Showing posts with label အမျိုးသမီးကဏ္ဍ. Show all posts
Showing posts with label အမျိုးသမီးကဏ္ဍ. Show all posts

Thursday, February 7, 2013

မိန်းကလေးများအတွက် တင်သားအလှ

မိန်းမတစ်ယောက်အတွက် တင်သားအလှ ပိုင်ဆိုင်ထားခြင်းဟာ ရတနာတစ်ပါး ပိုင်ဆိုင်ထားခြင်းတစ်ခုလည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လက်နက်တစ်ခု ပိုင်ဆိုင် ထားခြင်းလည်း မည်ပါတယ်။ ဒါကြောင့် ပျိုမေတို့အတွက် တင်သားအလှနဲ့ ပတ်သက်ပြီး နည်းနာတွေကို မျှပေးလိုက်ရပါတယ်။

ပြောင်းလဲပစ်ရမည့် အမျိုးအစားများ

တင်သားအလှအတွက် လိုအပ်တဲ့ ပြောင်းလဲမှု ပြုလုပ်ရမည့် အခြေအနေနှစ်မျိုး ရှိပါတယ်။ တကယ်လို့ ကိုယ့်ရဲ့တင်သားဟာ ကိုယ်လိုချင်တာထက်၊ လိုအပ်တာထက် ပိုပြီးကြီးမားနေတယ်ဆိုရင် စဥ့်အိုးကို နောက်မှာ ထမ်းထားရသလိုဖြစ်နေမှာ အမှန်ပါပဲ။ ဒီစဥ့်အိုးကို ဖြုတ်ချဖို့တော့ အမှန်တကယ် လိုအပ်နေပြီဖြစ်ပါတယ်။ ဒီအနေအထားမျိုးမှာ တင်သားပေါ်က အဆီတွေကို လျှော့ချပြီး တင်သားရဲ့အရွယ်အစား ပြောင်းလဲပစ်ရမှာပါ။

တကယ်လို့ ကိုယ့်ရဲ့တင်သားဟာ နံရံတစ်ချပ်နဲ့အလား ရေပြင်ညီသဏ္ဍာန်တူနေရင် ရင်ခုန်သံတွေ လောင်စာကုန်ခန်းနေပြီလို့ အဓိပ္ပာယ်ရပါတယ်။

တင်သားအလှ လေ့ကျင့်ခန်းများ

ထိုင်ထ၊ တင်သားအလှချည်းအတွက် လေ့ကျင့်ခန်းများသာမက လက်မောင်း၊ ပခုံး၊ ဗိုက်သားလေ့ကျင့်ခန်းများကိုပါ ပြုလုပ်ပေးသင့်ပါတယ်။ တခြားသော လေ့ကျင့်ခန်းများ ဖြစ်တဲ့ ပြေးခြင်း၊ အေရိုးဗစ်ကစားခြင်းများကိုလည်း ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၁)။ ကြမ်းပြင်ပေါ်မှောက်အိပ်လိုက်ပါ။ မျက်နှာကို လက်ပေါ်ခေါင်းအုံးပြီး ဆန့်ထားတဲ့ခြေထောက်ပေါ် နောက်ခြေတစ်ဖက်တင်ပြီးကွေးပါ။ ဒူးတစ်ဖက်ကိုကွေးပြီး တင်တဲ့အချိန်မှာ တင်သားကို ကြမ်းပြင်ပေါ်မှ မကြွစေပါနဲ့။ တစ်ဖက်ပြီး တစ်ဖက်ပြုလုပ် ပေးပါ။ အကြိမ်ရေကို ကိုယ်နိုင်သလောက် ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းဟာ လှုပ်ရှားမှု နည်းသလောက် တင်သားအလှကို ကောင်းစွာပုံဖော်ပေးနိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)။ ဒီလေ့ကျင့်ခန်းကတော့ ကိရိယာလွတ်လေ့ကျင့်ခန်းမဟုတ်ပါဘူး။ ၅-၈ ပေါင် (dumbbells) တစ်စုံလောက် လိုအပ်ပါတယ်။ ခြေကို အနည်းငယ်ခွဲပြီးရပ်ပါ။ ဒမ်ဘဲကို ပေါင်ရှေ့မှာချထားပြီး မတ်မတ်ရပ်နေပါ။ ဒူးကို အနည်းငယ်လောက်သာညွတ်ပြီး ခါးကိုသာ အဓိကထား ရှေ့ညွတ်ပြီး ကွေးချပါ။ ဒမ်ဘဲကိုင်ပြီး ထိုင်ထလုပ်ပေးပါ။ လုပ်တဲ့ အခါမှာ ခြေထောက်ကို ဒမ်ဘဲနဲ့မထိခိုက်စေဖို့ သတိပြုပါ။

လေ့ကျင့်ခန်း (၃)။ ကြမ်းပြင်ပေါ် ပက်လက်လှန်အိပ်ပြီး ဒူးနှစ်ဖက်ကို မြှောက်လိုက်ပါ။ ခြေဖဝါးနှစ်ဖက်ချင်း ထိကပ်နေပါစေ။ ခြေဖဝါးချင်း ကပ်လျက်မှ ဘေးနှစ်ဖက်ကို ဆန့်ခွဲလိုက်ပါ။ ကျယ်နိုင်သမျှ ကျယ်ကျယ်လေးခွဲပေးပါ။

လေ့ကျင့်ခန်း (၄)။ ကြမ်းပြင်ပေါ် လေးဖက်ထောက်အနေအထားနဲ့ ခြေထောက်တစ်ဖက်ကို ကွေးပြီး ဘေးဘက်ကို ဆန့်ထုတ်ပေးပါ။ တစ်ခါလုပ်ရင် (၁၅) ကြိမ်ခန့်ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်တဲ့အခါမှာ ခြေထောက်ကိုဆန့်ရင် ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ငြိမ်ငြိမ်လေးထိန်းထားပေးပါ။

လေ့ကျင့်ခန်း (၅)။ ကြမ်းပြင်ပေါ် ပက်လက်အိပ်လျက်အနေအထားမှာ ဒူးတစ်ဖက်ထောင် ခြေတစ်ဖက်ဆန့်ပေးပါ။ ဆန့်ထားတဲ့ခြေကို အပေါ်ကို ဆန့်ဆန့်အနေအထားနဲ့ မြှောက်ပေးပါ။ ခြေထောက်ကို မြှောက်တဲ့အခါမှာ ခါးနဲ့ကျောပါ တစ်ဆက်တည်း ကြွပေးသွားပါ။

တင်သားအလှအတွက် ပုံဖော်ရာမှာ လေ့ကျင့်ခန်းသာမက အစားအသောက်နဲ့ အိပ်စက်ပုံအနေအထားကိုပါ တွဲဖက်သတိထားလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ တင်သားသေးသူများအတွက် တင်သားကိုနှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။

အစားအစာ

အဆီနည်းအသားများလည်း စားသုံးပေးပါ။ အထူးသဖြင့် အမဲသား၊ ကြက်ရင်အုံ တို့စားပေးပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများလည်း စားသုံးပေးပါ။ ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီးနဲ့ ဆလတ်ရွက်များကို အလေးပေးစားသုံးပေးပါ။

တင်သားအလှမော်ဒယ်၊ မင်းသမီးများ

ကမ္ဘာမှာ တင်သားအလှနဲ့ ပတ်သက်ပြီး ကျင်းပတဲ့ ပြိုင်ပွဲတွေ ရှိပါတယ်။ နိုင်ငံအလိုက် ကျော်ကြားတဲ့ တင်သားအလှမော်ဒယ်များလည်း ရှိပါတယ်။ နိုင်ငံအလိုက်ကျော်ကြားတဲ့ တင်သားအလှမော်ဒယ်များလည်း ရှိပါတယ်။ ဗဟုသုတအဖြစ် ရွေးချယ်ဖော်ပြပေးလိုက် ပါတယ်။ ပုရိသ ပရိသတ် အများစုကြိုက်နှစ်သက်ကြတဲ့ တင်သားအလှပိုင်ရှင်တွေကတော့ မင်းသမီးထက်အဆိုတော်တွေ များပါတယ်။ ရှာကီရာ၊ ဘီရွန်စ်နော့ဝဲလ်နဲ့ ဂျနီဖာလိုပက်စ် တို့ဖြစ်ပါတယ်။

ကယ်ရီဘယ်ရွန်…သူဟာ သူ့ရုပ်ထက် သူ့တင်သားအလှကြောင့် ကျော်ကြားလူကြိုက် များတဲ့ မော်ဒယ်မလေးတစ်ဦးဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ people မဂ္ဂဇင်းကြီးရဲ့ ညှို့အားအပြင်းဆုံးဆုကို ရရှိထားပါတယ်။

ကပ္ပလီမလေး အမ်ဘာကတော့ အက်မီနမ်တို့ရဲ့ သီချင်းအခွေတွေထဲမှာ သရုပ်ဆောင် ဖူးတဲ့မော်ဒယ်မလေးဖြစ်ပါတယ်။ သူလည်း သူ့တင်သားအလှနဲ့ ပရိသတ်ကို ဖမ်းစား ထားနိုင်တဲ့ မော်ဒယ်မလေး တစ်ယောက်ဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ အနီတာဟာတ် ဖြစ်ပါတယ်။ သူဟာလည်း ပန်အန်ဒါဆွန်၊ ဘရုခ်ရှီးနဲ့ လီစ်ဟာလေတို့လို ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ ထို့နောက် တင်သားအလှနဲ့ ပတ်သက်ပြီး ကြော်ငြာတွေရိုက်ကူးနေရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့တင်သားအလှဟာ လန်ဒန်မြို့ရဲ့ မကြည့်မဖြစ်တဲ့နေရာ (သို့) လန်ဒန်မြို့လမ်းပေါ်မှာ ပြောပြောနေကြတဲ့ အကြောင်းအရာ တစ်ရပ်လည်း ဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ သူထိုင်တဲ့ ထိုင်ခုံထက် ပိုတန်ဖိုးရှိတဲ့ တင်သားပိုင်ဆိုင်ထားသူ ခရစ္စတာကန်နီဒီ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ကာဟိုဝါတာနာဘီဟာ နာမည်ကြီး ပါတယ်။ အတွင်းခံကုမ္ပဏီတစ်ခုရဲ့ အကောင်းဆုံး တင်သားစစ်တမ်း ကောက်ချက်အရ ဗိုလ်စွဲခဲ့တဲ့ မော်ဒယ်တစ်ဦးလည်း ဖြစ်ပါတယ်။ အကောင်းဆုံး တင်သားအလှဆုကို ညှို့အားအပြင်းဆုံး မော်ဒယ်တွေကြားကနေ ကျော်တက်ပြီး ရရှိသွားခဲ့တဲ့ မော်ဒယ် နောက်တစ်ဦးကတော့ ဗီဒွါကရာဖြစ်ပါတယ်။

Saturday, January 19, 2013

မိန်းကလေးများ လှပအောင်

သွားလေးတွေ ပုလဲစီသလို လှပအောင်

ပုလဲလေးတွေ စီသလို သွားလေးတွေ ဖွေးသန့် ဖို့  ဈေးကြီးတဲ့
သွားတိုက်ဆေးတွေ ၀ယ်မ သုံးနိုင်ရင် ၀မ်းမနည်းပါနဲ့ ။ သံပုရာ ရည်တစ်ဇွန်း၊
ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့
သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင်
မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့  မယုံရင် စမ်းကြည့်
ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။

အသားမာတက်ပြီး အမဲစွဲနေရင်

ဒူး တံတောင်ဆစ် ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖို
့ကောင်းပါတယ် လို့  ညည်းနေမယ့်အစား ဒါလေး နဲ့  လုပ်ကြည့် လွယ်လွယ်လေးပါ။
သံပုရာသီးပဲ လိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီ
သံပုရာခြမ်းနဲ့ နေ့ စဉ် ပုံမှန် ပွတ်တိုက်ပေးပါ။ ထူးခြား သိသာစွာ အညိုအမဲ
အသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။

မျက်ကွင်းညိုရင်

မျက်ဝန်းတ၀ိုက် ညိုပြီး အကြည့်ရဆိုးနေလို့  မိတ်ကပ်လိမ်းရင်လည်း
မျက်ကွင်းညိုပြီး ထင်း ထင်းကြီး ဖြစ်နေလို့  စိတ်ညစ်နေ တဲ့သူတွေ အတွက်
မျက်ကွင်းညို မျက်အိတ်တွဲ တာတွေ ပျောက်ဖို့  ဈေးကြီးတာတွေ ၀ယ်မသုံးပါနဲ
့။ မီးဖိုထဲက အာလူး တစ်လုံးနဲ့ တင် ကိစ္စပြီးပါ တယ်။ အာလူးကို အခွံနွာ
အသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း လက်နဲ့  ဆုပ်ပြီး အရည် ညှစ်ပြီးရင်
အာလူးဖတ်တွေကို မျက်လုံးတ၀ိုက်ကို အုံပေးပါ။ ၁၀မိနစ်လောက်တော့ ကြာ အောင်
ထားပါ။ အဲဒါကို နေ့ စဉ် (သို့ ) ရက်ခြား ဆိုသလို အုံပေးရင်
မျက်ကွင်းညိုခြင်း ကနေ ကင်းဝေး ပါလိမ့်မယ်။

ရင်းနေတဲ့ ၀က်ခြံများ ညှိုးသွားအောင်

ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အမာရွတ် ထင်ပြီး ရင်းဦးမယ်။
လွယ်ပါတယ်။ ၀က်ခြံထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့  တို့ ပေးပါ။
ဝက်ခြံ ညှိုးခြောက်ပြီး သူ့ အလို လို အဆံ ထွက်သွားပါလိမ့်မယ်။

အသားပတ်တဲ့ အခါ ခရမ်းချဉ်သီးကို သတိရပါ

ဒီကိစ္စကို ခရမ်းချဉ်သီးက လုံးဝ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကို
ထက်ခြမ်းခြမ်း အထဲက အဆန်တွေကိုထုတ် အနှစ် ချည်း သီးသန့် နဲ့  မျက်နှာကို
ပွတ်တိုက် လိမ်းကျံ ပေးပါ။ ၁၀ မိနစ်လောက် နေရင် ရေနွေးနွေးနဲ့  ဆေးချပါ။
အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင် မျက်နှာ အသားအရေပါ ကြည်လင် ချောမွေ့ 
သွားလိမ့်မယ်။

နေလောင်ရင် နွားနို့ သုံး

နွားနို့ နဲ့  ရေချိုးပြီး အသားအရေကို ထိန်းသိမ်းတဲ့ခေတ် ဆိုတာ
ရှိခဲ့ပါတယ်။ နွားနို့ နဲ့ ရေချိုးပါလို့ တော့ မတိုက်တွန်း ချင်ပါဘူး။
အကုန်အကျ များလို့  ချောက်တွန်းတယ် ထင် မှာ စိုးလို့ ပါ။ ဒါပေမဲ့
ပင်လယ်ကမ်းစပ် သွားလို့ ပဲ နေလောင်လောင်၊ နေပူထဲ သွားလို့ ပဲ အသားမဲမဲ
နွားနို့ ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကို စားပစ်ပါ။
မလိမ်း ပါနဲ့  နှမျောစရာကြီး) ပြီးမှ ဂွမ်းစလေးနဲ့  နေလောင်တဲ့ နေရာကို
ပွတ်သပ် လိမ်းကျံ ပေးပါ။ မိနစ် အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊
အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။

Wednesday, December 5, 2012

မိန်းကလေးများရဲ့ တန်ဖိုး


မိန်းကလေးများကို အားလုံးက ပန်းကလေးများလို့တင်စားကြပါတယ်၊ ဘာလို့လည်းဆို တော့ မိန်းက လေးတိုင်းက ပန်းကလေးများလို လှပသလို စိတ်ထားလေးတွေကလည်း နူးညံ့သိမ်မွေ့ကြလို့ ဒီလို တင်စားတယ်လို့ ကျွန်မတော့ တွေးမိတယ်၊ မိန်းမတစ်ယောက် ဖြစ်လာပြီဆိုရင် မိန်းမပီသရမယ်၊ ယဉ် ကျေးသိမ်မွေ့ရမယ်၊ နောက် အကောင်းမြင်တတ်တဲ့ စိတ်ကလေးရှိရမယ်၊ စိတ်ထားပွင့်လင်းရမယ်၊ ရိုး ရှင်းရမယ်၊ အတ္တကင်းနိုင်ရင် ပိုကောင်းတာပေါ့၊

မိန်းကလေး တွေရဲ့ တန်ဖိုးကို မိန်းမကောင်းတစ်ယောက်လို့ ဘာကိုကြည့်ပြီး ဆုံးဖြတ်ကြသလဲ ဆိုရင် အဓိက စိတ်ထားကောင်းလေးရှိဖို့နဲ့ ပြီးတော့ မိန်းမ တစ် ယောက် မှာ ရှိသင့်တဲ့သိက္ခာတရား ရှိဖို့လည်း လိုသေးတာပဲ၊ စိတ်ထားမကောင်းရင် မကောင်းမြင်တဲ့အမြင်တွေ ဖုံးလွှမ်းနေရင် ရုပ်ဘယ် လောက်လှ ဘယ်လောက်ချောတဲ့သူဖြစ်ပါစေ မျက်နှာက ပုပ်နေပြီး ကြည်လင်မှု မရှိဘူး၊ ရိုးစင်းမှု မရှိ ဘူး၊ နောက်ခင်မင်နှစ်လိုဖွယ်မရှိဘူး၊လူမုန်းများမယ်.. သူများတွေပေါ်မကောင်းမြင် တဲ့အမြင်တွေက မကောင်း မြင်တဲ့စိတ်တွေက မျက်နှာမှာ လာပေါ်နေရင် အ ရမ်းရုပ်ဆိုးပါတယ်..

ဒါ ကြောင့် မိန်းက လေး တစ်ယောက်ဟာ ရုပ်လှဖို့ထက် စိတ်လှဖို့ အင် မတန် အရေးကြီးတယ်လို့ လိုပါတယ်… လူတွေကို အကောင်မြင်တဲ့အကြည့်နဲ့ ကြည့် တတ်တာ၊ အရာရာကို အကောင်း ဘက်က လှည့်တွေးတာတွေက လူ့စိတ်ကို အင်မတန် အေးချမ်းပါတယ်.. ဒါကြောင့် နေတတ်ရင် ကျေနပ်စရာပါ လို့ လူတွေပြောကြ တယ် မဟုတ် လား.. ပူလောင်မှုတွေနဲ့ အရောင်ဟပ်နေတဲ့သူတွေကတော့ သိမှာ မဟုတ်ပါဘူးလေ… မိန်းကလေးတစ်ယောက်မှာ အရာရာကို ရှက်ကြောက်နေဖို့လဲ မလိုသလို သူ့နေ ရာနဲ့သူ ထက်မြတ် ပြီး မျှတတဲ့ အတွေးအခေါ်ရှိရမယ်၊ ငါသိ ငါတတ်တယ်လို့ အော်နေတဲ့ လူတွေ ကတော့ မရှက်တတ် လို့ အော်နေတယ်လို့ပဲ ထင်လိုက်ပါ.. ကိုယ်တိုင်စဉ်းစားဆုံးဖြတ်နိုင် တဲ့ ဥာဏ် ရှိရမယ်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရမယ်၊ အရေးအကြီးဆုံးကို စိတ်ထား ကိုလဲ ရှင်းလင်းနေတတ်ဖို့ အရေးကြီးတာပါပဲ..

. လူတိုင်းမှာ အရာရာပြည့်စုံတဲ့သူဆိုတာရှားပါတယ်.. ချို့ယွင်းချက် ဆိုတာလည်း လူတိုင်းမှာရှိနေ တတ်တယ်.. ဒီလိုချို့ယွင်းချက် အပြစ် အနာအစာတွေကို ထောက်ပြ ပြောပြတယ် ဆိုတာ လူအသိ စိတ်ရှိတဲ့သူတွေ မလုပ် ကြ ပါဘူး.. လူဆိုတဲ့အရေခွံကိုခြုံထားတဲ့ တိရိစ္ဆာန်သာသာ လူတွေပဲ ဒီလိုသူ များ အပြစ် အနာ အဆာတွေကို ဂျပိုးကို လိပ်ဖြစ်အောင် ပြောတတ်ကြတာပါ.. အဲ့လိုပြောတဲ့သူတွေ ကိုယ်တိုင် အပြစ်ကင်းသလားဆိုတော့ မကင်းပါဘူး.. ကိုယ့်မျက်ချေး ကိုယ်မမြင်ပဲသူများကို လက်ညှိုး ထိုးတာ ရှက်တတ်ရင် လဲသေဖို့ကောင်းပါတယ်.. နောက်ပြီး လောဘတွေ သောကတွေကို တတ်နိုင် သလောက် မေ့ထားနိုင်ဖို့လိုသေးတယ်.. ဒါမှ ပူလောင်မှုတွေ ကင်း ပြီး အေးချမ်းတည်ငြိမ်မှာပေါ့ … လောဘတွေ သောကတွေကို မဖျောက်နိုင်ပဲ အရာရာ ကို လောဘ တတ်နေမယ်ဆိုရင် မသေခင် ကတည်းက ငရဲကို မျက်စောင်း ထိုးနေသလို ဖြစ်နေ မှာနော်.. ဒါကြောင့် ကိုယ်ရောက်နေတဲ့နေရာ ကိုယ်ဖြစ်နေတဲ့ ဘ၀တွေကို ကျေနပ်နှစ် သိမ့်နိုင်ဖို့လည်း လိုတယ်..

ကိုယ့်ဘ၀ကိုယ်ကို ကျေနပ်နှစ် သိမ့် နိုင်ခြင်းမရှိရင် ပူလောင်မှု တွေကြောင့် မြန်မြန် အသတ်တိုနိုင်ပါတယ်.. မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ထိုမိန်းကလေးရဲ့တွေးခေါ်ကြံစည် လုပ်ဆောင်မှုပေါ်မှာမူတည်တယ်.. ကိုယ့်တန်ဖိုးကိုကိုယ်မြင့်တင် နိုင်ဖို့လည်း လိုသလို တန်ဖိုးရှိအောင် နေထိုင်ပြောဆို တတ်ဖို့လည်း လိုတယ်… ကျွန်မ လည်း အခုအချိန်အထိ ကောင်းတဲ့အမြင်နဲ့ ကြည့်တတ်ဖို့ အရာရာကို ကျေနပ် နှစ်သိမ့် နိုင်ဖို့ ကြိုးစား တုန်းပါပဲ..ဒါကြောင့် မိန်းကလေးတိုင်း မကောင်းတဲ့လောဘ၊ဒေါသတွေကင်း ပြီးအေးချမ်းတည်ငြိမ်တဲ့ မိန်းမကောင်း မိန်းမမြတ်လေးများ ဖြစ်ကြပါစေ လို့ ဆန္ဒပြု ရင်း အဆုံးသတ်လိုက်ပါတယ်…

Friday, May 18, 2012

အသားဖြူချင်လား

အသားဖြူတာဟာ မိန်းမတွေအတွက် လိုလားတောင်းတအပ်တဲ့ အလှအပ တစ်ခုပဲ ဖြစ်ပါတယ်။ အသားညိုတဲ့သူတွေ အတွက်တော့ အသားဖြူဝင်း လှပဖို့ဆိုတာ ဘဝအတွက် ကြိုးစားရမယ့် ပန်းတိုင် တစ်ခုလိုပါပဲ။

အသားဖြူစေတဲ့ အလှကုန်တွေ ပေါသလို အသားဖြူစေတဲ့ သဘာဝဖြစ်နည်းတွေ လည်း ရှိပါတယ်။ အသားဖြူချင်သူများ အတွက် သိသင့်သိထိုက်စရာ အဖြာဖြာကို ဖော်ပြလိုက်ရပါတယ်။

သဘာဝဖြစ် အသားဖြူနည်းများ

သဘာဝဖြစ် ပစ္စည်းတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေ အရင်ဖော်ပြသွားပါမယ်။ ကရိကထလည်း မများ၊ ဈေးလည်း မကုန်တဲ့ ပစ္စည်းတွေနဲ့ အများသူငါ လက်လှမ်းမီ သုံးလို့ရတာတွေကို ဦးစားပေး တင်ပြသွားမှာ ဖြစ်ပါတယ်။

လိမ္မော်ခွံနဲ့ အသားဖြူနည်း

လိမ္မော်သီးအခွံကို နေပူထဲ လှမ်းပေးပါ။ လုံးလုံးခြောက်သွေ့သွားတဲ့ အချိန်မှာ ကြိတ်ပြီး ပေါင်ဒါလို အမုန့်ဖြစ်သွားအောင် လုပ်ပါ။ ပြီးမှ နို့အစိမ်းနဲ့ ရောပြီး ပျစ်ခဲနေအောင် ဖျော်ပါ။ အဲဒီ့အရည်ကို အရေပြားကို လိမ်းပါ။ နေ့စဉ် လိမ်းပေးပါ။ လိမ်းပြီးသွားလို့ အရေပြားပေါ် လုံးလုံး ခြောက်သွေ့သွားတဲ့ အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။

ခရမ်းချဉ်သီးနဲ့ အလှပြင်မယ်

ခရမ်းချဉ်သီး ၂-၃ လုံးလောက်ကို ကြိတ်ပြီး အရည်ညှစ်ချပါ။ အဲဒီ့ အရည်ထဲကို သံပရာရည် တစ်စက် နှစ်စက်ထည့်ပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် နှစ်ဆယ်လောက် အခြောက်ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးပါ။ ၁၅ ရက်ကနေ ရက် ၂၀ အတွင်း သိသာထင်ရှားလာပါလိမ့်မယ်။

အမဲကွက်နဲ့ အစက်အပြောက်တွေ ပျောက်ဆေး

အာလူးအစိမ်းတစ်လုံးကို ယူပြီး ပါးပါးလှီးပါ။ လှီးထားတဲ့ အစိတ်လေးတွေကို မျက်နှာပေါ် ကပ်ပေးပါ။ မျက်နှာပေါ်က မှဲ့ခြောက်တွေ။ တခြားအမဲကွက်တွေကို ပျောက်စေပါတယ်။

နေပူလောင်အတွက်

နေပူလောင် ခံထားရတဲ့ အသားရေများအတွက် နနွင်းမှုန့်နဲ့ သံပုရာရည် ရောပြီး လိမ်းပေးပါ။ နေလောင်ဒဏ်ခံရတဲ့ အသားရေတွေအတွက် အရမ်းကောင်းပါတယ်။

နနွင်းကို တခြားအမယ်ပစ္စည်းတွေနဲ့ ရောစပ်ပြီး အသုံးပြုနိုင်ပါသေးတယ်။ နနွင်းဟာ အသားရေ ဖြူဝင်းလှပဖို့အတွက် အကောင်းဆုံး သဘာဝပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အိပ်ရာထဲ မဝင်ခင် တစ်နာရီ အလိုမှာ နွားနို့နွေးနွေး တစ်ဖန်ခွက်ထဲကို နနွင်းမှုန့် ဇွန်းဝက်ခန့်(လက်ဖက်ရည်ဇွန်း) ရောစပ်ပေးပါ။ အချိုကြိုက်ရင် သကြား အနည်းငယ် ထည့်ပေးပါ။ ဒါပေမဲ့ သကြားနည်းလေ ပိုကောင်းလေ ဖြစ်ပါတယ်။

အဲဒါကို လအနည်းငယ်ခန့်လောက် သောက်သုံးပေးတာနဲ့ သိသာထင်ရှားလာပါလိမ့်မယ်။ ဒါပေမဲ့ ပူပြင်းတဲ့ နွေရာသီလို ကာလမျိုးမှာတော့ ဒီနည်းကို အသုံးမပြုပါနဲ့။ နနွင်းဟာ ကိုယ်တွင်းအပူချိန်ကို မြှင့်တင်ပေးတာမို့ အေးမြတဲ့ အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

အိမ်တွင်းဖြစ် အသားဖြူ Lotion

သခွားသီးအရည် (စားပွဲတင်ဇွန်း) တစ်ဇွန်းထဲကို သံပရာရည် တစ်စက် နှစ်စက်ရောပေးပါ။ သမအောင်ရောပြီးသွားရင် အဲဒီ့အရည်ကို မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ နာရီဝက်လောက် အခြောက်ခံပြီးသွားရင် မပူမအေး ရေနွေးနွေးလေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ပျိုတို့ရဲ့ အသားရေဟာ အရင်ကထက် ပိုပြီး တောက်ပြောင်ရွန်းလဲ့ လာပါလိမ့်မယ်။

အိမ်တွင်းဖြစ် Facial Mask

ပျားရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)၊ သင်္ဘောသီး အရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)တို့ရောပြီး လိမ်းပေးပါ။ ၁၅ မိနစ် ခန့်စောင့်ပြီးမှ ရေနဲ့ ပြန်ဆေးကြောပေးပါ။

ရှောင်ကြဉ်ရမည့် အချက်များ

အသားဖြူချင်တဲ့သူတွေ ရှောင်ကြဉ်ရမယ့် အချက်တွေ ရှိပါတယ်။ Whitening Product များ ဝယ်ရတာကအစ သတိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။

ပျိုတို့အနေနဲ့ Whitening Product တွေ ဝယ်ယူသုံးစွဲတဲ့ အခါမှာ မဝယ်ခင် ကိုယ့်အသားအရေရဲ့ အမျိုးအစားကို သိပြီးမှ အသားအရေ အမျိုးအစား အလိုက် ရွေးချယ်ဝယ်ယူသုံးစွဲသင့်ပါတယ်။ တချို့အသားဖြူ အလှကုန်တွေဟာ အဆီပြန်တဲ့ အသားအရေ၊ ခြောက်သွေ့တဲ့ အသားအရေ အမျိုးအစားတွေနဲ့ သင့်တော်ခြင်း မရှိလို့ ဖြစ်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ ပူစပ်တဲ့ အစားအစာများ၊ ဆီကြော်အစားအစာများကိုလည်း မစားပါနဲ့။ ဒီအစားအစာတွေဟာ အရေပြားပေါ်က ရေဓာတ်ခြောက်ခမ်းမှုကို ဖြစ်ပေါ်စေပြီး အရေပြားကို ခြောက်သွေ့မည်းကွက် လာစေပါတယ်။ ဘယ်လောက်ပဲ Whitening Product သုံးသုံး၊ အသားဖြူဆေး သုံးသုံး ကိုယ်ကာယ လေ့ကျင့်ခန်းတွေ မလုပ်လို့ကတော့ အကျိုးထိရောက်မှု မရှိပါဘူး။ ကာယလေ့ကျင့်ခန်းကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှ သွေးလေလည်ပတ်မှု ကောင်းမွန်ပြီး အသားထဲ ဆေးစိမ့်ဝင်မှု ပိုမိုမြန်ဆန်နိုင်မှာ ဖြစ်ပါတယ်။

Saturday, May 12, 2012

ဗုဒ္ဓဘာသာမြန်မာမိန်းခလေးများအတွက် မမှားသင့်တာလေးတွေ မမှားရအောင်



ဖြစ်ရပ်မှန် (၁)

ဒီအဖြစ်အပျက်လေးက အညာမြို့လေးတစ်မြို့မှာ တကယ်ဖြစ်ပျက် ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

တိတိကျကျပြောရရင် မုံရွာမြို့နယ်၊ အလုံမြို့လေးမှာဖြစ်ပါတယ်။ ဒီမြို့လေးဟာ ဘိုးတော်ဘုရား အိမ်နိမ့်စံဘ၀က ပဒုံဟူသောအမည်နဲ့ မြို့တည်ပြီးစိုးစံခဲ့တာကြောင့် သမိုင်းကြောင်းအရာလည်း ထင်ရှားခဲ့ပါတယ်။

အလုံမြို့လေးဟာ ချင်းတွင်းမြစ်ကမ်းနဖူးမှာတည်ရှိနေတာကြောင့်လည်း သာယာစိုပြေလှပါသည်။ မြို့သူမြို့သားတွေဟာ ချင်းတွင်းရေသောက်သူများဖြစ်ကြတဲ့အတွက် အသားအရေစိုပြေလှပါတယ်။ အဲဒါကြောင့် ချင်းတွင်းမြစ်ရေဟာ အလုံမြို့သူမြို့သားတွေရဲ့ နှလုံးသားများဖြစ်နေပါတော့တယ်။

မစုစုလတ်ဟာ ဦးလှမြတ်+ဒေါ်စန်းရီဆိုတဲ့မိဘနှစ်ပါး၊ ညီအစ်ကိုမောင်နှမများနှင့်အတူ အလုံမြို့၊ ရွေတံ

ခါးရပ်မှာနေထိုင်ကြပါတယ်။ သူတို့မိသားစုဟာ မျိုးရိုးအစဉ်အဆက်ကတည်းက အေးအေး ဆေးဆေး

နေတတ်ကြသူများဖြစ်ကြပါတယ်။ ဖခင်ဦးလှမြတ်ကတော့ အရောင်းအ၀ယ်နဲ့သာ အချိန် ကုန်နေတတ်ပြီး မိခင်ဒေါ်စန်းရီမှာတော့ အထက ( ၁ ) အလုံမှ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။ ဆရာမဖြစ်သည့်အလျောက် ခလေးငယ်များ ကျောင်းပညာရေးဖြင့်သာ အချိန်ကုန်ခဲ့ရပါတယ်။

"တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏" ဆိုတဲ့သူလည်းဖြစ်ပါတယ်။ အဲဒါကြောင့် မိမိရဲ့ သားသမီးများကို " အမျိုးကိုဘယ်လိုချစ်ရမယ်၊ ဘာသာတရားကိုဘယ်လိုလေးစားတန်ဖိုးထားရမယ်" စတာတွေကို ဆုံးမသွန်သင်ဖို့ပျက်ကွက်ခဲ့ပါတယ်။ အခုဆိုရင်သမီးဖြစ်သူ မစုစုလတ်တောင် အရွယ်ရောက်လို့ လှသွေးကြွလို့နေပါပြီ။ အသားကလည်းဖြူ ရုပ်ဆင်းအင်္ဂါကလည်းချောမွေ့၊ ခန္ဓာကိုယ်အချိုးအစားကလည်းပြေပြစ်တော့ မြင်သူတကာငေးမောရလောက်အောင် လှပလွန်းပါတယ်။ အလှပေါ်အယဉ်ဆင့်ဆိုသလို သူ့ရဲ့ရိုးသားမှုဂုဏ်ကလည်း ပိုပြီးတော့လှပတင့်တယ်မှုကို အရောင်တောက်စေပါတယ်။

အရွယ်လည်းရောက်လာတဲ့မစုစုလတ်ဟာ မိဘတွေရဲ့ဝင်ငွေကို တစ်ဘက်မှကူညီပြီးရှာဖွေပေးချင်တဲ့ အတွက် စက်ချုပ်ပညာကိုသင်ယူခဲ့ပါတယ်။ ဒီပညာနဲ့ပဲ မိဘ၀င်ငွေကို တစ်ဘက်တစ်လမ်းကရှာဖွေပြီး မိဘကျေးဇူးဆပ်ခဲ့ပါတယ်။

အလုပ်အကိုင်လေးကလည်းရှိ၊ ရုပ်ရည်ကလည်းချော၊ သဘောမနောကလည်းဖြူဆိုတော့ သူကို လှမ်းခြူဖို့ကြိုးစားနေကြတဲ့ ကိုကိုလူပျိုကာလသားတွေကလည်း ၀ိုင်းဝိုင်းလည်အောင်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရာဇင်ဆိုတဲ့ ကောင်လေးတစ်ယောက်လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်၊ ရာဇင်ဟာ စုစုလတ် အပ်ချုပ်ဆိုင်ကိုသွားတိုင်း လမ်းမှစောင့်ပြီး ပိုးပန်းလေ့ရှိခဲ့ပါတယ်။ ရိုးသားဖြူစင်ဖြောင့်မတ်တဲ့ စုစုလတ် ကို အာဘောင်အာရင်းသန်သန်ဖြင့် ချိုမြရွှင်ပြတဲ့ ရည်းစားစကားများပြောပြီး စုစုလတ်ရဲ့အချစ်ကို ရယူ နိုင်ခဲ့ပါတယ်။

အချစ်မျက်ကန်းသည်မလေးစုစုလတ်ဟာ ရာဇင်ရဲ့အချစ်ကို လက်ခံရယူပြီးချိန်မှာတော့ ရာဇင်ဟာမစုစုလတ်အပေါ် အလိုလိုက်အကြိုက်ဆောင်ကာ အစွမ်းကုန်ယုယကြင်နာမှုများ ပေးစွမ်းခဲ့

ပါတယ်။ နောက်ပြီး မစုစုလတ်ကြိုက်တတ်တဲ့ အမှတ်တရပစ္စည်းလေးများကို ၀ယ်ပေးလေ့ရှိခဲ့ပြီး အပြုံးချိုချိုမျက်နှာထားလေးနဲ့ အကြွားပိုပြခဲ့ပါတယ်။ မိန်းခလေးတစ်ယောက်ကိုဘယ်လိုပြောရမယ် ဘယ်လိုချဉ်းကပ်ရမယ်၊ ဘယ်လိုမြူဆွယ်ရမယ်ဆိုတာကိုလည်း ကျွမ်းကျင်ပိုင်နိုင်ပြီး မိန်းမကျမ်း

ကျေထားပုံလည်းရပါတယ်။

ရာဇင်နဲ့မစုစုလတ်ဟာ တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြပေမဲ့ မတူညီတဲ့ခြားနားချက်တွေ ရှိခဲ့ကြပါတယ် အဲဒါကတော့ လူမျိုးလည်းမတူ၊ ဘာသာကလည်းခြားနားလို့နေပါတယ်။

မစုစုလတ်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်ဖြစ်တဲ့မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ မြန်မာအမျီုးသမီး

လေးပဲဖြစ်ပါတယ်။ ရာဇင်ကတော့ မြန်မာလူမျိုးလည်းမဟုတ်သလို ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်

သူလည်း မဟုတ်ခဲ့ပါဘူး။ ဒီလိုမတူညီတဲ့ ခြားနားမှုလေးတွေကြောင့် မစုစုလတ်မိဘများကလည်း

ရာဇင်နဲ့သဘောမတူခဲ့သ လို မစုစုလတ်ကိုယ်တိုင်ကလည်း ရာဇင်နဲ့လက်ထပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် ရာဇင်က မစုစု လတ်ကို "လူမျိုးမတူ ဘာသာမတူတာနဲ့ ကိုယ်တို့နှစ်ယောက် ဝေးရမယ်ဆိုတာ လုံးဝမဖြစ်စေရဘူး။ ငါလည်းငါကြိုက်နှစ်သက်တဲ့ဘာသာကို ကိုးကွယ်မယ်။ မင်းကိုလည်း မင်းကြိုက်နှစ်သက်တဲ့ဘာသာကို လွပ်လွပ်လပ်လပ် ကိုးကွယ်ယုံကြည်ခွင့်ပေးမယ်"ဆိုပြီး အာမခံချက် ရဲရဲတင်းတင်းပေးလိုက်ပါတယ်။

ဖြစ်ရပ်မှန် အပိုင်း( ၂ )

အရိုးခံမစုစုလတ်ခမျာ စိတ်ထဲမှာ ရာဇင်ဟာအခြားအခြားသောလူမျိုးခြား၊ ဘာသာခြားတွေနဲ့မတူ လိမ္မာယဉ်ကျေးမှုရှိတယ်။ လူမှုရေးရှိတယ်၊ သူ့အပေါ်ကို နားလည်မှုပေးတယ်၊ ဘာသာရေး လွတ်လပ်ခွင့်ကိုလည်းပေးတယ်ဆိုပြီး တစ်ကိုယ်တော်ချီးမွမ်းခမ်းထုတ်ကာ ရာဇင်ကို မိုးကျရွေကိုယ် နတ်သားတစ်ပါးလို ထင်လာခဲ့ပါတယ်။

မစုစုလတ်မိဘတွေကလည်း ရာဇင်နဲ့အဆက်အသွယ်ဖြတ်ဖို့ အမျိုးမျိုးဖြောင်းဖျခဲ့ကြပါတယ်။ " သမီးရယ် အခုသမီးနဲ့ချစ်ကြိုက်နေတဲ့ကောင်လေးနဲ့တော့ မယူပါနဲ့၊ သမီးဒီကောင်လေးကို လက်ထပ်ယူမယ်ဆိုရင်

မေမေတို့မိဘဘိုးဘွားအစဉ်အဆက်တွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မျိုးရိုးဗီဇတွေ ပျက်စီးကုန် လိမ့်မယ်၊ သမီးကြားဖူးမှာပါ၊ မြေမျိုလို့လူမျိုးမပြုတ် လူမျိုမှလူမျိုးပြုတ်မယ်ဆိုတာ၊ ဒီစကားဟာ ရှေးက လူကြီးတွေက သက်သက်အဓိပ္ပါယ်မဲ့ ပြောခဲ့တာမဟုပ်ဘူး၊ သမီးတို့လို အချစ်မျက်ကန်းတွေအတွက် အရေးတကြီးမှာခဲ့တဲ့စကားဖြစ်တယ်၊ သမီးအခုဆိုရင် အဲဒီစကားရဲ့ စည်းတစ်ဘက်ကို ရောက်ဖို့ တာစူ

နေပြီ၊ အသိတရားနဲ့သတိထားပါသမီးရယ်၊ မေမေလည်းငယ်ရာကကြီးလာတာမို့ သမီးတို့လူငယ်တွေရဲ့ အချစ်ဟာ ဘယ်လောက်ထိနက်ရှိုင်းစူးနစ်တယ်ဆိုတာ မေမေနားလည်ပါတယ်။

မေမေတို့နဲ့အမျိုးတူဘာသာတူ၊ ဖြစ်နေမယ်ဆိုရင် လမ်းဘေးမှာခြေပြတ်လက်ပြတ် တောင်းစားနေတဲ့ သူတောင်းစားနဲ့ဆိုရင်တောင် မေမေ အခုလိုမျက်ရည်နဲ့မျက်ခွက်ငိုယိုပြီး သမီးကိုတောင်းပန်နေမှာ

မဟုတ်ဘူး၊ လမ်းဘေးကသူတောင်းစားနဲ့ယူလို့ ငါ့သမီးကမွေးတဲ့ မေမေ့မြေးလေးတွေဟာ မြန်မာလူမျိုး စစ်စစ်ဖြစ်ရသေးတယ်၊ အခုသမီးချစ်ကြိုက်နေတဲ့ ကောင်လေးနဲ့သာယူမယ်ဆိုရင် ငါ့သမီးက မွေးတဲ့

ငါ့မြေးလေးတွေဟာ လူမျိုးခြားကပြားလေးတွေဖြစ်နေချေရဲ့။ ဒါကြောင့်မို့ မေမေ့ကိုသနား ကြင်နာသော အားဖြင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီကောင်လေးကိုတော့ လုံးဝလက်မထပ်နဲ့နော်"ဆိုပြီး မိခင်ဒေါ်စန်းရီ ခမျာ သမီးဖြစ်သူကို ငိုယိုပြီးတောင်းပန်ရှာပါတယ်။

ဒါပေမဲ့ မစုစုလတ်ကတော့ ခပ်မိုက်မိုက်ပဲ အချစ်သူရဲကောင်းကြီးလုပ်ပြီး ရာဇင်နဲ့နှစ်ဦးသဘောတူ လက်ထပ်ယူလိုက်ကြပါတယ်။ အဲဒီတုန်းက မစုစုလတ်ဟာ ကမ်းမမြင်လမ်းမမြင် နှစ်ဦးသား ချစ်ရည်လူး ကာ ပျော်ရွင်လိုက်သည့်ဖြစ်ခြင်း၊ လောကမှာသူ့လောက်ကံကောင်းသူ မရှိဟုပင် ထင်ခဲ့မိပါတယ်။

သူတို့လက်ထပ်ပြီးလို့နှစ်လလောက်ကြာလာတဲ့အခါမှာတော့ မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးမျက်နှာ ဟာ တစ်နေ့တခြား ထင်ထင်ရှားရှားပေါ်လွင်လာပါတော့တယ်။ ရာဇင်ဟာ သူတို့ဘာသာရဲ့ထုံးစံအတိုင်း

မစုစုလတ်ကို သူတို့ဘာသာထဲဝင်ရမယ်လို့ အကျပ်ကိုင်လာပါတယ်။ နောက်ပြီး ရာဇင်က တကယ်လို့

မစုစုလတ်အနေနဲ့ သူတို့ဘာသာထဲကိုမ၀င်ပဲ ဗုဒ္ဓဘာသာကို ဆက်လက်ကိုးကွယ်ယုံကြည်နေဦးမယ် ဆိုရင် သူတို့ဘာသာရဲ့ထုံးစံအရ တရားဝင်ဇနီးမယားဖြစ်မလာ နိုင်ကြောင်း၊ မွေးလာတဲ့သားသမီးတွေ

မှာလည်း တရားဝင်သားသမီးမဟုတ်တော့ဘဲ တိတ်တိတ်ပုန်း ရထားတဲ့သားသမီးများ ဖြစ်ခြင်းကြောင့် အမွေဆက်ခံခွင့်မရရှိနိုင်ကြောင်း၊ မစုစုလတ်ကိုယ်တိုင်မှာလည်း၊ တရားဝင်ဇနီးမယား မဖြစ်သေးတဲ့

အတွက် လင်မယားချင်းကွဲကွာတဲ့အခါ ဘာပစ္စည်းမှမရနိုင်ကြောင်း၊ ဒါကြောင့်မို့ မစုစုလတ်ကိုယ်တိုင်

တရားဝင်ဇနီးဖြစ်အောင် သူတို့ဘာသာထဲဝင်ပြီး သူတို့ဘာသာနဲ့အညီ လက်ထပ်ရမညီဖြစ်ကြောင်း အကျပ်ကိုင်လာပါတယ်။

နောက်ပြီး ရာဇင်ရဲ့မိဘ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့အိမ်မှာတစ်ခြားဘာသာကို ကိုးကွယ် ယုံကြည်တဲ့ မစုစုလတ်ရှိနေလို့ လာဘ်မရှိတာ စီးပွားရေးကျတာဆိုပြီး မစုစုလတ်အပေါ်အပြစ်ပုံချကာ မကြည်ဖြူနိုင်တော့ဘဲ ငြိုငြင်လာကြပါတယ်။

အခုတော့ လူမျိုးခြားဘာသာခြားရဲ့စကားကိုယုံကြည်ပြီး လက်ထပ်ယူခဲ့တဲ့ မစုစုလတ်ရဲ့ မိုးကောင်းကင်

ရွေအိမ်မက်ကြီးဟာ တစ်ဖြည်းဖြည်းအရောင်တွေလွင့်ပါးပြီး ပျက်ပြယ်ခဲ့ရပါပြီ။ ပျော်ရွင် ရယ်မောခြင်း

တွေဟာလည်း တဖြည်းဖြည်းအရည်ပျော်ကာ ငိုကြွေးခြင်းရဲ့ လမ်းစဖြစ်ခဲ့ရပါပြီ။ သူရဲ့နှုတ်ခမ်းထက်က ချိုချိုမြမြစကားလုံးတွေဟာ ခုတော့ခါးတမာတောလို ဖြစ်ခဲ့ရပါပြီ။ သူတို့ရဲ့ ကြင်စဦးဇနီးမောင်နှံတုန်းက အကြင်နာပုံရိပ်တွေဟာလည်း တံလျပ်ပမာ အဝေးဆီသို့သာ တရိပ်ရိပ် လွင့်မျောပျောက်ကွယ်သွား ရပြီတကား။

အခုတော့မစုစုလတ်ခမျာ ဆုံးဖြတ်ချက်တခုခုတော့ချရတော့မှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့မိဘဘိုးဘွား

တွေရဲ့ မျိုးရိုးဇာတိကိုငဲ့မည်လော၊ မိမိရဲ့တစ်ဘ၀စာ တစ်နပ်စာ ရှေ့ရေးကိုငဲ့မည်လော၊ ပဒိုင်းသီးကဲ့သို့ စားလည်းရူး ဆုတ်လည်းစူးဖြစ်ရတော့မည့်အခြေအနေသို့ ဆိုက်ရောက်နေပါတော့တယ်။ မိမိရဲ့အမိုက် ဇာတ်ကို မိမိကိုယ်တိုင်ပဲ ပြီးဆုံးအောင် က ရပါတော့မယ်။ ဒီအချိန်မှာ အိမ်ပြန်လို့လည်း ဘယ်မိဘ ညီအစ်ကိုမောင်နှမကမှ လက်ခံမည်မဟုတ်၊ မိဘညီအကိုမောင်နှမတွေက ဒီလူမျိုးခြားဘာသာခြားကို လက်ထပ်မယူဖို့ အတန်တန်တားတဲ့ကြားက မိမိကိုယ်တိုင်က ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ အချစ်သူရဲ ကောင်းကြီးလုပ်ပြီး " ငရဲ " တွင်းထဲသို့ ခုန်ဆင်းခဲ့သည်မဟုတ်ပါလား။

အပိုင်း ( ၃ )ဇာတ်သိမ်း

အခုတော့ မစုစုလတ်ရဲ့ဘ၀ကတော့ "ပေါက်တဲ့နဖူးမထူးဘူး" ဆိုတဲ့စကားလို ဘယ်အရာမျိုးကိုမှ မထူး

တော့ဘဲ ကံကြမ္မာကိုသာယိုးမယ်ဖွဲ့ပြီး လူမျိုးခြားဘာသာဇာတ်ထဲကို ခြေစုံပစ်ဝင်လိုက်ရပါတော့တယ်။

လူမျိုးခြား၊ ဘာသာခြားဇာတ်ထဲဝင်ရတယ်ဆိုတာ ပါးစပ်ကအပြောနဲ့ဝင်ပါ့မယ်ဆိုပြီး လုပ်လို့မရဘူး။ သူတို့ယုံကြည်မှုရှိအောင် သူတို့ခိုင်းသမျှ အကုန်လုပ်ပြရတယ်။ မစုစုလတ်ငယ်ငယ်လေးထဲက ဦးထိပ်မှာ

ပန်ဆင်ပြီး ရှိခိုးဦးချခဲ့တဲ့ဗုဒ္ဓရုပ်ပွားတော်ဟာ အခုတော့ မစုစုလတ်ရဲ့ခြေဖ၀ါးအောက် ရောက်ခဲ့ရပါပြီ။

မိဘဘိုးဘွားစဉ်ဆက်က အရှေ့အရပ်ကို ခေါင်းပြုအိပ်ခဲ့ရတဲ့မစုစုလတ်ဟာ အခုတော့ ခြေအစုံပစ်ကန်ပြီး အိပ်ခဲ့ရပါပြီ။ အိမ်ဦးခန်းမှာကိုးကွယ်ယုံကြည်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ဟာလည်း သာမန်သစ်သားတုံးအမှတ်

ဖြစ်ခဲ့ရပါပြီ။ တန်ခိုးကြီးစေတီပုထိုးများဟာလည်း မစုစုလတ်ဘ၀အတွက်တော့ အုပ်ပုံအဖြစ်ရောက်ခဲ့ရပါ ပြီ။

သို့ပေမယ့် မစုစုလတ်အနေနဲ့ ဘာမှအားအငယ်ခဲ့ပါ။ ဘာကိုမှ လည်း တွေးပြီးမပူပန်ခဲ့ပါ။ မောင်သာ

မေ့ဘ၀၊ မောင်သာမေ့ရဲ့ကမ္ဘာဖြစ်လို့ နေခဲ့မိပါတယ်။ လောကမှာ အမြတ်နိုးဆုံးအရာတွေလို့ထင်မှတ် ထားခဲ့တဲ့ မိဘမျိုးရိုးစဉ်ဆက်နှင့် ဘာသာတရားတွေကို ချိန်ခွင်တစ်ဖက်မှာတင်ပြီးတော့ ရာဇင်ဆိုတဲ့

မောင့်ကို ချိန်ခွင်တစ်ဖက်မှာတင်ပြီး ချိန်တွယ်ခွင့်ရမယ်ဆိုရင်တောင်၊ မောင့်ဖက်မှာပဲ အလေးပေးခဲ့တဲ့ အချစ်မျက်ကန်းသည်မလေး မစုစုလတ်မဟုတ်ပါလား။

၂၀၀၀ ပြည့်နှစ် မတ်လသို့ရောက်ခဲ့ပါပြီ။ ဒီအချိန်မှာ မစုစုလတ်တစ်ယောက် ကျမ္မာရေးမကြာခဏ

ဖောက်ပြန်လို့နေပါတယ်။ ညတိုင်းအိပ်တဲ့အခါတွေမှာလည်း အိမ်မက်ဆိုးများမြင်မက်လေ့ရှိပါတယ်။ အဲဒါကြောင့် ဒုက္ခရောက်တဲ့အခါထွက်ပေါက်အဖြစ် လင်ယောက်ျားမသိအောင် ဗေဒင်ဆရာကို အားကိုး

တကြီးနဲ့ သွားမေးပါတယ်။ ဗေဒင်ဆရာက ဘုရားမှာအုန်းညွန့်၊ ဒါန်းညွန့်များလှူပြီး ကုသိုလ်ကောင်းမှု

များလုပ်ဖို့ ယတြာပေးလိုက်ပါတယ်။ မစုစုလတ်အနေနဲ့ ရောဂါဝေဒနာ သက်သာ ပျောက်ကင်းစေဖို့

ဗေဒင်ဆရာပေးလိုက်တဲ့ ယတြာကိုချေချင်ပါတယ်၊ ဒါပေမယ့် ဘာသာခြားဇာတ်ထဲဝင်ထားတဲ့ သူတစ်ယောက်အနေနဲ့ ဘုရားကျောင်းကန်မှာသွားပြီး အုန်းညွန့်၊ ဒါန်းညွန့်လှူဖို့ အခက်တွေ့ရ ပါတော့တယ်။

ဒါပေမယ့် ဥပါဒါန်ကြောင့်ဥပါဒ်ရောက် မဖြစ်ရအောင် ( ၆. ၃. ၂၀၀၀ )နေ့မှာ ဘုရားကျောင်းကန်ကို သွားမနေတော့ဘဲ မိမိအိမ်မှာတင် လစ်ပိုပုလင်းထဲကို အုန်းညွန့်၊ ဒါန်းညွန့်များထိုးကာ အပ်ချုပ်စက် ခုံပေါ်မှာပဲ တင်လှူလိုက်ပါတယ်။ ဒီစက်ချုပ်ခုံပေါ်မှာ ပန်းတင်လှူတာကိုမြင်သွားတဲ့ ယောက်မဖြစ်သူ နိုရဘီက စုစုလတ်ဘုရားမှာပန်းတင်လှူကြောင်း အကိုဖြစ်သူရာဇင်နှင့် သူ့အိမ်သားတွေကို တိုင်ကြားပါတယ်။ ရာဇင်နဲ့ယောက္ခမဖြစ်သူများဟာ စုစုလတ်သူတို့အိမ်မှာပန်းတင်လှူကြောင်းလည်း သိရော ယမ်းပုံမီးကျ ဒေါသပေါက်ကွဲကာ မစုစုလတ်ကိုခေါ်ပြီး ပါးတွေနားတွေရိုက်ပစ်လိုက်ကြပါတယ်။

ပြီးတော့ ရာဇင်က "နင့်ဘုရားရှိခိုးမယ့်အစား င့ါဟာကြီးရှိခိုး” ဆိုပြီး ပုဆိုးလှန်ပြကာ ရှိခိုးခိုင်းပါတယ်။

မစုစုလတ်ကိုရိုက်နှက်တဲ့နေရာမှာ ရာဇင်တင်မကပဲ ရာဇင့်အမေနင့် မောင်နှမလေးယောက်တို့က

ဝိုင်းပြီးရိုက်နှက်ကြပါတယ်။ လူလေးယောက်က၀ိုင်းပြီးရိုက်နှက်ကြတဲ့အတွက် မစုစုလတ်ခမျာ အလွန် နာကျင်လွန်းလှတာမို့ အော်ဟစ်ငိုကြွေးပြီး ပတ်ဝန်းကျင်ကိုအကူအညီလှမ်းတောင်းမိပါတယ်။ မစုစု

လတ်က ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရမလားဆိုပြီး ရာဇင်တို့မိသားစုရဲ့ ဒေါသဟာ အထွက်အထိပ်သို့ရောက်ရှိသွားပါတယ်။ အဲဒါကြောင့် အိမ်ရှိတံခါးအားလုံးကိုပိတ်ပြီး စုစုလတ်ပါးစပ်ထဲ

သို့ အ၀တ်စုတ်များကိုထည့်ကာ မသေမချင်း သတ်ဖြတ်ပစ်လိုက်ကြပါတယ်။

မစုစုလတ်ခမျာမှာလည်း မိန်ကလေးဖြစ်နေတာကတစ်ကြောင်း လေးယောက်အားကို မယှဉ်နိုင်တာက တစ်ကြောင်းဆိုတော့ သရဲသဘက်စီးနေတဲ့ သူတို့စက်ကွင်းထဲက ဘယ်လိုမှရုန်းမထွက်နိုင်ဘဲ အိမ်ထဲမှာ

တင်ပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ရာဇင်တို့မိသားစုဟာ အလွန်လည်ကြပါတယ်၊ ယုတ်မာတဲ့နေရာ မှာလည်း နှစ်ယောက်မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ စုစုလတ်အလောင်းကို မတော်တဆသေဆုံးမှု

သေခင်းပုံစံမျိုးနဲ့ သဲလွန်စဖျောက်ဖို့ ကြိုးစားကြပါတယ်။ တစ်မြို့လုံးမှာရှိတဲ့ သူတို့အမျိုးတူ၊ ဘာသာတူ

တွေအားလုံးကလည်း ငွေအားလူအားနဲ့ ၀ိုင်းဝန်းပြီး လက်စလက်နဖျောက်ပေးကြပါတယ်။

စုစုလတ်အလောင်းကို မြေမမြုတ်ပဲမီးသဂြိုဟ်ဖို့ စီမံကြပါတယ်။ မိခင်ဖြစ်သူဒေါ်စန်းရီမှာ သူသမီးဟာ

သွေးရိုးသားရိုးနဲ့ သေတာမဟုတ်မှန်းတော့သိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အမှုဖွင့်အရေးယူမယ် ဆိုရင်လည်း လူမျိုးခြား၊ ဘာသာခြားတွေက ငွေအားလူအားနဲ့ ဖုံးဖိထားတဲ့အတွက် အမှုမှန်ပေါ်ပေါက် ဖို့မလွယ်ဘူးဆိုတာ ကြိုသိထားပါတယ်။ ဒါကြောင့်မို့ ဒေါ်စန်းရီက သမီးဖြစ်သူရဲ့အလောင်းကို မြေမြုတ်

ခြင်း၊ မီးသဂြိုဟ်ခြင်းမပြုပဲ ပုံမပျက်အုတ်ဂူသွင်းပေးဖို့ တောင်းဆိုပါတယ်။ နောက်ဆုံးတော့ ဒေါ်စန်းရီရဲ့ ဆန္ဒအတိုင်း အုတ်ဂူသွင်းပြီးသင်္ဂြိုဟ်လိုက်ပါတယ်။

ဒီအကြောင်းတွေကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် "မျိုးချစ်စိတ်ဓာတ်ရှိကြတဲ့ သံဃာတော်များနားထဲ သို့ရောက်ရှိသွားခဲ့ကြပါတယ်" သံဃာတော်များကလည်း ညတွင်းချင်းစုရုံးပြီး စုစုလတ်ရဲ့အုပ်ဂူကို

ဖောက်ထွင်းပြီး စစ်ဆေးကြည့်ကြပါတယ်။

ရာဇ၀တ်ဘေးပြေးမလွတ်ဆိုတဲ့စကားအတိုင်း ရက်ရက်စက်စက်လူမဆန်စွာ သတ်ဖြတ်ထားတဲ့ အလောင်းရဲ့အမှုမှန်ကား ယခုအခါဘွားခနဲပေါ်လာပါတော့တယ်။

ဒီသတင်းစကားဟာ တစ်ခဏအတွင်းမှာပဲ တစ်မြို့လုံးပြန့်နှံ့သွားပြီး တုန်လှုပ်ခြောက်ခြားသွားခဲ့ကြပါ တယ်။ မြို့နေလူထုတွေအားလုံးဟာ မခံမရပ်နိုင်ဖြစ်ကာ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ မျိုးချစ်စိတ်ဓာတ်

ပြသဖို့ လမ်းမပေါ်ဆီသို့ အသီးသီးထွက်လာခဲ့ကြပါတယ်။ ဒီအချိန်မှာ အမှိုက်ကစ ပြသာဒ်မီးလောင်



မဖြစ်ရအောင် အမြော်အမြင်ရှိတဲ့အာဏာပိုင်အဖွဲ့အစည်းများမှ အကြီးအကဲပုဂ္ဂိုလ် များရောက်ရှိလာကြ ပြီး တရားခံများကို ဥပဒေအရထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း ပြောကြားတော့မှ ပြဿနာ ငြိမ်းအေးသွားပါတော့တယ်။ အာဏာပိုင်အဖွဲ့အစည်းမှ အကြီးအကဲပုဂ္ဂိုလ်များကလည်း သူတို့ရဲ့ကတိ စကားအတိုင်း တရားခံရာဇင်နှင့်တကွ အပေါင်းအပါလေးဦးတို့ကို ညတွင်းချင်းဖမ်းဆီးပြီး အားနွဲ့တဲ့ မိန်းခလေးကို လေးယောက်ဝိုင်းပြီး မတရားညှင်းဆဲသတ်ဖြတ်မှုနဲ့ အသီးသီး ထောင်ဒဏ်တစ်သက် တစ်ကျွန်းစီ ချမှတ်လိုက်ပါတယ်။

တစ်ချိန်က သာယာလှပတဲ့အလုံမြို့လေးဟာ ယခုတော့သွေးစွန်းပြီးအကျည်းတန်လေခဲ့ပြီ။ ကြည်လင်အေးမြတဲ့ချင်းတွင်းရေဟာလည်း သွေးနှောပြီးတော့ နောက်ကျိခဲ့လေပြီတကား….။

မြန်မာသူငယ်ချင်းများအဖွဲ့ ဆိုဒ်မှကူးယူဖော်ပြပါသည်....

Monday, April 30, 2012

ဆန်းသစ်ယဉ်ယဉ် လှစေချင်

ဆန်းသစ်ယဉ်ယဉ် လှစေချင်

သမီးလေးတို့ရေ . . . . . . .

လူတစ်ယောက်အ၀တ်အစားဝတ်ရတဲ့ အခြေခံအကြောင်းရင်းနှစ်ချက်ကို ဖေဖေပြောပြမယ်နော်။ပထမ အချက်က အရှက်ကိုလုံခြုံဖို့ နဲ့ ဒုတိယအချက်က ရာသီဥတုဒဏ်ခံနိုင်ဖို့ပဲ ၊ဟုတ်တယ်မဟုတ်လား။ သမီးလေး တို့ကတော့`လှလှပပဖြစ်ဖို့ဆိုတဲ့အချက် ကျန်သေးတယ်လေဖေဖေရဲ့´လို့ ပြောဦးမယ်မဟုတ်လား။ ဒါကိုလည်း ဖေဖေလက်ခံပါတယ်။ မိန်းကလေးသဘာဝမို့ အလှအပအပဆိုတာကလည်း အရေးကြီးတာကိုး။
ဖေဖေတို့ ဘိုးဘွားဘီဘင်တွေကတော့ `လူမှာအ၀တ် တောင်းမှာအကွပ်´ဆိုတဲ့ စကားကိုဆိုထားခဲ့ကြ တယ်နော်။ လူတစ်ယောက်ရဲ့အလှအပဆိုတာ သူဝတ်တဲ့အ၀တ်အစားပေါ်မှာပဲ မူတည်တယ်ဆိုတဲ့သဘော။ လူကတော့လှချင်ပါရဲ့ ၀တ်ထားတဲ့အ၀တ်အစားက အဆင်မပြေဘူးဆိုရင် ပင်ကိုရုပ်ကိုတောင်မှ အကျည်းတန် သွားစေတယ်။လူက သိပ်ပြီးမလှပပေမယ့် သန့်သန့်ပြန့်ပြန့် စတိုင်ကျကျဝတ်တတ်မယ်ဆိုရင်လည်း အလိုလို ကြည့်ကောင်းသွားပြန်ရော။ဒါက အ၀တ်အစားရဲ့ အရေးပါပုံကိုပြောတာ။
နောက်တစ်ခုက လူတစ်ယောက်ဝတ်တဲ့ အ၀တ်အစားကိုကြည့်ပြီး အဲဒီလူရဲ့စိတ်နေစိတ်ထားနဲ့ အကျင့် စရိုက်ကို ခန့်မှန်းလို့ရတယ်သမီးတို့။
လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့အတိုင်း လူတွေကတော့ ခေတ်အဆက်ဆက်မှာ ပုံစံအမျိုးမျိုးနဲ့ ၀တ်ဆင်လာခဲ့ကြတာပဲ။
ပထမတော့ ကမ္ဘာ့အရှေ့ခြမ်းကလူတွေက သူ့မူသူ့ဟန်အတိုင်း အရှေ့တိုင်းပုံစံဝတ်တယ်။ကမ္ဘာ့ အနောက်ခြမ်းကလူတွေကလည်း သူ့မူသူ့ဟန်အတိုင်းအနောက်တိုင်းပုံစံဝတ်တယ်။အင်္ဂလန်ကလည်း အင်္ဂလန် ပုံစံအတိုင်းဝတ်သလို မြန်မာကလည်းမြန်မာပုံစံအတိုင်းဝတ်ကြတာပေါ့။ကိုယ်ပိုင်အတွေး၊ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင် စရိုက်၊ ကိုယ်ပိုင်လက္ခဏာတွေနဲ့ပေါ့။ဒါက ဟိုရှေးရှေးတုန်းကပေါ့။
တဖြေးဖြေးနဲ့ ကမ္ဘာကြီးမှာ နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ၊ အရှေ့အနောက် ကူးလူး ဆက်ဆံမှုတွေများပျားလာတယ်။ အရှေ့ကစရိုက်တွေ အနောက်ကိုကူးလာတယ်။ အနောက်ကစရိုက်တွေ အရှေ့ကိုကူးလာတယ်။ လူတွေရဲ့ စား၊၀တ်၊နေရေးတွေပါ ရောယှက်လာတယ်။ ယဉ်ကျေးမှုတွေပါ စိမ့်ဝင်လာ တယ်။
အထူးသဖြင့် ၀တ်စားဆင်ယင်မှုအပိုင်းမှာသိသိသာသာကြီးကို ပျံ့နှံ့ထိုးဖောက်လာတာကိုတွေ့ရတယ်။ ဒါကလည်း တံခါးတွေဖွင့်ထားလို့ ၀င်လာကြတာပဲဆိုတာ ဖေဖေကောင်းကောင်ကြီးနားလည်ပါတယ်။ လက် လည်းခံပါတယ်။တံခါးဆိုတာကလည်း အမြဲတမ်းပိတ်ထားလို့မှမရတာ။
အဓိက ဖေဖေပြောချင်တာက ဖွင့်ထားတဲ့တံခါးတွေကနေ အကောင်းတွေဝင်လာသည်ဖြစ်စေ၊ အဆိုး တွေဝင်လာသည်ဖြစ်စေ လက်ခံတဲ့သူအပိုင်းသာလျှင် အဓိကကျတယ်ဆိုတဲ့အချက်ပဲ။ ကိုယ်လက်ခံချင်မှ ဖြစ် တာကိုး
ဖေဖေ့အနေနဲ့ မြန်မာမိန်းကလေးမှန်ရင် အချိတ်ထမီ၊ ရင်ဖုံးအင်္ကျီနဲ့မှ၊ ခြေတစ်လှမ်းကုဋေတစ်သန်း ပုံစံ မျိုးနဲ့မှ ယဉ်ကျေးတယ်လို့ ယူဆတာမဟုတ်ပါဘူး။
တီရှပ်အင်္ကျီလေးတွေဝတ်ထားတဲ့ ဘောင်းဘီရှည်ကောင်မလေးတွေရဲ့ တက်ကြွလန်းဆန်းစွာ လုပ်ငန်း ခွင် ၀င်လာတဲ့ပုံစံလေးတွေကလည်း ဖေ့ဖေ့မျက်လုံးမှာ ချစ်စရာကောင်းနေတာပါပဲ။
ဆံပင်နီဆိုးထားတဲ့ကောင်မလေးတွေလည်း ကြည့်လို့ကောင်းပါတယ်။မျက်တောင်ကော့ဆေးနဲ့ အိုင်းရှဲ ဒိုး သုံးထားတဲ့ကောင်မလေးတွေလည်း လှပါတယ်။ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ ကောင်မလေးတွေလည်း မဆိုး ပါဘူး။လက်သည်းခြေသည်းတွေမှာ ရောင်စုံအလှခြယ်ထားတဲ့ ကောင်မလေးတွေကိုလည်း လက်ခံလို့ရပါတယ်။
ကိုယ့်အလှကို ကိုယ်ကိုယ်တိုင် ခေတ်နဲ့အညီပြုပြင်ချယ်သကြတာမို့ ဖေဖေတို့ ဘာအပြစ်ပြောလို့ရမှာ လဲ။ ဆပ်ကော့ လပ်ကော့နိုင်လွန်းတယ်၊အိနြေ္ဒမဲ့လွန်းတယ်လို့လဲ ဖေဖေမယူဆပါဘူး။ ဒါပေမယ့်သမီးရယ် . . . ၊
ကိုယ့်အလှကိုယ် လိုတာထက်ပိုပြီး ဖော်ပြနေကြတဲ့ မိန်းကလေးတစ်ချို့ရှိနေတာကိုတော့ ဖေဖေ သိပ်အစာမကျေချင်ဘူးသမီး။ဖေဖေတကယ်ပြောတာပါ။
မိန်းကလေးဆိုတာ ခေတ်မှီလို့ရပါတယ်။ ခေတ်ဆန်လို့လည်းရပါတယ်။ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး လှအောင် ကြိုးစားလို့လည်းရပါတယ်။ဒါပေမယ့် တစ်ကမ္ဘာလုံးကလုပ်သမျှတွေကို တစ်ခုမကျန် ပုံတူကူးချနေလို့ တော့ မဖြစ်နိုင်ဘူးသမီးတို့။တစ်ကမ္ဘာလုံးက ဖော်သမျှချွတ်သမျှ ကိုယ်ကလိုက်ပြီး ဖော်ချွတ်ပြနေလို့ မဖြစ်နိုင် ဘူး သမီးတို့။
ဖေဖေ တခြားလူကြီးတွေပြောသလို သမီးတို့နားကလောစေမယ့် အမျိုးဂုဏ်ကိုစောင့်ထိမ်းဖို့တို့၊ မျိုးချစ် စိတ်ရှိဖို့တို့ဆိုတဲ့ စကားလုံးအကြီးကြီးတွေ မပြောချင်ပါဘူး။
ဒါပေမယ့် သမီးတို့သိထားရမှာက ကိုယ်ရဲ့ဝတ်စားဆင်ယင်မှုကို ကိုယ့်ရဲ့မိဘမောင်ဘွားတွေ ရဲရဲ ကြည့် ရဲဖို့လိုတယ်။ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေ လက်ခံနိုင်ဖို့လိုတယ်။ ကိုယ့်ရဲ့ လူမှုအသိုင်အ၀ိုင်းက အမြင်တင့်ဖို့ လိုတယ်။ကိုယ့်ရဲ့ရေခံမြေခံနဲ့ သင်တင့်လျောက်ပတ်ဖြစ်ဖို့လိုတယ်။အဲဒီလိုမဟုတ်ပဲ သူများယောင်တိုင်း လိုက် ယောင်နေကြတယ်ဆိုရင်တော့ ကိုယ်ပိုင်တွေးခေါ်ချိန်ဆနိုင်စွမ်းမရှိကြောင်း ၀န်ခံနေသလို ဖြစ်နေမှာပေါ့။ အခုဆိုရင် ဖေဖေတို့ပတ်ဝန်းကျင်မှာ မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်လောက်အောင် ရင်ဟိုက်
လွန်းတဲ့အင်္ကျီတွေကို တမင်သက်သက်ရွေးချယ်ဝတ်ဆင်ထားတဲ့ ကောင်မလေးတွေ၊ ပေါင်ရင်းအထိတိုနေတဲ့ စကတ်တွေကို မက်မက်မောမောဝတ်ထားတဲ့ကောင်မလေးတွေ တနေ့တခြား များလာတာကို ဖေဖေတွေ့နေရ တယ်။အဲဒီလို တွေ့ရမြင်ရတိုင်း ဖေဖေ တစ်စက်ကလေးမှ စိတ်မချမ်းသာဘူး။
ပြီးတော့ ဖေဖေ ကိုယ်တိုင်လည်းစဉ်းစားတယ်။သူတို့ကိုလည်းမေးခွန်းတစ်ခု မေးချင်တယ်။
``ဘာပြုလို့ အဲဒီလောက်ဖော်ပြီး ၀တ်နေကြရတာလဲ´´
ဖေဖေ ဥာဏ်မှီသမျှစဉ်းစားကြည့်မယ်။သမီးတို့လည်း ကူပြီးစဉ်းစားကြည့်ပေါ့။
အ၀တ်အစားတစ်ခုဝတ်ကြပြီဆိုပါစို့။ အဲဒီအ၀တ်က ဘယ်လောက်လုံခြုံပြီး ဘယ်လောက်ပေါ်နေသလဲ ဆိုတာ ကာယကံရှင်မိန်းကလေးကိုယ်တိုင်သိတယ်။ မသိဘူးလို့ပြောရင် ဒါလိမ်တာပဲ။ ဟုတ်ပြီ။ ကိုယ်ဝတ်တဲ့ အ၀တ်က ကိုယ့်ရဲ့မမြင်အပ်တဲ့အရာတွေကို ပေါ်နေမှန်းသိပါလျက်နဲ့ ဆက်ပြီးဝတ်နေတယ်ဆိုရင်တော့ အဲဒီ မိန်းကလေးမှာ အကြောင်းနှစ်ချက်ရှိရမယ်။
ပထမအချက်က ကိုယ်ကိုယ်တိုင်အရှက်မရှိတာ။ဒုတိယအချက်က သူတစ်ပါးကို တမင်သက်သက် ပြချင်တာ။ နှစ်ခုစလုံးရဲ့အနှစ်ချုပ်ကတော့ `အရှက်မဲ့လို့ပဲ ´ ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲရှိတယ်။
ဆက်ပြောရရင် အဲဒီလို အရှက်မဲ့တဲ့အလုပ်ကို ဘာကြောင့်လုပ်ရသလဲ။သေချာပါတယ်။လူတွေ စိတ်ဝင် စားအောင်လို့ပေါ့။လူတွေစိတ်ဝင်စားတာကိုခံချင်လို့ပေါ့။
မိန်းကလေးတစ်ယောက်က လူတွေစိတ်ဝင်စားအောင် အဲဒီလိုလုပ်ပြတယ်ဆိုတော့ အဲဒီလုပ်ဆောင် ချက်ကို ရိုးသားပါတယ်လို့ပြောနိုင်ပါ့မလား။မပြောပါနဲ့၊ လုံးဝမရိုးသားပါဘူး။
တကယ်တော့ မိန်းကလေးတစ်ယောက်အနေနဲ့ လူတွေစိတ်ဝင်စားအောင်ဘာမှလုပ်ပြနေစရာမလိုဘူး။
ကိုယ့်မှာ ကိုယ်ပိုင်အရည်အချင်းရှိတယ်၊ သွက်လက်တယ်၊ထက်မြက်တယ်၊ ရိုးသားတယ်၊ အိနြေ္ဒရှိတယ်၊ လူကို လူလိုမြင်တဲ့စိတ်ရှိတယ်ဆိုရင် လူတွေက အလိုလိုစိတ်ဝင်စားပြီးသားပါ။
မရိုးမသားနဲ့ပြတတ်တဲ့မိန်းကလေးကိုတော့ လူတွေက ကြည့်ကောင်းလို့ကြည့်ကြမှာပဲသမီး။ ရိုးရိုးသား သားပြောရရင် ဖေဖေလည်းကြည့်မိမှာပဲသမီးတို့။ဒါပေမယ့် အဲဒီအကြည့်တွေက ပူလောင်တဲ့အကြည့်၊ညစ်ညမ်း တဲ့အကြည့်၊ လိုချင်တတ်မက်တဲ့အကြည့်တွေပဲ ဖြစ်နေလိမ့်မယ်။
အားမနာတမ်းပြောရရင် အဲဒီလိုမိန်းကလေးမျိုးကို ကြည့်ကောင်းကောင်းနဲ့ကြည်နေရုံကလွဲလို့ ဘယ် ယောက်ျားမှ အထင်မကြီးဘူး။ ကိုယ်အထင်မကြီးတဲ့ မိန်ကလေးတစ်ယောက်ကိုလည်း ဘယ်ယောက်ျားလေး ကမှ ဘ၀လက်တွဲဖော်အဖြစ် သတ်မှတ်မှာမဟုတ်ဘူး။
အဲဒါကိုတော့ မြဲမြဲမှတ်ထားကြပါသမီးတို့။
ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးသုမောင်က မန္တလေး အက်ဖ်အမ်မှာ ပြောသွားခဲ့တဲ့စကားလေးတစ်ခွန်း ဖေဖေပြောပြမယ်သမီး။
``တကယ်တော့ အရှေ့ကလူတွေက အနောက်ကို အထင်ကြီးကြတယ်။အနောက်ကလူတွေကလည်း အရှေ့ကို အထင်ကြီးကြတယ်။အဲဒါကြောင့် ကမ္ဘာကျော်ဖို့ဆိုရင် သူများကိုလိုက်တုပြီး ဘာမှကြီးကြီးကျယ်ကျယ် တွေလုပ်နေစရာမလိုဘူး၊ ကိုယ့်ရဲ့ဓလေ့စရိုက်တွေကိုသာ ပီပီပြင်ပြင်ဖော်ထုတ်ထိမ်းသိမ်းကြ၊ အဲဒါဆိုရင်အလို လို ကမ္ဘာကျော်သွားလိမ့်မယ်´´တဲ့။
၏၊ သည် မလွဲမဟုတ်ပေမယ့် ဆရာသုမောင်က အဲဒီလိုအဓိပ္ပါယ်ပါတဲ့ စကားမျိုးကိုပြောသွားခဲ့တာ။
အဲဒီတော့ သမီးတို့ရယ် . . . . . ၊
ကို်ယ့်ပိုက်ဆံနဲ့ကိုယ် အကုန်အကျခံပြီးဝယ်ဝတ်ထားတဲ့ ၀တ်စုံတစ်ခုအတွက်နဲ့တော့ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံ မဖြစ်ပါစေနဲ့။ သူတပါး အထင်သေးခံရတဲ့ ဘ၀ကိုမရောက်ပါစေနဲ့။အရှက်မဲ့သူတစ်ယောက် အဖြစ် မခံပါနဲ့။တခြားယောက်ျားတွေကိုလည်း ပူလောင်မှုတွေ မပေးပါနဲ့။မိဘမောင်ဘွားတွေကိုလည်း အရှက်မရပါစေ နဲ့။ကိုယ်ပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက်မဖြစ်ပါစေနဲ့။ကိုယ်နိုင်ငံ ကိုယ့်လူမျိုးကိုလည်း အထင်အမြင် မသေးပါစေနဲ့။
ကိုယ်ဝတ်တဲ့ဝတ်စုံတစ်ခုက ကိုယ့်အရှက်ကို လုံခြုံပါစေ။ ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါစေ။ အမြင်တင့်တယ်အောင် လှပနိုင်ပါစေ။
မိန်းမကောင်းတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ထပ်ဆင့်အရောင်တင်ပေးနိုင်တဲ့ ခေတ်မှီမှီအ၀တ်အစား တွေကို အကောင်းဆုံးရွေးချယ်ဝတ်ဆင်နိုင်ကြပါစေလို့ ဖေဖေ ဆန္ဒပြုလိုက်ပါတယ်ကွယ်။

Credit to မောင်အေးကို (ပေါင်းတလည်)

ထိုက်တန်တဲ့နေရာ ဖြစ်ပါစေ

ဖတ်ဖြစ်အောင်ဖတ်ကြည့်လိုက်စမ်းပါ
တစ်ခုခုတော့ အကျိုးရှိစေရမယ်လို့ အာမခံပါတယ်။
ခေါင်းစဉ်လေးက......................ထိုက်တန်တဲ့နေရာ ဖြစ်ပါစေ......တဲ့။

သမီးတို့ရေ . . . . .

ဖေဖေသမီးတို့ကိုမေးခွန်းတစ်ခုမေးမယ်နော်။ခက်ခက်ခဲခဲတော့မဟုတ်ပါဘူး၊ လွယ်လွယ်လေးပဲ မေးမှာ ပါ။
``လုပ်ငန်းခွင်တစ်ခုမှာ မန်နေဂျာအလုပ်နဲ့ သန့်ရှင်းရေးအလုပ်နှစ်ခုထဲက တစ်ခုကိုရွေးပါဆိုရင်သမီးတို့
ဘယ်အလုပ်ကို ရွေးမလဲ´´
``ဖေဖေကလည်း မန်နေဂျာပဲလုပ်မှာပေါ့ ၊ သန့်ရှင်းရေးတော့မလုပ်ချင်ပါဘူး´´လို့ သမီးတို့ ချက်ချင်း ဖြေကြမှာ မဟုတ်လား။
မှန်တာပေါ့ သမီးတို့ရယ်။ လူဆိုတာကတော့ မြင့်တဲ့နေရာကိုပဲ နေချင်ကြမှာပေါ့။ ဘယ်သူက နိမ့်တဲ့ နေရာမှာ နေချင်ကြမှာတုန်း။ဖေဖေဆိုရင်လည်း မန်နေဂျာအလုပ်ကိုပဲရွေးချယ်မှာပေါ့။
အထူးသဖြင့် သမီးတို့မိန်းကလေးတွေက ဘယ်ကိစ္စ၊ဘယ်နေရာမှာပဲဖြစ်ဖြစ် သူများထက်အစစ သာလွန်ရမှ ကျေနပ်တင်းတိမ်တတ်ကြတာ။ အစားအသောက်ဆိုရင်လည်း ကောင်းပေ့ညွန့်ပေ့ဆိုတာကိုမှ စားချင်ကြတယ်။ အ၀တ်အစားဆိုရင် လည်း အဆင့်မြင့်မြင့် ရယ်ဒီမိတ်မှ ၀တ်ချင်ကြတယ်။ရယ်ဒီမိတ်ချင်း တူတာတောင်မှ ပြည်တွင်းဖြစ်ထက် နိုင်ငံခြားဖြစ်ကိုမှ ရွေးကြ ကြိုက်ကြတာ။အလှအပအတွက်ဆိုရင်လည်း ရှင်မတောင်သနပ်ခါးထက် နိုင်ငံခြားဖြစ်မိတ်ကပ်တွေကိုပဲ သုံးချင်စွဲချင်ကြတာ။တန်ဘိုးနည်းတာထက် တန်ဘိုးကြီးတာကိုမှ သုံးချင်ကြတာ။
လုပ်ငန်းခွင်တွေထဲမှာဆိုရင်လည်း ဒီလိုပါပဲ။သူများနဲ့ယှဉ်ရင် ကိုယ်ကပိုပြီး အနိုင်ယူချင်တယ်။ ကိုယ်က ပိုပြီး ထင်ပေါ်ချင်တယ်။ ကိုယ်ကပိုပြီး နေရာရချင်တယ်။ကိုယ်ကပိုပြီး ထင်ထင်ရှားရှားဖြစ်ချင်တယ်။ဘယ် လောက်တောင် ထင်ပေါ်တာကိုကြိုက်ကြသလဲဆိုရင် ဌာနပေါင်းစုံအစည်းအဝေးရှိတဲ့အချိန်မှာတောင်မှ တမင် သက်သက် ဆယ်မိနစ်လောက်နောက်အကျခံပြီး အစည်းအဝေးခန်းမထဲကို ၀င်ကြသတဲ့။ရည်ရွယ်ချက်ကတော့ ကိုယ့်ကိုလူတွေသတိထားမိအောင်လို့တဲ့လေ။ စည်းကမ်းနဲ့ ညီ၊မညီဆိုတာကတော့ ခဏထားလိုက်ပေါ့လေ။
ဖေဖေပြောတဲ့စကား နည်းနည်းများသွားရင်တော့ ခွင့်လွှတ်ပါသမီးတို့။ ဖေဖေ့အမြင်ပြောရရင် သမီးတို့ မိန်းကလေးတွေက ယောက်ျားတွေထက် အတ္တ၊လောဘ ပိုများတယ်လို့တော့ ဖေဖေယူဆမိတယ်။
ဘာပဲပြောပြော အောင်မြင်ချင်တယ်၊ထင်ရှားချင်တယ်ဆိုတဲ့ကိစ္စက မိန်းကလေးတွေအတွက် သိပ် ကောင်းတဲ့စိတ်ဓာတ်ပါ။ဖေဖေအားပေးပါတယ်။အဲဒီစိတ်မျိုးတွေရှိတဲ့အတွက်လည်းလေးစားအထင်ကြီးပါတယ်။
ဒါပေမယ့်သမီးတို့ရယ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် အောင်မြင်ထင်ရှားဖို့အတွက် ရုန်းကြကန်ကြတဲ့အခါမှာ မှန်မှန်ကန်ကန်၊ ရိုးရိုးသားသား၊ သန့်သန့်ရှင်းရှင်းဖြစ်ဖို့ သိပ်လိုအပ်တယ်သမီး။ သိပ်လည်း အရေးကြီးတယ်သမီးတို့။
ကိုယ့်တစ်နေရာစာရဖို့အတွက် သူများကို ချောက်တွန်း တတ်တာ၊ အဆင်းဘီးတပ် တတ်တာ၊ နောက် ကျောကိုဓားနဲ့ထိုး တတ်တာ၊ကုန်းချောသွေးထိုး တတ်တာ၊မြောက်ပင့်လိမ်ညာ တတ်တာ၊သင်းကွဲပြိုပျက် စေ တတ်တာ၊စတဲ့ မသမာတဲ့နည်းတွေနဲ့ ဘယ်တော့မှမလုပ်ရဘူးသမီးတို့။ဒီလိုကိစ္စတွေကို ဘယ်ဘာသာတရား ကမှလည်း နှစ်သက်လက်ခံမထားဘူး။
လူဆိုတာ တစ်ဦးနဲ့တစ်ဦး မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ယှဉ်ပြိုင်ရတယ်။ ပြိုင်ကြဆိုင်ကြလို့ ကံအား လျော်စွာအရေးနိမ့်ခဲ့ရင်တောင်မှ ကျေကျေနပ်နပ်လက်ခံပေးတတ်ရတယ်။ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူးနဲ့ မုဒိတာပွားတတ်ရတယ်။ အလစ်အငိုက်ချောင်မြောင်း တိုက်ခိုက်တတ်တယ်ဆိုတာ စိတ်ဓာတ်အဆင့်နိမ့်သူတွေ သာလျင် လုပ်တတ်ကြတာလို့ သမီးတို့ ကောင်းကောင်းသိထားဖို့လိုတယ်။

အားလုံးကိုမဆိုလိုပေမယ့် သမီးတို့မိန်းကလေးတစ်ချို့မှာမိမိရဲ့ရာထူးနေရာလိုချင်တပ်မက်စိတ်ကြောင့် လုပ်ငန်းခွင်အတွင်း မှားမှားယွင်းယွင်းကျင့်သုံးနေကြတဲ့ အချက်တစ်ခုကို ဖေဖေထောက်ပြချင်တယ်သမီး။
ရာထူးလိုချင်တယ်၊ နေရာရချင်တယ်ဆိုတဲ့အခါကျတော့ မိန်းကလေးတို့သဘာဝ အပြိုင်အဆိုင်ကြိုးစား ကြတယ်။အဲဒီမှာ တချို့မိန်းကလေးကဖြတ်လမ်းနည်း၊တစ်နည်းအားဖြင့် အောက်လမ်းနည်းကိုသုံးကြတော့တာ ပဲ။
ဒီလုပ်ငန်းထဲမှာ အမှန်တကယ်ရာထူးတိုးပေးနိုင်တာ၊အမှန်တကယ်လစာတိုးပေးနိုင်တာ ဘယ်သူဖြစ်မ လ၊ဲ ပထမဆုံးကြည့်တယ်။ သူဌေးလို့မြင်ရင် သူဌေးကိုကပ်တယ်။ မန်နေဂျာလို့မြင်ရင် မန်နေဂျာကို ကပ်တယ်။ ကိုယ်မှာရှိတဲ့အလှအပကို ပြလို့ရသမျှ ပြတယ်။ချွဲလို့ရသမျှချွဲတယ်။အရင်းနှီးဆုံးဖြစ်လာအောင် အားလုံး မတွန့်မတို ရင်းတယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက သူဌေတိုင်း၊မန်နေဂျာတိုင်းကတော့ ၀န်ထမ်း မိန်း ကလေးတစ်ယောက်ရဲ့ စည်းရုံးသိမ်းသွင်းမှုနောက်ကို ပါတတ်ကြတာမဟုတ်ပါဘူး။ ဒီလိုကိစ္စတွေအတွက်နဲ့ သိက္ခာကျမခံတဲ့ ၊စောင်စည်းတတ်တဲ့ သူဌေးတွေ အများကြီးရှိတယ်ဆိုတာကိုတော့ ဖေဖေတို့လည်း သိပြီးသားပါ။
တစ်ဘက်ကနေ အားမနာတမ်းပြောရရင် အဲဒီလို မဟာအခွင့်အရေးတွေကို အချိန်ကိုက်စောင့်ဆိုင်းနေတဲ့ စားနေကျကြောင်ဖား သူဌေးတွေ၊ မန်နေဂျာတွေ မရေမတွက်နိုင်အောင်ရှိတယ်ဆိုတာကိုလည်း သမီးတို့ မေ့ထားလို့မဖြစ်ဘူးကွဲ့။
ဒီလိုနဲ့.......၊ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုးတို့ တိုက်တိုက်ဆိုင်ဆိုင် ပက်ပင်းတိုးကြချိန်မှာ တော့ အခုနက ဖြတ်လမ်းလိုက်တတ်တဲ့မိန်းကလေးတွေ နေ့ချင်းညချင်းကောင်းစားကြတော့တာပါပဲ။ အချိန် တိုလေးအတွင်းမှာပဲ သူလိုချင်တဲ့လစာတွေကိုရတယ်။သူမက်မောတဲ့ ရာထူးနေရာတွေကိုရတယ်။ အကြောင်း မသိသူတွေအတွက်တော့ အားကျအထင်ကြီးစရာကောင်းလောက်အောင်ကို မြန်နှုန်းမြင့် တိုးတက်သွားလိုက် ကြတာ။လောလောဆယ်ပေးဆပ်လိုက်ရတာကတော့ မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ကြီးပေါ့။
ဒါပေမယ့် လူဆိုတဲ့သတ္တ၀ါက မိမိကိုယ်မိမိ အချစ်ဆုံးပဲမဟုတ်လား။
ကမ္ဘာကြီးမီးလောင်ပြီဆိုတဲ့ အချိန်လည်းရောက်ရော အခုနက သူဌေးတို့၊ မန်နေဂျာတို့ဆိုတဲ့လူတွေက သူတို့ ဥစ္စာစီးပွားကို မစွန့်လွှတ်ပါဘူး။သူတို့ရာထူးအာဏာတွေကို မစွန့်လွှတ်ပါဘူး။ သူတို့မိသားစုအသိုက် အမြုံကို အပြိုကွဲမခံပါဘူး။
ဖြတ်လမ်းလိုက်မိတဲ့မိန်းကလေးကိုသာ သားကောင်အဖြစ်နဲ့ ချနင်းပစ်ကြတော့တာပါပဲ။
ဒီအချိန်ကျမှရတဲ့ နောင်တ ဆိုတာမျိုးက အချိန်မှီကုလို့ရတဲ့အရာမျိုးမှ မဟုတ်တာ။
မိမိမှာက ကိုယ်ပိုင်အရည်အချင်းကလည်းမရှိ၊ မှီခိုစရာ နေရာကလည်းနတ္ထိနဲ့ ၊နောက်ဆုံးတော့ ဘ၀ရေစုံကြောမှာ မျောပါနစ်မြုပ်ရတာပဲအဖတ်တင်ရတော့တာပေါ့။
သမီးတို့ သေသေချာချာစဉ်းစားကြည့်စမ်းပါ။ ကိုယ့်မှာသာ ကိုယ်ပိုင်အရည်အချင်းရှိမယ်ဆိုရင် ဘယ်လို
အခြေအနေအချိန်အခါပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ ရာနှုန်းပြည့်အားကိုနေစရာမလိုပါဘူး။ဘယ့်သူ့ကိုမှ ချွဲနွဲ့မြှူဆွယ် နေစရာမလိုပါဘူး။ဘယ့်သူ့ဆီကမှ လက်ဝါးဖြန့်တောင်းခံနေစရာမလိုပါဘူး။
ကိုယ်နဲ့မထိုက်တန်တဲ့နေရာတစ်ခုကို လောကကြီးက ဘယ်တော့မှအကြာကြီးပေးမထားတတ်သလို ကိုယ်နဲ့ထိုက်တန်တဲ့ နေရာတစ်ခုကိုလည်း လောကကြီးက အလိုအလျောက်ပေးထားပြီးသားဆိုတာ သမီးတို့ အပြည့် အ၀ယုံကြည်လိုက်ကြစမ်းပါ။
အချုပ်အနေနဲ့ပြောရရင် သမီးတို့ ကိုယ့်ကိုယ်ကို အရည်အချင်းပြည့်ဝအောင်ကြိုးစားကြရင်း၊ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ဘ၀တိုးတက်အောင်ကြံဆောင်ကြရင်းနဲ့
ကိုယ်နဲ့ထိုက်တန်တဲ့နေရာတစ်ခုကို လိပ်ပြာသန့်သန့်၊ထိုက်ထိုက်တန်တန် ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဖေဖေဆုတောင်ပေးလိုက်ပါတယ်။

Credit to မောင်အေးကို(ပေါင်းတလည်)

Monday, April 23, 2012

အဖေ့သမီးအတွက်


သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ...

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ....

Forward Mail မှ ...

Saturday, March 31, 2012

ငိုတယ်ဆိုတာ မိန်းမသားတွေရဲ့ မူပိုင်

ငိုတယ်ဆိုတာ မိန်းမသားတွေရဲ့ မူပိုင်

"မေမေ ဘာလို့ ငိုတာလဲ"
"မေမေဟာ မိန်းမသားမို့ပေါ့ကွယ်"
"သား နားမလည်ဘူး မေမေ"
"သား တစ်သက်လုံး နားလည်မှာ မဟုတ်ပါဘူး သားရယ်"

"ဖေဖေ... အကြောင်းမရှိဘဲ မေမေ ဘာလို့ ငိုရတာလဲဟင်"
"မိန်းမတွေက ဒီလိုပဲ သားရာ"
ကြီးပြင်းလာတဲ့ အထိ မိန်းမတွေ ဘာလို့ငိုတယ်ဆိုတာကို သား နားမလည်ခဲ့ဘူး။
နောက်တော့ သူဟာ ဘုရားသခင်ကို ဖုန်းဆက် မေးမြန်းပါတော့တယ်။
"မိန်းမတွေ ဘာကြောင့် ငိုရပါသလဲ ဘုရားသခင်"
"မိန်းမတွေကို စတင်ဖန်တီးလိုက် ကတည်းက သူတို့ကို ထူးခြားအောင်
ဖန်တီးခဲ့ပါတယ်။ သူတို့ရဲ့ ပုခုံးနဲ့ ကမ္ဘာကြီးကို ထမ်းပိုးနိုင်အောင်
ဖန်တီးခဲ့သလို ရေလို့ ပျော့ပျောင်းအောင်လည်း ဖန်တီးခဲ့တယ်။ ၀မ်းနည်းမှု၊
နာကျင်မှု၊ သားသမီးတွေရဲ့ ငြင်းပယ်မှုတွေကိုလည်း ခံနိုင်ရည်ရှိအောင်
သူတို့ရဲ့ အတွင်းစိတ်ဓာတ်ကိုလည်း ကြံ့ခိုင်အောင် ဖန်တီးခဲ့တယ်"

"တစ်ခြားသူတွေ လက်လွတ် အရှုံးပေးတဲ့ အချိန်မှာ သူတို့က မလျော့တဲ့ဇွဲနဲ့
တောင့်ခံနိုင်ပြီး ကိုယ့်သားသမီး ကိုယ့်မိသားစုအပေါ် နောင်တ တရားမရဘဲ
ပြုစုစောင့်ရှောက်ပေးနိုင်ဖို့
လည်း ဖန်တီးခဲ့တယ်"

"ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် သားသမီးတွေက ကိုယ့်ကို
ထိခိုက်စော်ကားပြီး စွန့်ပစ်ခဲ့ရင်တောင် ခွင့်လွတ်ပြီး ချစ်တတ်ဖို့လည်း
ဖန်တီးခဲ့တယ်"

"ခင်ပွန်းရဲ့ ပျော့ကွက်နဲ့ အသုံးမ၀င်မှုတွေကို ခွင့်လွတ်သည်းခံပြီး
ကာကွယ်ပေး တတ်ဖို့လည်း ဖန်တီးခဲ့တယ်"

"ယောက်ျားကောင်းတစ်ဦးဟာ ဘယ်တော့မှ ကိုယ့်ဇနီးကို နာကျင်အောင်
မလုပ်ဘူးဆိုတဲ့ အသိဥာဏ်ကိုလည်း ထည့်သွင်းပေးခဲ့တယ်"

"တစ်ခါတလေမှာ ခင်ပွန်းသည်ရဲ့ ဆုံးဖြတ်ချက်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို
ထောက်ခံ အားပေးတတ်ဖို့လည်း ဖန်တီးခဲ့တယ်"

"နောက်ဆုံး သူ အလိုကျသလောက် မျက်ရည်ကျနိုင်အောင်လည်း ဖန်တီးခဲ့တယ်။ ဒါဟာ
သူပိုင်ဆိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်တယ်"

"မိန်းကလေးတွေ လှတယ်ဆိုတာ သူဝတ်ထားတဲ့ အ၀တ်အစား၊ သူ့ရဲ့ ခန္ဓာကိုယ်
အချိုးအစားနဲ့ သူ့ရဲ့ ဖီးလိမ်းပြင်ဆင်မှုကြောင့် မဟုတ်ဘူး၊
မိန်းကလေးတွေရဲ့ အလှကို သူတို့ရဲ့ မျက်စိထဲကနေ တွေ့နိုင်တယ်။ မျက်စိဆိုတာ
စိတ်ရဲ့ တံခါးပေါက်ပဲ"

ဒီစာကို မိန်းကလေးတိုင်း ဖတ်မိနိုင်ပါစေ။ မိန်းကလေးတိုင်းကို
ပေးဖတ်လိုက်ပါ။ မိန်းကလေးတိုင်း ဖတ်ရအောင် သင်မျှဝေနိုင်ခဲ့ရင် သင်ဟာ
သူတို့ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို မြှင့်တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။
မိန်းမသားတိုင်း လှကြပါတယ်။

အင်တာနက်ပေါ်မှာ အင်္ဂလိပ်ဗားရှင်း၊ တရုတ်ဗားရှင်း နှစ်မျိုးရှိပါတယ်။ ဒါက
တရုတ်ဗားရှင်းကနေ ဘာသာပြန်ထားတာပါ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မိန်းမကောင်းတို့မည်သည် ~




မိန်းမကောင်းတို့မည်သည် မိခင်စိတ်ထားရှိသည်။
အရေးကြုံလျှင် ဖြတ်ထိုးဥာဏ်ဖြင့် အန္တရာယ်ကို ရှောင်တိမ်းနိုင်သည်။
မိန်းမတို့ မပါအပ်သော ကိစ္စတို့တွင် ၀င်မပါဘဲ ငြိမ်ငြိမ်အေးအေးသာ ပညာရှိရှိနေသည်။
ဆဲရေးတိုင်းထွာခြင်းအလျင်းမရှိ။
စိတ်ညစ်စရာကြုံလျှင်လည်း ထိန်းချုပ်သည်းခံနိုင်သည်။
ဘ၀တူ အမျိုးသမီးများအပေါ်တွင် ကိုယ်ချင်းစာတတ်သည်။
မိမိ၏ ခင်ပွန်းသည်အား ရိုသေလေးစားမှုရှိသည်။
ခင်ပွန်းသည်၏ ရှေ့မှ ဦးဆောင်ကာ မသွားတတ်။ နောက်မှပင် ရိုရိုကျိုးကျိုးလိုက်ပါတတ်သည်။
သားသမီးများအတွက် အသက်ကို ပေးလိုက ပေးနိုင်သည်။
မိမိခင်ပွန်းမှတစ်ပါး အခြားမည်သည့်ယောက်ျားကိုမှ မကြည့်တတ်။ စိတ်ဖြင့်လည်း မစိတ်ကူး။
အလှဟူသော အရာတွင် များစွာ နှစ်မွန်းခြင်းမရှိ။

ဂိုးလ်ဆက်

Friday, March 16, 2012

ရင်သား နာကျင်ခြင်း ဖြစ်ရသည့် အကြောင်းရင်းများ


ရင်သားနာကျင်ခြင်းဖြစ်ရသည့်အကြောင်းရင်းများ
အမျိုးသမီးတစ်ဝက်ကျော်ဟာ ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန်ဆိုသလို ရင်သားနာကျင်မှု ခံစားရတတ်ပါတယ်။ ရင်သားနာကျင်မှုအများစုကလည်း အန္တရာယ်မရှိသလို သူ့အလိုလို သက်သာသွားနိုင်ပါတယ်။ ဒါပေမဲ့ရင်သားနာပြီဆိုရင် အမျိုးသမီးအတော်များများက ရင်သားကင်ဆာဖြစ်လေမလားလို့ စိုးရိမ်စိတ်ဝင်တတ်ကြပါတယ်။ ဒါကြောင့်ရင်သားနာကျင်မှုဖြစ်တတ်တဲ့အကြောင်းတွေကို ဖော်ပြလိုက်ပါတယ်။
ရာသီအကြိုဝေဒနာ---
လစဉ်ရာသီစက်ဝန်းကာလအတွင်း အမျိုးသမီးတစ်ဦးရဲ့ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်၊ ဒီလိုပြောင်းလဲမှုတွေကြောင့် ရာသီမလာခင် ရက်အနည်းငယ်အတွင်းမှာ အမျိုးသမီးအများစုက ရင်သားနာကျင်တတ်ကြပါတယ်။ ဒါပေမဲ့ရာသီလာတဲ့ကာလ ပြီးဆုံးသွားပြီဆိုတာနဲ့ ရင်သားနာတာက အလိုလိုသက်သာသွားတတ်ပါတယ်။ ရာသီမလာခင် ရင်သားနာတာ၊ တင်းတာ စတဲ့ဝေဒနာတွေကို ရာသီအကြိုဝေဒနာလို့ခေါ်ပါတယ်။ တချိုအမျိုးသမီးတွေက လစဉ်လတိုင်း ရင်သားနာတာကို ခံစားနေရပေမဲ့ တချို့အမျိုးသမီးတွေကတော့ လုံးဝမဖြစ်တတ်ပါဘူး။

အပျိုဖော်ဝင်ခြင်း---
အပျိုဖော်ဝင်ချိန်အတွင်း ရင်သားတစ်သျှူးတွေက ဖွံဖြိုးနေပြီး ခန္ဓာကိုယ်အတွင်းက ဟော်မုန်းတွေကလည်း အတက်အကျဖြစ်နှုန်း များနေတတ်ပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် ရင်သားနာကျင်နေတတ်ပြီးရင်သား တစ်သျှူးတွေ လုံးဝဖွံဖြိုးပြီးတဲ့အထိ
နာနေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း---
ရင်သားနာတာနဲ့ ရောင်ရမ်းတာတွေကို ဖြစ်စေတဲ့ အဓိကကြောင်းရင်းတွေအနက် တစ်ချက်က ကိုယ်ဝန်ဆောင်တာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားအနည်းငယ်နာတာနဲ့အတူ သွေး စ,ဆင်းတာ၊ ဗိုက်အနည်းငယ်အောင့်တာတွေတောင် ဖြစ်တတ်ပါတယ်။ အမျိုးသမီး၂၀-၃၀%ခန့်က ကိုယ်ဝန်ဆောင်ရချိန်မှာ ဒီလိုလက္ခဏတွေ စပြတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာက ကိုယ်ဝန်ပထမသုံးလပတ်အတွင်းမှာဘဲ သက်သာသွားတတ်ပါတယ်။ ရင်းသားတင်းတာနဲ့ တခြားအပြောင်းအလဲတွေ ဖြစ်တာက ခန္ဓာကိုယ်က မိခင်နို့ချိုတိုက်ကျွေးဖို့ ပြင်ဆင်နေတာကြောင့်
ဖြစ်တတ်ပါတယ်။

ရင်သားအကြိတ်---
ရင်သားအကြိတ်က အမျိုးသမီး၅၀%လောက်မှာ ဖြစ်တတ်ပြီး ကင်ဆာမဟုတ်တဲ့ အဖုအကြိတ်ဖြစ်ပါတယ်။
ရင်သားတစ်သျှူးတွေထဲမှာဖြစ်တဲ့ အရည်ကြည်အိတ်ဖြစ်ပြီး တောင့်တင်းနာကျင်တာနဲ့ မသက်မသာဖြစ်တာတွေ ခံစားရတတ်ပါတယ်။ အမျိုးသမီးတစ်ဦးက သွေးဆုံးချိန်ရောက်တဲ့အခါ ရင်သားအကြိတ်ဖြစ်တာက သက်သာသွားလေ့ရှိပါတယ်။

စိတ်ဖိစီးမှုနဲ့ပူပင်သောကများခြင်း---
ရင်သားနာကျင်ရတာရဲ့ နောက်အကြောင်းရင်းတစ်ခုက စိတ်ဖိစီးမှုများတာနဲ့ စိတ်ဓာတ်ကျတာကြောင့်ပါ။
အမျိုးသမီးတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ခံစားနေရရင် ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ကာ ရင်သားနာတာ ရင်သားတင်းတာစတဲ့ မသက်မသာဖြစ်မှုတွေ ခံစားရတတ်ပါတယ်။

ရင်ညွန့်ရိုးများရောင်ရမ်းခြင်း---
ဒီအခြေအနေဖြစ်ရင် ရင်သားနာနေတတ်ပြီး ကျိန်းစပ်သလိုခံစားချက်မျိုး၊ ရင်သားမသက်မသာဖြစ်သလိုမျိုး တွဲပြီးခံစားရတတ်ပါတယ်။ အမျိုးသမီးတွေမှာ ခန္ဓာကိုယ်အနေအထား မမှန်တာကြောင့် ဖြစ်တတ်သလို၊ သဘာဝ အိုမင်းတဲ့ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့လည်း ဖြစ်တတ်ပါတယ်။ နာကျင်မှုက ရင်သားနေရာမှာပေါ်တတ်ပေမဲ့ ရင်ညွန့်ရိုးနဲ့ကျောရိုးတွေ ထိခိုက်မှုကြောင့်ဖြစ်ရတာပါ။

သွေးဆုံးအကြိုကာလ---
အမျိုးသမီးတစ်ယောက်ဟာ သွေးဆုံးတဲ့အရွယ်နဲ့ နီးကပ်လာချိန်မှာ သူ့ခန္ဓာကိုယ်ထဲက အီစထရိုဂျင် ဟော်မုန်းအဆင့်ဟာ အပြောင်းအလဲဖြစ်လာတတ်ပါတယ်။ ဒီလိုဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့် ရင်သားနာကျင်တဲ့ဝေဒနာနဲ့အတူ တစ်ကိုယ်လုံးပူနွေးတာ၊ ညဘက်ချွေးထွက်တာ၊ မိန်းမကိုယ် ခြောက်သွေ့တာ၊ ကိုယ်အလေးချိန်မြင့်တက်တာ၊ ဆံပင်ကျွတ်တာတွေလည်း ဖြစ်တတ်ပါတယ်။

သန္ဓေတားသောက်ဆေးများ---
အမျိုးသမီးတစ်ဦးဟာ သန္ဓေတားသောက်ဆေး မှီဝဲနေရင် သူ့ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းအဆင့်
မြင့်တက်နေနိုင်ပြီး ရင်သားနာတာ၊ ရင်သားတင်းတာ စတဲ့ မအီမလည်ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ သန္ဓေတားသောက်ဆေးသောက်တဲ့ အမျိုးသမီးတိုင်းမှာ မဖြစ်တတ်ပေမဲ့ တချို့အမျိုးသမီးတွေမှာတော့
ဖြစ်တတ်ပါတယ်။

ကဖင်းဓာတ်---
လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်နဲ့ တခြားကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို စားသောက်တာ
ကြောင့် တချို့အမျိုးသမီးတွေမှာ ရင်သားနာကျင်မှု ဖြစ်ရတတ်ပါတယ်။ ကဖင်းဓာတ်က သွေးကြောတွေကို ကျယ်စေတဲ့အရာဖြစ်တာကြောင့် ရင်သားတစ်သျှူးတွေရဲ့ ရင်သားတည်ဆောက်ပုံကို ဆွဲဆန့်သလိုဖြစ်ကာ ရင်သားနာတာ၊ ရင်သားတင်းမာတာနဲ့ ရင်သားရောင်ရမ်းတာတွေဖြစ်တတ်ပါတယ်။


အချို့သောဆေးဝါးများ---
အကိုက်အခဲပျောက်ဆေး၊ ရောင်ရမ်းမှုပျောက်ဆေး၊ စိတ်ကျသက်သာဆေး၊ ကိုလက်စထရောကျဆေးနဲ့ နှလုံးရောဂါကုသတဲ့ဆေးတွေလို ဆေးဝါးတချို့ကို သောက်သုံးတာကြောင့် အမျိုးသမီးတချို့မှာ ရင်သားနာတာ၊ ရင်သားတင်းတာနဲ့ ရင်သားကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။

ရင်သားရောင်ရမ်းခြင်း---
ရင်သားရောင်ရမ်းတာက အမျိုးသမီးအများစုမှာ ဖြစ်တတ်တဲ့ ဝေဒနာဖြစ်ပြီး ရင်သားအကြိတ်၊ မျှင်ထူတစ်သျှူးရောင်ရမ်းတာနဲ့ အဖုတွေဖြစ်ကာ ရင်သားရောင်ရမ်းတာ၊ ထိလိုက်ရင် နာကျင်တာနဲ့ မသက်မသာဖြစ်တာတွေ ခံစားရတတ်ပါတယ်။

အဆင်မပြေသောဘရာစီယာ---
အမျိုးသမီးတွေမှာ ကိုယ်နဲ့အဆင်မပြေတဲ့ ဘရာစီယာကို ၀တ်တာကြောင့် ရင်သားတင်းတာ၊ နာကျင်တာ
တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့အဆင်ပြေကာ သက်သောင့်သက်သာရှိတဲ့ ဘရာစီယာကို ၀တ်ပါ။
Tip! ရင်သားနာကျင်နေချိန်မှာ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်ပေးပါ။ ခန္ဓာကိုယ်ကိုအ နေအထားမှန်မှန်ထားပြီး ရေနွေးအိတ် ကပ်ပေးတာက ရင်သားနာကျင်တာကို သက်သာစေပါတယ်။ ဒီနည်းတွေကို လိုက်နာပေမယ့် ရင်သားနာကျင်မှုက မသက်သာရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဇွန်နိုင်ဦး(ဆေးဝါးတက္ကသိုလ်
Credit to painap

Wednesday, February 22, 2012

မိန်းမဖြစ်နေရတာကို ဂုဏ်ယူလိုက်ပါ...

ပုံပြင်အစ တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........ "ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ" ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က "ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား" ဟုမေးလိုက်လေ၏ ။ နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။

ဘုရားသခင်ကဆက်ပြောပြသည် ။ ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး.... "ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် " ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။ ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။ "လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ." ဟုပြောပြီးခေါင်းခါနေပြန်၏ ။ ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ... "ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား" ဟုထပ်မေးပြန်၏ ။ "ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်" ဘုရားသခင်က ဆက်ပြောပြန်၏ ။ "ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ " "..........." "နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။ နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။

"နူးညံ့လွန်းလှချည်လား "ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်" "သူမကတွေးတတ်လား" ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။ "တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်" နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏ "ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး" "ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်" "ဘာအတွက်လဲ" "သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ" ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။ "သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်" ဟုဆိုလိုက်သည် ။ ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။ "ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်" "သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်" "အဲ့ဒီလောက်တောင်ပဲလား" "ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် " "အို" "သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"

"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်" နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။ "သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ .... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်" "............" "အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်" "ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်" "ဘယ်လို" နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏
"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ" "ဘာချို့ ယွင်းချက်လဲ" "သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်" "ဟင်" "နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်" ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။ ပုံပြင်အဆုံး ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို့ မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး.. စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့ အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီးဆက်ဆံလိုက်ပါလို့ ...ပြောကြားရင် ပုံပြင်လေးကို အဆုံးသတ်လိုက်ပါတယ်... Forward Mail မှကူးယူဖော်ပြသည်