Showing posts with label စားသောက်ဖွယ်ရာ.... Show all posts
Showing posts with label စားသောက်ဖွယ်ရာ.... Show all posts

Monday, March 12, 2012

စားကြပါဦး

ငါးရံ့ခြောက်ဖုတ်လေးရေနွေးကြမ်းနဲ့မြည်းသွားကြပါနော် :)
ဒါကတောမရမ်းသီးထောင်းလေးပါ ပုံက၀ါးသွားတာခွင့်လွှတ်ပါ။ပုစွန်ခြောက်ရယ်မြေပဲရယ်ကိုညက်အောင်ထောင်းပြီးရင်မရမ်းသီးထည့်အပေါ့အငံထည့်လိုက်နော် (ကိုယ်တိုင်တော့ပျင်းလို့Blenderနဲ့ပဲကြိတ်လိုက်တယ် :D)
ဒါကတော့ဝက်ကလီစာကြော်ပါ။ပြုတ်ထားတဲ့ဝက်အသဲတွေနဲ့အခြားကလီစာကိုကြက်သွန်ဖြူ၊ဂျင်းအရှည်လိုက်လှီးပြီးကြော်ထားတယ်။မညှီအောင်ပဲငံပြာရည်လဲထည့်ထားတယ်နော်
အာလူးငရုတ်သီးကြော် ငါးခြောက်ရောကလီစာပါသိပ်မကြိုက်လို့အာလူးကြော်စားဖြစ်တယ်။အာလူးကိုပါးပါးလှီးမီးအေးအေးနဲ့ကြော်ပြီးရင်ငရုတ်သီးကြက်သွန်ဖြူကိုကျက်အောင်ကြော်ပြီးအာလူးနဲ့ရောမွှေလိုက်တယ်။
ထောပတ်သီးကိုဖျော်ရည်မသောက်ချင်လို့ဒီအတိုင်းသကြားနဲ့ပဲခေါက်လိုက်တယ်အချိုပွဲစားသွားဦးနော် (စာရေးမကောင်းလို့မှားတာရှိရင်ခွင့်လွှတ်)

စားကြပါဦး

< အားလုံးပဲမင်္ဂလာပါရှင် မျှစ်ချဉ်ဟင်းလေးမိတ်ဆက်ပေးမယ်နော် မျှစ်ကိုရေစင်အောင်ဆေးပြီးစကာထဲမှာစစ်လိုက်ပါ။ဆီသတ်ပြီးကြက်သွန်ဖြူနီထည့်ရေဆူရင်မျှစ်ပါထည့်ပြီးရင်မျှင်ငပိလေးလဲထည့်ပြီးမျှစ်နူးရင်ချလိုက်ပါနော်
ဝက်သားဟင်းဆီပြန် ၀က်သားကိုအနေတော်တုံးပြီးရင်ဆားကြက်သားမှုန့်ဆနွင်းနဲ့နယ်ပြီးရင်ငရုတ်သီးအပွအနီတောင့်၊ဂျင်း၊ကြက်သွန်ဖြူနီကိုဆီသတ်ပါ.၀က်သားကိုလုံးရေခန်းအောင်တည် ပြီးရင်နူးရင်ချလိုက်နော်.ပုံထဲမှာရေများနေတယ်:P
ကြက်ဟင်းခါးသီးကြော် ကြက်ဟင်းခါးသီးကိုအပါးလေးတွေလှီးပါ။ပြီးရင်ဆားနဲ့နယ်ပြီးခဏထားလိုက်နော်။သူများတွေကတော့အစေ့ကိုလွှတ်ပစ်ကြတယ်တဲ့ ကျွန်မတို့အိမ် ကတော့အစေ့ကိုပုစွန်ခြောက်နဲ့ထောင်းတယ် ကြက်သွန်ဖြူနီနဲ့ငရုတ်သီးစိမ်းတွေကိုညက်အောင်ထောင်းလိုက်တယ် ပြီးရင်ဆားနယ်တဲ့ ကြက်ဟင်းခါးသီး ကိုရေဆေးလိုက်ပါ။ဆီသတ်လိုက်ပါ ကြက်သွန်ဖြူနီကိုပြီးရင်ကြက်ဟင်းခါးသီးထည့် ကြက်ဟင်းခါးစေ့ကိုပါထည့်ပါ။ကျွန်မကအခါးသက်သာအောင် ၀က်သား အဆီတုံးလေးတွေကိုထည့်ကြော်တယ်.မျှင်ငပိလဲထည့်တယ်။ရေထည့်ပြီးကြက်ဟင်းခါးသီးနူးရင်ဆီပြန်ရင်ချလို့ရပါပြီ။
ဂေါ်ဖီကြော် ဂေါ်ဖီလေးကိုပါးပါးလှီးပြီးရေစစ်ထားနော်.ကြက်သွန်နီလေးနဲ့ဆီသတ်ပြီးဂေါ်ဖီထည့် ရေနဲနဲထည့်ပြီးရင်စားလို့ရပါပြီ

Sunday, February 19, 2012

စားကြပါဦး(၂)

ပိန္ဒဲသီးဟင်း သူများချက်တာစားကောင်းလို့ချက်လိုက်တာတော်တော်ကြာကြာချက်ရတယ်နူးအောင်လို့ ချက်နည်းကတော့ဆီသတ်ပြီးတခြားအသီးအရွက်တွေလိုပါပဲ။သူကတော့ရေစင်အောင်စိမ်ထားရတယ်။
မရမ်းသီးငပိကြော် ပုစွန်ခြောက်ညက်အောင်ထောင်းကြက်သွန်နီဖြူထောင်းငရုတ်သီးပွတောင့်ကိုမညက်တညက်ထောင်းပြီးမရမ်းသီးလေးတွေပါးပါးလှီး အရင်ဆုံးဆီဆူတာနဲ့ငရုတ်သီးထည့်နောက်မျှင်ငပိနဲ့ပုစွန်ခြောက်ကြက်သွန်ဖြူထည့်ပြီးမှမရမ်းသီးထည့်ရင်ပြီးပါပြီရှင်
ငါးကလေးဟင်း ဈေးထဲကဘာငါးလဲတော့မသိဘူး အဟီး။သူကအကြေးခွံကဓါးပါးလေးနဲ့နဲနဲရှင်းလိုက်ရင်ရတယ်သိပ်လဲမညှီဘူး ငါးကိုသန့်ရှင်းဆား၊ကြက်သားမှုန့်နယ်၊ပြီးရင်အရင်ကြော်ထားတယ်၊နောက်မှဆီသတ်ရင်းကြက်သွန်ဖြူနီရုတ်သီးထည့်၊နံနံပင်ကအိမ်ကကိုယ်တော်ကြိုက်လို့ကျွန်မက မကြိုက်ဘူးဒါကြောင့်ဆီသတ်တဲ့အထဲနွမ်းအောင်လုပ်လိုက်တယ်နောက်ငါးထည့်ရေအနဲငယ်ထည့်ပြီးရင်စားလို့ရပါပြီ
ဝက်သားဟင်း ၀က်သားကိုဆား၊နနွင်း၊ကြက်သားမှုန့်နယ်ပြီးပြုတ်ထားတယ်။နောက်ဆီသတ်ထည့်ခရမ်းချည်သီးထည့်ငပိနဲနဲထည့်ပြီးနူးအောင်တည်ပါတယ် ဒီနေ့အရည်ဟင်းမရှိလို့ဆီကျန်ရေကျန်ချက်လိုက်တယ်
ပဲကြီးဆီပြန် ပဲကြီးလေးတွေကိုရေစိမ်ပြီးညှစ်ပါ။ညှစ်ပြီးသားလဲရောင်းပါတယ်။နူးရင်ဆီသတ်ပါ။ဆီသတ်ရင်ကျွန်မကတော့ဂျင်းပါထည့်တယ်ပဲဟင်းတွေကဂျင်းပါထည့်မှပိုမွှေးသလိုမို့။ဒါကတော့ဆီပြန်အခြောက်ကလေးပေါ့နော်
သရက်သီးထောင်း သရက်သီးကိုအရင်ကထောင်းမစားဖူးပါဘူးမစုဗူးအိမ်ရဲ့ဘလော့ကဖတ်ပြီးထောင်းကြည့်တာပါ။သရက်သီးကိုအခွံနွှာရေစိမ်ပါ။နောက်ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုလှော်ပါ။စစချင်းပုစွန်ခြောက်နဲ့မြေပဲကိုညက်အောင်ထောင်းတယ်။နောက်ကြက်သွန်ဖြူ၊ငရုတ်သီးကိုထောင်း၊ပြီးမှသရက်သီူထည့်ထောင်း။ဆား။ဘာညာထည့်ပြီးရင်စားလို့ရပါပြီရှငါ။ဒါပေမယ့်ကြာရင်ညိုသွားတယ်နော်။
ဒါကတော့အတို့စုံပါ
နေ့လယ်ပျင်းရင်မုန့်စားပါဦးအောက်ကကြံရည်လေးလဲသောက်သွားနော်

Sunday, February 12, 2012

စားကြပါဦး

နားရက်မှာချက်ဖြစ်တဲ့ဟင်းတွေပါ
ကြက်တုံးကြော် ကြက်သားကိုစင်အောင်ဆေးဆား၊ကြက်သားမှုန့်၊နနွင်းမှုန့်နယ်ပြီးမီးအေးအေးနဲ့ကြော်လိုက်တာပါ
သီးရွက်စုံကြော် ကိုယ်ကြိုက်တဲံအရွက်စုံကိုရေစင်အောင်ဆေးပြီးစကာနဲ့စစ်ပါ။ပြီးရင်ကြက်သွန်ဖြူနဲ့အနီကိုပါးပါးလှီး ဆီသတ်ပြီးထည့်လိုက်ပါ။အရွက်ကိုစိမ်းစိမ်းလေးတွေကြိုက် ရင်ရေနဲနဲဖြန်းပြီးနွမ်းတာနဲ့ချလိုက်ပါ။(အရောင်နွမ်းနွမ်းကြိုက်ရင်ကြာကြာထားပါ)
မရမ်းသီးထောင်း ငပိကိုမီးနဲ့ကင်ပါ(ခုတော့ရယ်ဒီမိတ်ပဲသုံးထားတာပါ) ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုမီးအေးအေးနဲ့လှော်ပါ။လှော်ပြီးရင်ပုစွန်ခြောက်နဲ့ငရုတ်သီးလှော်ပြီးသားတွေထောင်းညက်ရင်ငပိထည့်ပြီးရင်မရမ်းသီးထောင်းထည့်ပါ။
ဝက်အာလူးဟင်း ၀က်သားကိုစင်အောင်ဆေးပြီးဆား၊ကြက်သားမှုန့်၊နနွင်းမှုန့်နယ်ပါ ပြီးရင်ဆီကျက်တာနဲ့ကြက်သွန်ဖြူနီဂျင်းထောင်းပြီးသားကိုဆီသတ်ပါ(ငရုတ်သီးအပွတောင့်ကိုပါထောင်းထားပါတယ်အရောင်တင်မှုန့်မသုံးချင်လို့ပါ) ၀က်သားကိုလုံးရေခန်းအောင်တည်ပါ။ပြီးရင်အာလူးလေးစိတ်စိတ်ပြီးသားကိုပါအိုးထဲထည့်ပါ။ပြီးရင်ရေထည့်ပြီးအာလူးနူးရင်ချလို့ရပါပြီ
ပုစွန်ဆိတ်ဟင်း ပုစွန်လေးတွေကိုခေါင်းချိုးပြီးရေစင်အောင်ဆေးပါ။ကျန်တာကတော့ဆီသတ်ြ့ပီးထုံးစံအတိုင်းပါပဲ
ငါးခူကအရင်ထဲကကြော်ပြီးသာါး။ရေဆေးပြီးဆားနယ်ပြီးရင်ဆီများများနဲ့ကြော်ပါ။(ငါးခူကချွဲလို့မန်ကျည်းသီး(သို့)သံပရာသီးနဲ့ဆေးပါတယ် ငရုတ်သီးကိုမညက်တညက်ထောင်းပြီးကြက်သွန်ဖြူနီနဲ့ပြန်ကြော်ထားတာပါ ပဲကြီးဟင်းရည်ကတော့ကုန်သွားမှသတိရလို့မရိုက်လိုက်ရပါဘူး :P
အော်တို့စရာလေးတွေလဲတို့ကြပါဦး
အားလုံးစားပြီးရင်အချိုပွဲအသီးစားကြပါဦးရှင်

Tuesday, February 7, 2012

စားကြပါဦး... (ကိုယ်ပိုင်ဟင်းချက်နည်းများ)

လာလည်ကြတဲ့သူငယ်ချင်းအားလုံးမင်္ဂလာပါရှင်
ဒီဘလော့ကကျွန်မသူငယ်ချင်းရဲ့ဘလော့ပါ ကျွန်မကတော့အလျဉ်းသင့်သလိုပါဝင်နေတာပါ

ဒီတော့ရောက်တတ်ရာရာလေးတွေကိုရေးရတာပါ။အဆီအငေါ်မတည့်တာတွေလေးလဲသည်းခံဖတ်ပေးကြပါနော်

ကျွန်မအိမ်ထောင်ကျတော့ကျွန်မအိမ်သားကမန္တလေးဖက်ကပါ.အဲ့တော့အိမ်ကိုပထမအကြိမ်စေ့စပ်ဖို့လာပါလေရော...အဲ့အချိန်မှာကျွန်မကကိစ္စရှိလို့အမေနဲ့အမ၀မ်းကွဲကိုလိုက်ရှာတာပေါ့

သူ့ကိုကိုယ်
ကျွန်မ-   `ဟေ့မေကြီးတွေ့မိသေးလား'
သူ     -    အင်းအနောက်အိမ်သွားတယ်
ကျွန်မ - အော်အင်းအင်း(သွားရှာတာပေါ့)
မတွေ့...
ထပ်မေးပြန်ရော
သူ - အနောက်အိမ်ပါဆို
ကျွန်မ-(စိတ်မရှည်တော့) မတွေ့ဘူးဟ
ဒီအိမ်..ဒီအိမ်တဲ့(သူလဲမရှည်တော့)
ပိတ်သတ်တို့ရေသူပြောတဲ့အနောက်ကကျွန်မရဲ့မျက်စိတည့်တည့်ကအိမ်ပါရှင်..
ခုထိလဲအရှေ့အနောက်ပြသနာတက်ဆဲပါပဲ


ကဲအားလုံးစားသွားဖို့ငါးဖယ်ဟင်းနဲ့ချဉ်ပေါင်ကြော်...


သီးခံဖတ်ကြတဲ့အတွက်အားလုံးကိုကျေးဇူးပါ