Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Wednesday, April 17, 2013

ဗုဒ္ဓဘာသာ (၅)မျိုး


ဗုဒ္ဓဘာသာ (၅)မျိုး

|Like --->Buddhism Beams(myanmar)
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။ အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့

(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ

>>>> http://buddhismbeams.blogspot.com/2013/02/blog-post_11.html <<<< (၁)ကုလ ဗုဒ္ဓဘာသာ ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။ (၂)လာဘ ဗုဒ္ဓဘာသာ လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာရွေးပြီးကိုးကွယ်တယ်။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ ဘုရား ကျောင်းဆောင် ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ (၃)ဘယ ဗုဒ္ဓဘာသာ ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရား ကိုးကွယ်မှ အသက်ရှည် မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ ဒီလူမပါ။ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။ (၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။ > သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် နက်ကိုဟောကြားတော် မူခဲ့ပါတယ်။ ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက ***ရှောက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။
> မိစ္ဆာသဒ္ဒါယုံကြည်မှုကလာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။

အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။ မှားတာကို မှားတယ်လို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့ အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္တာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။
ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေ ကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။
............................................................................................

Tuesday, February 26, 2013

"မွတ်ကုသိုလ်''

http://www.facebook.com/photo.php?v=485893314808592
"မွတ်ကုသိုလ်''
.............

တရားခွေလေးတစ်ခွေနားထောင်မိတယ်...ဘုန်းဘုန်းဟောတဲ့ ဗုဒ္ဒဘာသာဝင်တွေက
ကုသိုလ်နှင့်အကုသိုလ် ရှောင်ရန်ဆောင်ရန် စောင့်ထိန်းရန်တွေက တော်တော်မလွယ်တာပဲ..
ကုသိုလ် တစ်ပဲ ငရဲတစ်ပိသာဖြစ်ဘို့များလှပါတယ်
....................
မွတ်တို့ရဲ့တစ်နေ့တာမှာတော့ မနက်ကနေမိုးချူပ်ထိ အလ္လာရှင်မြတ်အလိုအတိုင်းပဲ ကောင်းပေစွ
-ကဲဒီနေ့စားဖွယ်သောက်ဖွယ်ချက်ကြမယ်ဆိုပါတော့ လည်လှီးသားဖြစ်ရမယ်
ဒီလိုလည်ပင်းကိုကလေးကအစ ဓါးနှင့်လှီးပြီးတော့သတ်ရဲတယ် ချက်ရဲတယ် ဒီလိုတွေလုပ်တတ်
အောင်မိဘ မွတ်မွတ်တွေ၊ဗလီဆရာတွေက ၅နှစ်သားကတည်းကသင်ထားတာပါ
...လည်လှီးပီး အလ္လာရှင်မြတ်ကိုယစ်ပူဇော်တဲ့ကုသိုလ်.....

-အလှူအတန်းဆိုရင်လည်း ဗုဒ္ဒဘာသာလို အလှူခံစရာမလိုပါဘူး
စိတ်ပါသဒါတာမလိုဘူး ဘုရားသခင်ရဲ့အလိုအရ မိမိတစ်နေ့ရတဲ့အကျိုးအမြတ်
ရဲ့ ၁၀ ပုံ ၁ ပုံက ဗလီအတွက်ထားပြီးသားတဲ့ မဂွတ်ပူးလား အဲလိုစုထားတဲ့ အလှူငွေတွေထဲကနေ
မွတ်မွတ်တွေရဲ့ ထူးချွန်မှု့ဂုဏ်ထူးဆောင်နိုင်မှု့အလိုက်ပြန်လည် ထောက်ပံ့ဆုပေးသေးပါတယ်တဲ့ဗျာ
ဘယ်လိုထူးချွန်မှု့တွေလည်းဆိုတော့ ဘာသာခြားလူမျိုးထဲကနေ
၊ ရိုးရိုးမိန်းကလေးကရရင်ဘယ်လို၊ရှယ်ကိုရရင် ဘယ်လို ထောက်ပံ့ဆုပေးပါသေးတယ်
ဘာလို့လည်းဆိုတော့ မွတ်မွတ်တို့နှင့်လက်ထပ်တဲ့အမျိုးသမီးကို မွတ်မွတ်ဘာသာဝင်ဖြစ်အောင်
သိမ်းသွင်းနိုင်မှု့ကြောင့် သာသနာပြုခြင်းဖြစ်သဖြင့်
ဒါသည်လည်း.....ကုသိုလ်....

-မွတ်မွတ်တွေက တရားဝင်မယား ၄ ယောက်ယူခွင့်ရှိပြန်ပါတယ်..ကောင်းထှားး မွတ်မွတ်တွေရဲ့မိန်းမတွေကလည်း
မွတ်မျိုးဆက်ပြန့်ပွားရေးအတွက်အားတက်သရော..ကလေးကိုဒါဇင်ချီအောင် မွေးနိုင်သ
လေက်မွေးပေးနိုင်ရတယ် မယုံရင်အောက်ကစစ်တမ်းကိုကြည့်

၁၉၅၀ ကဆိုရင်မြန်မာနိုင်ငံမှာမွတ် ၈%ရာနှုန်းပဲရှိတာ ၂၀၁၂ မှာ ၂၂% ဖြစ်လာတယ်
၁၉၅၀ ကဆိုရင်မြန်မာနိုင်ငံမှာမွတ် ၈%ရာနှုန်းပဲရှိတာ ၂၀၁၂ မှာ ၂၂% ဖြစ်လာတယ်
၁၉၅၀ ကဆိုရင်မြန်မာနိုင်ငံမှာမွတ် ၈%ရာနှုန်းပဲရှိတာ ၂၀၁၂ မှာ ၂၂% ဖြစ်လာတယ်
ဒါကို.......သားဖောက်သာသနာပြုခြင်းကုသိုလ်.......

-ဒီလိုလူဦးရေများလာအောင်လုပ်တဲ့အလုပ်ကလည်း အကြောင်းမဲ့မဟုတ်ပါဘူး
အလ္လာရှင်မြတ်ရဲ့အလိုပါ မွတ်တို့ရဲ့သာသနာကိုအချီကြီးထပ်ပြုဘို့ အကြောင်းရှိလို့ပါ
၇၈၆ ဆိုတဲ့သဘောက ၂၁ ရာအတွင်းမှာ မွတ်မွတ်တို့ဘာသာ၊မွတ်တို့လူမျိုး ကြီးစိုးအောင်လုပ်မဲ့နိမိတ်ပါ
ဘယ်လိုလုပ်မလဲဆိုတော့ ...

မွတ်တို့သားဖောက်နှုန်းဟာအထက်မှာပြထားတဲ့အရှိန်ပြင်းပြင်းနှင့်ဗြင်းနေတဲ့အတွက်
နိုင်ငံတော်ကထိန်းချူပ်မှု့မရှိပဲဒီအတိုင်းဗြင်းခွင့်ရနေရင် နောက်မျိုးဆက်နှစ်ဆက်လောက်မှာ
နိင်ငံလူဦးရေရဲ့ ၇၅% ဖြစ်လာမယ်လို့တွက်ချက်ကြပါတယ်...ဒီလိုလူဦးရေများလာပြီဆိုရင်

မွတ်တို့ရဲ့သာသာနာပြုနည်းက ''ဂျီဟပ်" တဲ့
ဂျီဟပ်ဆိုတာ အလ္လာရှင်မြတ်ကိုဆန့်ကျင်သူမှန်သမျှ ရန်သူဖြစ်သည်....ရှင်းးးးးးးးးးးးးးးးးးးးးးးတဲ့
မွတ်တို့ကခုလူဦးရေနည်းနေသေးလို့ကြည့်ထားတာနော်..ညင်းညင်း
တစ်နိုင်ငံလုံးရဲ့ ၇၅% ဖြစ်လာတဲ့အချိန်ကျရင် ၃ယောက် ၁ယောက်ဆိုရင် ဂျီဟပ် သာသာနာပြုကြပါအုံးမည်....

..............အလ္လာရှင်မြတ်ကိုမယုံကြည်သူတို့ ကိစ္စတုန်းစေသတည်း.............
......... မွတ်တို့ ကုသိုလ် ......


ဒီအကြောင်းတွေကို ခရေစေ့တွင်းကျသိခွင့်ရဘို့
ကျေးဇူးရှင်ဆရာတော် ဦးပညာဝရ(ဘ၀လမ်းခွဲတရားတော်)ကို
အပြင်မှာရှာဖွေပြီးနားထောင်ကြစေချင်ပါတယ်
ဘာသာရေး၊လူမျိုးရေးဘာသာရေးအထိကရုံးဖြစ်စေချင်တဲ့ဆန္ဒမဟုတ်ပါ
ဆရာတော်၏စေတနာအတိုင်း ကိုယ့်စည်းရိုးကုန်အောင်လုံအောင်ကာတတ်ကြဘို့ သိစေချင်ပါသည်


super connection ရဲ့အားကိုတွန်းလှန်ပြီးမိနစ် ၂၀ စာလောက်ရအောင်ပင်ပန်းခံတွဲတင်ထားပါတယ်
အဆင်ပြေရင် share လုပ် download ဆွဲ
အနီးအနားဖြန့်ဝေလိုက်ကြပါအုံး
credit/ သမိန် ရမ်းသွပ် ဖေ့ဘွတ်စာမျက်နှာ

Friday, January 25, 2013

မောရသုတ် ရွတ်ဖတ်ခြင်း အကျိုး





ပီယဆေးခတ်ခြင်း၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတစ်ပါးတို့က မကောင်းမကြံနိုင်အောင် ကာကွယ်နိုင်သည်။ အထူးသဖြင့် အပျိုရည် အပျို့သိက္ခာကို မြတ်နိုးသော မိန်းကလေးများအတွက် အကာအကွယ်ကောင်းဖြစ်သည်။ အန္တရာယ်ပြုရန် တစ်စုံတစ်ယောက်က မိမိနောက်သို့ လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ သူတစ်ပါးက မိမိ၏ ရာထူးအခြေအနေ လျှောကျအောင် ကြံစည်နေလျှင်လည်း အကာအကွယ်ကောင်းတစ်ခု ဖြစ်ပေသည်။ လုပ်ကြံသတ်ဖြတ်မှု မခံရအောင်လည်း စွမ်းပေသေးသည်။


မောရသုတ်
မောရသုတ် (ပါဠိ)
၁။ ပူရေန္တံ ဘောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊
မဟာသတ္တံ ၀နေစရာ။

၂။စိရဿံ ၀ါယမန္တာပိ၊
နေ၀ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တ န္တိ အက္ခာတံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ ဥဒေတ ယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿ ၀ဏ္ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ
ပထ၀ိပ္ပဘာသံ၊
တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ဒိဝသံ၊

၎။ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တိယာ၊
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော စရတိ ဧ သနာ။

၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထ၀ိပ္ပဘာသံ၊
တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ရတ္တိံ။

၆။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ၀ါသ မကပ္ပယိ။

မောရသုတ္တံ နိဋ္ဌိတံ။

မောရသုတ် (မြန်မာပြန်)

၁။ မောရသုတ် တန်ခိုးကြောင့် ဘုရားအလောင်း ဥဒေါင်းမင်းကို တောမုဆိုးများ နှစ်ရှည်လများ ဖမ်းယူကြသော်လည်း ဖမ်းမမိကြပါ။

၂။ အို သူတော်ကောင်းအပေါင်းတို့ " မြတ်သောမန္တန် " လို့ ဘုရားဟောခဲ့သော မောရသုတ် ပရိတ်တော်ကို စုပေါင်းညီညာစွာ ရွတ်ဆိုကြပါကုန်စို့။

၃။ အရှေ့အရပ်မှ ထွက်ပေါ်လာသော နေမင်းကြီးသည် သတ္တ၀ါများကို အလင်းရောင်ပေးတော်မူ၏။ ဧကရာဇ်မင်းကဲ့သို့ တန်ခိုးကြီးတော်မူ၏။ ရွှေကဲ့သို့ဝါ၀င်း တောက်ပတော်မူ၏။ သင်နေမင်းကြီးကို အကျွန်ုပ် (ဥဒေါင်းမင်း) ရှိခိုးပါ၏။ သင်နေမင်းကြီးရဲ့ အစောင့်အရှောက်ကို ခံယူကာ တစ်နေ့လုံး ချမ်းသာစွာ နေထိုင်ပါမည်။

၎။ မကောင်းမှုအားလုံး ကင်းရှင်းတော်မူသော တရားအားလုံးကို ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို တပည့်တော် (ဥဒေါင်မင်း) ရှိခိုးပါ၏။ မြတ်စွာဘုရားစောင့်ရှောက်တော်မူပါ။ သစ္စာလေးပါးကို သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်များကိုလဲ တပည့်တော် (ဥဒေါင်းမင်း) ၇ှိခိုးပါ၏။ အရဟတ္တမဂ်ဉာဏ်၊ အရဟတ္တဖိုလ်ဉာဏ်၊ သဗ္ဗညုတဉာဏ်များကိုလဲ တပည့်တော် (ဥဒေါင်းမင်း) ရှိခိုးပါ၏။ ဤကဲ့သို့ ဘေးရန်အဆီးအတား အကာအကွယ်များကိုပြု၍ ဘုရားလောင်းဥဒေါင်းမင်း အစာရှာထွက်လေ့ရှိပါသည်။

၅။ အနောက်ဘက်၌ ၀င်လုဆဲဖြစ်နေသော နေမင်းကြီးသည် သတ္တ၀ါများကို အလင်းရောင်ပေးတော်မူ၏။ ဧကရာဇ်မင်းကဲ့သို့ တန်ခိုးကြီးတော်မူ၏။ ရွှေကဲ့သို့ ၀ါဝင်းသော အဆင်းရှိတော်မူ၏။ သင်နေမင်းကြီးကို အကျွန်ုပ် (ဥဒေါင်းမင်း) ရှိခိုးပါ၏။ သင်နေမင်းကြီး၏ အစောင့်အရှောက်ကို ခံယူကာ တစ်ညလုံး နေထိုင်ပါမည်။

၆။ မကောင်းမှုအားလုံး ကင်းရှင်းတော်မူပြီးသော တရားအားလုံးကို ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို တပည့်တော် (ဥဒေါင်းမင်း) ရှိခိုးပါ၏။ မြတ်စွာဘုရား စောင့်ရှောက်တော်မူပါ။ သစ္စာလေးပါးကို သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်များ၊ ကိလေသာ အာသဝေါ ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်များကိုလဲ တပည့်တော် (ဥဒေါင်းမင်း) ရှိခိုးပါ၏။ အရဟတ္တမဂ်ဉာဏ်၊ အရဟတ္တဖိုလ်ဉာဏ်၊ သဗ္ဗညုတဉာဏ်များကိုလဲ တပည့်တော် (ဥဒေါင်းမင်း) ရှိခိုးပါ၏။ ဤကဲ့သို့ ဘေးရန်အဆီးအတား အကာအကွယ်များကိုပြု၍ ဘုရားလောင်း ဥဒေါင်းမင်း တစ်ညလုံးနေလေ့၇ှိပါသည်။

မောရသုတ်မြန်မာပြန်ပြီး၏။

Friday, January 4, 2013

“ကာမေသုမိစ္ဆာစာရကံနှင့်ပတ်သတ်၍”

“ကာမေသုမိစ္ဆာစာရကံနှင့်ပတ်သတ်၍”
ဒီကာမေသုမိစ္ဆာစာရကံနှင့်ပတ်သတ်ပြီး ဦးဇင်းကို လူတော်တော်များ မေးကြပါတယ်။ ခဏခဏလည်း ဖြေပေးပါတယ်။ ဒါပေမဲ့ ဒီကံနှင့် ပတ်သတ်ပြီး ယောင်ဝါးဝါးနားမလည် ဖြစ်နေကြတယ် ထင်ပါဘိ။ အဲဒါကြောင့် ဒီတစ်ခါတော့ ဦးဇင်း တတ်သိလေ့လာထားသမျှကို ပွင့်ပွင့်လင်းလင်း စုံစုံလင်လင်ဖြစ်အောင် ဖြေပေးလိုက်ပါတယ်။ ပွင့်လင်းအားကြီးလို့ လူကြီးလူကောင်းများအနေဖြင့် မသုံးသင့်တဲ့ မပြောသင့်တဲ့စကားလုံးများ ပါနေလျှင်လည်း နားနှင့်မနာ ဖ၀ါးနှင့်နာပါလို့ပဲ တောင်းပန်လိုက်ပါတယ်။ လူငယ်များ ဒီကံနှင့်ပတ်သတ်ပြီး နားရှင်းကာ ရှောင်ကြဉ်လိုက်နာနိုင်အောင် ယခုအောက်က မေးထားတဲ့ မေးခွန်းကိုပါ တစ်ဆက်တည်း ဖြေပေးလိုက်ပါတယ်။ အမေးနှင့် အဖြေလေးကတော့ဒီလိုပါ။

အရှင်ဘုရားတပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ ကာမေသု မိစ္ဆာစာရကံနှင့် ပတ်သက်၍ သေချာစွာသိရှိလိုပါသဖြင့် မေးမြန်းခြင်းဖြစ်ပါသည်ဘုရား။

(၁) ကာမပိုင် မိဘမှအစ ဆွေမျိုး၊ ရပ်ဆွေရပ်မျိုးများ မရှိတော့သော အမျိုးသား အမျိုးသမီးတစ်ယောက်ကို ကျူးလွန်လျှင် အပြစ်မဖြစ်ဘူး ဆိုသည်မှာ ဟုတ်ပါသလားဘုရား။
(၂) အရူးမများအား ကျူးလွန်လျှင်လည်း အပြစ်မဖြစ်ဘူးဆိုသည်မှာ ဟုတ်ပါသလားဘုရား။
(၃) မိမိ ကာမပိုင်သောအမျိုးသမီးရှိသော်လည်း အပျော်မယ်များနှင့် ပျော်ပါးခြင်းစသည်များသည်လည်း အပြစ်ကျူးလွန်ရာ ရောက်ပါသလားဘုရား။
(၄) ၄င်းအပြင် အမျိုးသမီးတစ်ယောက်မှ နောက်တစ်ယောက်ပြီးတစ်ယောက် ထပ်ယူခြင်းသည် အပြစ် သင့်ပါသလားဘုရား။
(၅) တပည့်တော်တို့ မြန်မာသမိုင်းတွင် ဘုရင်အဆက်ဆက်သည် အမျိုးသမီးများစွာထားရှိပါသည်ဘုရား။ ထိုမင်းများသည် မင်းကျင့်တရားနဲ့ ညီညွတ်ပါသလားဘုရား။
(၆) ထို့ပြင် သိကြားမင်းသည်လဲ နတ်ပြည်တွင် နတ်သမီး (၂၅၀၀၀၀၀၀)နှင့်နေခြင်းသည် ဘယ်လိုဘုန်းကံမျိုးပါလဲဘုရား။
(၇) မိဘအုပ်ထိန်းသူအောက်တွင်ရှိသော အမျိုးသမီးနှင့် ရယ်ငန်၍ ကျူးလွန်နေကြသော်လည်း (အမျိုးသမီးသည် ခွင့်ပြုကြည်ဖြူ၏) နောင်တွင် လက်ထပ်ယူကြလျင်လည်း အပြစ်ဖြစ်ပါသလားဘုရား။ မည်ကဲ့သို့အပြစ်ရှိပါသလဲဘုရား။ ကံကိုကျူးလွန်တိုင်း အပြစ် ဖြစ်ပါသလားဘုရား။
အထက်ပါမေးခွန်းများကို တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ဖြေကြားပေးတော်မူပါဘုရား။

အင်း ပထမဦးဆုံး ကာမေသုမိစ္ဆာစာရကံနဲ့ ပတ်သတ်ပြီး သိထားရမည်က လောကတွင် လောက၀စ္စ၊ ပဏ္ဏတ္တိဝစ္စဟု နှစ်မျိုးရှိရာ ဒီကံတရားသည် လောက၀စ္စထဲတွင် ပါဝင်ပေသည်။ လောက၀စ္စဆိုသည်မှာ မိမိနှင့်ကိုယ်ချင်းစာပြီး နားလည်သိရှိ သဘောပေါက်ရမည် ဖြစ်ပါသည်။ သူတစ်ပါးသားမယားကို မိမိက ကျုးလွန်မယ်လို့ စိတ်ပေါ်လာတဲ့အခါမှာ မိမိစိတ်ထဲမှာ ဒီလိုလေး တွေးတောကြည့် သင့်ပါတယ်။ ငါကျုးလွန်မဲ့ မိန်းကလေးဟာ ငါ့ရဲ့ မိခင်၊ အမ၊ နှမဆိုလျှင်ရော ငါဘယ်လိုခံစားရမလဲ။ အဲဒီလိုတွေးတောတဲ့အခါမှာ မိမိရဲ့မောင်နှမ ဆွေမျိုးသားချင်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် မိမိစိတ်ရဲ့ ခံစားချက်အတိုင်း တစ်ဘက်လူမှာလည်း သူနဲ့ဆက်စပ်သူများ ဘယ်လိုခံစားရမယ် ဆိုတာ တွေးဆကြံဆနိုင်ပါလိမ့်မယ်။ အဲဒါကြောင့် ကာမေသုမိစ္ဆာစာရကံကို မကျုးလွန်မိအောင် ရှောင်ကြဉ် သင့်ပါတယ်။

ကာမေသုမိစ္ဆာစာရကံထိုက်သည့် အင်္ဂါရပ်များကို ပထမဦးဆုံး ပြောပြပါမယ်။
၁။ အဂမနိယဌာနတာ - မသွားလာအပ်သော အရာဌာနဖြစ်ခြင်း။
၂။ သေ၀နာစတ္တံ - မှီဝဲလိုသော စိတ်ရှိခြင်း။
၃။ မဂ္ဂေနမဂ္ဂပဋိပတ္တိ - မဂ်ခေါ်လိင်ဖြင့် လိင်ထဲသို့ သွင်းခြင်း။
၎။ သာဒိယနံ - သာယာခြင်း။
ဒီအင်္ဂါ (၄)ရပ်လုံးပြည့်စုံမှ ကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်။ ဒီလေးပါးထဲက အင်္ဂါတစ်ပါးပါး ချို့ယွင်းလျှင် ကံမထိုက်ပေ။ သို့သော် တစ်ပါးပါးကျုးလွန်မိလျှင် ကာမေသုမိစ္ဆာစာရကံလောက် အပြစ်မကြီးသော အကုသိုလ်၊ ဝဋ္ဋ်ကြွေးတော့ ဖြစ်သည်။

သူတပါး၏ ခင်ပွန်း၊ ဇနီး၊ မယားတို့ကို သဘောတူ၍ဖြစ်စေ၊ မတူပဲဖြစ်စေ ပြစ်မှားကျူးလွန်ခြင်းကို ပါရဒါရကံ ဟုခေါ်သည်။ ပရဒါရကံက ကာမေသုမိစ္ဆာစာရကံထက် ပို၍ အပြစ်ကြီးပါသည်။ ကာမေသုမိစ္ဆာစာရကံထက်ပို၍ ဆိုးရွှားသော အပြစ်ထိုက်သည်။ ကာမေသုမိစ္ဆာစာရကံ ဆိုသည်မှာ မိမိတရားဝင်ယူထားသော ယူထားသူမှအပ အုပ်ထိန်းခြင်းမကင်းသော မိန်းမ(၂၀)ကို သဘောတူ၍ဖြစ်စေ၊ မတူ၍ဖြစ်စေ ကာမဆက်ဆံလျှင် ကာမေသုမိစ္ဆာစာရကံထိုက်ပေသည်။
အဆိုပါ မိန်းမ(၂၀)တို့မှာ
၁။ အမိအုပ်ထိန်းသောသူ။
၂။ အဘအုပ်ထိန်းသောသူ။
၃။ အမိအဘစုံ အုပ်ထိန်းသောသူ။
၎။ မောင်ကြီး မောင်ငယ် အုပ်ထိန်းသောသူ။
၅။ အမကြီး အမငယ် အုပ်ထိန်းသောသူ။
၆။ ဆွေမျိုးတို့ အုပ်ထိန်းသောသူ။
၇။ အမျိုးအနွယ်တို့ အုပ်ထိန်းသောသူ။
၈။ အပေါင်းအသင်း မိတ်ဆွေသီတင်းသုံးဖော်တို့ အုပ်ထိန်းသောသူ။

၎င်းမိန်းမ(၈)ဦးတို့ကို ကျူးလွန်လျှင် ယောက်ျားတွေမှာသာ ကံထိုက်၍ မိန်းကလေးများမှာ ကံမထိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုမိန်းကလေးများသည် သူတို့ကာမကို သူတို့ပိုင်သေးသောကြောင့် ဖြစ်သည်။ မိဘစသော အုပ်ထိန်းစောင့်ရှောက်သူများကို တစ်ပါးသူက တရားဝင် မတောင်းယူရသေးသောကြောင့် ဖြစ်ပေသည်။ ခုခေတ် မြန်မာ လူဘောင်လောကမှာ ကိုယ်အချင်းချင်း သဘောတူရင် မပြစ်မဖြစ်ပါဘူးဆိုတဲ့ အနောက်တိုင်း အယူအဆတွေ ၀င်ရောက်လာပါတယ်၊ အမှန်က အဲဒီလို မဟုတ်ပါဘူး ကိုယ်အချင်းချင်း ဘယ်လိုပဲ သဘောတူနေပါစေ သူ့ကိုထိန်းသိမ်း စောင့်ရှောက်တဲ့ သူတွေရှိပါတယ်။

၉။ ထိန်းမြား (တစ်နည်း) လက်ထပ်ပြီးသောသူ။
၁၀။ ဘုရင်ကောက်ယူရန် သတ်မှတ်ထားသောသူ။
၁၁။ ဥစ္စာဖြင့် ၀ယ်ယူထားသောသူ (ပြည်တန်ဆာမ)။
၁၂။ အလိုတူ ပေါင်းသင်းနေသောသူ။
၁၃။ ပုဆိုးတန်းတင် ပေါင်းသင်းနေသောသူ။
၁၄။ စည်းစိမ်ကိုပေး၍ ပေါင်းသင်းနေသောသူ။
၁၅။ ရေခွက်၌ လက်ဆုံချ၍ မိဘက ပေးစားထားသောသူ။
၁၆။ ခေါင်းခုချ၍ လင်မယားအဖြစ် နေသောသူ။
၁၇။ ကျွန်ကို မယားပြုထားသောသူ။
၁၈။ အမှုလုပ်ကို မယားပြုထားသောသူ။
၁၉။ စစ်မြေပြင်မှ သုံးပန်းရခဲ့သောသူ။
၂၀။ ခေတ္တမျှပေါင်းရန် ငှားယူထားသောမိန်းမ တို့ပင် ဖြစ်ပေသည်။

ထိုတွင် အမှတ်(၉)မှ(၂၀)ထိ မိန်းမ(၁၂)ယောက်အနက် တစ်ယောက်ယောက်ကို လွန်ကျူးလျှင် ယောက်ျားရော မိန်းမပါ ကာမေသုမိစ္ဆာစာရကံ ထိုက်ပေသည်။ ထို့ပြင် မိမိမယားပင် ဖြစ်စေကာမူ အောက်ပါအကြောင်း (၄)ပါကြောင့်လည်း ကံထိုက်ပါသည်။
၁။ ကိုယ်ဝန် အလွန်ရင့်သောအခါ။
၂။ မိဘ၊ဆရာ၊ သူတကာမြင်၍မသင့်သောနေရာ။
၃။ ကျင့်ရိုး ကျင့်စဉ် မဟုတ်သော နည်းစနစ်များဖြင့် ကျင့်ခြင်း။
၎။ ဆေးဝါးမှီးဝဲ ရှိမြဲအင်္ဂါထက် လွန်နေခြင်းတို့ပင် ဖြစ်ပေသည်။

ဒကာမေးထားတဲ့ မေးခွန်းများကို ဦးဇင်းတစ်ခုချင်းစီ ထပ်ရှင်းပြပေးပါမယ်။ နံပါတ်(၁-၂)သည် အထက်ပါအုပ်ထိန်းသူ (၂၀)ထဲ မပါရှိလျှင်တော့ အပြစ်မရှိပါ။ အုပ်ထိန်းသူရှိနေလျှင်တော့ အပြစ်ရှိပေသည်။
နံပါတ်(၃)သည် မိမိမှာ ကာမပိုင်ရှိသောကြောင့် မည်သည့်မိန်းမမျိုးနှင့်မဆို ကျူးလွန်လျှင် အပြစ်ရှိပေသည်။
နံပါတ်(၄) အုပ်ထိန်းသူခွင့်ပြုချက်ရ၍ နောက်ထပ်မိန်းမယူလျှင် မိမိသည် တရားဝင် တောင်းယူထားသောကြောင့် အပြစ်မရှိပါပေ။
နံပါတ်(၅) ဘုရင်များသည် မိဖုရားကောက်ယူရာ၌ တရားဝင်လက်ထက်ယူထားလျှင် အပြစ်မရှိပေ။ တိတ်တိတ်ပုန်းယူလျှင်တော့ မင့်ကျင့်တရား၌လည်း ငါးပါးသီလ လုံခြုံရမည့်ဖြစ်၍ အပြစ်ရှိပြီး မင့်ကျင့်တရားနှင့်မညီပေ။
နံပါတ်(၆) သိကြားမင်းသည် အရင်လူ့ဘ၀က မာဃအမည်နှင့် လမ်းပြင်ခြင်း၊ တံတားဆောက်ခြင်း၊ ဇရပ်ဆောက်ခြင်းစတဲ့ ကောင်းမှုများ လုပ်ခဲ့၍ သိကြားမင်းဖြစ်ပြီးလျှင် ယခုပွင့်ခဲ့တဲ့ ဂေါတမဘုရားရှင်လက်ထက်တွင် ဘုရားရှင်ထံခဏခဏသွားပြီး တရားနာခဲ့ခြင်းကြောင့် သောတာပန်ဖြစ်သွားပါတယ်။ အဲဒီသောတာပန်ဖြစ်ပြီးနောက် အရင်သိကြားမင်း ဘ၀ကနေ ယခုတစ်ဖန်ဆက်လက်ပြီး သိကြားမင်း ဖြစ်ရပါတယ်။ နတ်မိဖုရားများရခြင်းကတော့ နတ်သမီး ဖြစ်လာမည့်သူများသည် နတ်သားများ၏ ဗိမာန်တွင်း၊ ဗိမာန်ရှေ့တည့်တည့်တွင် မဖြစ်ဘဲ လေးဘက်လေးလံ နတ်သားများ၏ဗိမာန်ကြားတွင် လာဖြစ်ပါက သိကြားမင်းသည် နတ်သားများ အငြင်းပွားစရာ လုစရာ ဖြစ်နေလျှင် သူကပဲ ကောက်ယူခြင်းကြောင့် နတ်မိဖုရားများရခြင်း ဖြစ်ပေသည်။
နံပါတ်(၇) မိန်းကလေးဘက်က ကြည်ဖြူသော်လည်း မိဘစသောအုပ်ထိန်းသူများထံ တရားဝင်ခွင့်မတောင်းရသေးဘဲ ကျုးလွန်လျှင် အပြစ်ရှိပေသည်။ စေ့စပ်ခြင်းစသည့် တရားဝင်အုပ်ထိန်းသူများထံ ခွင့်တောင်းပြီးသားဖြစ်လျှင်တော့ တကယ်လည်း တရားဝင်လက်ထက်ယူဖြစ်ပါက အပြစ်မရှိပါပေ။
လောကမှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တ၀ါမှန်သမျှဟာ သတိလက်လွတ်မှုကြောင့် မမှားသင့်တဲ့ အမှားလေးတွေ မှားနေကြပါတယ်။ တချို့အမှားလေးတွေကျတော့ မိမိဘက်က မှန်တယ်ထင်ရပေမဲ့ သူတော်ကောင်းတွေ အမြင်မှာတော့ မှားတဲ့အရာဖြစ်နေပါတယ်။ ယနေ့ခေတ်တွင် လူငယ်များဟာ ကာမကိစ္စများနဲ့ပတ်သတ်ပြီး မှားသင့်တဲ့အရာလား၊ မမှားသင့်တဲ့ အရာလားဆိုတာ ခွဲခြားဝေဖန်ခြင်း လေ့လာခြင်းမရှိဘဲ စိတ်ကိုအလိုလိုက်ကာ အလွယ်တကူ မှားယွင်းနေကြပါတယ်။ တကယ်ဆို ကာမအမှုဟာ မိမိအတွက် အပြစ်နဲ့အကျိုး ဘယ်ဟာက ပိုများသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။

ဒါပြင် ယခုခေတ်လူငယ်များ ကျုးလွန်နေကြတဲ့ ကာမမှုများဟာ များသောအားဖြင့် ကာမေသုမိစ္ဆာစာရကံနဲ့ မကင်းဘူးဖြစ်နေပါတယ်။ မိမိတို့ဟာ ဘယ်လိုမိန်းမယောက်ျားနဲ့ ကျုးလွန်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်မလဲဆိုတာ သေချာမသိကြပါ။ တချို့ကျတော့လည်း သိသိကြီးနဲ့ မိုက်နေကြတာလည်း ဖြစ်ပါမယ်။ အဲဒီလိုမိုက်နေတာဟာ ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများကို မိမိတို့က သေချာမစဉ်းစား မလေ့လာထားလို့ပါ။ တကယ်တမ်း လေ့လာဆင်ခြင် စဉ်းစားမယ်ဆိုရင် ဒီကာမေသုမိစ္ဆာစာရကံရဲ့အကျိုးဟာ မျက်မှောက်တမလွန် နှစ်ဘ၀လုံးအတွက် ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ သိပါလိမ့်မယ်။

****ခုတော့ အဲဒီလိုမသိတဲ့အတွက် ယနေ့ခေတ်လူငယ်များဟာ ကာမကိစ္စကို အလွယ်တကူ ဘာမှမဖြစ်ဟုထင်နေပြီး ကျုးလွန်နေကြပါတယ်။ ဒါဟာလည်း တခြားနိုင်ငံက ကံတရား “ကံ” ကံ၏အကျိုးပေးကို မယုံကြည်ကြတဲ့လူတွေရဲ့ လုပ်ရပ်များကို အတုယူလို့လည်း မမှားသင့်တာ မှားနေကြတာပါ။ မိန်းကလေးများကလည်း မိမိတို့ဣနြေ္ဒသိက္ခာကို မထိန်းဘဲ ဒီလိုပြုကျင့်ခံရတာဟာ ထည့်တွက်စရာ မလိုပါလို့ ထင်ထားသော်လည်း နောက်ပိုင်း မဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခါ ကိုယ့်ရင်သွေးရဲ့ အသက်ကိုတောင် အလွယ်တကူ သတ်ဖြတ်ကြပါတယ်။ အဲဒီတော့ တစ်မှုကနေနှစ်မှုထိ အဆင့်တိုးကာ မကောင်းမှုများ ဖြစ်လာပါတယ်။ အဲဒီလို လူသားတိုင်းမှာ မကောင်းမှုတွေ များလာမယ်ဆိုရင် သဘာဝကပ်ဆိုးတွေကလည်း ဖြစ်လာမှာပါ။ အဲဒီတော့ သဘာဝကပ်ဆိုးတွေက လွတ်ကင်းပြီး နောက်နောင်ဘ၀တွေမှာလည်း ဆင်းရဲဒုက္ခမရောက်ရအောင် ကာမအမှုအမှားများမှ ရှောင်ကြဉ်ရပါမယ်။*****

ယခုခေတ်တွင် နိုင်ငံတိုင်း၌ မေထုန်မှုပြုလုပ်ခြင်းကို ခေတ်စားနေလောက်အောင် လူသားတို့စိတ်တွင် အာရုံပြု ကျုးလွန်းနေကြသည်ကို စာဖတ်သူတို့ မြင်ဖူးကြားဖူးပေလိမ့်မည်။ ခေတ်ကာလသည် ကိလေသာများ များပြားလာသော ခေတ်လာလဖြစ်လာသည့်နဲ့အမျှ လူသားစိတ်တို့တွင် ကာမစိတ်များ မွန်ထူလျက်ရှိနေကြပေသည်။

ထို့တွင် မိန်းကလေးများနှင့် ကောင်လေးများ မသိသလိုလို သိသလိုလိုနဲ့ ကျူးလွန်နေသော အပြစ်များသည် ကြာလေဆိုးရွားစွာ ဖြစ်လာလေဟု ထင်မြင်မိပါသည်။ ထိုသို့ပြုမှုခြင်းများသည် သိရဲ့သားနဲ့ လုပ်တာလား မသိလို့များ လုပ်နေကြတာလားဟု စဉ်းစားမရ၍ မေထုန်မှုကိစ္စများနဲ့ ပတ်သတ်သော သိသင့်သော အကြောင်းအရာများကို အနည်းငယ်တင်ပြပေးလိုက်ပါသည်။
အိမ်ထောင်ရှိပြီးသားသူများက ကျန်တစ်ပါးသူနဲ့ ကျုးလွန်လျှင် ကာမေသုမိစ္ဆာစာရကံထိုက်၍ အပြစ်ရှိတယ်ဆိုတာ သိပေကြလိမ့်မည်။ သိရက်နဲ့ မိုက်တာသာ ဖြစ်ပေမည်။ အိမ်ထောင်မပြုသေးသူများ မေထုန်အကျင့်ကို ပြုကျင့်တာသည် အပြစ်မရှိဟု မှတ်ထင်နေသော သူများ ရှိပေလိမ့်မည်။ ထို့ကြောင့် ထိုသို့သောသူများအတွက် တင်ပြပေးပါမည်။

ကာမေသုမိစ္ဆာစာရကံတွင် မသွားကောင်းသော မိန်းမ(၂၀)ဆိုတာ ရှိပါတယ်။ ထိုအထဲတွင် အမိ၊ အဖ၊ မိဘနှစ်ပါး၊ အကိုမောင်၊ အမညီမ၊ ဆွေမျိုး၊ အမျိုးအနွယ်၊ သူငယ်ချင်းများ အုပ်ထိန်းသော မိန်းမ(၈)ယောက်တွင် ကျူးလွန်သော ယောက်ျား၌ ကာမေသုမိစ္ဆာစာရ အပြစ်ထိုက်၍ ကျုးလွန်ခံရသော မိန်းကလေးမှာ အပြစ်မထိုက်ပါ။ သို့သော် တစ်ချို့သော ယောက်ျားလေးများက ပြောပေလိမ့်မည်။ မိန်းကလေးက သဘောတူ၍ ပြုကျင့်တာ အပြစ်မရှိဟု။ တရားဝင် စောင့်ရှောက်သူများ၏ ခွင့်ပြုချက်မရဘဲ ကာမကို ယူခြင်းကြောင့် အပြစ်ရှိပေသည်။ နှစ်ဦးသဘောဖြစ်၍သာ အပြစ်နည်းနည်း လျော့ရုံသာဖြစ်သည်။ နှစ်ဦးသဘောမတူပါက ပို၍အပြစ်ကြီးသည်။ ကာမေသုမိစ္ဆာစာရကံ ကျုးလွန်တဲ့အခါ အလိုတူမဟုတ်ဘဲ အနိုင်အထက်ပြုကျင့်ရင် အပြစ်ပိုကြီးပြီး နှစ်ဦးသဘောတူလို့ ကျူးလွန်ရင်တော့ အပြစ်နည်းနည်းသာ လျော့ပါတယ်။ နှစ်ဦးသဘောတူ ကျုးလွန်တဲ့အခါမှာလည်း ကိလေသာအားကြီး,မကြီး၊ လုံ့လအနည်းအများလိုက်ပြီး အပြစ်အကြီးအသေး ကွာခြားပါတယ်။

ထိုသို့မဟုတ်ဘဲ မိန်းကလေးဘက်ကလည်း သဘောမတူဘဲ ကျူးလွန်လျှင် ထိုသူသည် အပြစ်များစွာ ထိုက်ပေသည်။ သီလရှိသော မိန်းကလေးကို ကျူးလွန်မိလျှင် ပို၍ပို၍အပြစ်များပါသည်။ ထို့ကြောင့် ရှေးဆရာကြီးများက ´မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ´ဟုပြောဆိုခဲ့သည်။ မိန်းမများက ခေါ်အိပ်သည့်တိုင် မိမိကိုယ်ပိုင်မိန်းမမှတစ်ပါး မိန်းမ(၂၀)နဲ့ မအိပ်ကြဖို့ ဆုံးမခဲ့ခြင်း ဖြစ်ပေသည်။

မိန်းကလေးများက သူတို့၏ ကာမကို မည်သူကမျှ တရားဝင်စောင့်ရှောက်သူများထံမှ လာမတောင်းထားသေးပါက သူတို့ကိုယ်ပိုင် ဖြစ်နေသေး၍ အပြစ်မရှိခြင်း ဖြစ်ပေသည်။ စောင့်ရှောက်သူများထံမှ တရားဝင်တောင်းပြီးသော စေ့စပ်ပြီးသော မိန်းကလေးများ တစ်ပါးသူနဲ့ ဖောက်ပြန်ပါက အပြစ်ရှိပေသည်။ ကာမကို ကိုယ်မပိုင်တော့သောကြောင့်တည်း။
အမျိုးသားဘက်ကလည်း လွတ်လပ်သူမှန်ကန်မယ် အမျိုးသမီးဘက်ကလည်း စေ့စပ်ထားသူစတဲ့ ပိုင်ဆိုင်သူမရှိသေးဘူး။ ဒါပေမဲ့ မိဘသဘောမတူလို့ ခိုးထွက်ပြေးပြီး နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးကာ လွတ်လပ်စွာ မယားအမှတ်နဲ့ ပေါင်းသင်းဆက်ဆံရင် ဆန္ဒ၀ါသီနီ-အလိုတူနေလို့ မယားအရာမြောက်တဲ့အတွက် ကံမထိုက်ပါ။

ဒီနေရာမှာ လက်မှတ်ထိုးတဲ့ရုံးဌာနဟာ နိုင်ငံတော်က လုပ်ပိုင်ခွင့်ပေးထားတဲ့ နေရာဖြစ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အုပ်ချုပ်သူများဆိုတာ ပြည်သူများရဲ့အုပ်ထိန်းသူများ ဖြစ်ပါတယ်။ ဒါကြောင့် ရုံးတက်လက်မှတ်ထိုးတာဟာ တရားဝင်ဖြစ်သွားလို့ ကံမထိုက်တာပါ။ တကယ်လို့ မိမိတို့က တရားဝင် လက်ထက်ယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပြီး နှစ်ဦးသဘောတူ လွတ်လပ်တဲ့ချစ်သူများ ကျုးလွန်မိကြရင် လက်ထက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် အပြစ်အနည်းငယ် သေးပါသေးတယ်။ သို့သော် လက်မထက်ဖြစ်ခဲ့ဘူးဆိုရင်တော့ ကံထိုက်တဲ့အတွက် အပြစ်ပိုကြီးပါလိမ့်မယ်။

ကာမပိုင်ရှိတဲ့သူဟာ လူဇာတ်မဟုတ်တဲ့ တိရိစ္ဆာန်တို့နဲ့ ကျူးလွန်ရာရင်လည်း ကာမေသုမိစ္ဆာစာရဖြစ်ပါတယ်။ ဘူရိဒတ်နဂါးမင်းကြီးဟာ သီလ ဆောက်တည်ကြောင်း၊ ယုန်, ဖျံ, မြေခွေး, မျောက်တို့သည်လည်း သီလဆောက်တည်ကြောင်းကို ကျမ်းဂန်တို့၌ လာရှိတဲ့အတွက် တိရစ္ဆာန်များမှာလည်း ငါးပါးရှစ်ပါးစတဲ့ သီလများရှိကြပါတယ်။ ဒါကြောင့် တိရိစ္ဆာန်နဲ့ကျုးလွန်ရင်လည်း ကံထိုက်ပါတယ်။ ကောသလဘုရင်ရဲ့ မိဖုရားကြီးဖြစ်တဲ့ မလ္လိကာဟာ ခွေထီးနဲ့ဖောက်ပြန်မှုကို သာယာမိခဲ့လို့ ကာမေသုမိစ္ဆာစာရကံ အပြစ်ဖြစ်ခဲ့ရတာပါ။

အရူးမကို မိဘစသည်တို့က၄င်း၊ တစ်ယောက်ယောက်က၄င်း၊ အုပ်ထိန်းသူရှိရင် ကျုးလွန်သူမှာ ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။ ယောက်ျားချင်းချင်းသော်လည်း ၀စ္စမဂ်၊ မုခမဂ်တို့ကိုကျူးလွန်ရင် ကာမေသုမိစ္ဆာစာရ ကံထိုက်တယ်လို့ ဆရာကြီးတော်များ မိန့်ဆိုခဲ့ပါတယ်။

ထုံးစံဓမ္မတာမို့သာ မိန်းမကို ကာမေသုမိစ္ဆာ စာရအရ ယူကြတာပါ။ ယောက်ျားကိုလည်း ကာမေသုမိစ္ဆာစာရအရ ယူရပါမယ်။ ဒါကြောင့် ယောက်ျားချင်းချင်း ကျုးလွန်ရာတွင်လည်း မိန်းကလေးများနည်းတူ အုပ်ထိန်းသူရှိသူမယ် ကာမပိုင်ရှိမယ်ဆိုရင် ကံထိုက်ပါတယ်။
ဒါကြောင့် မိမိတို့ဟာ သူတစ်ပါးသား၊သမီး၊ဇနီး၊လင်များကို ကျုးလွန်ချင်တဲ့စိတ်ပေါ်လာရင် ငါကျုးလွန်မယ့် မိန်းကလေး၊ ယောက်ျားလေးနေရာမှာ ငါ့ရဲ့မယား၊ချစ်သူ၊မိခင်၊အမ၊နှမကို သူများကကျုးလွန်မယ်ဆိုရင် ငါဘယ်လိုခံစားရမလဲ? ပြီးတော့ ငါ့လင်၊ငါ့မယား၊ငါ့ချစ်သူဟာ သင်ဖောက်ပြန်သလိုမျိုး သူများနဲ့ဖောက်ပြန်ရင် သင်ဘယ်လိုခံစားရမလဲ? ဝဋ်ဆိုတာ လည်နေတယ်ဆိုတာ သတိရစေချင်ပါတယ်။ အခုဘဝမှာ ဒီလိုလူမျိုးနဲ့တွေ့ကြုံဆုံရတာဟာ မိမိကိုတဖန် ပြန်ဝဋ္ဋ်ကြွေးဆပ်စေတာပဲ ဖြစ်ပါတယ်။ ဘယ်သူမပြု မိမိမှုပါပဲ။ “သင့်ပြုသောကံ ပဲ့တင်သံ သင့်ထံပြန်လာမည်” ဒီဆောင်းပုဒ်လေးကို ဆောင်ထားရင် အကုသိုလ်ကို ရှောင်ကြဉ်စိတ်တိုးပွားလာမှာပါပဲ။

အဲဒီလူနေရာမှာ ငါဆိုရင်ရော ဘယ်လိုခံစားရမလဲ စတာတွေ တွေးတောကြည့်ရပါမယ်။ အဲဒီလိုတွေးတောတဲ့အခါမှာ မိမိရဲ့ မယား၊ချစ်သူ၊ မောင်နှမ၊ ဆွေမျိုးသားချင်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် မိမိစိတ်ရဲ့ခံစားချက်အတိုင်း တစ်ဘက်လူမှာလည်း သူနဲ့ဆက်စပ်သူများ ဘယ်လိုခံစားရမယ်ဆိုတာ တွေးဆကြံဆ နိုင်ပါလိမ့်မယ်။ အဲဒီလိုသာ ရှေးနောက် စဉ်းစားတွေးခေါ်မယ်၊ မိမိစိတ်ကို သတိဖြင့် ထိန်းချုပ်မယ်ဆိုရင် ကာမေသုမိစ္ဆာစာရ အမှုများမှ ရှောင်ကြဉ်နိုင်မှာပါ။

ရှေးဆရာတော်ကြီးများက “ကာမရောဂါ ကိုယ်တွင်းနာ ကို ဟီရိဩတ္တပ် ပညာညှပ်၍ နှိပ်ကွပ်နိုင်ပါတယ်”လို့ မိန့်ဆိုထားတာ ရှိပါတယ်။ အဲဒီလို မိမိတို့က ကာမကိစ္စဟာ ဟီရိသြတ္တပ္ပကင်းမဲ့တဲ့ အလုပ်ဖြစ်တဲ့အတွက် မိမိတရားဝင်ယူထားသူမှလွဲ၍ တခြားသူများကို မပြစ်မှားမိအောင် ပညာဉာဏ်ကို သတိဖြင့် ထိန်းချုပ်ထားရပါမယ်။ လူသားများမှာ မိမိတရားဝင်ယူထားတဲ့ ဇနီး၊မယား၊လင်သားတို့နဲ့ ကျုးလွန်လို့ရပါတယ်။ ရဟန်းသံဃာများမှာ ဘယ်သူနဲ့မှ ကျုးလွန်လို့မရပါဘူး။ ကိလေသာ မကင်းသေးတဲ့ လူအတူတူ ရဟန်းသံဃာများတောင် ကာမကိစ္စကို ထိန်းနိုင်သေးရင် လူသားများလည်း မိမိတရားဝင် ကျုးလွန်လို့ရတဲ့ဟာမှတစ်ပါး တခြားဟာကို မကျုးလွန်မိအောင် စောင့်ထိန်းနိုင်ရမှာပါ။

“ငါတို့လူတွေက ဒါတွေမစောင့်ထိန်းနိုင်လို့ ဒီလိုနေတာကွ” ဆိုရင်လည်း တရားဝင်ယူပြီး ကျုးလွန်လို့ရတာနဲ့ မလုံလောက်သေးဘဲ စိတ်တိုင်းကျ ကာမေသုမိစ္ဆာစာရကံ ကျုးလွန်နေမယ်ဆိုရင်တော့ နောက်နောင်ဘ၀တွေမှာ ကိုယ့်အလှည့် ကျရောက်လာမှာမို့ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားရပါလိမ့်မယ်။ မိမိက ကံကောင်းလို့ မြင့်မြတ်တဲ့ယောက်ျားဘ၀လေး ရလာတာကို နောက်ဘ၀တွေမှာ ထပ်ကံကောင်းအောင်မလုပ်ဘဲ မြင့်တဲ့ဖိုဓာတ်ဘ၀ကနေ ယုတ်နိမ့်တဲ့ မဓာတ်ဘ၀ကို ရောက်အောင် လုပ်နေမယ်ဆိုရင် ကိုယ်အလှည့်လည်း ခံရဦးမယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ကိုယ်ယောက်ျားဘ၀ ရတုန်းကတော့ ထင်တိုင်းကျဲလာခဲ့ပြီး ကိုယ့်အလှည့်ကျမှ ကြောက်ပါပြီ မဖြစ်ကြပါစေနဲ့။ အဲဒီလိုမဖြစ်အောင် ယခုရရှိနေတဲ့ လူ့ဘ၀လေးမှာ မမှားသင့်တာ မမှားရအောင် သတိထားနေထိုင်ဖို့ လိုပါတယ်။

မိန်းကလေးများကလည်း မိမိတို့ အရင်ဘ၀တွေက မကောင်းတာလုပ်ခဲ့လို့ ယခုမျက်မှောက်မှာ ယုတ်နိမ့်တဲ့ဘ၀ရနေတာကို ကျေနပ်မနေဘဲ နောက်နောင်ဘ၀တွေမှာ မြင့်မြတ်တဲ့ ယောက်ျားဘ၀ရအောင် ကြိုးစားဖို့လိုပါတယ်။ ဘယ်လိုပဲ ယောက်ျားနှင့်မိန်းမ တန်းတူယှဉ်နိုင်ပါတယ် ပြောပါစေ…. ယုတ်နိမ့်တဲ့ဘ၀၊ အနိမ်ခံရတဲ့ဘ၀၊ အနိင်ကျင့်ခံရတဲ့ဘ၀ကတော့ မလွတ်တာအမှန်ပါ။ အဲဒါကြောင့်မို့ မိန်းမဘ၀ကနေ ယောက်ျားဘ၀ရဖို့အတွက် ယခုဘ၀မှာ မိန်းကလေးဣနြေ္ဒနှင့်နေပြီး မမှားသင့်တာ မမှားရအောင် သတိထား နေထိုင်ရပါမယ်။

ဒါကြောင့် လူသားအားလုံး ရရှိလာတဲ့လူ့ဘ၀လေးမှာ မမှားသင့်တဲ့အမှားများ မပြုလုပ်မိအောင် သတိထားဆင်ခြင်ကာ နောက်အနာဂတ် ဘ၀များ ကောင်းစားရေးကိုသာ အဓိကထား လုပ်ဖို့လိုပါတယ်။ ယခု မိမိတို့ဟာ လူ့ဘ၀ကိုရနေပြီမို့ ဒီဘ၀မှာ ကြုံရမဲ့ဆင်းရဲဒုက္ခဟာ အသေးအဖွဲလေးပဲ ဖြစ်ပါတယ်။ နောက်ဘ၀များစွာဟာ မိမိဘယ်လိုဘ၀တွေရောက်ပြီး ဘယ်လိုဆင်းရဲတွေ ကြုံရဦးမလဲဆိုတာ မသိနိုင်ပါ။ ဒါကြောင့် မသိနိုင်သေးတဲ့ဘ၀ကို ချမ်းသာမှုတွေနဲ့ ရင်ဆိုင်ရအောင် ယခုကတည်းက ပြင်ဆင်ထားဖို့ လိုပါတယ်။ တကယ်လို့ မိမိတို့က အမှားတွေပဲလုပ်ပြီး လူ့ဘ၀ကြီးကို ဖြတ်သန်းသွားမယ်ဆိုရင် ဒု၊တ၊န၊သော လေးယောက်ကဲ့သို့ နောက်မှနောင်တ တွေရနေပါလိမ့်မယ်။ အဲဒီလိုနောင်တတွေမရဖို့ရန် ယခုကတည်းက မမှားသင့်တာမမှားရအောင် သတိထားကြပါကုန်။

အခုခေတ်လူငယ်များ မသိ၍ကျုးလွန်မိမှာဆိုးသောကြောင့် တင်ပြပေးလိုက်ခြင်း ဖြစ်ပေသည်။ တကယ်တော့ ကာမဂုဏ်စိတ်ဟာ မိမိရဲ့စိတ်ထိန်းနိုင်မှုပေါ်မှာ မူတည်ပါပေသည်။ တဏှာကို ပယ်သတ်နိုင်သော ရဟန္တာမဖြစ်သေးသမျှ ပုထုဇဉ်လူသားတိုင်းတွင် ထိုစိတ်များရှိပေသည်။ ထိုတွင် စိတ်ထိန်းနိုင်မှုနှင့်မထိန်းနိုင်မှုသာ ကွာပေလိမ့်မည်။ စိတ်ထိန်းနိုင်သောသူသည် အပြစ်မရှိ၍ ဒုက္ခ မရောက်ပေ။ စိတ်မထိန်းနိုင်သောသူသည် ယခုဘ၀လည်း ဒုက္ခတွေ့ နောင်ဘ၀လည်း ဆင်းရဲပေလိမ့်မည်။ ကာမေသုမိစ္ဆာစာရကံ၏ ဆိုးကျိုးများကို သာဓကဖြင့် တင်ပြပေးပါမည်။

အထက်ပါ မိန်းမ(၂၀)မှ တစ်ကနေရှစ်အထိ ပါဝင်နေသော မိန်းကလေးများမှာမှု ကာမေသုမိစ္ဆာစာရကံတော့ မထိုက်ပေ။ သို့သော် ယောက်ျားများအား သွေးဆောင်မာယာများမှုရှိပါက အကုသိုလ်အပြစ်တော့ ဖြစ်ပေသည်။ ထို့ပြင် အိမ်ထောင်ကျပြီးသူများသည် မိမိတရားဝင်ယူထားသော မိန်းမမှတစ်ပါး ကျန်သောသူများနှင့် အယုတ်ဆုံး ပြည်တန်ဆာမနှင့် ကျုးလွန်လျှင်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်ပေသည်။

အိမ်ထောင် မကျသေးသောသူများသည် အုပ်ထိန်းသူက ခွင့်ပြုထားသော ပြည်တန်ဆာမလည်းဖြစ်၊ ကာယကံရှင် ပြည်တန်ဆာမကလည်း ကြည်ဖြူမည်၊ သူများစပွန်ဆာ ပေးထားတာလည်း မရှိသေးလျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ဘဲ ရာဂသောင်းကျန်မှု အကုသိုလ်အကြီးစား ဖြစ်ပေသည်။ ထိုနေရာ၍ တစ်ခုပြောချင်သည်မှာ ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာမည် ဆိုတာသိစေချင်ပါသည်။ ကိုယ်ကပွေလျှင် ပွေသောသူနှင့်တွေ့မည်။ ၀ဋ်ဆိုသည်မှာ လည်တတ်စမြဲပင်။ ၀ဋ်ဆိုသည်မှာ အင်မတန် ကြောက်စရာကောင်းပါသည်။ ပြီးလျှင် ထိုကဲ့သို့ ပွေသောသူများအတွက် AIDS လေးလုံးရောဂါကလဲ ကြိုဆိုနေလိမ့်မည်။

ကာမေသုမိစ္ဆာရကံသည် အလွန်ကြောက်စရာကောင်းသော အပြစ်ဖြစ်ပေသည်။ ကျွတ်တမ်းဝင်မည့် အရှင်အာနန္ဒာ၊ ဣသိဒါသီထေရီမ ပါရမီရှင်ကြီးများသည်ပင် ကျွတ်တမ်းဝင်မည့် ဤဘဒ္ဒကမ္ဘာ တစ်ခုသောဘ၀တွင် ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်မိခဲ့သောကြောင့် ဆင်းရဲပေါင်းစုံနဲ့ ကြုံတွေ့ခံခဲ့ရပေသည်။ အရှင်အာနန္ဒလျောင်းလျာသည် ငရဲ၌ နှစ်ပေါင်းများစွာ၊ လူပြည်၌ မိန်းမဘ၀၊ ပဏ္ဍုတ်ဘ၀တို့ ဖြစ်ခဲ့သည့်အပြင် တိရစ္ဆာန်ဘ၀ပေါင်းများစွာတို့၌ အထီးဖြစ်သော်လည်း ဝှေ့စေ့အထုတ်ခံရသော ဆင်းရဲဒုက္ခများစွာဖြင့် ကြုံတွေ့ခဲ့ရပေသည်။

ဣသိဒါသီထေရီမသည်လည်း ကျွတ်တမ်းဝင်မည့် ဤဘဒ္ဒကမ္ဘာ လူ့ဘ၀တစ်ခုဝယ် ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့ခြင်းကြောင့် ငရဲ၌နှစ်ပေါင်းများစွာ ဒုက္ခခံရပြီးနောက် ကျွတ်တမ်းဝင်မည့် ယခုဘ၀ပင်လျှင် လင်ယောက်ျားအမျိုးမျိုးကို မိန်းမကောင်းအင်္ဂါဖြင့် ပြုစုပေးခဲ့သော်လည်း လင်ယောက်ျားတို့၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပေသည်။ မိဘများက ချမ်းသာပြီး သူ့၏ရုပ်အင်္ဂါကလည်းလှ မယားကျင့်ဝတ်လည်းညီအောင် နေပေခဲ့သော်လည်း ကာမေသုမိစ္ဆာစာရကံကြောင့် ယောက်ျားများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးမှ ရဟန္တာထေရီမဖြစ်ခဲ့ရပေသည်။

လောက၌ မိတ်ဆွေကောင်းလျှင် ကောင်းကျိုးများရသကဲ့သို့ အပေါင်းအသင်းများ မကောင်းလျှင်လည်း ယခုဘ၀တွင် မကောင်းမှုများ ပြုလုပ်တတ်ကြပေသည်။ အပေါင်းအသင်းမကောင်း၍ မကောင်းမှုများလုပ်မိလျှင် ယခုဘ၀တွင်လည်း ဘ၀ပျက် လမ်းဘေး ရောက်တတ်သလို နောင်ဘ၀တွင်လည်း ဆိုးကျိုးများနဲ့သာ ရင်ဆိုင်ရပေလိမ့်မည်။

တစ်ချို့က သူများက မြောက်ပင့်ပြောဆိုပေးလျှင် ကောင်းတဲ့အလုပ်လား မကောင်းတဲ့အလုပ်လားဟု မစဉ်းစားမဆင်ခြင်ဘဲ လုပ်တတ်ကြပေသည်။ တစ်ချိ့က သတ္တိရှိတာနှင့် မိုက်မဲတာကို မခွဲခြားတတ်ပေ။ ကောင်းတဲ့အလုပ်ကို သူများထက်သာအောင် သူများမလုပ်ရဲ သည့် အလုပ်ကို လုပ်ဆောင်ပေးခြင်းကိုသာ သတ္တိရှိခြင်းဖြစ်ပြီး မကောင်းမှုကို သူများထက်သာအောင် သူများမလုပ်ရဲတာကို လုပ်ရဲခြင်းသည် မိုက်မဲခြင်းဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ လူ့ဘ၀၀ယ် အပေါင်းအသင်းများ ရွေးချယ်စီစစ် စဉ်းစားဆင်ခြင်ကာ ပေါင်းသင်းတတ်ရန်လည်း လိုပေသည်။

မိမိတို့ရဲ့ ဘ၀ပေါင်းများစွာတွင် လူ့ဘ၀ကိုရဖို့ရန် ခဲယဉ်းသလို ဗုဒ္ဓ၏အဆုံးအမများကို သိရှိနားလည်ပြီး ကောင်းမှု မကောင်းမှုကို ခွဲခြားတတ်သောဘ၀ကို ရဖို့ရန်လည်း ခက်ခဲပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ယခုဘ၀၀ယ် လူ့ဘ၀လည်းရ ဗုဒ္ဓရဲ့သာသနာနဲ့ကြုံတွေ့၍ အသိဉာဏ်ကောင်းလေး ရှိနေချိန်ဝယ် မကောင်းမှုများကို တတ်နိုင်သလောက် ဆင်ခြင်ပြီး ရှောင်ကြဉ်ကြရန် အထူးလိုအပ်ပါကြောင်း စေတနာ မေတ္တာများဖြင့် တင်ပြပေးလိုက်ပါပေသတည်း။

ဒကာမေးထားတဲ့ မေးခွန်းတွေရဲ့ တစ်ခုချင်းစီကိုရော၊ ကာမေသုမိစ္ဆာစာရကံထိုက်သည့် အင်္ဂါရပ်များကိုရော၊ မကျုးလွန်သင့်သည့် မိန်းကလေးများကိုရော၊ မကျင့်သင့်သည့်အချိန်ကာလ နည်းစနစ်များကိုပါ ရှင်းပြပြီးဆိုတော့ ဒီလောက်ဆို ရှင်းမည်ထင်ပါသည်။ ဒါ့ကြောင့် ဒီမှာပဲ ဦးဇင်းရဲ့အဖြေကို နိဂုံးချုပ်ရင်း လူသားအားလုံး ကာမေသုမိစ္ဆာစာရကံမှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါပေသည်။ အရှင်ကောာမလ(ခ)ဆန်နီနေမင်း သာသနတက္ကသီလဓမ္မာစရိယsanninaymin@gmail.com B.A (Buddhism) M .A (university of Kelaniya) ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
အောက်ပါကျမ်းစာအုပ်များကို ဖတ်ရှု့လေ့လာပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။
(၁) အဘိ၊ ဋ္ဌ၊ ၁၊ ၁၄၁၊
(၂) အာဂမနီယ၀တ္ထု(တည်တောဆရာတော်)
(၃) မဃဒေ၀လင်္ကာသစ် အပိုဒ်-၂၃၂
(၄) ပါရာဇိကဏ်အဋ္ဌကထာ
(၅) ဣတိဝုတ်၊ဋ္ဌ၊ ၂၂၀
(၆) ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂၀၄
(၇) သံခိပ်ဋီကာ
(၈) ဘာသာဋီကာ
(၉) ဆဂတိဒီပနီ
(၁၀) စွယ်စုံကျော်ထင်ကျမ်း

ခင်ပွန်းကြီးဆယ်ပါး ဆိုတာ ..

ခင်ပွန်းကြီးဆယ်ပါး ဆိုတာ ..

၁။ ဗုဒ္ဓ – သဗ္ဗညုတ မြတ်စွာဘုရားရှင်
၂။ ပစ္စေကဗုဒ္ဓါ - ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ
၃။ ရဟန္တာ – အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာများ
၎။ အဂ္ဂသာဝက – မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ
၅။ မာတာ – မွေးသမိခင်
၆။ ပိတ – မွေးသဖခင်
၇။ ၀ုဒ္ဓါ – မိမိထက် အသက်၊ သိက္ခာ၊ သီလ စသည်တို့၌ ကြီး၍ မြင့်မြတ်သူ
၈။ အာစရိယ – ဆရာမြတ်
၉။ ဟိတကရ – မိမိအပေါ် ကိုယ်၊ နှုတ်၊ နှလုံးဖြင့် ကူညီဖူးသူ
၁၀။ ဓမ္မကထိက – မြတ်သောတရား ဟောကြားပြသသည့် ပုဂ္ဂိုလ်။

(ဦးသက်စိန်- မြတ်ဗုဒ္ဓသာသနာ့အခြေခံ စာအုပ်)

-----------------------------------------

ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်း

ဘုရားတပည့်တော်သည်သံသရာအစမှစ၍ ယနေ့ တိုင်အောင်॥

၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ် ၌ လည်းကောင်း၊

၂။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊

၃။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောသာဝကရဟန္တာအရှင်
ကိုယ်တော်မြတ်ကြီး တို့ ၏အပေါ်၌လည်းကောင်း၊

၎။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂ္ဂသာဝက၊မဟာသာဝက
ရဟန္တာအရှင်ကိုယ်တော်မြတ်ကြီး တို့ ၏အပေါ်၌လည်းကောင်း၊

၅။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊

၆။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့ ၏ အပေါ်၌လည်းကောင်း၊

၇။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့ ၏အပေါ်၌လည်းကောင်း၊

၈။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သောဆရာသမားတို့ ၏
အပေါ်၌လည်းကောင်း၊

၉။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ် တို့ ၏အပေါ်၌လည်းကောင်း၊

၁၀။ထမင်းတစ်လုတ် ရေတစ်မုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်
ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ ၏အပေါ်၌လည်းကောင်း၊
ကာယကံ၊၀စီကံ၊မနောကံတစ်ပါးပါးဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါက ထိုအပြစ်တို့ ကို
ပျောက်ပါစေခြင်း အကျိုးငှာရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးပူဇော်ကန်တော့ပါ၏ အရှင်ဘုရား။

ဤသို့  ရှိခိုးပူဇော်ဖူးမျှော်မာန်လျော့ကန်တော့ရသော
ကောင်းမှုကံစေတနာတို့ ကြောင့် အလုံးစုံသော
ဘေးရောဂါအန္တရာယ်အပေါင်းတို့ မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော
သစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်၍နိဗ္ဗာန်သို့ 
စံဝင်နိုင်သောကိုယ်ဖြစ်ရပါလို၏ အရှင်ဘုရား။
လောကီမင်္ဂလာအဖြာအဖြာတို့ သည်လည်း စိတ်ကြံတိုင်း၊တောင်းတတိုင်းလွယ်ကူလျင်မြန်စွာပြည့်စုံ၍
နှလုံးစိတ်ဝမ်းအေးချမ်းရပါလို၏ အရှင်ဘုရား။

------------------------------------

ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားလျှင် ကျရောက်တတ်သော ရောဂါများမှာ -

၁) ရောဂါဆန်းတွေ ဖြစ်တတ်သည်။
၂) စီးပွားကို ခက်ခဲ ဆင်းရဲ ပင်ပန်းစွာ ရှာရတတ်သည်။
၃) ခန္ဓာကိုယ် နာကျင် ကျိုးကန်း ထိခိုက်ဒဏ်ရာ ရတတ်သည်။
၎) ပွေး၊ ၀ဲ၊ ယားနာ အရေပြားရောဂါ ဖြစ်တတ်သည်။
၅) ဘေးရန် အန္တာရာယ် ကျရောက်တတ်သည်။
၆) မင်းဘေးမင်းဒဏ် သင့်တတ်သည်။
၇) အကဲ့ရဲ့ အစွပ်စွဲ ခံရတတ်သည်။
၈) ဇနီး၊ မယား သမီး သားနှင့် ရှင်ကွဲ၊ သေကွဲ ကွဲတတ်သည်။
၉) လွန်စွာ ဆင်းရဲ ဒုက္ခရောက်တတ်သည်။
၁၀) ဥစ္စာ ပစ္စည်းများ အရောင်းအ၀ယ် မဖြစ်၊ အလိမ်ခံရ၊ အခိုးခံရ၊ ဓားပြတိုက်ခံရ၊ မီးလောင်ခံရ စသည်ဖြင့် တနည်းနည်းဖြင့် ဆုံးရှူံးသွားတတ်သည်။

(ပိုင်းလော့ ဆရာတော်)

-----

ဤသူများ ကို ကာယကံ ၊၀စီကံ မနောကံ၊ တို့ ဖြင့်ပြစ်မှားစော်ကားမိပါက ရရျိနိုင်မယ့် ဒဏ်ကြီးဆယ်ပါးကတော့
၁။ ဝေဒနာကြီးမား
၂။လျော့ပါးစည်းစိမ်
၃။နေအိမ်မီးလောင်
၎။အင်္ဂါကျိုးပြတ်
၅။နူနာဝဲစွဲ
၆။စိတ်ဖောက်ရူးသွပ်
၇။ မမှန်စွပ်စွဲ
၈။မင်းပြစ်ဒဏ်သင့်
၉။ပြိုကွဲမျိုးဆွေ
၁၀။ရွှေငွေ ကျွဲနွား ယွင်းဖောက်ပြားက ဆယ်ပါးမျက်မှော ဒဏ်ကြီးရောက်၍ နောက်၌မသွေ သေပြန်လေသော် ငရဲ့ ကြီးစွာ လားဖို့ ရာတည်း ။

(ဓမ္မရံသီဆရာတော် ဦးသုနန္ဒ)

-----------------------------------------

ခင်ပွန်းကြီး ၁၀ ပါးအကြောင်း သိလိုသူများအတွက်ဖြစ်ပါတယ် ... ဒီ Post လေးကို ကျနော်ကိုယ်တိုင် ဟိုစာအုပ်က ကူး ဒီစာအုပ်က ကူးနဲ့  ကူးထားတာပါ ... အင်တာနက်စာမျက်နှာတွေမှာ အပြည့်အစုံရှာမတွေ့ တာနဲ့ တွေ့ တဲ့စာအုပ်တွေထဲက ကူးပြီးတင်ပေးတာဖြစ်ပါတယ် ...

ရေးမိရေးရာလေးများ

Friday, August 3, 2012

ကုသိုလ် အကုသိုလ် ?

ကျွန်တော် စာမရေးဖြစ်တာ အတော်ကြာသွားပြီဆိုတာ ဆိုဒ်ကို မှန်မှန်ဝင်ဖတ်တဲ့ မိတ်ဆွေတွေ သတိထားမိကြမှာပါ။ အကြောင်းပြချက်တွေကတော့ အများကြီးပေါ့ဗျာ။ ထုံးစံအတိုင်း “ကျန်းမာရေး သိပ်မကောင်းလို့” ၊ “စားဝတ်နေရေးအတွက် လုံးပန်းနေရလို့” ၊ “အင်တာနက်ကွန်နက်ရှင်တွေ မကောင်းလို့” စသည်ဖြင့်ပေါ့ဗျာ။ ဆင်ခြေဆင်လက်တွေ ပေးမယ်ဆိုရင် ပေးလို့ရပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဆင်ခြေတွေပါ။

အမှန်ကတော့ အချက်(၂)ခုကြောင့်ပါ။ နံပါတ်(၁) အချက်က စာရေးရတာ“ပျင်း” နေလို့ပါ။ စာရေးရတာ နဲနဲ ပျင်း သွားပြီ။ ဘလော့ဂ် စ, လုပ်ခါစကတော့ တက်တက်ကြွကြွပေါ့ဗျာ။ ဆောင်းပါး တစ်ပုဒ် တင်ပြီး နောက်ထပ် ဘာအကြောင်း ရေးရမလဲ စဉ်းစားလိုက် ၊ ခေါင်းစဉ်လေးရလာရင် စိတ်ကူးထဲမှာ စာစီလိုက် ၊ ချရေးလိုက် ၊ အချောသတ်ပြီး ပို့စ်တင်လိုက် နဲ့ ပေါ့ဗျာ။ ဖတ်တဲ့ လူတွေကလည်း သိပ်ကောင်းတယ် ၊ သိပ်ကြိုက်တယ် ဆိုပြီး မြှောက်ပေးဆိုတော့ တစ်လကို အနည်းဆုံး ပို့စ် (၄) ခု (၅) ခုကတော့ အသာလေးပေါ့ဗျာ။ နောက်တော့ လူ့သဘာဝအတိုင်း အပျင်းက နဲနဲဖက်လာတယ်။ ငြီးငွေ့စပြုလာတယ်။ ဒါကြောင့် စာရေးကြဲလာတယ်။

နံပါတ်(၂) အချက်ကတော့ ကျွန်တော့ရဲ့ ဘလော့ဂ်ကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ လူတစ်ချို့ ကြောင့်လဲ စာသိပ်မရေးဖြစ်တော့တာပါ။ ကျွန်တော် ဒီလို ဘလော့ဂ်တွေကို စိတ်ပါလက်ပါ ရေးနေတဲ့ အချိန် လူအများစုက အားပေးအားမြှောက် လုပ်ပေးနေတဲ့ အချိန် ၊ ကိုယ့်နာမည်လေးလည်း ကြီးသင့်သလောက် ကြီးလာတဲ့ အချိန်မှာ ကျွန်တော့်ကို စိတ်ဒုက္ခ မရောက် ရောက်အောင် နည်းမျိုးစုံ နဲ့ ဒုက္ခပေး နေတဲ့ လူတွေလည်း ပေါ်လာတယ်။ နာမည်တွေ အမျိုးမျိုးမို့ (လူတွေလို့သာ ပြောရတာပါ ၊ အမှန်က (၂)ယောက်ထဲပါ ၊ နာမည် အတုတွေကတော့ အများကြီးပေါ့ဗျာ။ ဘယ်သူတွေဆိုတာ နာမည်ရင်းတွေနဲ့ တိတိကျကျ သိပါတယ်) ။ ဘယ်ရမလဲဗျာ။ ဗေဒင် နဲ့ ဂမ္ဘီရပညာကို လိုက်စားလာခဲ့တဲ့ နှစ်ပေါင်းက (၃၅)နှစ်တောင်မှ ရှိပြီဘဲ ။ ဘယ်သူက ကိုယ့်မိတ်ဆွေ ၊ ဘယ်သူက ကိုယ့်ရန်သူ ဆိုတာ မသိဘဲ နေမလား။

ဗေဒင်ပညာဆိုတာ ဖုန်းကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်တဲ့ ပညာမဟုတ်လားဗျာ။ တစ်သက်လုံး ဒါကိုဘဲ လိုက်စားလာတာ ဒီလောက်တော့ အပျော့ပေါ့။ နာမည်ဝှက်နဲ့ ဒုက္ခပေးတဲ့သူတွေ ဘယ်သူတွေဆိုတာ ဖော်ထုတ်ဖို့အတွက် နာမည်ဖေါ်တဲ့ (ဂမ္ဘီရပညာ) နည်းတွေ တတ်ထားပါတယ် ( “ရှိုး” တာ မဟုတ်ဘူးနော် ၊ တကယ်တတ်တာ)။ အဲဒီ လူမျိုးတွေကြောင့်လည်း စာရေးချင်စိတ် ကုန်လာတယ်။ မတတ်နိုင်ဘူးလေ။ ကိုယ့်ကံ ပေါ့။ “ပြုသူအသစ် ၊ ဖြစ်သူအဟောင်း” ဆိုတာလို ကိုယ်ကတော့ အတိတ်က သူများကို စိတ်ဒုက္ခပေးဘူးလို့ ခံနေရတာ ၊ သူတို့ကတော့ နောင်အနာဂါတ်မှာ စိတ်ဒုက္ခတွေ့ရအောင် ကိုယ့်ကံကြမ္မာ အသစ်ကို ဖန်တီးနေကြတာပေါ့ဗျာ။

ကိုယ် ၀ဋ်ရှိလို့ ကိုယ်ခံရတာ ပြန်ပြီး ဒုက္ခပေးဖို့ စိတ်မကူးပါဘူး။ ဒုက္ခပေးချင်ရင် လွယ်လွယ်လေးပါ။ ဆရာကြီး ဦးကြာမြင့် ပြောသလို “သစ်ရွက် (၂)ရွက် နဲ့ လူသတ်လို့ ရတယ်ကွ” ဆိုသလိုဘဲ။ “ဓာတ်ပညာ” နဲ့ လူတစ်ယောက်ကို ကောင်းကောင်း ဒုက္ခရောက်အောင် လုပ်လို့ရပါတယ်။ အောက်လမ်းပညာမဟုတ်ဘူး ။ စုန်းပညာမဟုတ်ဘူး။ “ဓာတ်ပညာ” ပါ ။ သစ်ရွက်နှစ်ရွက် (တိတိကျကျ ပြောရရင် သစ်ရွက်နှစ်မျိုး ဘဲ လိုပါတယ်)။ ဒီပညာကို မထင်မှတ်ဘဲ ကျွန်တော်ဘ၀တစ်ကွေ့မှာ ကြုံတွေ့ခဲ့ရတဲ့ အညတြ ဆရာတစ်ယောက်ကနေ သင်ပေးလို့ တတ်မြောက်ဘူးပါတယ်။ သူ့နာမည်ကို ဘယ်တော့မှ မထုတ်ဖော်ပါနဲ့လို့ မှာကြားဘူးလို့ ကျွန်တော့် သင်ဆရာတွေထဲမှာ ထည့်ပေးမထားပါ။

ဒါပေမယ့် ဗုဒ္ဓရဲ့ တရားတော်တွေကို နက်နက်ရှိုင်းရှိုင်း လေ့လာဆည်းပူးထားပြီး ဘ၀သံသရာကြီးကို ငြီးငွေ့နေတဲ့ လူတစ်ယောက်အတွက် သံသရာ ရှည်မယ့် အလုပ်တွေ ဘယ်တော့မှ မလုပ်ပါဘူးဗျာ။ ကိုယ့်ဝဋ်ကြွေးကို ကုန်သွားအောင် အပြီးဆပ်လိုက်ပါတော့မယ်။ ကျွန်တော့်ကို တိုက်ခိုက်နေသူတွေ စိတ်ရှိလက်ရှိ တိုက်ခိုက်နိုင်ပါတယ်။ စိတ်ကျေနပ်သည် အထိတိုက်ကြပါ။ ကျွန်တော် ခံနိုင်သလောက် ခံပါ့မယ်။ မခံနိုင်တဲ့ အဆုံး ဒီဝက်ဆိုဒ်တွေ ၊ ဖေ့စ်ဘုတ်တွေ ပိတ်ပစ်လိုက်ရုံဘဲ ရှိတာပေါ့။

ဒါပေမယ့် တစ်ခုတော့ သတိပေးလိုက်မယ်။ “ကိုယ်ပြုသည့်ကံ ပဲ့တင်သံ” တဲ့။ ကိုယ့်အလှည့်ကျရင်တော့ မနွဲ့ကြနဲ့ပေါ့ဗျာ။ ဗုဒ္ဓဘာသာမှာ ထူးဆန်းတဲ့ ကမ္မနိယာမ ရှိတယ်။ ကုသိုလ်ဘဲဖြစ်ဖြစ် ၊ အကုသိုလ်ဘဲဖြစ်ဖြစ် ကိုယ်က လုပ်လိုက်တာက တစ်ခါ နှစ်ခါ ဘဲ ။ ဒါပေမယ့် ပြန်ခံရရင် အကြိမ်ပေါင်း များစွာ ၊ ဘ၀ပေါင်း များစွာ ပြန်ခံရပါတယ်။ စံစားစရာ ရှိရင်လည်း ဒီလိုဘဲ အကြိမ်ပေါင်း ဘ၀ပေါင်း များစွာ စံစားရပါတယ်။

နောက်တစ်ခု ကျွန်တော် ယုံကြည်တာ တစ်ခုရှိတယ်။ ယုံကြည်တာ ဆိုတာထက် လက်တွေ့ တွေ့မြင်နေရတာ တစ်ခု ရှိတယ်။ အဲဒါက “၀ဋ် ဆိုတာ နောင်ဘ၀ မကူးဘူး” ဆိုတဲ့ စကားပါဘဲ။

ဒီစကား တကယ် မှန်ပါတယ်။ ကိုယ့် မျက်စေ့အောက်မှာတင် လူတစ်ချို့ဟာ (သူတို့ အကုသိုလ်ကံ အကျိုးပေးချိန် မရောက်ခင်မှာတော့ ) လက်မထောင် ၊ အာဏာပြ ၊ သူတစ်ပါးကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်အောင်လုပ် ၊ မတရားသဖြင့် စီးပွားရှာနဲ့ - ဟော သိပ်မကြာပါဘူးဗျာ။ တစ်ယောက်ပြီး တစ်ယောက် သေသူသေ ၊ ရောဂါ ရသူရ ၊ ရာထူးကျသူကျ ၊ စီးပွားပျက်သူပျက် ၊ အိမ်ထောင်ကွဲသူကွဲ ၊ မိသားစု သေကွဲ ရှင်ကွဲ နဲ့ ဖရိုဖရဲဖြစ်သူဖြစ် ၊ လူတွေရဲ့ အစွန့်အပယ်ခံဘ၀ ရောက်သူ ရောက်နဲ့ ၊ ဖြစ်လိုက်ကြတာ ဖြစ်လိုက်ကြတာ - ကိုယ့်အသက် (၅၀) ဆိုတဲ့ ကာလအပိုင်းအခြားအတွင်းမှာ မျက်မြင်ကိုယ်တွေ့ဘဲ ဗျို့ ။ နောင်ဘ၀တောင် မကူးလိုက်ဘူး။ ဘယ်သူတွေဆိုတာတော့ မပြောတော့ပါဘူး။ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဘဲ ပြောကြပါစို့။

ကျွန်တော်ဆီမှာ ဗေဒင်လာမေးဘူးတဲ့ လူတစ်ယောက်ဆိုရင် ၁၉၉၅ ခုနှစ်လောက်မှာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ (၁၀)သန်းလောက်တောင် ရှိပါတယ်။ မတရားတဲ့ နည်းလမ်းမျိုးစုံနဲ့ စီးပွားရှာခဲ့သူပေါ့ဗျာ။ နောက်တော့ သူ ထောင်ကျသွားတယ်။ ထောင်ကလွတ်လာတော့ မိန်းမဆုံးတယ်။ သားတစ်ယောက်က ဆေးစွဲပြီး ရူးသွားတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျဘဲ စီးပွားဆက်လုပ်တာ အကြီးအကျယ် လူလိမ်ခံလိုက်ရတယ်။ အဲဒီအချိန်လောက်မှာ ကျွန်တော်နဲ့ တွေ့ခဲ့ရတာဘဲ။ နောက်ဆုံး ဒေါ်လာ (၁၀)သန်း ချမ်းသာကြွယ်ဝခဲ့တဲ့သူဟာ အိမ်က အဲယားကွန်း ၊ ပန်ကာ စတဲ့ ပစ္စည်းတွေကို ဖြုတ်ရောင်းစားရတဲ့ ဘ၀ကို ရောက်သွားတယ်။ ကျွန်တော့် မျက်စေ့အောက်တွင်နော် ။ သံဝေဂ ရစရာ အလွန်ကောင်းပါတယ်။

လူတွေဟာ အကုသိုလ်ကို မကြောက်မရွံ့လုပ်နေကြတာဟာ အကုသိုလ်ရဲ့ အကျိုးပေးကို ကောင်းကောင်းနားမလည် လို့ ဖြစ်မယ်လို့ ကျွန်တော် ယူဆတယ်။ တကယ်နားလည်ရင် တကယ်ကြောက်ဖို့ကောင်းပါတယ်။ တစ်ချို့ကျတော့လည်း သူများသာ ဖြစ်တာ ငါမဖြစ်ဘူးလို့ အတ္တကြီးကြီးနဲ့ အကောင်းမြင်နေကြတာလဲ ဖြစ်မယ်။ အကုသိုလ်က ဘယ်သူ့ကိုမှ ချမ်းသာမပေးပါဘူး။ မြတ်စွာဘုရားကိုတောင်မှ ချမ်းသာမပေးဘဲ ၀ဋ်ကြွေးကို ဆပ်ရသေးတာ ကျန်တဲ့ သူတွေက ဘယ်လိုလူစားမျိုးမို့ “မကောင်းတာ လုပ်ပြီး အကုသိုလ်ကို မခံရမှာလဲ” ၊ ဖြေကြည့်စမ်းပါ။

အခုထိ မဖြစ်သေးရင် အချိန်မကျသေးလို့ဘဲ မှတ် ။ ကံမ္မနိယာမဟာ ရှုတ်ထွေးနက်နဲတာကြောင့် လူနှစ်ယောက်ဟာ အကုသိုလ်တစ်ခုကို အတူတူလုပ်ပေမယ့် အကျိုးပေးချိန်ခြင်း မတူတတ်ကြပါဘူး။ ဒါဟာ ဟိုးအတိတ်က လုပ်ထားခဲ့တဲ့ ကုသိုလ်တွေရဲ့ အရှိန်အ၀ါတွေ ကြောင့် အချိန်ကာလခြင်း ကွာခြားမှု ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ မေးလာဖို့ ရှိတာက “ကုသိုလ် ၊ အကုသိုလ်” ဆိုတာ ဘာလဲ။ လူတွေ သိသလိုလို နဲ့ ယောင်ဝါးဝါး ဖြစ်နေတဲ့ ကိစ္စနော်။ သီလစောင့်မှ ကုသိုလ်လား ၊ ဒါနပြုမှ ကုသိုလ်လား ၊ ဘာဝနာပွားမှ ကုသိုလ်လား ၊ ဘုရားမှန်မှန် ရှိခိုးမှ ကုသိုလ်လား ၊ ဘုရားကျောင်းမှန်မှန်တတ်မှ ကုသိုလ်လား ၊ ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ အပြစ်ကို ၀န်ခံလိုက်တာနဲ့ ကုသိုလ်လား ၊ ဘုရားကို အစွမ်းကုန် ယုံကြည်ချက် ထားလိုက် ကြေက်ရွံ့ရိုသေလိုက်တာနဲ့ ကုသိုလ် ဖြစ်သလား ၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာ ကြီးပွားတိုးတက်ဖို့ဆိုပြီး အပြစ်မဲ့တဲ့ လူသားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတာကို ကုသိုလ်လို့ ခေါ်မလား ၊ ကျွန်တော်တို့ အသိဉာဏ်ကြီးကြီးနဲ့ စဉ်းစားဖို့ သင့်ပြီ။

ဘာသာတရားတိုင်းမှာ “ယုံကြည်မှု” ဆိုတာ လိုအပ်ပေမယ့် လွန်ကဲတဲ့ ယုံကြည်မှုဟာ အသိဉာဏ်(ဝေဖန်ပိုင်းခြားနိုင်မှု) ကို လုံးဝ ပိတ်ပင်တားဆီးထားတတ်တယ်။ တစ်ခါတစ်လေမှာ ယုံကြည်မှု ဆိုတာကို ဘေးခဏ ချထားပြီး ဖြစ်နိုင်မဖြစ်နိုင်ကို အသိဉာဏ်မြင့်မြင့် နဲ့ စဉ်းစားကြည့်ရင် တစ်ချို့ ကိစ္စတွေဟာ မဖြစ်နိုင်ဘူးဆိုတာ တွေ့လာရလိမ့်မယ်။

ကျွန်တော်ယုံကြည်တဲ့ လူမျိုးမရွေး ၊ ဘာသာမရွေး လူသား အားလုံးနဲ့ သက်ဆိုင်နေတဲ့ “ကုသိုလ် ၊ အကုသိုလ်” ဆိုတာကတော့ “ခင်ဗျားကြောင့် လူတစ်ယောက် (သို့) လူအများ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရင် ခင်ဗျားဟာ အကုသိုလ် ဖြစ်ပြီ” ။ ဒီလိုဘဲ “ခင်ဗျားကြောင့် လူတစ်ယောက် (သို့) လူအများ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေရင် ခင်ဗျားဟာ ကုသိုလ်တရားဖြစ်ပြီ” ။ အဲဒီ တစ်ကြိမ်တစ်ခါ ပြုလုပ်မိတဲ့ “ကုသိုလ် ၊ အကုသိုလ်” ဟာ ယခုဘ၀မှာဘဲ ပုံစံတူ (သို့) ပုံစံကွဲနဲ့ မုချ အကျိုးပေးမှာ ဖြစ်ပါတယ်။

တစ်ချို့က ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ် အကျိုးပေးနေတာကို အကျိုးပေးမှန်းမသိဘူး။ စီးပွားတွေက တစ်ရှိန်ရှိန်တက်နေ တုန်း ၊ တန်ခိုးသြဇာက ကြီးထွားနေတုန်းဆိုတော့ အကုသိုလ်က တခြားနည်းနဲ့ လှည့်ဝင်နေတာ သူမသိဘူး။ သူက စီးပွားကို ကျုံးရှာနေချိန်မှာ မိန်းမက လင်ငယ်နေ နေတာ သူမသိဘူး။ သားတွေ ဆေးစွဲနေတာ သူမသိဘူး။ သမီးတွေ ပျက်စီးနေတာ သူမသိဘူး။ သူ သိပ်နေမကောင်းလို့ ဆေးသွားစစ်တာ ဆီးချို အပြင်းစား ဖြစ်နေတယ် ဆိုတာကို အကုသိုလ်အကျိုးပေးတာလို့ သူမသိဘူး။ ဒီ ဆီးချိုရောဂါကြောင့် ဟိုဟာစားမရ ၊ ဒီဟာ စားမရ နဲ့ ချမ်းသာပါရက်နဲ့ “လူပြိတ္တာ” ဖြစ်နေရတာ အကုသိုလ်ပါလားလို့ သူမသိဘူး။ နောက်ဆုံး သူ့စီးပွားတွေ ပျက် ၊ ရာထူးတွေ ကျ ဘ၀မျိုးရောက်တာတောင်မှ ကိုယ့်ပြုခဲ့တဲ့ အကုသိုလ်ကံအကျိုးပေးချိန် ရောက်ပြီဆိုတာ သူမသိသေးဘူး။ ဒီနှစ် ကံဇာတာ မကောင်းလို့ပါ။ နောက်နှစ်ပြန်ကောင်းမှာပါဆိုတဲ့ မျှော်လင့်ချက်က ထားတုန်း။

ဒါကတော့ “ကုသိုလ် နဲ့ အကုသိုလ်” အပေါ် ကျွန်တော့်ရဲ့ ခံယူချက်ဘဲဗျ။ ရှင်းရှင်းလေးပါ။ သူများ စိတ်ဆင်းရဲအောင် လုပ်ရင် အကုသိုလ် ၊ သူများ စိတ်ချမ်းသာအောင်လုပ်ရင် ကုသိုလ်” ဒါဘဲဗျ။ စိတ်ဆင်းရဲပြီဆိုကတည်းက ကိုယ်လည်း ဆင်းရဲပြီ ပေါ့ဗျာ။

ပြီးခဲ့တဲ့ လ,က အနှစ် (၃၀)ကျော် ကွဲကွာနေတဲ့ “ကိုမိုးဆန်း” ဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပြန်တွေ့တယ်။ ဒါနဲ့ သူငယ်ချင်းတွေ (၁၀)ယောက် လောက် လိုက်စုပြီး (၈)မိုင် “ရွှေဘဲ” မှာ စားကြသောက်ကြတယ်။ အဲဒီ သူငယ်ချင်းက သူလည်း ဗေဒင်ပညာကို အတော်အသင့် တတ်မြောက်တယ်။ အဲဒီဝိုင်းမှာ ကျွန်တော်က ဘီယာတွေ တစ်ခွက်ပြီးတစ်ခွက်သောက်နေတော့ သူက အံ့သြနေတယ်။ သူက မသောက်တတ်ဘူးလေ။ မသောက်တတ်ဘူးဆိုတာထက် ဘုရားမကြိုက်လို့ တမင်ရှောင်ထားတာ။ သူက ကျွန်တော့်ကို မေးတယ်။ ဘာ “စရဏ” အလုပ်ကို လုပ်လဲတဲ့။ ကျွန်တော်က ဖြေလိုက်တယ်။ “ဘာမှ မလုပ်ဘူး” လို့။

တကယ်ဟုတ်ပါတယ်။ တစ်ချို့က ဗေဒင်ဆရာဆိုတော့ ဘုရားနဲ့ တရားနဲ့ ၊ စိတ်ပုတီးလေးနဲ့ ၊ ပိတ်ဖြူ (သို့) အညိုရောင် နဲ့ နေမယ်။ အဓိဌာန်ဝင်မယ်။ သာသနာပြုမယ်။ ဒီလိုထင်နေတယ်။ ကျွန်တော်ကတော့ ဘုရားလည်း မှန်မှန် မရှိခိုးဘူး။ ပုတီး မစိပ်ဘူး။ အဓိဌာန်ဆို တစ်ခါမှ မ၀င်ဘူးဘူး။ တစ်ခါတစ်လေ လူ့လောကကြီးကို ငြီးငွေ့လာရင် မိုးကုတ်ဆရာတော်ကြီး တရားကို နာတယ်။ တစ်ခါတစ်လေ စိတ်ရွှင်မြူးနေရင် ဘီယာသောက်တယ်။ ၀ိုင်သောက်တယ်။ အရက်ပြင်းကတော့ ခန္ဓာကိုယ်က လက်မခံလို့ သောက်လို့မရဘူး။

အိမ်မှာနေရင် ညအိပ် ဘောင်းဘီနဲ့ စွတ်ကျယ် နဲ့ဘဲ နေတယ်။ ကျွန်တော် တစ်ခါတစ်လေ ဘီယာသောက်လို့ ဘယ်သူမှ စိတ်မညစ်ရဘူး။ ဘီယာမူးလာရင် ကလေးတွေကို စ,တယ် ။ မိန်းမကို နောက်တယ်။ သူတို့ စိတ်ပျော်လာအောင် လုပ်တယ်။ စားစရာ အမြီးတွေ အများကြီးဝယ်ပြီး ကလေးတွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စားကြတယ်။ ဘယ်သူ့ကိုမှ “မရစ်ဘူး” ကိုယ့်ကြောင့် စိတ်မညစ်စေရဘူး။

ကိုယ့်လုပ်ငန်းကို ဖြူဖြူစင်စင်ရိုးရိုးသားသားလုပ်တယ်။ မလိမ္ဘူး။ မေကာက္ဘူး။ လှည့်ဖျားပြီး ငွေမယူဘူး။ ပရိယာယ် ဆင်ပြီး ကန်တော့ချင်လာအောင် မလုပ်ဘူး။ နောက်ဆုံး ကျေးဇူးတင်လို့ ကန်တော့တာတောင်မှ အကြိမ်များလာရင် မယူတော့ဘူး။

(စင်္ကာပူမှာနေတဲ့ ဦးဝင်းမောင်ညို နဲ့ ဒေါ်သင်းသင်းညို တို့ မောင်နှမ ဆိုရင် ပိုက်ဆံတွေ လှမ်းလှမ်းပို့ပြီး ကန်တော့လွန်းလို့ ကျွန်တော် စိတ်ဆိုးတာကို ကိုယ်တွေ့ပါ ၊ စင်္ကာပူက ကျဉ်းကျဉ်းလေးပါ။ ဒီနာမည်မျိုးတွေ့ရင် ကျွန်တော့် အကြောင်းမေးကြည့်၊ ဟုတ်မဟုတ်ကို ၊ သို့မဟုတ် မြန်မာနိုင်ငံထဲက “ရွှေဥရာစုသစ်” ရွှေဆိုင်ပိုင်ရှင် ဒေါ်ရွှေဥ နဲ့ ခင်မင်ရင် မေးကြည့် ၊ ငွေနဲ့ ပတ်သက်ရင် ကျွန်တော် ဘယ်လိုလူစားလဲ ဆိုတာ။ တကယ်လို့ မရိုးသားတဲ့ ဗေဒင်ဆရာဆိုရင်တော့ သူတို့လို လူချမ်းသာမျိုးက ကိုးကွယ်ပြီဆိုရင် ရတနာသိုက်ပေါ့ဗျာ)

နောက်ပြီး ကိုယ်ရတဲ့ ၀င်ငွေကို ကုပ်ကပ် မစုဘဲ “အခမဲ့ ဆေးရုံတွေ” ကို အများဆုံး လှူတယ်။ နောက်ပြီး ဘိုးဘွားရိပ်သားတွေကိုလှူတယ်။ ရွှေပိန်းနေတဲ့ ဘုရားကို ရွှေချတာ ၊ သိက္ခာ အခါ (၂၀)လောက် ထပ်ပြီးသား ဘုန်းကြီး သိက္ခာထပ်တင်တဲ့ အလှူမျိုးတွေ ကျွန်တော် ၀ါသနာ မပါဘူး။ ပိုက်ဆံတစ်ပြားမှ မရှိလို့ ဆေးမကုနိုင်တဲ့ လူတန်းစားတွေရဲ့ နှလုံးသားကို အေးချမ်းပျော်ရွှင်သွား စေမယ့် အလှူမျိုးကို ကျွန်တော်ကြိုက်တယ်။ ဘ၀ရဲ့ နေ၀င်ချိန်ရောက်ခါမှ ကျွေးမွေးပြုစုသူ ကင်းမဲ့နေတဲ့ အဖိုးအဖွားတွေရဲ့ စိတ်အေးချမ်းမှုကို ပေးနိုင်မယ့် အလှူမျိုးကို ကြိုက်တယ်။ ဒီနေရာတွေကို လှူဖို့ လစဉ် သတ်သတ်ဖယ်ထားတဲ့ ရန်ပုံငွေ ရှိပြီး အခါအားလျှော်စွာ သွားရောက်လှူဒါန်းပါတယ်။

ဒါကြောင့် ခင်ဗျားအနေနဲ့ ခင်ဗျား ကိုးကွယ်တဲ့ ဘာသာတရားက ချမှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာနေရုံနဲ့ ကုသိုလ် မဖြစ်ပါဘူး။ ဗုဒ္ဓဘာသာဆိုရင် (၅)ပါးသီလဟာ “ကိုယ်ခြင်းစာတရား” လောက် မမြတ်သေးပါဘူး။ (၅)ပါးသီလ မပျက်အောင် စောင့်ထိန်းနေတဲ့ လူတစ်ယောက်က လမ်းဘေးမှာ လူတစ်ယောက် ကားတိုက်ခံရပြီး သွေးအိုင်ထဲ လဲကျနေတာကို သွားမကူညီလို့ “သီလ” မပျက်ပါဘူး။ ဒါပေမယ့် “ကိုယ်ခြင်းစာတရား” ရှိသူကတော့ ဆေးရုံကို အမြန်ပို့ပေးမှာဖြစ်တယ်။ သူ့ရဲ့ ကိုယ်ခြင်းစာတရားက ဒါကို လျစ်လျူမရှုနိုင်ဘူး။

နောက်ဆုံး အဓိကကတော့ “မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ” ပြောသလို “စိတ်ကောင်း ရှိဖို့ ပထမ” ပါ။ ဘုရားကို မှန်မှန်ရှိခိုး ၊ ဘုရားကျောင်းမှန်မှန်တက် ၊ အလှူဒါနအကြီးအကျယ်တွေလုပ်နေပြီး တစ်ဖက်က ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ သူတစ်ပါး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖို့ ဖြစ်နေရင် “ကုသိုလ် တစ်ပဲ ၊ ငရဲ တစ်ပိသာ” ဖြစ်နေမှာပါဘဲ။ ယခု အင်တာနက် ဆက်သွယ်ရေးတွေ ပေါ်လာတော့ အကုသိုလ်တွေ ပိုပွားများလာတယ်။ အင်တာနက်ပေါ်မှာ တစ်နေ့တစ်နေ့ “သတင်း” ထက် စာရင် “အတင်း၊ အဖျင်း ၊ အပုပ်ချ ၊ မတရားစွပ်စွဲ ၊ သူများဒုက္ခရောက်တာကို Share လိုက်လုပ်ဖြန့်ဝေ” နဲ့ အကုသိုလ် တော်တော် များပါတယ်။

လူတစ်ယောက်ဟာ ဘ၀မှာ အဆင်မပြေတာ ၊ အခက်အခဲများတာ ၊ ဒုက္ခတွေ့တာတွေ (ပုံမှန်ထက်) များလွန်းနေရင် ၊ ဒုက္ခတွေ့တဲ့ နှစ်ကာလတွေကလည်း သိပ်ကြာလာရင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို မညှာမတာ ပြန်လည် စစ်ဆေးသင့်ပါတယ်။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရပါမယ်။ (ရသေ့ကြီး ဦးဖျောက်ဆိပ်ပြောသလို ကိုယ့်ပေါင်ကိုကျရင် ခပ်ဖွဖွ တော့ မထောင်းကြနဲ့ပေါ့ဗျာ)။

ဒီလိုပါ။ ကျွန်တော် အတွေ့အကြုံအရ လူတစ်ယောက်ဟာ သူများကို စိတ်ဆင်းရဲစေတဲ့ အလုပ်ကို လုပ်လို့ဖြစ်စေ ၊ သူများကို မနာလို မရှုစိမ့်နိုင်တဲ့ စိတ် များလွန်းလာရင် ဖြစ်စေ ကိုယ့်ဘ၀ရဲ့ အောင်မြင်တိုးတက်မှုတွေ တဖြည်းဖြည်း ဆုတ်ယုတ် လာတတ်တယ်။ လူ့ဘ၀ဆိုတာ ဒုက္ခဘုံပါ။ သုခဘုံ မဟုတ်ပါဘူး။ လူတိုင်း ဒုက္ခဆိုတာ တစ်ချိန်ချိန်တော့ အနည်းနဲ့ အများ ဆိုသလို တွေ့ကြမှာပါဘဲ။ ဒါပေမယ့် ဒုက္ခတွေ့တာ ပုံမှန်လောက်မဟုတ်ဘဲ မကြာခဏ ဖြစ်လာရင် ၊ နှစ်တွေ သိပ်ကြာလာပြီ ဆိုရင်တော့ ကိုယ့်ရဲ့ စိတ်နေ စိတ်ထားကို ပြန်စစ်ဆေးသင့်ပါပြီ။

ကျွန်တော်ကတော့ လွန်ခဲ့တဲ့ (၁၄)နှစ်က ဒီလို တက်လိုက် ကျလိုက် ၊ အောင်မြင်လိုက် ဆုံးရှုံးလိုက်နဲ့ ဖြစ်နေရတာဟာ အသက်မွေးမှု နဲ့ စိတ်ထား မစင်ကြယ်လို့ဘဲလို့ ကိုယ့်ကိုယ်ကို သုံးသပ်ပြီး ထမင်းစားရရင် တော်ပြီဆိုပြီး ကိုယ့်စိတ်ကိုယ် ပြင်နိုင်ခဲ့လို့ ယနေ့အချိန်အထိ (၁၄) နှစ်ရှိပါပြီ။ ငွေကြေး ဒုက္ခ အဆင်မပြေမှု နှင့် သောက ဆိုတာ လုံးဝ မရှိတော့ပါ။ ငွေကြေးအတွက် ဘယ်တော့မှ မပူပင်ခဲ့ရတော့ပါ။ ညံ့စရာ ရှိတဲ့နှစ်ဆိုလျှင် ကျန်းမာရေးသာ ဒုက္ခပေးသည်။ စီးပွားရေး လုံးဝ မထိခိုက်ပါ။ အမှန်အတိုင်းပြောရလျှင် ကျန်းမာရေးပင် ဒီလောက် အသက်ရှည်ခြင်းသည် (မိမိယုံကြည်သော) ကုသိုလ်တရားကြောင့်သာဖြစ်သည်။ မိမိမှာ အသက်ရှည်ရမည့်ကံ (ဇာတာအရ) မရှိပါ။ ဒီလောက် အသက်ရှည်နေခြင်း သည် ယခုဘ၀၏ ကုသိုလ်ကံ ဆက်နေခြင်းကြောင့်သာ ဖြစ်သည်။ ဇာတာအရဆိုလျှင် အသက် (၄၂) နှစ်ကပင် သက်တမ်း ပြတ်ခဲ့ပြီ။

ဒီနေ့ဟာ ၀ါဆိုလပြည့် ဓမ္မစင်္ကြာတရားဦးဟောတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။ ဒီနေ့မှာ ကုသိုလ်တရား ပွားများနိုင်အောင် (မိမိ စာမရေးဖြစ်တဲ့ အကြောင်းလေးကို အခြေခံပြီး) “ကုသိုလ် ၊ အကုသိုလ်” အကြောင်းကို ကျွန်တော် ယုံကြည်ရာကို မျှဝေရေးသားခြင်းမျှသာဖြစ်ပါတယ်။ (လူတတ်ကြီးလုပ်ပြီး ရေးခြင်းတော့ မဟုတ်ပါ ၊ ကျွန်တော့်ရဲ့ စာရေးတဲ့ “ဟန်” က နဲနဲတော့ ဆတ်တောက်တောက်နိုင်ပါတယ်) လက်ခံနိုင်လျှင် ယူပါ။ လက်မခံနိုင် မယူကြပါနှင့်။ သင်လက်ခံသည်ဖြစ်စေ ၊ လက်မခံသည်ဖြစ်စေ ကမ္မနိယာမ ယန္တယားကြီးကတော့ သူ့ဟာနဲ့သူ ဆက်လက် မောင်းနှင်ပြီး သူ့တရားသူ စီရင်သွားမည်သာ ဖြစ်ပါကြောင်း။
လူအများ၏ စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်သူ ဖြစ်ပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ ဗေဒသုခုမ)

Tuesday, February 7, 2012