝင်ခင်
ကြာကြာအိပ်ခြင်းထက်နှစ် နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းက စွမ်း အင်ပြည့်ဝစေသည်။အိပ်ရာမဝင်ခင် ကွန်ပြူတာ၊တယ်လီဖုန်း၊ရုပ်မြင်သံကြား စသောတောက်တောက်ပပအရာ များကိုကြည့်ခြင်းမှရှောင်ပါ။
အိပ်ရာမဝင်ခင် မိနစ်သုံးဆယ် ခန့်ကြိုတင်ရေချိုးပါ။ အိပ်ရာနံဘေး တွင်သောက်ရေတစ်ခွက်ထားပါ။ ပူ အိုက်၍လန့်နိုးသောအခါရေသောက် ခြင်းဖြင့်ခန္ဓာကိုယ်အပူချိန်သမမျှတ ပြီးနှစ်ခြိုက်စွာ ပြန်လည်အိပ်ပျော်စေ သည်။ ဇော်ကို Ref: RD

Saturday, July 21, 2012

လုံးဝ မအိပ်ဘဲနေရင် ဘာတွေ ဖြစ်လာနိုင်သလဲ

လူတွေဟာ နေ့စဉ်နေ့တိုင်း အိပ်စက် အနားယူရပါတယ်။ လူတစ်ယောက်အတွက် လိုအပ်တဲ့ အိပ်စက်ချိန်ဟာ အသက်ကြီးလာလေ၊ လျော့နည်းလာလေပါပဲ။ မွေးကင်းစ ကလေးတစ်ယောက်ဟာ တစ်နေ့ကို နာရီ ၂၀ ကြာ အိပ်ပါတယ်။ အသက်လေးနှစ် အရွယ်လည်းရောက်ရော အိပ်ချိန် ၁၂ နာရီသာ လိုပါတော့တယ်။



အသက် ၁၀ နှစ်အရွယ်မှာ အိပ်ချိန် ၁၀ နာရီလိုအပ်ပြီး အရွယ်ရောက်လာတဲ့ အခါမှာတော့ ၇ နာရီမှ ၉ နာရီကြား လိုအပ်လေ့ ရှိကြပါတယ်။ အသက်အရွယ်ရလာတဲ့ လူကြီးပိုင်းတွေကျတော့ တစ်ညကို ၆ နာရီ ကနေ ၇ နာရီကြားသာ အိပ်လေ့ရှိကြပါတယ်။ အခုပြောတဲ့ အိပ်စက်ချိန်တွေက ပျမ်းမျှအနေနဲ့ ပြောတာပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လိုအပ်တဲ့ အိပ်ချိန်ပမာဏ မတူညီကြပါဘူး။ သင့်အတွက် တစ်ညကို အိပ်ချိန် ဘယ်လောက်လိုတယ်၊ ဘယ်လောက်ကြာကြာ အိပ်ရင် စိတ်ကြည်လင် လန်းဆန်းလေ့ ရှိတယ်ဆိုတာ သင်ကိုယ်တိုင်သာ သိပါလိမ့်မယ်။



အိပ်ရေးဝတဲ့ နေ့တွေဆို အားရှိပြီး စိတ်ကြည်လင်နေတာ စာဖတ်သူအားလုံး အသိပါ။ ဘာကြောင့်လဲဆိုတော့ အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အဖြစ်အပျက်နှစ်ခု ဖြစ်ပျက်နေတတ်တာကြောင့်ပါ။ ကလေးတွေမှာ အိပ်ချိန်အတွင်း ကြီးထွားတဲ့ ဟော်မုန်းတွေ ထွက်လာတတ်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့ ဓာတုပစ္စည်းတွေလည်း ထွက်လာတတ်ပါတယ်။ ဒီတော့ အိပ်ရေးမဝရင် ကိုယ်ခံအားနည်းကာ ရောဂါဝင်ရောက်လာနိုင်သလို ကလေးတွေမှာလည်း ကြီးထွားမှုနှုန်း လျော့နည်းတတ်ပါတယ်။ နောက်ပြီး အိပ်စက်ခြင်းကြောင့် ရရှိတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။



အိပ်နေချိန်မှာ ခန္ဓာကိုယ်ဟာ ကြွက်သားနဲ့ တခြားတစ်သျှူးတွေကို ပြုပြင်ပေးသလို ဆဲလ်သေတွေ၊ ဆဲလ်ဟောင်းတွေကို အစားထိုးပေးပါတယ်။ အိပ်နေချိန်မှာ ဦးနှောက်ကို တစ်နေ့တာ မှတ်သားထားတာတွေကို ပြန်စီခိုင်း၊ သိမ်းခိုင်းတာကြောင့် မှတ်ဉာဏ်ကို အထောက်အကူ ပြုစေပါတယ်။ အိပ်ခြင်းက ကျွန်မတို့ရဲ့စွမ်းအင် အသုံးချမှုကိုလည်း လျော့နည်းစေပါတယ်။ အိပ်ရေးမဝရင် အစာပိုစားတတ်တာကြောင့်လည်း ဝလာနိုင်ပါတယ်။ အိပ်ခြင်းက ဦးနှောက်ကိုလည်း အားဖြည့်ပေးပါတယ်။ ဒါကြောင့် လူတိုင်း အိပ်ရေးဝဝ အိပ်သင့်တာပါ။ အိပ်ရေးမဝရင် ဘာတွေ ဖြစ်လာနိုင်သလဲဆိုတော့-



တစ်ညလုံး မအိပ်ဘဲ နေခဲ့ဖူးကြမှာပါ။ တစ်ညတလေ မအိပ်ရုံနဲ့ မသေလောက်ပါဘူး။ နောက်ရက်မှာ မလန်းဆန်း၊ မကြည်လင်ဘဲ ပင်ပန်း နုံးချည့်နေရုံလောက်ပါပဲ။ ပြီးတော့ အက်ဒရီနယ်လင် ဟော်မုန်းတွေ ထွက်လာလို့ ကြောင်တောင်တောင်လည်း ဖြစ်နေနိုင်ပါတယ်။ နှစ်ညဆက်တိုက် မအိပ်ဘဲနေရင်တော့ အခြေအနေ ပိုဆိုးလာပါပြီ။ အာရုံ စူးစိုက်အား လျော့နည်းသလို ထိုင်းမှိုင်း နေတတ်ပါတယ်။ အိပ်ရေးမဝလို့ ဒေါသလည်း ထွက်နေတတ်ပါတယ်။



သုံးညလောက် မအိပ်ဘဲ နေရင်တော့ မြင်ယောင်မြင်မှားတွေ မြင်မိတတ်ပါတယ်။ ရှင်းရှင်းလင်းလင်းလည်း မတွေးတတ်တော့ပါဘူး။ မအိပ်ဘဲ နေတာကြာရင် အဲဒီလူဟာ ရူးကြောင်ကြောင် ဖြစ်သွားတတ်ပါတယ်။ ညစဉ် အိပ်ချိန် နာရီအနည်းငယ်သာ ရှိသူတွေဟာလည်း အချိန်ကြာလာတာနဲ့အမျှ ဒီပြဿနာတွေ ရှိလာနိုင်ပါတယ်။ လူတစ်ယောက် အမြင်အာရုံမှားတွေ မြင်ဖို့အတွက် အိပ်ပျက်တဲ့အချိန် သုံးရက်မျှသာ လိုပါတယ်။ ဒီထက် ပိုကြာကြာ မအိပ်ရင် ဒီလက္ခဏာတွေ ပိုဆိုးလာကာ အချိန်ကြာလာတာနဲ့အမျှ သေနိုင်လောက်ပါတယ်။ သုတေသနပြုချက်တွေအရ ကြွက်လေးတွေကို မအိပ်အောင်၊ တစ်ချိန်လုံး နိုးနေအောင် လှုံ့ဆော်ပေးနေတဲ့ အခါ ကြွက်လေးတွေမှာ မခံနိုင်ဘဲ သေသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဘာအကြောင်းကြောင့်မှ တစ်ညလုံး မအိပ်ဘဲ မနေကြပါနဲ့။ အိပ်ရေးဝအောင် အိပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။



ဒေါက်တာနုမြတ်

Ref: Good Health

Tuesday, July 3, 2012

စိတ်အားငယ်မှု့ နဲ့  အဲဒါတွေကို ဖြေသိမ့် နည်း~~~



၁။တကယ်လို့  ကိုယ့် ကိုအဖော်ပြုပေးသူ မရှိတဲ့ အခါ တစ်ယောက်တည်း သီချင်းနားထောင်ပါ၊စာဖတ်ပါ၊ စာရေးပါ၊ ဒါဟာကောင်းတဲ့ အကျင့် ဖြစ်ပါတယ်။

၂။တကယ်လို့  တစ်ယောက်တည်း အထီးကျန် ၀မ်းနည်းတဲ့ အခါ ထောင့် တစ်နေရာမှာ ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ၊တခြားသူရဲ့  နှစ်သိမ့် မှု့ တွေမလိုပါဘူး။ငိုပြီးတာနဲ့  စိတ်တွေ လန်းဆန်းလာပါလိမ့် မယ်။

၃။စိတ်ထိခိုက်တဲ့ အခါ ယုံကြည်ရတဲ့ သူငယ်ချင်းကို ရင်ဖွင့် ပါ။တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲ သိုဝှက်ထားရင် ကိုယ့် ကိုယ် ကို ပိုပြီးစိတ်ထိခိုက်စေပါတယ်။

၎။မပျော်ရွှင်တဲ့ အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့် ပါ။ကြယ်တွေကို ရေတွက်ပါ။အပြောကျယ်တဲ့ ကောင်းကင်မှာ ကိုယ်နဲ့ သက်ဆိုင်တဲ့  အချက်တစ်ခုတော့ ရှိပါလိမ့် မည်။`ငါမဆိုးဘူး` ဆိုပြီး ကိုယ့် ကိုယ်ကို ယုံကြည်မှု့  တစ်ခုတော့ ထားပါ။

၅။မိသားစုအပါအ၀င် ကိုယ်နှစ်သက်မြတ်နိုးသူရဲ့  မွေးနေ့ ကိုမှတ်ထားပါ။ကိုယ့် မွေးနေ့ ကိုလဲ မှတ်ထားပါ။မွေးနေ့ မှာ လက်ဆောင်ပေးသူမရှိရင် ၀မ်းမနည်းပါနဲ့ ။လှပတဲ့  လက်ဆောင်တွေဝယ်ပြီး အဖေ၊အမေ ကို ပေးနိုင်ပါတယ်။

၆။အားလပ်ချိန်မှာ ငြိမ့် ညောင်းတဲ့  သီချင်းလေးတွေ နားထောင်ပါ။စာကောင်းလေးတွေရှာဖတ်ပါ။ခဏတာ အိပ်စက်ပါ။

၇။အခုချိန်ကစပြီး ထက်မြတ်သူဖြစ်ပါစေ။ငါ့ကိုလွမ်းလား? ချစ်လားလို့  တစ်ဘက်သားကိုသွားမမေးပါနဲ့ ။တကယ်လို့  သူလွမ်းရင် ၊သူချစ်ရင် သူ့ ဘာသာသူပြောပါလိမ့် မည်။ကိုယ်သွားမေးလျင် သူဘ၀င်မြင့် သွားလိမ့် မည်။

၈။ကိစ္စတချို့ ၊ လူတချို့ ကြောင့်  ကိုယ့် ကိုကိုယ် သိပ်မရက်စက်မိပါစေနဲ့ ။
ဥပမာ-ထမင်းမစားတာ၊ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောက်အယှက်ဖြစ်တာ....ဒါတွေက လူနုံလူအ တွေ လုပ်တဲ့ အလုပ်ဖြစ်ပါတယ်၊။

၉။ဘယ်လိုအကြောင်းကြောင့် ပဲဖြစ်ဖြစ် သူတစ်ပါးနောက်ကွယ်မှာ သူ့ မကောင်းကြောင်းမပြောပါနဲ့ ။ပြောခဲ့ ရင်လည်း ကောင်းကြောင်းပဲပြောပါ။မိတ်ဆွေတစ်ဦး တိုးတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါသည်။

၁၀။အတတ်နိုင်ဆုံး လူတွေနဲ့ မငြင်းခုန်မိအောင် ကြိုးစားပါ။ဒေါသထွက်နေသူတစ်ယောက်ဟာ ကိုယ့် ခံစားချက်ကို မထိန်းနိုင်တဲ့  အရူးတစ်ယောက်နဲ့ တူပြီး အရမ်းကြောက်ဖို့ ကောင်းပါတယ်။သည်းခံပြီး
ပြသနာရင်းမြစ်ကိုရှာပါ။စိတ်တည်ငြိမ်ချိန်မှ ဖြေရှင်းပါ။ချစ်ဖို့ မလောပါနဲ့  အချိန်ပေးပါချစ်သူရည်းစားဖြစ်ပြီးတဲ့ 
လူနှစ်ဦးက ကိုယ်ဟာ သူ့ ရင်ထဲက တကယ်ချစ်ရတဲ့ သူ ဟုတ်မဟုတ်ဆိုတာသိဖို့  အချိန်တအောင့် လောက် လိုအပ်ပါတယ်။အဲဒီ အချိန်တအောင့် က နှစ်ချီကြာနိုင်သလို တချို့ က တစ်သက်၊
တစ်ဘ၀ အချိန်ကိုအသုံးပြုပြီးမှ တစ်ဖက်သားကို နားလည်တတ်ကြပါတယ်။
+++အွန်လိုင်းပေါ်မှာ ရှာဖွေထားတဲ့ အချက်အလက်ရယ် ကိုယ်သိထားတဲ့  အချက်အလက်လေးတွေကို ညီအစ်ကို မောင်နှမများသိအောင် မျှဝေပေးလိုက်ပါတယ်။
ရဲရင့် မောင်

Saturday, June 16, 2012

ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀) ချက်




(၁) မနက်စာ မစားခြင်း

မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားတတ်ပိုနည်းတတ်ပါတယ်။ အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။

(၂) လွန်ကဲစွာစားသောက်ခြင်း

လိုအပ်တာထပ်ပိုစားသောက်ခြင်း အားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါကျစေပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါကိုပါ) ဖြစ်စေနိုင်ပါတယ်။

(၄) အချိုများလွန်ကဲစွာစားခြင်း

အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓါတ်နဲ့ အဟာရတွေ စုတ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အဟာရ ချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောက်အယှက်ဖြစ်စေပါတယ်။

(၅) လေထုညစ်ညမ်းခြင်း

ဦးနှောက်ဟာ ကိုယ်ခနာမှာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ် ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှုလျှော့ နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

(၆) အိပ်ချိန်မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်းမြင့်မားလာစေပါတယ်။

(၇) အိပ်ချိန်မှာ ခေါင်းကိုဖုံးအုပ်ထားခြင်း

ခေါင်းကိုဖုံးအုပ်ပြီး အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကိုတိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုလျှော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။

(၈) ကျမ်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကိုအသုံးပြုခြင်း

ကျမ်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာ လုပ်တာမျိုး၊ စာကျက်စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

(၉) စိတ်ဝင်စားတတ်ကြွစွာ စဉ်းစားတွေးခေါ်မှု မရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကိုလေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဦးနှောက်ကိုတတ်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံစေပါတယ်။

(၁၀) စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပါတဲ့စကားစမြည်ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့စွမ်းရည်ကိုတိုးတတ်စေပါတယ်။

Monday, June 11, 2012

ခပ်သွက်သွက် လမ်းလျှောက် လေ့ကျင့်လျှင် သွေးတိုးရောဂါ ဖြစ်နိုင်ခြေနည်း





တစ်ပတ်လျှင် နှစ်နာရီခွဲ ခပ်သွက်သွက် လမ်းလျှောက်ပေးခြင်းသည် သွေးတိုး ဖြစ်နိုင်မည့် အန္တရာယ် လျော့ကျ စေနိုင်သည်ဟု သိပ္ပံ ပညာရှင်များက ကြေညာလိုက်သည်။ အသစ်ပြုလုပ်ခဲ့သည့် လေ့လာသုံးသပ်မှု တစ်ခုက လေ့ကျင်ခန်း အတော်အသင့် ပြုလုပ်ခြင်းသည်ပင်လျင် သွေးတိုးဖြစ်မည့် အန္တရာယ်ကို လျော့ကျစေနိုင်ကြောင်း ဖေါ်ပြလိုက်သည်။ မိသားစု မျိုးရိုးလိုက်၍ သွေးတိုးဖြစ်နိုင်မှုမှာ ၂၆ ရာခိုင်နှုန်း ရှိပါသည်။ ယခင်က သုတေသနပြု လေ့လာခဲ့မှုများအရ သွေးတိုးရောဂါရှိသူ မိဘများမှ ပေါက်ဖွားလာကြသူများ မျိုးရိုးလိုက်၍ သွေးတိုးရောဂါ အမျိုးမျိုး ဖြစ်မှုမှာ ၃၅ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်းအထိ ရှိသည်ဟု သိရသည်။ မိဘများ၏ သွေးတိုးဖြစ်မှုနှင့် အသက်အရွယ်ပေါ် မူတည်၍ သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ်အဆင့် အမျိုးမျိုး ကွဲပြား ခြားနားပါသည်။



သုတေသီများက အသက် ၂၀ မှ အသက် ၈၀ ကြားရှိ အရွယ်ရောက်ပြီးသူ လူပေါင်း ၆၂၇၈ ဦးအား ပျမ်းမျှ ၄.၇ နှစ် ခြေရာကောက် လေ့လာခဲ့ရာ ၃၃ ရာခိုင်နှုန်းမှာ မိဘများတွင် သွေးတိုးရောဂါ ရှိနေကြောင်း သိရှိခဲ့ရသည်။ ယခုလေ့လာမှု စတင်ချိန်တွင် လေ့လာစမ်းစစ် ခံရမည့်သူ အားလုံးမှာ ကျန်းမာရေး ကောင်းနေကြပြီး သွေးတိုးရောဂါ ရှိမရှိကို ဆေးစစ်ခဲ့ကြခြင်း မရှိဟု ဆိုသည်။ လေ့ကျင့်ခန်း ပြုလုပ် စမ်းသပ်ကြည့်သောအခါ ၎င်းတို့၏ နှလုံးခုံနှုန်းမှာ အနည်းဆုံး ၈၅ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရသည်။ သုတေသီများက ၎င်းတို့၏ ခန္ဓာကိုယ် ကြွက်သားများသို့ အောက်စီဂျင်နှင့် အခြား လိုအပ်သော ဓာတ်ပစ္စည်းများ ပေးပို့ သယ်ဆောင်နိုင်စွမ်းကို လမ်းလျှောက် လေ့ကျင့်ခန်းစက် အသုံးပြု၍ စမ်းသပ် စစ်ဆေးခဲ့ကြသည်။ လေ့လာမှု ပြုစဉ်အတွင်း စမ်းသပ် စစ်ဆေးခံသူများထဲမှ ၁၅၄၅ ဦးတွင် သွေးတိုးရောဂါ ရှိနေကြောင်း တွေ့ခဲ့ရသည်။



လေ့လာသုတေသနပြုမှု ရလဒ်မှာ စမ်းသပ် စစ်ဆေး လေ့လာမှုပြု ခံခဲ့ရသူများထဲမှ သွေးတိုးရောဂါ မိဘမျိုးရိုးရှိသူများနှင့် မရှိသူများ အားလုံးတွင် ကြံ့ခိုင်ကျန်းမာမှု အနေအထား အလွန်ကောင်းသူများ၌ သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ် ၄၂ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရသည်။ ကြံ့ခိုင်ကျန်းမာမှု အနေအထား အသင့်အတင့် ရှိသူများ၌ သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ် ၂၆ ရာခိုင်နှုန်း ရှိသည်ကို တွေ့ခဲ့ရသည်။ ကျန်းမာကြံ့ခိုင်မှု အနေအထား နိမ့်ပြီး မိဘမျိုးရိုး၌ သွေးတိုးရောဂါ ရှိနေသူများတွင် သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ် ၇၀ ရာခိုင်နှုန်း ရှိနေကြောင်း တွေ့ရပြီး မိဘမျိုးရိုးတွင် သွေးတိုးရောဂါ ရှိသော်လည်း ကျန်းမာကြံ့ခိုင်မှု အလွန်ကောင်းသူများတွင် သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ် ၁၆ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရသည်။ အဆိုပါ စူးစမ်းလေ့လာမှုအရ တစ်ပတ်လျှင် အနည်းဆုံး ၅ ရက်တစ်ကြိမ်လျှင် မိနစ် ၃၀ ခပ်သွက်သွက် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်သူများကဲ့သို့သော ကာယလေ့ကျင့်ခန်း အသင့်အတင့် ပြုလုပ်သူများသည် သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ် လျော့နည်းကြောင်း Hypertension ဂျာနယ်တွင် ဖေါ်ပြထားပါသည်။



ရတနာပုံ ဘာသာပြန်သတင်း

Ref: Yatanarpon

Wednesday, May 9, 2012

ထောပတ်သီးစားခြင်းက အရွယ်တင်နုပျိုစေနိုင်


ထောပတ်သီးသည် နုပျိုကျန်းမာခြင်းအတွက် သဘာဝ၏ လက်ဆောင်မွန် ဆေးကောင်းဝါးကောင်းတစ်လက် ဖြစ်နေကြောင်း သုတေသီများက ပြောကြားခဲ့သည်။
ခန္ဓာကိုယ်ကိုအန္တရာယ် ပေးနိုင်သည့် မော်လီကျူးများကို ထောပတ်သီးကဖယ်ရှားပေးနိုင်စွမ်းရှိနေကြောင်းသိပ္ပံပညာရှင်များကဆိုသည်။
အထူးသဖြင့်အိုမင်းရင့် ရော်မှုကို ဖြစ်ပေါ်စေသောဓာတ်သဘာဝများကို ထောပတ်သီးက နှောင့်နှေးစေသလို နှလုံးနှင့်ကင်ဆာရောဂါများမဖြစ်အောင်အကာအကွယ် ပေးနိုင်ကြောင်းသိရသည်။
ထိုသစ်သီးမှထွက်ောအဆီဓာတ်သည်ခန္ဓာကိုယ်ကိုအဆိပ်သင့်စေသော မော်လီကျူးများအားတိုက်ဖျက်ပေးတတ်ပြီးဓာတုဗေဒ ဘေးထွက်ဆိုးကျိုးများကို ချေဖျက်ပေးနိုင်သည်။
အိုမင်းရင့်ရော်မှုကိုတားဆီးပေးသည့်အာနိသင်သည်အာလူးနှင့်မုန်လာဥနီတို့တွင် တွေ့မြင်ရတတ်သော်လည်းထိုအနေအထားသည်ဆဲလ်အစုအဝေးအတွင်းစိမ့်ဝင်နိုင်လောက်သောဖွဲ့စည်းပုံမျိုးမရှိချေ။
aထာပတ်သီးကမူဆဲလ်အဖွဲ့အစည်းထိအကျုံးဝင်သက်ရောက်နိုင်သည့် သဘာဝ သတ္တိထူးမျိုး ပိုင်ဆိုင်ထားကြောင်း ဇီဝဓာတုနှင့် မော်လီကျူးဆိုင်ရာ ဇီဝဗေဒ နှစ်ပတ်လည် အစည်းအဝေးတွင် အမေရိကန် သုတေသီခရစ္စတီယန် ကော်တက်စ်ရိုဂျိုက ပြောကြားသွားခဲ့သည်။
“တခြားအစားအသောက်တွေကAntioxidantတွေဟာဆဲလ်အစုအဝေးထဲမထိုးဖောက်နိုင်ဘူး။
ဒီတော့ဆဲလ်ကလုပ်ငန်းရပ်ဆိုင်ပြီး သေဆုံးသွားတယ်။တကယ်လို့ဆီတွေယိုစိမ့်နေတဲ့ ရေကန်မှာကျွန်တော်တို့ကဆီကိုသန့်စင်ပြီးဆီယိုနေတဲ့အပေါက်ကိုမပိတ်ရင်ငါးတွေကသေမှာပဲလေ။
ဒီသဘောပဲပေါ့”ဟုရိုဂျိုကဆိုသည်။

ဆဲလ်များ၏အခြေခံအကျဆုံးအဖွဲ့အစည်းထိ ထောပတ်သီးမှAntioxidantများကစိမ့်ဝင်နိုင်ခြင်းကြောင့်ဆဲလ်များကိုရှင်သန်ရှည်ကြာစေကြောင်း၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ထောပတ်သီးသည် သွေးကြောများထိခိုက်မှုနှင့်ကင်ဆာရောဂါ ဖြစ်နိုင်ခြေတို့ကိုတားဆီးပေးကြောင်းလည်းရိုဂျိုက၎င်း၏သုတေသနအဖွဲ့ တွေ့ရှိမှုများကိုအစည်းအဝေးတွင်တင်ပြ ဆွေးနွေးသွားခဲ့ကြောင်း သိရှိရသည်။

Thursday, April 26, 2012

ဇက်ကြောတက်ခြင်းနှင့် နောက်ကျောနာခြင်း မဖြစ်အောင်



၁) မှန်ကန်တဲ့ ခေါင်းအုံးနဲ့ အိပ်ပါ
သင့်လည်ပင်း (နောက်ကျော) ဟာ တစ်ညလုံး အတွက် အနေအထား မှန်ကန်စွာ ရှိနေရင် မနက် အိပ်ရာထခါစမှာ လည်ပင်းနာတာ (အုံးလွဲတာ) မဖြစ်နိုင်ပါဘူး။ သင်ရဲ့ အိပ်စက်မှု ပုံစံကို လိုက်ပြီး သင့်တော်တဲ့ ခေါင်းအုံးကို ရွေးချယ်ပါ။ ဝမ်းဗိုက်မှောက်ပြီး အိပ်တတ်သူ ဖြစ်ရင် ပျော့ပျောင်းပြီး ပါးတဲ့ ခေါင်းအုံးကို ရွေးပါ။ ပက်လက် အိပ်တတ်သူ ဖြစ်ရင် အသင့်အတင့် မာတဲ့ ခေါင်းအုံးကို ရွေးပြီး ဘေးစောင်း အိပ်တတ်သူ ဖြစ်ရင် မာတဲ့ခေါင်းအုံးကို ရွေးပါ။

၂) ဇက်ကြောတက်တာ သက်သာအောင် လမ်းလျှောက်ပါ
သင့်လည်ပင်းကို အနေအထား တစ်နေရာတည်းမှာ နာရီပေါင်းများစွာ အသုံးပြုရရင် (ဥပမာ- ကွန်ပျူတာ သုံးနေရင်) ဇက်ကြောတက်တာနဲ့ နောက်ကျောတက်တာ ဖြစ်တတ်ပါတယ်။ အလုပ် လုပ်တာ နာရီဝက်ကြာတိုင်း ငါးမိနစ်ထပြီး လမ်းထလျှောက်ပါ။

၃) ကြွက်သား နာကျင်မှု သက်သာအောင် လက်ကိုင်အိတ်ကြီးကြီး မကိုင်ပါနဲ့
လည်ပင်းနဲ့ နောက်ကျောပေါ် တင်းအား သက်ရောက်မှု နည်းအောင် သင်ကိုင်တဲ့ Hand Bag အိတ်ဟာ သုံးပေါင်အောက် နည်းရပါတယ်။

၎) Keyboard ကြောင့် တင်းအား သက်ရောက်မှု မဖြစ်အောင် လက်မောင်းကို အနားပေးထားပါ
Keyboard အရှေ့မှာ လက်မောင်းကို ရေမြှုပ်တစ်ခုပေါ် အနားပေးထားရင် လည်ပင်းနဲ့ နောက်ကျောမှာ ဖိအားသက်ရောက်မှု နည်းသွားပြီး ကွန်ပျူတာ အသုံးပြုတာကြောင့် ဇက်ကြောတက်မှုကို ၅၀ ရာခိုင်နှုန်းထိ လျော့ချနိုင်ပါတယ်။



၅) ကြွက်တက်မှု မရှိအောင် Headset အသုံးပြုပါ
လက်ကိုင်ဖုန်းနဲ့ စကား အကြာကြီး ပြောတတ်သူ ဖြစ်ရင် Headset ဒါမှမဟုတ် hands-free-device ကို အသုံးပြုပါ။ သင့်လက်နဲ့ ဖုန်းကို အကြာကြီး ကိုင်တွယ်ပြီး သင့်ခေါင်းကို အသံကြားရအောင် စောင်းနေရတာကြောင့် လည်ပင်း ကြွက်သားတွေ ကြွက်တက်နိုင်ပါတယ်။

Tips

ဇက်ကြောတက်ရင် ဒါမှမဟုတ် နောက်ကျော နာကျင်နေရင်-
- နာကျင်တဲ့ ကြွက်သားပေါ်ကို မိနစ် ၂၀ လောက် ရေနွေးအိတ် ကပ်ပါ။
- နာကျင်တဲ့ ကြွက်သားပေါ်မှာ ပရုတ်ဆီ ဒါမှမဟုတ် အကြောဖြေလိမ်းဆေး လိမ်းပေးပါ။
- နာကျင်တာ ဖြစ်စေတဲ့ ရောင်ရမ်းမှု လျော့ကျသွားအောင် နေ့စဉ် Fish Oil ၁၂၀၀ မီလီဂရမ် သောက်ပါ။

Ref: Good Health by: ဒေါက်တာခင်မိုးမိုး

Tuesday, April 24, 2012

အဖြစ်များသော အဆစ်ရောင် ရောဂါများ

အဖြစ်များသော အဆစ်ရောင် ရောဂါများ
(ဂေါက်-Gout)
အမျိုးသားများတွင် ဖြစ်ပွားသော ဒူလာရောဂါကို ဂေါက်ဟု ဆိုကြသည်။ ဂေါက်ရောဂါသည် အမျိုးသားများတွင်သာမက အမျိုးသမီးများတွင်လည်း ဖြစ်ပွားနိုင်သည်။
ဂေါက်ရောဂါဟူသည် လူလတ်ပိုင်းအရွယ်တွင် အများဆုံး ဖြစ်ပွားသည်။
ဂေါက်ဖြစ်ပွားရခြင်း၏ အကြောင်းရင်းမှာ သွေးထဲတွင် ယူရစ် အက်ဆစ် (Uric Acid) များသောကြောင့် ဖြစ်သည်။ ယူရစ် အက်ဆစ် ဆိုသည်မှာ ပရိုတင်းတမျိုးဖြစ်သော ပြူရင်း (purine) မှတဆင့် ဖြစ်ပေါ်လာသည့် အက်ဆစ်ဓာတ်ဖြစ်သည်။

ပုံမှန်အားဖြင့် ယူရစ် အက်ဆစ်သည် သွေး ၁၀၀-မီလီမီတာတွင် အမျိုးသားများ၌ ၂.၂ မှ ၇.၅ မီလီဂရမ် အတွင်းနှင့် အမျိုးသမီးများ၌ ၂.၁ မှ ၆.၄ မီလီဂရမ်အတွင်း ရှိသည်။ ပုံမှန်ထက် ပိုများသော ယူရစ် အက်ဆစ် တို့သည် ခန္ဓာကိုယ်ရှိ အဆစ်များသို့ ရောက်ရှိစုပုံပြီး အဆစ်ရောင်၍ နာကျင်ကိုက်ခဲခြင်း၊ အဖု (tophi) ထွက်ခြင်းတို့ ဖြစ်သည်။

ဂေါက်ဖြစ်ပွားသည့်အခါ အများအားဖြင့် ခြေမတွင် ဖြစ်ပွားသည်။ ခြေဆစ်၊ လက်ဆစ်၊ တံတောင်ဆစ်၊ ဒူးဆစ်၊ တင်ပါးဆုံနှင့် ပုခုံးဆစ်တို့တွင်လည်း ဖြစ်နိုင်သည်။ သွေးထဲတွင် ကိုလက်စထရော များသူ၊ အရက် အသောက် များသူ၊ ၀သူ၊ သောကများသူတို့သည် ဂေါက်ရောဂါရနိုင်သည့် အခွင့်အလမ်း ပိုမိုများသည်။

ဂေါက်ရောဂါ ရှိ-မရှိ သိနိုင်ရန် သွေးထဲရှိ ယူရစ် အက်ဆစ် ပမာဏကို တိုင်းတာကြည့်ရန် လိုအပ်ပါသည်။
ကုသရာတွင် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ ကုသရမည်ဖြစ်သည်။ အဆစ်ရောင်သည့်အခါ သောက်ရသော ဆေးနှင့် အဆစ်ရောင်ရမ်းခြင်း မရှိသည့်အခါ ရောဂါကို ထိန်းသည့်အနေဖြင့် သောက်ရသည့် ဆေးမှာ မတူညီကြချေ။ ဆေးပတ် လည်အောင် သောက်ရမည် ဖြစ်သည်။ ကြာရှည် ဆေးသောက်ရသည့်အခါ ပျက်ကွက်မှု မရှိစေရန်လည်း ဂရုပြုရမည် ဖြစ်သည်။

ဂေါက်ရောဂါ ကာကွယ်ရန် လုပ်ဆောင်ရာတွင် ၀သူတို့သည် ကိုယ်အလေးချိန် လျှော့ချရန် လိုအပ်သည်။ အရက်အလွန်အကျွံ သောက်ခြင်းကိုလည်း ရှောင်ကြဉ်ရမည် ဖြစ်သည်။ အဓိကအားဖြင့် အစားအသောက်ကို ဆင်ခြင်သင့်သည်။ အဆီဓာတ်နည်းသော အစားအစာများကို စားရမည် ဖြစ်သည်။ အသားဓာတ် (ပရိုတင်းဓာတ်) ပါသော အစားအသောက်များကို အသင့်အတင့် စားသင့်သည်။ အသားဓာတ်များသော အစားအသောက်တို့သည် ယူရစ် အက်ဆစ် ပမာဏကို မြင့်တက်စေနိုင်သည်။

ရှောင်သင့်သော အစားအသောက်များမှာ ကလီဇာ၊ အသည်း၊ ကျောက်ကပ်၊ ငါးသေတ္တာ၊ မျှစ်၊ ပုန်းရည်ကြီး၊ ပဲပင်ပေါက်၊ ကညွတ်တို့ ဖြစ်သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ကို စားသုံးနိုင်သည်။

( ရူမာတွိုက် အဆစ်ရောင် ရောဂါ-Rheumatoid Arthritis)
ရူမာတွိုက် အဆစ်ရောင် ရောဂါသည် နာတာရှည်ရောဂါ ဖြစ်သည်။ အဆစ်များရောင်၍ နာကျင်ကိုက်ခဲမှု ဖြစ်သည်။ ရောဂါဖြစ်ပွားမှု အကြောင်းရင်းကို မသိရချေ။ ရူမာတွိုက် အဆစ်ရောင် ရောဂါသည် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားသည်။ အမျိုးသမီးနှင့် အမျိုးသား ဖြစ်ပွားမှု အချိုးသည် ၃.၁ ဖြစ်သည်။ အသက် ၃၅-နှစ်မှ ၄၅ အတွင်း အများဆုံး ဖြစ်ပွားသည်။

အများအားဖြင့် လက်ချောင်း၊ လက်ကောက်ဝတ် အဆစ်များ ရောင်ပြီး ပခုံး၊ တံတောင်ဆစ်၊ တင်ပါးဆုံ၊ ဒူး၊ ခြေကျင်းဝတ် အဆစ်များလည်း ရောင်သည်။ နံနက်ပိုင်းတွင် အဆစ်များ တောင့်တင်းလေ့ရှိသည်။ အနည်းဆုံး တနာရီကြာသည်။ အဆစ်သုံးခု သို့မဟုတ်-သုံးခုထက် ပိုရောင်တတ်သည်။ အရေပြားအောက်တွင် အကျိတ် ထွက်တတ်သည်။ ရောဂါရှာဖွေရန် သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း တို့ကို ပြုလုပ်သည်။ ဓာတ်မှန်တွင် အရိုးစားနေခြင်းကို တွေ့နိုင်သည်။

ကုသရာတွင် လေ့ကျင့်ခန်း physiotherapy ပြုလုပ်ခြင်း၊ အဆစ်ကို အနားပေးခြင်း၊ အကိုက်အခဲပျောက် ဆေးများ သောက်ခြင်းတို့ဖြင့် ကုသသည်။ ဆေးကို စနစ်တကျ သောက်ရန် လိုအပ်သည်။ မိမိသဘောဖြင့် အကိုက်အခဲပျောက်ဆေးများ ၀ယ်ယူသောက်ခြင်းကို ရှောင်ကြဉ်သင့်သည်။ အဆစ်ရောင်ခြင်း စဖြစ်ချိန်တွင် ကုသသင့်သည်။ ကုသမှု နောက်ကျလျှင် အဆစ်များ ကွေးကောက်ခြင်း ဖြစ်နိုင်သည်။

( လေးဖက်နာ ရောဂါ-Rheumatic Fever)
လေးဖက်နာ ရောဂါသည် Group A Hameolytic streptococcus ခေါ် ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသည်။ အသက် ၅-နှစ်မှ ၁၅-နှစ်အတွင်း အဖြစ်အများဆုံး ဖြစ်သည်။ အသက် ၅၀-အထိလည်း ဖြစ်နိုင်သည်။ လူနေ ထူထပ်သည့်နေရာ၊ လေကောင်းလေသန့် မ၀င်နိုင်သည့် နေရာတို့တွင် အများဆုံး ဖြစ်တတ်သည်။ လေးဖက်နာရောဂါ မဖြစ်မီ တပတ်မှ သုံးပတ်အတွင်း လည်ချောင်းနာခြင်းကို ခံစားရသည်။ ဖျားပြီး အဆစ်များရောင်၍ ကိုက်ခဲသည်။ အဆစ် တခုမှတခုသို့ ပြောင်းပြီး ကိုက်ခဲသည်။ ဒူးဆစ်ကဲ့သို့ အဆစ်ကြီးများ ရောင်၍ ကိုက်ခဲလေ့ရှိသည်။ အဆစ်တခုတွင် ရက်အနည်းငယ်သာ ဝေဒနာကို ခံစားရသည်။

အကျိတ်များထွက်တတ်သည်။ ခြေထောက်တွင် အဖု Crytrema notogum များ ထွက်တတ်သည်။ Chorea ခေါ် ကိုယ်လက်လှုပ်ရှားနေမှုကို ခံစားရသည်။ လေးဖက်နာရောဂါသည် မကြာခဏ ဖြစ်ပွားပြီး နှလုံးကို ၀င်ရောက်ပြီး နှလုံးရောဂါကို ဖြစ်စေသည်။ နှလုံးရောင်ခြင်းကို လူနာ ၄၀-ရာခိုင်နှုန်းတွင် တွေ့ရှိရသည်။ နှလုံး အဆို့ရှင်များကို အမာရွတ် ဖြစ်စေသည်။ ထို့အပြင် နှလုံးကြွက်သားများ ရောင်ခြင်း၊ နှလုံးအပေါက်ကျဉ်းခြင်း သို့မဟုတ်-ကျယ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

လေးဖက်နာ ရောဂါကို ရှာဖွေရန် ရင်ဘတ်ကို ဓာတ်မှန်ရိုက်ခြင်း၊ အီးစီဂျီ ရိုက်ခြင်း၊ သွေးထဲရှိ Aso titre စစ်ဆေးခြင်းတို့ကို ပြုလုပ်သင့်သည်။ သွေးရှိ Aso titre သည် ၂၀၀-ထက်များလျှင် လေးဖက်နာရောဂါရှိကြောင်း သိနိုင်သည်။ လေးဖက်နာ ရောဂါရှိကြောင်း သိရှိရသည်နှင့်တပြိုင်နက် ကုသမှုကို ခံယူရမည်ဖြစ်သည်။ ပင်နီစလင် ဆေးပြား သောက်ခြင်း သို့မဟုတ်-ပင်နီစလင်ဆေး ထိုးခြင်းကို ပြုလုပ်ရမည်။ တလတကြိမ် ဆေးထိုးရန် လိုအပ်ပြီး အနည်းဆုံး ၅-နှစ်ကြာ ကုသမှုကို ခံယူရမည်ဖြစ်သည်။ နှလုံးကို ထိခိုက်ခဲ့လျှင်မူ ၁၀-နှစ်ကြာအထိ ကြည်ရှည်စွာ ကုသရမည်ဖြစ်သည်။ ယခုအခါ အသက် ၃၀-နှစ်အထိ ကုသရန် လိုအပ်ကြောင်း အကြံပြုထားမှု ရှိသည်။

နှလုံးအဆို့ရှင် ပျက်စီးလျှင် ဆေးဝါးဖြင့် ကုသပြီး သက်သာနိုင်သော်လည်း နှလုံးအဆို့ရှင် ပိတ်ခြင်းအတွက် အဆို့ရှင် လဲခြင်း၊ အဆို့ရှင် ပြင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

( Osteoarthritis)
အများဆုံး ဖြစ်လေ့ရှိသော အဆစ်ရောင်ရောဂါ ဖြစ်သည်။ အရိုးခြင်း ထိဆက်နေသည့် အဆစ်များမှ ထိပ်အုပ်သဖွယ်ဖြစ်သည့် အရိုးနုများ တဖြည်းဖြည်း ပျက်စီးယိုယွင်းလာသဖြင့် အဆစ်များရောင်ရမ်း တောင့်တင်းကာ နာကျင်ပြီး ဒူး၊ ခါး၊ တင်ပါးဆုံ၊ လက်ကောက်ဝတ်၊ လက်ချောင်း စသည့် လှုပ်ရှားမှုအများဆုံး အဆစ်တို့တွင် ဖြစ်လေ့ရှိသည်။

အသက်ကြီးသူများတွင် ဖြစ်ပွားမှုအများဆုံး ဖြစ်သည်။ လူရွယ်ပိုင်းတွင်လည်း ဖြစ်တတ်သည်။ ၄၅-နှစ်ကျော်လျှင် ပိုဖြစ်နိုင်သည်။ အမျိုးသားများတွင် ပိုမို ဖြစ်ပွားသည်။ ၀သူတို့တွင် ကိုယ်အလေးချိန် ပိမှုကြောင့် ဒူးဆစ်တွင် ဖြစ်ပွားလေ့ရှိသည်။
ဒူးဆစ် သို့မဟုတ်-တင်ပါးဆုံတို့တွင် ထိခိုက်ဒဏ်ရာ ရဖူးလျှင် ပိုဖြစ်နိုင်သည်။
အလုပ်အကိုင်ကြောင့်ဖြစ်စေ၊ အကြိမ်များစွာ အသုံးပြုရသော အဆစ်များတွင် ပိုဖြစ်သည်။
မွေးရာပါ အရိုးနု ချို့ယွင်းသူ၊ အဆစ် အံဝင်ခွင်ကျ ပုံမှန် မရှိသူတို့တွင် ပိုမို အဖြစ်များသည်။
လေးဖက်နာ ရောဂါတွင် အရိုးနုများ၏ ပုံမှန်ဖွဲ့စည်းမှုနှင့် လုပ်ဆောင်ချက် ပြောင်းလဲမှုကြောင့် အဆစ်များ ထိခိုက်ပြီး ရောင်ရမ်းသည်။

အဆစ်များ၏ အရိုးနုများ ထိခိုက်ခြင်းဖြင့် စတင်ဖြစ်ပွားသည်။ အရိုးနု ပျက်စီးလျှင် ခန္ဓာကိုယ်မှ အရိုးနုအစားထိုး တည်ဆောက်ပေးသည်။ သို့သော်-အရိုးနု ပျက်စီးမှုများလျှင် အတွင်းအရိုးထိ ပျက်စီးပြီး အရိုးနု အစား အရိုးသစ် ဖြစ်လာသည်။ ယင်းအရိုးသစ်သည် အဆစ်များ လှုပ်ရှားမှုကို မပြေပြစ် မချောမွေ့စေနိုင်သဖြင့် အဆစ်နာခြင်း၊ အရိုး အတက်ထွက်ခြင်းတို့ ဖြစ်သည်။

ကုသရာတွင် Glucosamine, Chondroitin စသည့် ဆေးများဖြင့် ကုသသည်။ ယင်းတို့သည် အရိုးနုများကို ပြန်လည်ဖြစ်ထွန်းစေသည်။ ဆေးကို နှစ်ပတ်ခန့် သောက်ရသည်။

(ဒေါက်တာ အောင်သန်း)
(၂၀၀၅- မတ် အပျိုစင်)
Credit to မင်္ဂလာသတင်းစဉ်

Rheumatism လေးဘက်နာ



လေးဘက်နာဟာ လူရွယ်တွေ သိချင်ကြတဲ့၊ သိသင့်တဲ့ ရောဂါတခုပါ။ ဆေးစာမှာတော့ အနီးစပ်ဆုံးက Rheumatism ဖြစ်ပါတယ်။ Rhumatic အဆစ်နာ၊ Rhumatic အဖျား၊ Rhumatic နှလုံးရောဂါ၊ စတာတွေကို ခြုံခေါ်တာ ဖြစ်ပါတယ်။ ဒီအသုံးက နဲနဲတော့ ခေတ်နောက်ကျသွားပါပြီ။ ရောကော သောကော လုပ်ရာကျနေလို့ပါ။ ဒီအုပ်စုဝင် Arthritis ရောဂါကို ကုရတာနဲ့ Lupus ကို ကုရတာ ဘာမှမဆိုင်အောင် မတူလို့ ရောဂါအုပ်စု တခုထဲ လုပ်ဘို့ မဆီလျှော်လို့ ဖြစ်ပါတယ်။

Arthritis အဆစ်နာတယ် ဆိုလိုက်ရင် လေးဘက်နာလို့ဘဲ ထင်ကြတယ်။ နဲနဲတော့ မှန်တယ်။ ဒါပေမဲ့ အဆစ်နဲ့ မဆိုင်တဲ့ နှလုံး၊ အရေပြား၊ ကျောက်ကပ်၊ အဆုပ်တွေမှာလည်း ဖြစ်တာတွေ ရှိသေးတယ်။ ရောဂါခွဲတွေက များသလား မမေးနဲ့၊ ၁၀၀-၂၀၀ ရှိတယ်။ လည်ပင်း ကျီးပေါင်းတက်၊ ဂေါက်၊ အရေပြား၊ အရိုး၊ အဆစ်၊ တွယ်ဆက်(တစ်ရှူး) ရောဂါတွေ အများကြီး ပါနေတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဘက်နာ” လို့ ဗမာတွေက ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာ လာတယ်။

အဆစ်နာတာသာမက ဖျားတာ၊ လည်ပင်းနာတာ၊ နှလုံးရောဂါတွေလည်း ဆက်စပ်နေတယ်။ အများအားဖြင့် ခြေ၊ လက်၊ လည်ပင်း၊ ခါး၊ အဆစ်မှန်သမျှ ဒုက္ခပေးတယ်။ Arthritis အဆစ်နာအပြင် Tendonitis အရွတ်နာ၊ Bursitis အဆစ်ဖုံးနာ၊ Fibromyalgia အရွတ်ကြောနာ။ အများဆုံး ထိတာက Synovial joints အဆစ်ဖုံးနေရာ ရောင်တာပါ။ ကြွက်သားမှာ ဖြစ်ရင် ၀တ်နေကြ အ၀တ်တောင် အတင်မခံနိုင်ဘူး။

လာမဲ့ အောက်တိုဘာ ၁၂ ရက်ကို “ကမ္ဘာ့ အဆစ်နာနေ့” လို့ သတ်မှတ်ထားတယ်။ ကမ္ဘာမှာ လူ ၁၀၀ မှာ ၁ ယောက် ဖြစ်နေကြတယ်။ အမျိုးသမီးတွေမှာ ၃ ဆများတယ်။ သွေးထဲမှာ အဆိပ်လို Toxic waste products ကိုယ်နဲ့ မသင့်တာ ရှိလာလို့။ ရာသီဥတုနဲ့ ဆိုင်တဲ့သူတွေက ဆိုင်တယ်။

တချို့က ခုခံအားစနစ်နဲ့ ဆိုင်လို့ Auto-immune ရောဂါအုပ်စုမှာ ပါတယ်။ AIDS နဲ့ မဆိုင်ပါ။ သူ့အောက်မှာလည်း ရောဂါမျိုးစုံပါတယ်။ မတည့်တာ ၀င်လာရင် ခန္ဓာကိုယ်က ခုခံ တိုက်ထုတ်နိုင်စွမ်း ရှိတယ်။ “သူ့လူနဲ့ ကိုယ့်လူ မခွဲခြား တတ်ဘဲ၊ လူမှားပြီး၊ (အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။” အဲဒီထဲက တခုကတော့ Rheumatoid arthritis (ရူမတွိုက်) အဆစ်နာပါ။ ဒါကို လေးဘက်နာလို့ ပြောတာမှန်တယ်။ တကယ်တော့ လေးဘက်မကပါ၊ အဆစ်အများကြီးမှာ ဖြစ်တတ်တယ်။ အဆစ် အသေးစားရော အကြီးစားပါ ဖြစ်တာ။

“အဆစ်နာတာနဲ့ နှလုံးရောဂါ တွဲနေတတ်တာက အရေးပါတယ်။” များသောအားဖြင့် ငယ်ငယ်-ရွယ်ရွယ်၊ ၅-၁၆ နှစ်တွေမှာ ဖြစ်တတ်တယ်။ နှလုံးရောဂါက Rheumatic fever (ရူမက်တစ်) အဖျားရဲ့ အကျိုးဆက် ဖြစ်တယ်။ Group A Streptococcus ဆိုတဲ့ (ဗက်တီးရီးယား) ကြောင့်ဖြစ်ရတဲ့ Strep throat ဆိုတဲ့ လည်ပင်းနာနဲ့ Scarlet fever အ၀ါရောင် အဖျား ရောဂါတွေကို လက်ညှိုးထိုးရတယ်။ နှလုံးရောဂါ ဆိုတာကလည်း အမျိုးမျိုး ရှိသေးတယ်။ လေးဘက်နာနဲ့ ဆိုင်တာက အဆို့ရှင်ရောဂါတွေပါ။ MS ကျဉ်းတာ၊ MI ကျယ်တာ။ သေခြာအောင် ASO Test, Complete blood count, ECG, ESR စမ်းသပ်မှုတွေ လုပ်ရတယ်။

ဆေးကုနည်း သုံးပိုင်းရှိတယ်။ နာနေတဲ့နေရာကို ဒဏ်သက်သာအောင်လုပ်တာ၊ ရုပ်ပိုင်းဆိုင်ရာ-အလုပ်အကိုင်ဆိုင်ရာ ပြန်လုပ်နိုင်အောင် ကုသပေးတာ နဲ့ ခွဲစိတ်ကုသတာတွေပါ။ ဆေးဝါးမှာလဲ သုံးမျိုး။ (စတီရွိုက်) မပါတဲ့ NSAID အနာ သက်သာဆေး၊ (ကော်တီကိုစတီရွိုက်) ဆေး၊ (DMARD) (ရူမက်တစ်) ဆန့်ကျင်ဆေး။

Rheumatic အဖျားဖြစ်ရင် ချက်ချင်း ပဋိဇီဝဆေး (Penicillin, Amoxicillin, Sulfadiazine, Erythromycin) တမျိုးမျိုး ပေးတယ်။ လက္ခဏာတွေ သက်သက်သာအုံးတော့ Antibiotics ကို ၁၀ ရက်အပြည့် ပေးတယ်။ နာတာသက်သာအောင် Aspirin ပေးတယ်။ ရောင်တာသက်သာအောင် Corticosteroids (စတီရွိုက်) ဆေး ပေးတယ်။ ပါးစပ်-လည်ပင်းနဲ့ဆိုင်ရင် ဆားရည်နဲ့ ပလုပ်ကျင်းရတယ်။ Throat lozenges ငုံရတယ်။ သူများကို ကူးစေနိုင်လို့ ၂-၃ ရက် ကျောင်းမတက်ဘဲနေ၊ လူကြား-သူကြားလဲ မသွားစေနဲ့။

ဆိုးဝါးတဲ့ နှလုံးရောဂါ ရမလာအောင် တာရှည်ခံ (ပနယ်စလင်) ထိုးရတယ်။ Benzathine Penicillin G 1.2 ဆိုတာ ဖြစ်တယ်။ အများအားဖြင့် ၁ လ တခါ၊ ၆ လကြာ၊ ထိုးလေ့ရှိတယ်။ Rheumatic fever က ပြန်ပေါ်လာတတ်တယ်။ ဒါ့ကြောင့် ပဋိဇီဝဆေး နည်းနည်းကို ၃-၅ နှစ်ကြာ ပေးတတ်တယ်။

လူက သိပ်ဝနေရင် အရိုး-အဆစ်ကို ဒဏ်မပိစေဘို့ ကိုယ် အလေးချိန် ထိန်းပေးရတယ်။ နားခိုင်းတယ်။ လိုအပ်ရင် တုတ်ကောက်၊ ဂျိုင်းထောက် သုံးရမယ်။ လိုအပ်သေးရင် Physical and Occupational therapist (ဖီဇီယို) ပညာရှင်တို့ အလုပ်ပြန်လုပ်နိုင်အောင် ကူညီသင်ကြားပေးတဲ့ ပညာရှင်တို့နဲ့ ကုသရတယ်။ ဆိုးရင် အဆစ်ထဲ Corticosteroids ဆေးထိုး ပေးရတတ်တယ်။ အဆစ်လှုတ်ရှုားမှုကို ထိခိုက်လာရင် ခွဲစိတ်ရတယ်။ Synovectomy, Arthroplasty လုပ်ရတာပါ။

ဆရာဝန်မလိုတဲ့ ဆေးနည်းတွေလဲ ရှိတယ်။ အာလူးရည်ကို အစာမစားခင်၊ လက်ဘက်ရည်ဇွန်း ၁-၂ ဇွန်း သောက်ပါ။ အားလူးကို အခွံမခွါတာ ပျင်းလို့လည်း ဟုတ်တယ်။ အခွံကလည်း ဒီအတွက် ကောင်းသတဲ့။ အာလူးခွံကို ကျကျနန ရေဆေး၊ ၃၀ ဂရမ်ကို ရေ လီတာဝက်နဲ့ ထက်ဝက်ကျသွားအောင် ပြုတ်ပြီး သောက်ပါ။ ဘူးခါး အရည်ကို ပျားရည်နဲ့ရော သောက်ပါ။ တရုတ်နံနံအကြီး အစေ့ကို အရည်ဖြစ်အောင်လုပ် ၅-၁၀ စက်ကို ရေနွေးထဲ ထည့်သောက်။ သံပုရာရည် တနေ့ ၂-၃ ကြိမ်သောက်။ အသား-ငါး၊ သကြား၊ လျော့စားပါ။ အရက်၊ ကော်ဖီ၊ လက်ဘက်ရည်၊ လျော့သောက်ပါ။

ခဏခဏအဆစ်နာရင် အလုပ်အကိုင်ပါပျက်မယ်။ ကြာလာရင် အထူးသဖြင့် လက်ဆစ်တွေက ပုံသဏ္ဌာန် ပြောင်းသွားလို့ ကြည့်မကောင်း ဖြစ်လာတတ်တယ်။ အမျိုးအဆွေထဲမှာ လူနာရှိရင် “စိတ်တော့ မပျက်ပါနဲ့” လို့ အရင်ပြောထားပါရစေ။ ရိုးရိုးသားသား ၀န်ခံရရင် Rheumatoid arthritis ဖြစ်ရင် လုံးဝ ပျောက်သွားစေရမယ်လို့ ဆရာဝန်များက အာမမခံပါ။ ဆေးကုတာရဲ့ ရည်မှန်းချက်က နာနေတာတွေ သက်သာအောင်၊ အထိခိုက်နည်းအောင်၊ ဒုက္ခိတ ဖြစ်မသွားအောင်သာ ဖြစ်ပါတယ်။

ဖိုးလမင်း

Sunday, April 22, 2012

လေးဖက်နာ ၊အဆစ်ရောင်အတွက် လိမ်းဆေးနှင့် သောက်ဆေး


လေးဖက်နာ၊ အဆစ်ရောင်လိမ်းဆး

ဆေးနည်း….
(၁)မင်သော်(ပရုတ်အေး) ၁ကျပ်သား
(၂) ပရုတ် ……. ၁ကျပ်သား
(၃) လေးညှင်း ….. ၁ကျပ်သား
(၄) ဇာတိပ္ဖိုလ်သီးမှုန့် ၃ကျပ်သား
(၅)ချင်း(ဂျင်း)သတ္တုရည် ၅ကျပ်သား
(၆) နနွင်း သတ္တုရည် ၅ကျပ်သား
(၇) ဂမုန်းတိမ်ပြာ သတ္တုရည် ၅ကျပ်သား
(၈) မိဿလင် သတ္တုရည် ၅ကျပ်သား
(၉) တောအရက် ၁ပုလင်း

ဤဆေး(၉)မျိုး၊ ဆေးချိန် (၂၆)ကျပ်သား နှင့် တောအရက်(၁)ပုလင်း တို့ကို သမအောင် ရောစပ်ပြီး
လေလုံပုလင်းနှင့် ထားပါ။ လေးဖက်နာရောဂါ အဆစ်ရောင်၊ အဆစ်ကိုက် ရောဂါရှင်များ နံနက်၊ည တစ်နေ့(၂)
ကြိမ် ပုလင်းကို လှုပ်ပြီး လိမ်းပါ။ သက်သာ ပျောက်ကင်းစေပါတယ်။

လေးဖက်နာရောဂါသောက်ဆေး


ဆေးနည်း…….

(၁)လေးညှင်း …….၄ပဲ
(၂)ဇာတိပ္ဖိုလ်သီးအဆန် …..၄ပဲ
(၃)ပန်းနု ….. ၈ပဲ
(၄) ပန်းမ …. ၈ပဲ
(၅) ဖာလာ .. ၈ပဲ
(၆) ကတ္တရသင်္ချေ … ၈ပဲ
(၇) စေးမခန်း …. ၈ပဲ
(၈) ရိုးတံ …… ၈ပဲ
(၉) ဆေးပုစွန်တုပ် ….. ၈ပဲ
(၁၀) ချောင်းကြား … ၈ပဲ
(၁၁) နံ့သာဖြူ …..၅ကျပ်သား
(၁၂) နံ့သာနီ ….. ၅ကျပ်သား
(၁၃) သကြားခဲ …. ၅ကျပ်သား
(၁၄) စန္ဒကူးနီ …. ၅ကျပ်သား
(၁၅) ကံ့ကော်ဝတ်ဆံ ….. ၅ကျပ်သား
အထက်ပါဆေးများကို အမှုန့်ပြုလုပ်ပြီး သမအောင် စုပေါင်း ရောစပ်ပါ။ လေလုံပုလင်းနဲ့ ထားပါ။
တစ်နေ့ (၃)ကြိမ်သောက်ပါ။ နံနက်၊နေ့လယ်၊ညနေ ရေနွေး(သို့) ကွမ်းရွက်ပြုတ်ရည်နဲ့ သောက်ပါ။
တစ်ခါသောက်လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း သောက်ပါ။

ကျန်းမာကြပါစေ……………မင်းမင်းဇော်

Rheumatic Heart Disease လေးဖက်နာရောဂါ


လေးဖက်နာနှလုံးရောဂါသည် ကလေးနှင့်လူငယ်ပိုင်းတွင် အတွေ့များသော ကူးစက်နိုင်သောရောဂါ
တစ်ခုဖြစ်ပေသည်။ ၎င်းရောဂါသည် Group A beta-haemolytic streptococcus ဘက်တီးရီးယား
ပိုးကြောင့်ဖြစ်စေနိုင်ပြီး အများဆုံးမှာ အသက်(၅)နှစ်မှ(၁၅)နှစ်အတွင်း ဖြစ်ပွားတတ်သည်။ ကလေး
သူငယ်များ လည်ပင်းနာ၊ အာသီးရောင်ဖြစ်သူများ၏ ၁၅% မှ ၃၀% သည် ဤရောဂါပိုးကြောင့်ဖြစ်စေ
ပြီး ကျန် % မှာ Virus ပိုးးကြောင့်ဖြစ်ပါသည်။ Streptococcus ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော
လည်ပင်းနာ၊ အာသီးရောင်ခြင်းသည် လေးဖက်နာအဖျားနှင့်နှလုံးရောဂါ၏ မူလအစ ရင်းမြစ်ဖြစ်ပါ
သည်။ ထို့ကြောင့် ယင်းကဲ့သို့ရောဂါလက္ခဏာပြပါက ပေါ့ပေါ့တန်တန်မထားဘဲ တတ်ကျွမ်းသော
ဆရာဝန်များနှင့် ကုသမှုခံယူမှသာ လေးဖက်နာအဖျားနှင့်နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်မည်ဖြစ်
ပါသည်။
Streptococcus ဘက်တီးရီးယားပိုးကြောင့် ဖြစ်သောလည်ပင်းနာ၊ အာသီးရောင်ခြင်းသည် ဖော်ပြပါ
လက္ခဏာများနှင့်အတူ ဖြစ်ပွားတတ်ပါသည်။
• လည်ပင်းနာခြင်းနှင့်အတူ ရုတ်တရက်ဖျားလာခြင်း၊
• ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊
• အာသီးတစ်ဝိုက်နီရဲရောင်ရမ်းခြင်း၊ လည်ပင်းအကျိတ်များထွက်လာခြင်းတို့ ဖြစ်နိုင်ပါသည်။
Virus ပိုးကြောင့် ဖြစ်သောလည်ပင်းနာ၊ အာသီးရောင်ခြင်းသည် အဖျားမရှိဘဲ မျက်လုံးနာ၊ နှာစေး၊
ချောင်းဆိုး၊ ဝမ်းပျက်ခြင်းတို့နှင့်အတူ တွဲရှိနိုင်ပါသည်။

Streptococcus ဘက်တီးရီးယားပိုးကြောင့် ဖြစ်သောလည်ပင်းနာ၊ အာသီးရောင်ခြင်းဖြစ်ပြီး ၂ ပတ်
မှ ၃ ပတ်အတွင်း လေးဖက်နာအဖျားနှင့်အဆစ်နာရောဂါ စတင်ပေါ်ပေါက်လေ့ရှိပါသည်။ လေးဖက်
နာရောဂါလက္ခဏာများမှာ….
• ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ နုံးခွေနေခြင်း၊
• အဆစ်တစ်ခုထက်မကရောင်ရမ်းနာကျင်ခြင်း(polyarthritis)၊ /li>
• နှလုံးရောင်ခြင်း(pancarditis)ကြောင့် ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊
• အရေပြားအောက်အကျိတ်ဖုထွက်ခြင်း(subcutaneous nodules)
• အရေပြားအနီကွက်ထွက်ခြင်း(erythema marginatum)
• ASO (Anti-Streptolysin O)မြင့်တက်ခြင်း၊
လေးဖက်နာရောဂါသည် အထက်ပါရောဂါလက္ခဏာအားလုံးရှိရမည်ဟု မဆိုလိုပေ။ ဆရာဝန်မှသာ
ဆုံးဖြတ်ပေးမည်ဖြစ်ပြီး ရောဂါလက္ခဏာအကြောင်းကို သိထားရန်အတွက်သာဖော်ပြပေးခြင်း ဖြစ်ပါ
သည်။
လေးဖက်နာရောဂါဖြစ်ပွားပြီးပါက နောက်ထပ်အဖန်တလဲလဲမဖြစ်ပွားအောင် ကာကွယ်ဆေးကို အနည်း
ဆုံး(၅)နှစ်ထိ ကုသမှုခံယူရမည်ဖြစ်ပါသည်။ Benzathine Penicillin 1.2 million unit ကို တစ်လ
တစ်ကြိမ် ပုံမှန်ထိုးခြင်းဖြင့်၎င်း၊ Penicillin-V (250 mg)ဆေးပြားကို တစ်နေ့နှစ်ကြိမ်ပုံမှန်သောက်၍
၎င်း ကာကွယ်ကုသရန် လိုအပ်ပေသည်။

Credit to http://yatkhaminmg.blogspot.com

Thursday, April 19, 2012

ကြက်ဥစားပါ.....မုန်လာဥစားပါ


လတ်တလော သုတေသနတွေ အရ ကြက်ဥတွေမှာ ကယ်ရိုတီးနွိုက် (Carotenoid) လို့ခေါ်တဲ့ အမြင်အာရုံ အကျိုးပြု အင်တီအောက်ဆီးဒင့်တွေ ပါဝင်တယ်လို့ သိရှိရပါတယ်။ Lutein နဲ့ Zeaxanthin တွေဟာ အမြင်အာရုံခံလွှာရဲ့ အလယ်ဗဟို မြင်ကွင်းနဲ့ ဆိုင်တဲ့ အစိတ် အပိုင်းကို အကျိုးပြုတဲ့ အရေးကြီး ကယ်ရိုတီးနွိုက်တွေ ဖြစ်ပါတယ်။ ကြက်ဥမှာ ပါဝင်တဲ့ Lutein နဲ့ Zeaxanthin တွေဟာ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တာလောက် မများပါဘူး။

ဒါပေမဲ့ သင့်ခန္ဓာကိုယ်ဟာ ကြက်ဥမှာပါတဲ့ ဒီအင်တီအောက်ဆီးဒင့်တွေကို ပိုပြီး စုပ်ယူ နိုင်ပါတယ်လို့ Tuffs University မှ ဇီဝဓာတု ပညာရှင် Elizabeth Johnson က ဆိုပါတယ်။ ကြက်ဥစားလို့ ကိုလက်စထရောများမှာကို စိတ်မပူပါနဲ့။ တစ်နေ့ကို ကြက်ဥ တစ်လုံး စားခြင်းဟာ သွေးထဲက ကိုလက်စထရော ဒါမှမဟုတ် ထရိုင်ဂလစ်စရိုက် အဆင့်ကို မမြင့်တက်စေဘဲ Lutein အဆင့်ကို ၂၆ ရာခိုင်နှုန်း တိုးတက်စေပြီး Zeaxanthin အဆင့်ကို ၃၈ ရာခိုင်နှုန်း တိုးတက်စေပါတယ်။

Ref: Good Health

မုန်လာဥတွင်ပါသော နိုက်ထရိတ်ဓာတ် သွေးတိုးခြင်းကို ကျဆင်းစေနိုင်ဟုဆို

နယူးယောက်၊ ဇွန်၊ ၂၉-မုန်လာဥတွင် ပါဝင်သော နိုက်ထရိတ်ဓာတ်သည် သွေးတိုးခြင်းကို ကျဆင်းစေနိုင်ကြောင်း သုတေသီများက ပြောကြားသည်။ မုန်လာဥကို ဟင်းချက်၍ စားသုံးသည် ဖြစ်စေ၊ နိုက်ထရိတ်ဆေးပြားများ သောက်သုံးသည် ဖြစ်စေ သွေးတိုးကျ စေနိုင်ကြောင်း အမေရိကန်နှလုံးနှင့် သွေးကြောဆိုင်ရာ ဆေးဂျာနယ်၌ ဖော်ပြသည်။

နိုက်ထရိတ်ဓာတ်သည် ဟင်းသီးဟင်းရွက်တို့တွင် အများဆုံး ပါဝင်တတ်သည်။ မုန်လာဥတွင် နိုက်ထရိတ်ဓာတ်များ ပါဝင်နေသဖြင့် နှလုံးနှင့်ဆိုင်သော ရောဂါများ ကုသရာ၌ ပိုမိုထိရောက်စွာ ကုသနိုင်လိမ့်မည်ဟု သုတေသီများက မျှော်လင့်ထားသည်။ ကမ္ဘာပေါ်တွင် အရွယ်ရောက်သူ ၂၅ ရာခိုင်နှုန်းမှာ နှလုံးနှင့်ဆိုင်သော ရောဂါများ ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၅ ခုနှစ်အရောက်တွင် ထို့ထက်ပိုလာနိုင်သည် ဟုဆိုသည်။

Ref: New Light of Myanmar

Wednesday, April 18, 2012

အစား မလျှော့ဘဲ ကိုယ်အလေးချိန် ကျစေမည့် နည်းလမ်းများ



အစားအသောက်ကို အလွန်အမင်း လျှော့စရာ မလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အစားအသောက် မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိပ်ရေးဝဝ အိပ်ပါ။

မီချီဂန် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ခုအရ တစ်ညမှာ တစ်နာရီ ပိုအိပ်တာနဲ့ တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။ အိပ်ရေးဝခြင်းက ဆာလောင်စိတ်ကို အထိုက်အလျောက် တားဆီးပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

၂။ အိမ်မှာ စားပါ။

အိမ်မှာ ချက်ထားတဲ့ အစားအစာတွေကို တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေဟာ ခန္ဓာကိုယ် သွယ်လျလာတတ်ကြပါတယ်။ ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအသောက် အများစုဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီပါဝင်မှု များတာကြောင့်ပါ။

၃။ အစားကို ဖြည်းဖြည်းချင်း စားပါ။

အစားအသောက် တစ်နပ်စားချိန်ကို မိနစ် ၂၀ ကြာ အချိန်ပေးပါ။ အစာစားတဲ့အခါ ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရန် ခန္ဓာကိုယ်ကနေ မကြာခင်မှာပဲ ဗိုက်ပြည့်ကြောင်း အချက်ပြပါလိမ့်မည်။ အစားအသောက်ကို အမြန်စားရင်တော့ ဗိုက်ပြည့်ကြောင်း အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံ စားဖြစ်သွားပါတယ်။

၎။ ဟင်းသီးဟင်းရွက် များများစားပါ။

အစာ တစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက် သုံးမျိုးပါအောင် စားပါ။ အစားအသောက်ကို များများ စားရမှ ကျေနပ်တတ်သူတွေ အနေနဲ့ ဟင်းသီးဟင်းရွက်ကို များများ စားပေးလိုက်တာဟာ စိတ်ကျေနပ်မှု ရစေသလို ကိုယ်အလေးချိန်လည်း လျော့ကျစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံထဲမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်သာ အဓိကပါပြီး ကယ်လိုရီ ပါဝင်မှု နည်းပါးတာကြောင့်ပါ။

၅။ ကောက်နှံတစ်လုံးနဲ့ ပြုလုပ်ထားတဲ့ အစာ စားပါ။

“ဆန်လုံးညို၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင်ပေါင်မုန့် စတာတွေဟာ ဝိတ်လျှော့လိုသူတို့အတွက် အသင့်တော်ဆုံးပါပဲ။ အကြောင်းကတော့ ကောက်နှံတစ်လုံးနဲ့ လုပ်ထားတဲ့ အစားအသောက်တွေဟာ ကယ်လိုရီ ပါဝင်မှု နည်းပြီး ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ ကိုလက်စထရော မြင့်တက်စေတာကြောင့်ပါ။

၆။ ဝက်ပေါက်ခြောက် ရှောင်ပါ။

နံနက်စာ စားတဲ့အခါမှာ ဆင်းဒဝစ်ရှ် စားတဲ့အခါ ဝက်ပေါင်ခြောက် မစားပါနဲ့။ ဝက်ပေါင်ခြောက် နှစ်ချောင်းမှာ ကယ်လိုရီ ၁၀၀ လောက် ပါဝင်တဲ့အတွက် တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၀ ပေါင် တက်လာနိုင်ပါတယ်။ ဟမ်ဘာဂါ ဒါမှမဟုတ် ဆင်းဒဝစ်ရှ် စားတဲ့အခါ ဟင်းသီးဟင်းရွက် ပါဝင်တာကိုသာ ရွေးစားပါ။

၇။ သကြား မစားရပါ။

အချိုရည်အစား ရေပြောင်းသောက်လိုက်ရင် သကြား လက်ဖက်စားဇွန်း တစ်ဇွန်းလောက် ရှောင်ရှားရာ ရောက်ပါတယ်။ သကြားဟာ ကိုယ်အလေးချိန် တက်စေတဲ့အပြင် စိတ်ကိုပါ ထိုင်းမှိုင်း ညှိုးနွမ်းစေပါတယ်။

၈။ အယ်လ်ကိုဟော ပမာဏ ကန့်သတ်ပါ။

အရက်ပါတဲ့ လူမှုရေးဝိုင်းတွေ သွားတဲ့အခါ ကော့တေး၊ ဘီယာ၊ ဝိုင်၊ အရက် စတာတွေကို အရင်ဆုံး လက်လှမ်းမယ့်အစား ရေကို အရင်ဆုံး သောက်ပါ။ အရက်သောက်မိသွားတဲ့အခါ အရက်ကြောင့် ကယ်လိုရီ ရှိစေတဲ့အပြင် အဟာရတန်ဖိုးနည်းတဲ့ အစားအသောက်တွေကိုပါ မဆင်မခြင်ဘဲ စားမိသွားစေနိုင်ပါတယ်။

၉။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ။

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာဟာ ကိုယ်အလေးချိန် လျော့ကျစေမယ့် နည်းလမ်းကောင်း တစ်ခုပါပဲ။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေတာကြောင့်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည် ပမာဏ အနည်းငယ် သောက်ရင်တောင် စိတ်ကို လန်းဆန်းသွားစေနိုင်ပါတယ်။

၁ဝ။ ယောဂ ကျင့်ပါ။

ယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ ယောဂ မကျင့်သူတွေထက် ကိုယ်အလေးချိန် နည်းကြကြောင်း အမေရိကန် အာဟာရ အဖွဲ့အစည်းက ဆိုပါတယ်။ အကြောင်းကတော့ ယောဂကျင့်သူတွေဟာ အစားအသောက်ကို အလွန်အကြူး စားတတ်တဲ့အကျင့် မရှိကြတာကြောင့်ပါ။ ယောဂကျင့်တာကြောင့် စိတ်တည်ငြိမ် အေးချမ်းနေတဲ့အတွက် အစားအသောက်ကိုလည်း သင့်တင့်တဲ့ ပမာဏသာ စားသောက်လေ့ရှိတာ ဖြစ်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

၁၁။ သကြားမပါသော ပီကေ ဝါးပါ။

သကြားမပါတဲ့ ပီကေ ဝါးတာဟာ သွားရေစာ စားချင်စိတ် လျော့နည်းစေတတ်ပါတယ်။ တီဗီကြည့်ရင်း ဒါမှမဟုတ် အင်တာနက်သုံးရင်း ညစာ စားပါက သွားရေစာ စားချင်စိတ် ပြင်းပြနိုင်ပါတယ်။ သကြားမပါတဲ့ အနံ့မွှေးတဲ့ ပီကေ ဝါးပေးရင် တခြား သွားရေစာတွေ စားချင်စိတ် လျော့သွားနိုင်ပါတယ်။

၁၂။ တစ်နေ့မှာ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင် လုပ်ပါ။

အစား မလျှော့ဘဲ တစ်နှစ်မှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျချင်ရင် တစ်နေ့မှာ ကယ်လိုရီ ၁၀၀ ကျဖို့အတွက် မိနစ် ၂၀ ကြာ တစ်မိုင် လမ်းလျှောက်ခြင်း၊ မိနစ် ၂၀ ကြာ ဥယျာဉ် စိုက်ပျိုးခြင်း၊ မိနစ် ၃၀ ကြာ အိမ်သန့်ရှင်းရေး လုပ်ခြင်း၊ ၁၀ မိနစ်ကြာ လမ်းအမြန်လျှောက်ခြင်း စတဲ့ နှစ်သက်ရာ လှုပ်ရှားမှုတစ်ခု လုပ်ပေးလိုက်ပါ။

၁၃။ အသားမပါတဲ့ အာဟာရကို မကြာခဏ စားပါ။

သားသတ်လွတ် စားတာဟာ ကိုယ်အလေးချိန်ကို သွယ်လျစေကြောင်း Web MD သုတေသနအရ သိရပါတယ်။ ပျမ်းမျှအားဖြင့် သားသတ်လွတ် စားသူတွေဟာ အသားစားသူတွေထက် ၂၀ ရာခိုင်နှုန်း ကိုယ်အလေးချိန် လျော့ကျနေပါတယ်။ ပဲနီလေး စွပ်ပြုတ်၊ ပဲအမျိုးမျိုးပါတဲ့ ဟင်းလျာတွေဟာ အမျှင်ဓာတ်ပါပြီး အာဟာရဓာတ် ရရှိစေကာ ခန္ဓာကိုယ်သွယ်လျ ကျန်းမာစေပါတယ်။

Wednesday, March 28, 2012

မျက်လုံးလေးကို သနားပါ....

သူတို့ကျတော့ ကြည့်ရတာ အားမရဘူးဗျာ … အားလုံးကို ၀ါးချင်နေပြန်တယ် ။
ကျနော်တော်တော် ၀မ်းနည်းသွားတယ် အသက်ကကြီးမယ်မှ မကြံသေးဘူး လက္ခဏာတွေက
ပြနေပြီလေ။ တစ်ချို့ကပြောတယ် ဇရာရဲ့ရိုက်ချက်တဲ့ …. ဟုတ်ချင်လည်း
ဟုတ်မှာပေါ့လေ။ ဘာကြောင့်ပဲ ဖြစ်ဖြစ်လေ သေချာတာကတော့ ကျနော့်မျက်စိ
အားနည်းလာပြီဆိုတာပါပဲ။

ဒါနဲ့စကားမစပ် စာဖတ်နေတဲ့ ကိုကို မမ ညီ ညီမတို့ရော အမြင်ကြည်ကြရဲ့လား။
ကြည့်နေရင်းနဲ့ ၀ါးချင်လာတာတွေများ ရှိနေပြီလား။ အကယ်၍ ရှိနေရင် အားမငယ်ကြပါနဲ့
စိတ်မပျက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အခုကျနော့်မှာ
မျက်စိအားကောင်းစေမယ့် နည်းလမ်းကောင်းတွေ ရှိနေလို့ပါ။ မျက်မှန်တပ်ရတဲ့
သူတွေတောင် မျက်မှန်မတပ်ရတော့တဲ့ အထိ ပုံမှန်အတိုင်း
ပြန်ကောင်းသွားတယ်လို့ ဆိုပါတယ်။ ဒီနည်းဟာ သက်တော်(၇၀)ကျော်မှ မျက်မှန်
မတပ်ရတော့တဲ့ မန္တလေးမြို့က ကျမ်းပြု စာချအကျော် ဆရာတော် ဦးဝိဒါဘိဝံသ
ရဲ့ကျင့်စဉ်နဲ့ မဟာစည် ဆရာတော် ဘုရားကြီးရဲ့ အပူကြောင့်ဖြစ်တဲ့
သွားကိုက်ရောဂါ ပျောက်ကျင့်စဉ်ကို ပေါင်းစပ်ထားတဲ့ လေ့ကျင့်ခန်းလေး
တစ်ခုပါ ။

ဒီနည်းလေးကို နေ့စဉ်ကျင့်သုံးမယ် ဆိုရင် ဇာတ်ကြောတတ်ခြင်း
မျက်ရည်ပူများကျခြင်း၊ မျက်မှန်တပ်ရခြင်းတွေ မရှိတော့ပါဘူး။ မျက်နှာက
ဝက်ခြံတွေပျောက်ပြီး အသားအရည်လည်း လှတယ်လို့ ဆိုပါတယ်။ အခုကစပြီး
နည်းလမ်းကို ပြောပါတော့မယ်။ သေသေချာချာမှတ် ထားပေးနော်။ ကိုယ်မဟုတ်လည်း
လိုအပ်တဲ့သူတွေကို အကူအညီပေးလို့ ရတာပေါ့။

ပထမဆုံး အိပ်ရာနိုးနိုးချင်း မျက်နှာအရင်မသစ်ရပါဘူး ၊ ခြေထောက်နှစ်ဘက်လုံး
ဒူးကနေ ရေသုံးခွက်စီလောက်လောင်းပေးပါ ၊ ဒါက တစ်ကိုယ်လုံးမှာရှိတဲ့
အပူငွေ့တွေကို ခြေထောက်ရောက်အောင် ဆွဲချလိုက်တဲ့
သဘောပါ။ မျက်နှာကိုအရင် သစ်လိုက်ရင် ရေနဲ့ထိပြီး အေးသွားတဲ့ မျက်နှာကို
တစ်ကိုယ်လုံးက အပူတွေ ပြေးဝင်လာပါတယ်။ ဒါကြောင့် မျက်စိကို
အပူခိုးအပူငွေ့တွေက လာရိုက်ပြီး မျက်စိမှုန် အားနည်းစေ တတ်ပါတယ်။ ဒူးကနေ
ရေလောင်းပြီးတဲ့ အခါ ချိုင်းကြားနှစ်ဘက်မှာ ကပ်နေတဲ့ အပူခိုးတွေ ထွက်အောင်
မတ်တပ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြောက်တင်လိုက် အောက်ချလိုက်နဲ့
အနည်းဆုံးအကြိမ် (၂၀) လောက်လုပ်ပေးပါ။ နောက်ပြီး ဇာတ်ကြော လျှော့သွားအောင်
ခေါင်းကို နောက်ကျောဘက် ရောက်နိုင် သလောက် လှန်ချရပါမယ်။ ရှေ့ကိုလည်း
ရသလောက် ငုံပေးရပါမယ်။ နောက်ပြီး ခေါင်းကို ဘယ် ညာ လှည့်ပေးရပါမယ်။
ဒါတွေကိုလည်း အကြိမ် (၂၀)လောက်လုပ်ပေးရပါမယ်။ ဒါဆိုရင် တစ်ကိုယ်လုံးက
အပူငွေ့တွေ ခြေထောက်ကထွက်သွားပြီးပေါ့။ ဇာတ်ကြောလည်း လျော့သွားပြီလေ။

ဒါတွေလုပ်ပြီးရင် မျက်နှာသစ်လို့ရပါပြီ။ သွားတော့မတိုက်ပါနဲ့ဦး ၊
ပါးစပ်ကိုပိတ်ထားပြီးတော့မျက်နှာသစ်ပါ ၊ ပြီးတာနဲ့ မျက်နှာအရင်သုတ်လိုက်ပါ ၊
မျက်နှာမှာရှိတဲ့မွှေးညင်းပေါက်တွေ အကုန်ပွင့်သွားအောင်လို့ပါ ၊
အဲ့လိုလုပ်ပြီးမှ သွားတိုက်ပါ ၊ သွားတိုက်ရင်းနဲ့ သွားကြို သွားကြား
ပါးစပ်ထဲက အခိုးအငွေ့တွေဟာ မျက်နှာမှ မွှေးညင်းပေါက်တွေကတဆင့်
ထွက်ကုန်တာပေါ့ ၊ အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါကို
ကြိုတင်ကာကွယ်တဲ့အပြင် မျက်နှာရဲ့အသားအရည်ကိုလည်း လှပပြီးနုပျိုစေပါတယ် ။
အဲ့ဒါတွေကတော့ မိဘတွေမွေးပေးခဲ့တဲ့ ပကတိမျက်စိ အမြင်ကြည်လင်စေဖို့
နည်းလမ်းတွေပါပဲ ၊ သစ္စာလေးပါးဆိုတဲ့ တရားကိုမြင်စေတဲ့
ဥာဏ်မျက်စိအမြင်ကြည်ဖို့ကတော့ တရားစာအုပ်တွေများများဖတ်
တရားတွေများများနာကြားပြီး ရှင်တော်မြတ်ဘုရားဟောကြားထားတဲ့ ၀ိပဿနာတရားကို
အားထုတ်ရမှာဖြစ်ပါတယ် ။

ဒူးကနေရေလောင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ် မျက်နှာသစ် သွားတိုက် အဲ့ဒါတွေကို
အစဉ်လိုက်လုပ်ရင်း ဘုရားဂုဏ်တော်ပွားခြင်း မေတ္တာပို့ခြင်း ၀ိပဿနာလုပ်တတ်ရင်တော့
ဝိပဿနာလုပ်ရင်း ဒါမှမဟုတ် ကိုယ်အားသန်ရာ
ဘုရားစာတစ်ခုခုရွတ်ရင်း နေ့စဉ်လုပ်ပေးနေရင်တော့ အချိန်ကုန်မှန်းလည်းမသိ
ကျန်းမာရေးလည်းဖြစ် ကုသိုလ်လည်းရ အတိုင်းထက်အလွန်ပေါ့ဗျာ ….

ကျနော် အဲ့ဒီနည်းအတိုင်းလုပ်လာတာ တစ်လလောက်ရှိပြီ ၊ နောက်တစ်နှစ်လောက်ဆိုရင်
ကျနော်ဟာ လှပချောမွတ်တဲ့မျက်နှာ ကြည်လင်တောက်ပတဲ့မျက်ဝန်း တည်ငြိမ်အေးချမ်းတဲ့
စိတ်ဓာတ်တွေရဲ့ပိုင်ရှင်
ဖြစ်နေလောက်ပြီပေါ့ ၊ ခင်လို့ပြောတာနော် သူများတွေကိုလျှောက်မပြောနဲ့ဦး
ကြွားတယ်လို့ထင်နေဦးမယ်… ၊ မိတ်ဆွေတို့ လက်တွေ့လုပ်ကြည့်ကြပါ ၊
လှပချောမွတ်တဲ့မျက်နှာ ကြည်လင်တောက်ပတဲ့မျက်ဝန်း
တည်ငြိမ်အေးချမ်းတဲ့စိတ်ဓာတ်တွေရဲ့ ပိုင်ရှင်ဖြစ်လာရင်တော့ ကျနော့်ကို
မုန့်ကျွေးဖို့မမေ့နဲ့နော် …..။

သြော်….ဒါနဲ့…ဒီနည်းလေးက မေတ္တာရှင် (ရွှေပြည်သာ)ရေးတဲ့ စာရိတ္တသတ္တိဆိုတဲ့
စာအုပ်လေးထဲကရတာပါ ၊ ပကတိမျက်စိ အမြင်ကြည်ပြီး ဥာဏ်မျက်စိလည်း
အမြင်ကြည်ပါစေဆိုတဲ့ ဆန္ဒနဲ့ မျှဝေရေးသားလိုက်ခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ……..

Friday, March 16, 2012

ဇက်ကြောတက်ခြင်းနဲ့ နောက်ကျောနာခြင်း မဖြစ်အောင်



၁။ မှန်ကန်တဲ့ ခေါင်းအုံးနဲ့ အိပ်ပါ။
သင့်လည်ပင်း (နောက်ကျော)ဟာ တစ်ညလုံးအတွက် အနေအထားမှန်ကန်စွာ ရှိနေရင် မနက်အိပ်ရာထခါစမှာ လည်ပင်းနာတာ (အုံးလွဲတာ) မဖြစ်နိုင်ပါဘူး။ သင့်ရဲ့ အိပ်စက်မှုပုံစံကိုလိုက်ပြီး သင့်တော်တဲ့ခေါင်းအုံးကို
ရွေးချယ်ပါ။ ဝမ်းဗိုက်မှောက်ပြီး အိပ်တတ်သူဖြစ်ရင် ပျော့ပျောင်းပြီး ပါးတဲ့ ခေါင်းအုံးကို ရွေးပါ။ ပက်လက်အိပ်တတ်သူဖြစ်ရင် အသင့်အတင့်မာတဲ့ ခေါင်းအုံးကိုရွေးပြီး ဘေးစောင်းအိပ်တတ်သူဖြစ်ရင် မာတဲ့ခေါင်းအုံးကို ရွေးပါ။


၂။ ဇက်ကြောတက်တာ သက်သာအောင် လမ်းလျှောက်ပါ။
သင့်လည်ပင်းကို အနေအထားတစ်နေရာတည်းမှာ နာရီပေါင်းများစွာ အသုံးပြုရရင် (ဥပမာ-ကွန်ပျူတာသုံး နေရင်) ဇက်ောကာတက်တာနြ့ နော်ကကျောတက်တာ ဖြစ်တတ်ပါတယ်။ အလုပ်လုပ်တာ နာရီဝက်ကြာတိုင်း ငါးမိနစ်ထပြီး လမ်းထလျှောက်ပါ။

၃။ ကြွက်သားနာကျင်မှု သက်သာအောင် လက်ကိုအိတ်ကြီးကြီး မကိုင်ပါနဲ့။
လည်ပင်းနဲ့ နောက်ကျော်ပေါ် တင်အားသေက်ရောက်မှု နည်းအောင် သင်ကိုင်တဲ့ Hand Bag အိတ်ဟာ သုံးပေါင်အောက် နည်းရပါတယ်။

၎။ Keyboard ကြောင့် တင်းအားသက်ရောက်မှု မဖြစ်အောင် လက်မောင်းကို အနားပေးထားပါ။
Keyboard အရှေ့မှာ လက်မောင်း ရေမြှုပ်တစ်ခုပေါ် အနားပေးထားရင် လည်ပင်းနဲ့နောက်ကျောမှာ ဖိအားသက်ရောက်မှုနည်းသွားပြီး ကွန်ပျူတာအသုံးပြုတာကြောင့် ဇက်ကြောတက်မှုကို ၅၀-ရာခိုင်နှုန်းထိ လျော့ချနိုင်ပါတယ်။

၅။ ကြွက်တက်မှုမရှိအောင် Headset အသုံးပြုပါ။
လက်ကိုင်ဖုန်းနဲ့ စကားအကြာကြီးပြောတတ်သူဖြစ်ရင် Headset ဒါမှမဟုတ် hands-free-device ကို အသုံးပြုပါ။ သင့်လက်နဲ့ ဖုန်းကိုအကြာကြီး ကိုင်တွယ်ပြီး သင့်ခေါင်းကို အသံကြားရအောင် စောင်းနေရတာကြောင့် လည်ပင်းကြွက်သားတွေ ကြွက်တက်နိုင်ပါတယ်။

Tips
ဇက်ကြောတက်ရင် ဒါမှမဟုတ် နောက်ကျောနာကျင်နေရင်---
- နာကျင်တဲ့ကြွက်သားပေါ်ကို မိနစ်၂၀-လောက် ရေနွေးအိတ်ကပ်ပါ။
- နာကျင်တဲ့ကြွက်သားပေါ်မှာ ပရုတ်ဆီ ဒါမှမဟုတ် အကြောဖြေလိမ်းဆေး လိမ်းပေးပါ။
- နျာကင်တာဖြစ်စေတဲ့ ရောင်ရမ်းမှု လျော့ကျသွားအောင် နေ့စဉ် Fish Oil 1200-မီလီဂရမ် သောက်ပါ။

ဒေါက်တာခင်မိုးမိုး
(Good Health 5-10-11)
@www.pannaparami.com

အာသီးဘာကြောင့် ရောင်တာလဲ....

အာသီးက လူတိုင်းမှာရှိပါတယ်။ ရောဂါပိုးတခုခု သွေးထဲဝင်လာရင် ကာကွယ်နိုင်တဲ့ တွန်းခံအားပေးနိုင်တဲ့ အစိတ်အပိုင်းတခုလို့ အကြမ်းဖျင်း မှတ်ထားပါ။ အဲဒီအာသီးကိုမှ ပိုးဝင်တွယ်တော့ ရောင်လာနိုင်ပါတယ်။ ရာသီဥတုအပြောင်းအလဲမှာ ပိုဖြစ်တတ်ပါတယ်။ ရေခဲရေ၊ ရေခဲမုန့်နဲ့ အအေးစိမ်ထားတဲ့ အသီးအနှံဖျော်ရည် တွေကို အမြဲစားသောက်ရင် ဖြစ်တတ်ပါတယ်။ ဖုန်ထူထူ၊ လူထူထူသွားရင် အငွေ့အသက်တွေက တဆင့်လည်း ပိုးဝင်ပြီး ရောင်နိုင်ပါတယ်။ အာသီးရောင်ခြင်းရဲ့ ဆိုးကျိုးကတော့ အာသီးရောင်ရင်းနဲ့ ပိုကြီးလာပါတယ်။ အပြင်ယံတွေမှာ ပြည်ဝတ်တွေ ကပ်နေသလို ဖြစ်တတ်ပါတယ်။ အချို့ဆို အလွန်အမင်း ကြီးလာတဲ့အတွက် အသက်ရှူတောင် ကျပ်လာနိုင်တယ်။ အသံလည်း ၀င်နိုင်တယ်။ လည်ပင်းတအားနာသလိုဖြစ်မယ်။ ဒီထက်ပိုဆိုးတာက အာသီးမကြာခဏရောင်ရင် လေးဖက်နာသဘောဖြစ်နိုင်တယ်။ နှလုံးအထိ ထိခိုက်နိုင်တယ် ဆိုတာပါပဲ။ အဲဒါကို ကာကွယ်ချင်ရင် အခုပြောခဲ့တာတွေ ရှောင်ပါ။ Vitamin C ကို အမြဲသောက်ပါ။

Wednesday, March 14, 2012

ခံတွင်းအနံ့  နံခြင်းနှင့်  ဖြေရှင်းနည်းများ

နွေရာသီရောက်လာပြီဆိုတော့ အပူဒဏ်က တဖြည်းဖြည်းတက်လာတယ်... နေ့ခင်းဘက်တွေမှာ ရုံးခန်းထဲမှာ နေလို့ အပြင် အပူချိန်ကို မသိပေမယ့် အပြင်ခဏထွက်ကြည့်လိုက်တာနဲ့ အရမ်းပူတဲ့ခံစားမှုကို ခံစားရတယ်...
ညဘက်တွေဆိုလည်း အရမ်းပူလို့ ရေချိုးပြိးမှအိပ်နိုင်တယ်... ဟိုဘက်နေ့က အရမ်းပူလို့ ညဆယ်နာရီခွဲလောက် ရေထချိုးမိလိုက်တော့ မနက် အာသီးရောင်ပါလေရော... ဒါနဲ့ အင်တာနက်မှာ အာသီးရောင်ရောဂါနဲ့ ပတ်သက်ပြီး ရှာကြည့်
လိုက်တော့ ဇီဝက ဆေး(၂) ရေးထားတဲ့ ခံတွင်းနဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေ တွေ့မိတာနဲ့ စာဖတ်သူတွေလည်း ဗဟုသုတရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်...

Sulaynge

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~


ခံတွင်း အနံ့ နံခြင်းကို ဆေးပညာအရ halitosis လို့ ခေါ်ပါတယ်။ English လိုတော့ လွယ်လွယ်ကူကူ bad breath ပေါ့။ Halitosis ဟာ လူတွေမှာ တွေ့ရများတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အဓိက ဖြစ်စေတဲ့ အကြောင်းအရာကတော့ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေလို့ ဖြစ်ပါတယ်။

များသောအားဖြင့် ပါးစပ်နံတဲ့သူတွေဟာ သူတို့ ပါးစပ်နံတာကို သတိမထားမိကြပါဘူး။ အခြားသူတွေက သတိထားမိပေမယ့် အားနာလို့ ဖြစ်စေ ရှက်လို့ ဖြစ်စေ ဘာမှ မပြောဘဲ အောင့်အင်း သည်းခံပြီး နေလေ့ ရှိတတ်ကြတယ်။ အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းက ဖြစ်စေ မိသားစုဝင် တစ်ယောက်ယောက်က ဖြစ်စေ ပြောသောကြောင့်သာ သူတို့ သတိထားမိတတ်ကြပါတယ်။

ပညာရှင်တွေရဲ့ အဆိုအရတော့ ကျွန်တော်တို့ အားလုံးနည်းပါးဟာ ဘ၀ရဲ့ တစ်ချိန်ချိန်မှာတော့ ပါးစပ်နံတာ ဖြစ်ခဲ့ဖူးပါလိမ့်မယ်တဲ့။ တခါတလေကျတော့လည်း ပင်ကိုက ပါးစပ် မနံပေမယ့် အနံ့ပြင်းတဲ့ အစာတွေ ဥပမာ – ကြက်သွန်ဖြူကဲ့သို့ သော အစာတွေကို စားမိပြီး အနံ့ထွက်တာမျိုးလည်း ရှိတတ်ပါတယ်။ နံတယ်မနံဘူး ဆိုတာက ဓလေ့ထုံးစံနဲ့လည်း ဆိုင်သေးတယ်။ တချို့ကျတော့ ဆေးလိပ်သောက်လို့ အနံ့နံတာမျိုး။ သူတို့အချင်းချင်းတော့ မနံဘူးပေါ့။ ဘေးက ဆေးလိပ်မသောက်တဲ့သူကသာ အနံ့မခံနိုင်တာ။ ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းနံ့ နံခြင်းရဲ့ တရားခံတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကြောင့် ခံတွင်းခြောက်ခြင်း၊ သွားဖုံးရောင်ခြင်း တို့ကို ဖြစ်စေပါတယ်။

“—ခံတွင်း သန့်ရှင်းရေးကို သေချာလုပ်ဆောင်ရင် အနံ့နံသူအများစုဟာ အဆိုပါ အခြေအနေမှ သက်သာသွားတာကို တွေ့ရပါတယ်—”

ခံတွင်း ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ပါးစပ်နံခြင်းအတွက် အကောင်းဆုံး ကာကွယ်နည်းတစ်လက် ဖြစ်ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို သေချာလုပ်ဆောင်ရင် အနံ့နံသူအများစုဟာ အဆိုပါ အခြေအနေမှ သက်သာသွားတာကို တွေ့ရပါတယ်။ အဲဒီလို လုပ်တာတောင်မှ မသက်သာဘူး ဆိုရင် ခံတွင်း အတွင်းမှ ဖြစ်စေ ခန္ဓာကိုယ် အတွင်းမှ ဖြစ်စေ ရောဂါ တစ်ခုခုရှိနေတတ်ပါတယ်။ ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်လို့မှ အဆင်မပြေပါက တတ်ကျွမ်းသည့် ဆရာဝန်တို့နှင့် ပြသစေလိုပါတယ်။

ခံတွင်း အနံ့ဆိုးခြင်းဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။

ခံတွင်းအနံ့ဆိုးအောင် ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ခံတွင်း သန့်ရှင်းမှုအားနည်းခြင်း

သွားပညာရှင်တွေရဲ့ ပြောဆိုချက်အရ ခံတွင်း အနံ့ထွက်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ခံတွင်း သန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်ပါတယ် တဲ့။ ကျွန်တော်တို့ စားလိုက်တဲ့အစာတွေကို ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ချေဖျက်နိုင်ပါတယ်။ သို့သော် ဘယ်သူမှ အစာတစ်လုပ်ကို ပါးစပ်ထဲမှာ စက္ကန့်ပိုင်းထက် ပိုပြီး ငုံမထားတဲ့အတွက် မသိသာပါဘူး။ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့ရင်တော့ ဘက်တီးရီးယားတွေအတွက် ရိက္ခာ ဖြစ်လာပါတော့တယ်။ အစာကို ချေလိုက်ရင် hydrogen sulphide ဆိုတဲ့ ဓာတ်ငွေ့တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ သူကမှ အနံ့ နံစေတာပါ။ ၎င်းဓာတ်ငွေ့ကို ကြက်ဥပုပ်တွေမှာလည်း တွေ့ရတတ်ပြီး ပုပ်အက်အက်အနံ့ကို ဖြစ်ပေါ်စေပါတယ်။

“—ကြော်ငြာထားသော ငုံဆေး ၊ ပလုပ်ကျင်းဆေးနှင့် သောက်ဆေးများကို တွေ့ဖူးပါလိမ့်မယ်။ အဆိုပါဆေးများသည် ခံတွင်းအနံ့ကို ယာယီသာ ကောင်းအောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်—”

နောက်တစ်ချက်က ဘက်တီးရီးယားတွေဟာ အစာဟောင်းတွေနဲ့ ပူးပေါင်းပြီး သွားတွေနဲ့ သွားဖုံးပေါ်မှာ သွားချေးလို့ ခေါ်တဲ့ အဖြူရောင် (သို့) အရောင်မရှိတဲ့ အဖတ်ကလေးတွေကို ဖြစ်စေပါတယ်။ ပမဏနည်းပါးရင် အရောင်မဲ့တတ်ပြီး များပြားလာပါက အဖြူရောင် အဖတ်တွေအဖြစ် တွေ့မြင်ရတတ်ပါတယ်။ သွားကို နှံ့အောင် မတိုက်ရင် သွားကြားနဲ့ ပါးစောင်တို့မှာ တင်ကျန်နေတတ်ပါတယ်။ ဒီ သွားချေးတွေကြောင့် သွားဖုံးရောင်ခြင်း ဖြစ်ပေါ်စေပြီး အနံ့ဆိုးများ ထုတ်လွှတ်နိုင်ပါတယ်။

သွားဖုံးရောင်ခြင်း

သွားတုသန့်ရှင်းမှု အားနည်းခြင်း

သွားအတု အံပုံအတု အသုံးပြုသူများသည် ၎င်းတို့ကို ပုံမှန်သန့်ရှင်းအောင် ဆေးကြောခြင်း မရှိပါက ဘက်တီးရီးယားများ ပေါက်ပွားပြီး အနံ့ဆိုးများ ထွက်နိုင်ပါသည်။

ပါးစပ်ခြောက်ခြင်း

ကျွန်တော်တို့ရဲ့ ပါးစပ်တွေကို တံတွေးလို့ခေါ်တဲ့ saliva က အမြဲတမ်း စိုစွပ်ပြီး သန့်ရှင်းနေအောင် ပြုလုပ်ပေးနေပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် ပါးစပ်ခြောက်နေပါက အရေပြားမျက်နှာပြင်ရှိ အညစ်အကြေးများနှင့် dead cell များကို မဖယ်ရှားနိုင်တော့ပေ။ ထိုအခါ ပါးစပ်နံတတ်ပါသည်။ ရေသောက်နည်းခြင်းကလည်း ပါးစပ်ခြောက်ခြင်းကို အားပေးပါသည်။ အထူးသဖြင့် ယခုလို ပူအိုက်သည့် ရာသီဥတုတွင် ရေခဏခဏ သောက်ပေးခြင်းဖြင့် ပါးစပ်အတွင်း စိုစွပ်မှုကို ထိန်းသိမ်းထားနိုင်ပါသည်။

အစားအသောက်ကြောင့် ပါးစပ်နံခြင်း

ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် အချို့သော မဆလာမှုန့်များသည် စားလိုက်ပါက ပါးစပ်နံ ခြင်းကို ဖြစ်ပေါ်စေပါသည်။ အရက်နှင့် ကော်ဖီသည်လည်း အနံ့ဆိုးစေတတ်ပါသည်။ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများသည် အသီးအရွက်ထက် အသားကို ချေဖျက်ပါက အနံ့ဆိုးသော ဓာတ်ငွေ့များကို ပိုထုတ်ပေးလေ့ရှိသည်။ ထို့ကြောင့် သွားကြားတွင် အသားစများ ကျန်ခဲ့ခြင်းသည် အရွက်စများကျန်ခဲ့ခြင်းထက် အနံ့ဆိုးခြင်းကို ပိုမို ဖြစ်ပေါ်စေနိုင်ပါသည်။

ဆေးများ

အချို့သော ကြာရှည်စွဲသောက်ရသည့် ဆေးများသည် ခံတွင်း ခြောက်ခြင်း နှင့် တံတွေးအထွက်နည်းခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုအခါမျိုးတွင်လည်း ပါးစပ်နံနိုင်ပါသည်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်အငွေ့သက်သက်ကြောင့်တော့ ပါးစပ်မနံတတ်ပါ။ သို့သော် ဆေးလိပ်သည် ပါးစပ်ခြောက်ခြင်းကို အားပေးသလို သွားနှင့် ခံတွင်း ကျန်းမာရေးကိုလည်း အားနည်းစေပါသည်။ ထို့ကြောင့် တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်သောနည်းအားဖြင့် ပါးစပ်နံခြင်းကို ဖြစ်စေနိုင်ပါသည်။

ခံတွင်း အနံ့နံနိုင်သောရောဂါနှင့် ကျန်းမာရေးအခြေအနေများ

* အာသီးရောင်ခြင်း

* ဆီးချို (uncontrolled)

* အဆုပ်ပွ ရောဂါ၊ လေပြွန်ရောင်ရောဂါနှင့် နာတာရှည်အဆုပ်ရောဂါများ

* ထိပ်ခပ်နာ

* အစာအိမ်ရောင်ခြင်း

* အမျှင်ဓာတ်နှင့် ကဆီဓာတ်အစားနည်းပြီး အသား အစားများခြင်း

* နာတာရှည် အသည်းရောဂါသည်များ

* နာတာရှည် ကျောက်ကပ်ရောဂါသည်များ

* အချို့သောကင်ဆာများ ဥပမာ – လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ နှင့် အစာရေမျိုကင်ဆာ

ခံတွင်း အနံ့နံခြင်းကို ဘယ်လိုပျောက်အောင် လုပ်မလဲ။

ခံတွင်း သန့်ရှင်းရေးနှင့် ကျန်းမာရေး

ပါးစပ်နံတယ်ဆိုတာ ဆေးခန်းသွားပြီး ကုသလို့ရတဲ့ အခြေအနေမျိုး မဟုတ်ပါ။ ဆေးဆိုင်မှ ဆေးဝယ်သောက်လို့လည်း ပျောက်မည်မဟုတ်။ ဆေးဆိုင်များတွင်လည်း ခံတွင်းအနံ့ပျောက်ဆေး ဆိုပြီး ကြော်ငြာထားသော ငုံဆေး ၊ ပလုပ်ကျင်းဆေးနှင့် သောက်ဆေးများကို တွေ့ဖူးပါလိမ့်မယ်။ အဆိုပါဆေးများသည် ခံတွင်းအနံ့ကို ယာယီသာ ကောင်းအောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ပုံမှန်သွားတိုက်မည်၊ သွားကြားထိုးမည်ဆိုပါက ခံတွင်းအနံ့ထွက်ဖို့ သိပ်မဖြစ်နိုင်တော့ပေ။

“—၃ လတန်သည် ၄ လတန်သည်တွင် တစ်ကြိမ်မျှ သွားတိုက်တံ အသစ်တစ်ချောင်း ဖြင့် လဲလှယ်ပေးရမည် ဖြစ်သည်။ သွားတစ်ခါတိုက်ပါက အနည်းဆုံး ၂ မိနစ်ခန့် ကြာရမည်—”

သွားတိုက်ရာတွင် တစ်နေ့ကို အနည်းဆုံး ၂ကြိမ် တိုက်ဖို့လိုသည်။ သွားတိုက်ဆေးသည် ပြည်တွင်းပြည်ပမှ ထုတ်လုပ်သည့် ချိုရဲရဲ သွားတိုက်ဆေးများ မဟုတ်ဘဲ floride ပါဝင်သည့် အရသာ မရှိသည့် သွားတိုက်ဆေးများသာ အကောင်းဆုံးဖြစ်ပါသည်။ သွားတိုက်တံတွင် ပျော့ပျောင်းသည့် အမွှေးလေးများ ပါဝင်ရမည်ဖြစ်ပြီး အတိုအရှည်မတူညီပါက ပိုကောင်းသည်ဟု ဆိုကြသည်။ သွားတိုက်တံ တစ်ချောင်းကို တိုက်လာလိုက်တာ လူမှန်းသိကတည်းကနေ ဘွဲ့ရသည်အထိ ဆိုတာမျိုးလည်း ရှောင်ကြဉ်ရမည်။ ၃ လတန်သည် ၄ လတန်သည်တွင် တစ်ကြိမ်မျှ သွားတိုက်တံ အသစ်တစ်ချောင်း ဖြင့် လဲလှယ်ပေးရမည် ဖြစ်သည်။ သွားတစ်ခါတိုက်ပါက အနည်းဆုံး ၂ မိနစ်ခန့် ကြာရမည် ဖြစ်သည်။ သွားတိုက်ပြီးပါက သွားပွတ်တံဖြင့် ဖြစ်စေ၊ လျှာပွတ်တံဖြင့် ဖြစ်စေ လျှာကို ရွရွကလေး ပွတ်၍ သန့်ရှင်းရေး လုပ်ပေးရပါမည်။

အခြားသောနည်းလမ်းတွေကတော့….

အစာစားပြီးတိုင်း ပလုပ်ကျင်းပါ။ ထိုအခါ စားကြွင်းစာကျန်များ သွားများအတွင်း၌ တင်ကျန်ခြင်းကို ကာကွယ်ပေးပါသည်။

အကယ်၍ ပလုပ်ကျင်း၍ အဆင်မပြေပါက ပီကေ၀ါးပါ။ ပီကေကို ပါးစပ်အတွင်းနှံ့အောင် ၀ါးပါက ပါးစပ်အတွင်းမှ တံတွေးများပါထွက်လာပြီး ခံတွင်း သန့်ရှင်းခြင်းကို အားပေးပါသည်။

မိမိစားမည့်အစာကို သတိထားပါ။ အရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ရမည့်အချိန်မျိုးတွင် ခံတွင်းနံစေသော အစားအစာများကို ရှောင်ကြဉ်ပါ။

ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ သို့သော် မရှောင်နိုင်ပါက သွားဆရာဝန်နှင့် ပုံမှန်ပြသကာ သွားနှင့် သွားဖုံးကျန်းမာရေးကို ဂရုစိုက်ပါ။

Credit to ဖီဝက(ဆေး၂)

Monday, March 12, 2012

ခရမ်းချဉ်သီးစားသုံးခြင်းရဲ့အကျိုးကျေးဇူး

ကျွန်တော်သူငယ်ချင်းတို့ကို ခရမ်းချဉ်သီးစားသုံးခြင်းရဲအကျိုးကျေးဇူးကိုပြန်လည်မျှဝေပေးချင်ပါတယ် ကျန်းမာရေးရာ
ခရမ်းချဉ်သီးကို ဆေးလိပ်သောက်တဲ့သူတွေ အမြဲစားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးဟာ ဆေးလိပ်ကြောင့် ဖြစ်ရတဲ့ ကိုယ်တွင်းဆုံးရှုံးမှုများ၊ ဘေးဘယာများကို နည်းပါးပျောက်ကင်းအောင် စွမ်းဆောင်ပေးပါတယ်။ ခရမ်းချဉ်သီးထဲက ခလိုရိုဂျင်နင် (Chrologenic) နဲ့ ကူမာအစ် (Coumaric) အက်ဆစ်ဟာ အဆုတ်ကို ထိခိုက်ပျက်စီးမယ့် ဘေးကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးမှာ ခရိုမီယမ် သတ္တုဓာတ်တွေ အများအပြား ပါဝင်တာမို့ ဆီးချို မဖြစ်အောင် ထိန်းညှိပေးပါတယ်။ ခရမ်းချဉ်သီးထဲက ဗီတာမင်အေဓာတ်ကြောင့် မျက်လုံးအမြင်အာရုံကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ မျက်လုံးအရောင် မကြည်တာကအစ ညဘက်အမြင် အာရုံအားနည်းတာတွေကိုပါ ပိုပြီး တိုးတက် ကောင်းမွန်လာစေပါတယ်။ ခရမ်းချဉ်သီးထဲက ဗီတာမင်ဘီနဲ့ ပိုတက်စီယမ်ဓာတ်ဟာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရော အနေအထားကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် နှလုံးရုတ်တရက်လေရိုက်ခြင်း၊ လေဖြတ်ခြင်းများ ကိုလည်း ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဟာ ကင်ဆာရောဂါ အတော်များများကို နှိမ်နှင်းနိုင်စွမ်း ရှိပါတယ်။ လေ့လာတွေ့ရှိချက် ၇၂ ခုအရ ခရမ်းချဉ်သီးကို အစိမ်းလိုက်၊ ချက်ပြုတ်ပြီးစားတဲ့သူရော၊ ခရမ်းချဉ်သီးနဲ့ ပြုလုပ်ထားတဲ့စားသောက်ကုန်များကို စားသုံးတဲ့သူတွေဟာ ကင်ဆာ ရောဂါတွေနဲ့ ပတ်သက်ပြီး အတော်လေးကို နှိမ်နှင်းကာကွယ်နိုင်စွမ်းရှိကြတာကို တွေ့ရှိရပါတယ်။ အဲဒီ့ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အစွမ်းဟာ ခရမ်းချဉ်သီးထဲက Lycopene ဓာတ်ပေါ်မူတည်နေပါတယ်။ အဲဒီ့ဓာတ်ဟာ ခရမ်းချဉ်သီးကို နီရဲအောင် လုပ်ပေးတဲ့ဓာတ်ပဲဖြစ်ပါတယ်။ အစာအိမ်ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးကို အစိမ်းထက်ချက်ပြုတ်ပြီး စားသုံးတာဟာ Lycopene ဓာတ်တွေ ပိုပြီး ထုတ်လုပ်ပေးတာကို တွေ့ရှိရပါတယ်။ လိုင်ကိုပိန်းဟာ ကင်ဆာရောဂါတွေကို သာမက အရည်ပြားအတွက် အန္တရာယ်ရှိစေတဲ့ရောင်ခြည်တွေကိုလည်း ကာကွယ်ပေးထားပါတယ်။ နောက်ပြီး ယောက်ျားလေးမျိုးဆက် ပြန့်ပွားခြင်းကို အထောက်အပံ့ ပေးပါတယ်။ သိသိသာသာ အစွမ်းပြတဲ့အချက်ကတော့ အဆုတ်နဲ့ အစာအိမ်ဘေးကင်းကျန်းမာစေဖို့ ကောင်းကောင်း အထောက်အကူ ပြုပေးပါတယ်။ အလှအပရေးရာ ပါးနုသွေး၊ နီမြန်းစေချင်ရင် တချို့ပျိုလေးတွေရဲ့ ပါးလေးတွေဟာ နီးမြန်းပြီး နှင်းဆီရောင် သမ်းနေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ချင်ရင် ခရမ်းချဉ်သီးကို များများစားပေးပါ။ ပါးပြင်ကို ပန်းနုရောင် သမ်းရုံမျှမက အသားရည်ကို ရွှန်းစိုဝင်းလဲ့စေပါတယ်။ ခရမ်းချဉ်သီးကို ဒီအတိုင်း စားပေးရင် ပါးပြင် ပန်းနုရောင်သန်းရုံမျှမက မျက်လုံး၊ သွား၊ အရည်ပြားတွေပါ ကောင်းမွန်စေပါတယ်။ မျက်နှာသန့်စင်စေချင်ရင် အိပ်ရာမဝင်ခင်နဲ့ အိပ်ရာထပြီး ဆယ်ငါးမိနစ်၊ စုစုပေါင်း တစ်နေ့ကို မိနစ် ၃၀ လောက် အချိန်ပေးရင် ရပါပြီ။ အိပ်ရာမဝင်ခင်မှာ မျက်နှာကို ခရမ်းချဉ်သီးတစ်ဝက်နဲ့ (တစ်လုံးကို လှီးပြီး) မျက်နှာကို ပွတ်သပ်ပေးပါ။ လည်ပင်းတစ်ဝိုက်နေရာတွေကိုပါ ပွတ်ပေးပါ။ ပြီးရင်တော့ ဆယ်ငါးမိနစ်ခန့်ထားပြီး ရေနဲ့ ပြန်ဆေးပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လုပ်ပေးပါ။ မျက်နှာကို သန့်စင်ဝင်းပစေပါတယ်။ အဆီပြန်သော အသားအရေအတွက် ပျားရည်နဲ့ ခရမ်းချဉ်သီးဟာ အဆီပြန်တဲ့ အသားအရည်အတွက် အရမ်းကို ဆေးဖက်ဝင်တဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။ ပျားရည်တစ်ဇွန်း(လက်ဖက်ရည်ဇွန်း) နဲ့ ခရမ်းချဉ်သီး အလတ်စား အရွယ်တစ်လုံးကို ယူပြီးရောစပ်ချေနှယ်ပေးပါ။ ပြီးရင် အဲဒီ့ ပျားရည်ရော ခရမ်းချဉ်သီးရည်ကို မျက်လုံးကလွဲပြီး မျက်နှာအပြင် အနှံ့လိမ်းပေးပါ။ လိမ်းပြီး အသားထဲ စိမ့်ဝင်သွားအောင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပေးပါ။ ၁၅ မိနစ်ပြည့်မှ ရေနဲ့ ပြန်ဆေးပေးပါ။ နှစ်ပတ်လောက် လုပ်ကြည့်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် ခရမ်းချဉ်သီးနဲ့ ဓာတ်မတည့်တဲ့ သူများအနေနဲ့တော့ မသုံးပါနဲ့။ ရေနွေးပူလောင်ခြင်းနှင့် ဝက်ခြံ ရေနွေးပူလောင်လို့ ဘေးနားမှာတစ်ခုခုနဲ့ သက်သာအောင် လုပ်စရာပစ္စည်း၊ ဆေးဝါးမရှိရင် ခရမ်းချဉ်သီးနဲ့ အုပ်ထားပေးပါ။ အပူသက်သာစေပါတယ်။ အမြန်ဆုံး သက်သာ ပျောက်ကင်း စေပါတယ်။ ဝက်ခြံကိုလည်း ပြေလျော့စေပါတယ်။ ဆံပင်အနံ့ဆိုးခြင်း တစ်ခါတစ်လေ ကိုယ့်ခေါင်းက ဆံပင်ရဲ့ အနံ့ဟာ ဆိုးရွားနေတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ခရမ်းချဉ်သီးအရည်နဲ့ ခေါင်းကို လိမ်းပြီး မိနစ်ငါးဆယ်လောက်ထားပြီး ရေနဲ့ ပြန်လျှော်လိုက်ရင် အနံ့အသက်လည်း ကင်းပြီး ဒက်တွေပါ ပျောက်ကင်းသွားစေပါတယ်။ နောက်ပြီး ဗီတာမင်အေ ပါဝင်တာမို့ ဆံသားကို တောက်ပြောက်သန်မာစေပါတယ်။ ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်. . . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်. . * ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်.. * ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်. * အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့ ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ် အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်. * တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်. . . * ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်. * ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. . ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. . တစ်ပတ် အတွင်း ခရမ်းချဉ်သီး ခုနစ်ကြိမ် စားသုံးသူ သည် ဆီးကျိတ် ကင်ဆာ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်း အထိ လျော့ချ စေနိုင်ပြီး ဆယ်ကြိမ်အထက်စား သူများဖြစ်ပါက ဆီးကျိတ်ကင်ဆာမှ လွတ် ကင်းနိုင်သည်ဟု သုတေသီတချို့က ဆိုသည်။ ခရမ်းချဉ်သီးတွင် ပေါပေါများများ ပါဝင်သည့် လိုင်ကော်ပင်းဓာတ် (Lycopene) သည် ကင်ဆာရောဂါများကို ကာကွယ်တိုက်ဖျက်ရာတွင် အားပြင်း သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant ဖြစ်သောကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကင်ဆာမကူးစက်အောင်နှင့် မပြောင်းလဲ မပျံ့နှံ့အောင်ကာကွယ်ပေး သည်ဟုဆိုသည်။ Antioxidant သည် အထူးသဖြင့် ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ သားအိမ်ကင်ဆာနှင့် ကင်ဆာ ဖြစ်မည့် အမြုတေများကို တားဆီးပယ် ဖျက်ပေးနိုင်သည်။ Lycopene ဓာတ်သည် Heart Attack နှလုံးရပ်ဆိုင်းခြင်းကို ကာကွယ် တားဆီးပေးနိုင်ပြီး အူမကြီးကင်ဆာနှင့် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်သည် ဟုဆိုကြသည်။Lutein နှင့် Zeaxanthin ဓာတ်များပါဝင်ခြင်းကြောင့် မျက်စိ အမြင်ကို ကောင်းမွန်ကြည်လင်စေနိုင် ကြောင်း သုတေသီများက ပြောသည်။ ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီဓာတ်၊ ဗီတာမင်စီ၊ မကောင်းသော LDL အဆီ ဓာတ်များကို ဖယ်ရှားပေးနိုင်သော HDL ကောင်းသောကိုလက်စထရောဓာတ်၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်တည်ဆောက် ရေးတွင် အရေးပါသော ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်၊ သွေးနီဥထုတ်ပေးရာ တွင် မရှိမဖြစ်လိုအပ်သော ဖိုလစ်အက် ဆစ်ဓာတ်က ကလေးငယ်များ ကြီးထွား ဖွံ့ဖြိုးစေရန် မီးယပ်သွေးဆုံးပြီး အမျိုးသမီး များ အရိုးပါးခြင်း၊ အရိုးဆက်ခြင်းမှ ကာ ကွယ်ပေးနိုင်သည့် ကယ်လ်ဆီယမ်ဓာတ်၊ အမျိုးသမီးများ အထူးလိုအပ်သည့် သံ ဓာတ်၊ သက်ကြီးရွယ်အိုနှင့် နှလုံးခုန်မမှန် သူများအတွက် လိုအပ်သည့် မဂ္ဂနီစီယမ် ဓာတ်များလည်း ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ခရမ်းချဉ်သီးကို အစိမ်း စားခြင်း၊ ချက်ပြုတ်စားခြင်း၊ ခရမ်းချဉ်သီး ဆော့စ်ပြုလုပ်စားခြင်းဖြင့် အာဟာရမျိုးစုံ ရရှိနိုင်မည်ဖြစ်သည်။

မှီငြမ်းလိပ်စာများ>>>www.yoyarlay.com/(or)www.myanmarinternetforum.com/(or)//www.apytz.org/ ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://mmflashsongs.ning.com/profiles/blog/show?id=5202681%3ABlogPost%3A760503&xgs=1&xg_source=msg_share_post#ixzz1otBkGhbM ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://mmflashsongs.ning.com/profiles/blog/show?id=5202681%3ABlogPost%3A1041990&xgs=1&xg_source=msg_share_post#ixzz1p2Om0xiX credit By Laminthar lay