Showing posts with label သတင်းကဏ္ဍ (ပြည်တွင်းပြည်ပ သတင်းများ). Show all posts
Showing posts with label သတင်းကဏ္ဍ (ပြည်တွင်းပြည်ပ သတင်းများ). Show all posts

Thursday, February 7, 2013

သူရဘွဲ့ ၃ ဦး နှင့် သူရဲကောင်းမှတ်တမ်းဝင် ၂၅ ဦး သမ္မတ ချီးမြှင့်


သူရဘွဲ့ ၃ ဦး နှင့် သူရဲကောင်းမှတ်တမ်းဝင် ၂၅ ဦး သမ္မတ ချီးမြှင့်

၂၀၁၂ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။

စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေအနက် အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်းသူရိယ၊ သီဟသူရ ဘွဲ့တံဆိပ်ရသူ မရှိဘဲ သူရဘွဲ့ရသူ ၃ ယောက်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ ယောက် ပါရှိပါတယ်။

ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဒု-ဗိုလ်ချုပ်ကြီး ၃ ယောက် အပါအ၀င် ဒုတပ်ကြပ်ကနေ အထက်အဆင့် အရာရှိ၊ အရာခံ အကြပ် စုစုပေါင်း ၁၅၁၇ ယောက်ကိုတော့ စစ်မှုထမ်း သင်္ဂဟတံဆိပ် အပ်နှင်းလိုက်ကြောင်း ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်တွင် Facebook သုံးစွဲခြင်းမှ ခေတ္တရပ်နားထားလေ့ရှိကြ


အမေရိကန်တွင် Facebookကို ပုံမှန် သုံးစွဲသူ အများစုသည် ယခုအခါ အဆိုပါ Social Networking ဝက်ဘ်ဆိုက်မှ အချိန်တစ်ခုစာ ကင်းကွာအောင် အနားယူ ဖယ်ခွာလေ့ ရှိလာကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။ Facebookကို နေ့စဉ်နေ့တိုင်းမျှ ပုံမှန်ထိတွေ့ သုံးစွဲခဲ့သူများအနက် (၆၁)ရာခိုင်နှုန်းမျှသည်သည် အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် Facebookကို အဆက်ဖြတ်ထားခဲ့ကြောင်း Pew သုတေသန စင်တာ၏ အမေရိကန် လူမှုဘဝ ပရောဂျက် ဌာနက ကောက်ယူသော စစ်တမ်းတွင် ဖော်ပြထားသည်။

ယင်းတွေ့ရှိချက်သည် လူမှုဘဝ၏ နေ့စဉ် အချိန်အများအပြားကို လွှမ်းမိုး ချုပ်ကိုင်ထားရန် ရည်ရွယ်သော Facebookအတွက်မူ သတင်းကောင်းတစ်ရပ် ဖြစ်နိုင်ဖွယ် မရှိချေ။ Pewက အမေရိကန်တွင် အရွယ်ရောက်ပြီးသူ (၆၇)ရာခိုင်နှုန်းသည် Facebookသုံးစွဲနေပြီး ယခုအခါ ထက်ဝက်ကျော်သည် Facebookကို အချိန်ပိုင်းမျှ အသုံးမပြုဘဲ အနားယူထားရန် ရွေးချယ်လာကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်တွင် အရွယ်ရောက်ပြီးသူ (၂၀)ရာခိုင်နှုန်းမှာ LinkedInကို အသုံးပြုပြီး Twitter အသုံးပြုသူ (၁၆)ရာခိုင်နှုန်း ရှိနေကြောင်းလည်း သိရသည်။ Pew၏ လေ့လာတွေ့ရှိမှုအရ Facebookကို ခေတ္တ ကင်းကွာအောင် နေထိုင်သူများအနက် အချို့သည် ယာယီသာဖြစ်ပြီး အချို့က စိတ်ပင်ပန်းမှုများနှင့် ကင်းကွာစေရန် ရည်ရွယ်ကြောင်းလည်း ဖော်ထုတ်နိုင်ခဲ့သည်။

facebook

လက်ရှိတွင် ကမ္ဘာပေါ်၌ Facebook သုံးစွဲသူ (၁.၀၆)ဘီလျံမျှ ရှိနေပြီး အမေရိကန်တွင်ပင် လူပေါင်း သန်း(၁၅၀)မျှ နေ့စဉ် အသုံးပြုလျှက် ရှိသည်။ ထို့အပြင် Accountခွဲရှိသူ အရေအတွက်မှာ သန်းပေါင်း အတော်များများ ရှိနေနိုင်ကြောင်းလည်း သိရသည်။ Pewက Facebook သုံးစွဲသူ အများအပြားကို မေးမြန်း သဘောထား ကောက်ယူခဲ့သလို Facebookသုံးခြင်း ခေတ္တ ရပ်ဆိုင်းထားသူ (၂၀)ရာခိုင်နှုန်းက မိသားစု၊ ပတ်ဝန်းကျင် ဘဝအတွက် အချိန်ပေးလိုသဖြင့်ဟု ဖြေဆိုခဲ့သည်။ ထို့အပြင် Privacyဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုများကြောင့် Facebookသုံးစွဲမှု ရပ်ဆိုင်းသူများလည်း ရှိနေကြောင်း သိရသည်။ (၄)ရာခိုင်နှုန်းကမူ ကြော်ငြာနှင့် Spamများကို စိတ်ပျက်ကြောင်း ဖွင့်ဟခဲ့ကြသည်။ ထိုအနေအထားများကြောင့် Facebookမှ ကင်းကွာသော အားလပ်ရက်များထံ ဦးတည်လာစေခဲ့ကြောင်းလည်း Pewက ဖော်ပြခဲ့သည်။

စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ (၅၉) ရာခိုင်နှုန်းက Facebookသည် လွန်ခဲ့သော တစ်နှစ်ကမူ မိမိတို့ ဘဝတွင် အရေးအကြီးဆုံး စာရင်းဝင် ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (၁၂)ရာခိုင်နှုန်းကမူ ယခုအချိန်တွင် ယခင်တစ်နှစ်ကထက် Facebook၏ အရေးပါမှုက ပိုမိုကျယ်ပြန့်လာကြောင်း မှတ်ချက်ပေးခဲ့ကြသည်။ (၈)ရာခိုင်နှုန်းကမူ Facebookပေါ်တွင် အချိန်ကုန်မှု များလွန်းသဖြင့် တမင်တကာ အနားယူဖြစ်ခဲ့ကြောင်း ဆိုသည်။ (၆၉)ရာခိုင်နှုန်းကမူ လက်ရှိ သုံးစွဲနေသည့် အချိန်အတွက် ကျေနပ်ကြောင်း ပြောဆိုခဲ့သည်။ Pew၏ စစ်တမ်းတွင် (၂၇)ရာခိုင်နှုန်းက Facebookသုံးစွဲသည့် ပုံမှန်အချိန်ကို လျှော့ချရန် ဆုံးဖြတ်ထားကြောင်းနှင့် (၃)ရာခိုင်နှုန်းကမူ ပိုမိုတိုးမြှင့်ရန် ဦးတည်ထားကြောင်း အသီးသီး ဖြေကြားခဲ့သည်။

Tuesday, February 5, 2013

Save Mandalay



Save Mandalay ဆိုပြီးစကြဖို့ ဆော်သြတာတွေ့ရတယ်။ ကောင်းပါတယ်။ မန္တလေးဟာ ယဉ်ကျေးပြန်လည်အသက်သွင်းဖို့အတွက် ကနဦးစစ်မျက်နှာဖြစ်သင့်ပါတယ်။

တစ်ခုရှိတာက ဒါဟာ လူမျိုးရေးစစ်ပွဲမဟုတ်ဘူး။ ယဉ်ကျေးမှုစစ်ပွဲဖြစ်တယ်လို့မြင်စေ့ချင်တယ်။ သုံးရမယ့်အားက အမာမဟုတ်။ အပျော့ပါဝါသာလျှင် ဖြစ်သင့်တယ်။

ဥပမာ ရိုးရာအားကစားပွဲများကို သိသိသာသာ မြှင်င့်္တင်ပေးတာ၊ နာမည်ကျော် ဈေးချိုသူတွေရဲ့ ဘ၀တွေကို ပြန်လည်ဖော်ထုတ်ပေးတာ၊ မြို့ပြင်ရောက်စာရေးဆရာတွေကို မြို့ထဲဆွဲသွင်းပြီး စာပေဟောပြောပွဲတွေနိုင်နိုင်လုပ်ပေးတာ။

တစ်ခုပဲ သတိပေးချင်ပါတယ်။ လူမျိုးရေးစစ်မျက်နှာမဖွင့်ပါနဲ့။ မုချ ရှုံးပါလိမ့်မယ်။ ယဉ်ကျေးမှုစစ်မျက်နှာဖွင့်စေချင်ပါတယ်။

ထိုင်ဝမ်ရောက်တရုတ်တွေ သင်္ကြန်ပွဲတော်လုပ်ကြပါတယ်။ ယဉ်ကျေးမှုလက်နက်ပါ။ သတိထားစေ့ချင်ပါတယ်။ အောင်မြင်စေချင်ပါတယ်။ ဇွဲတော့လိုပါလိမ့်မယ်။ ဆယ်စုနှစ် နှစ်စုနီးပါး ကြာကောင်းကြာနိုင်ပါလိမ့်မယ်။

>>> ဖေဖော်ဝါရီလ ၆ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း >>>



ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၉ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ
တစ်ယူရို - ၁၁၆၆.၈ ကျပ်၊
စင်္ကာပူ တစ်ဒေါ်လာ - ၆၉၄.၀၀ ကျပ်၊
စတာလင်ပေါင် တစ်ပေါင် - ၁၃၄၄.၆ ကျပ်၊
ဂျပန်ယန်း တစ်ရာ - ၉၁၇.၅၄ ကျပ်၊
သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၈၉၀.၄၃ ကျပ်၊
တရုတ်ယွမ် တစ်ယွမ် - ၁၃၇.၈၉ ကျပ်၊
အိနိ္ဒယရူပီး တစ်ရူပီး - ၁၆.၁၈၉ ကျပ်၊
ကိုရီးယားဝမ် တစ်ရာ -၇၉.၀၁၄ ကျပ်၊
မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၂၇၈.၀၈ ကျပ်
ထိုင်းဘတ် တစ်ဘတ် - ၂၈.၈၆၄ ကျပ် သတ်မှတ်သည်။

မြန်မာ့ဆက်သွယ်ရေးမှ အရာရှိ ရှစ်ဦးကို အများနှင့်ဆိုင်သော ပစ္စည်းကာကွယ်သည့် ဥပဒေဖြင့် တရားစွဲမည်



ရန်ကုန်၊ ဖေဖော်ဝါရီ-၂
ပြည်ထဲရေး ၀န်ကြီးဌာနလက် အောက်ရှိ အထူးစုံစမ်း စစ်ဆေးရေးဌာနက တာဝန်ယူစစ်ဆေးနေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိ ရှစ်ဦးကို အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်သည့်ဥပဒေ (အပက-၃)ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်မှု၊ ပြည်တွင်းဆက်သွယ်ရေးကဏ္ဍအ တွက် ၎င်းတို့သုံးစွဲသည့် စက်ပစ္စည်းများ၏ေõဈးနှုန်းပမာဏများကို မူရင်းနှုန်းထားများထက် အဆများစွာ ပိုမိုတင်ပြတောင်းခံမှုအပါအ၀င် အခြားသော သံသယရှိဖွယ်ပြဿနာများအတွက် ယခုကဲ့သို့ ပုဒ်မ ၄၀၉ မှ အပက-၃ သို့ ပြောင်းလဲတရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ပုဒ်မ ၄၀၉ ဖြင့် စစ်ဆေးခံနေရသည့် အဆိုပါ ပုဂ္ဂိုလ်ရှစ်ဦးသည် အပက-၃ သို့ ပြောင်းလဲတရား စွဲဆိုခံရပြီး ပြစ်မှုထင်ရှားသည်ဆိုပါက အနည်း ဆုံးထောင်ဒဏ်ဆယ်နှစ်မှ အများဆုံး တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်ကြောင်း နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းဌာန၏ ဒုတိယရဲမှူးကြီးဝင်းစိန်ကပြောသည်။

“အခုအချိန်မှာ ပြောနိုင်တာက ပုဒ်မ ၄၀၉ ကနေ အပက-၃ ကိုတက်ဖို့ကတော့ သေချာနေပါ တယ်။ ပြစ်မှုမြောက်ရင်တော့ ဥပဒေအတိုင်း အရေးယူသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာကတော့ ဒီထက်အများကြီး မသိရသေးဘူးဖြစ်နေတယ်။ စစ်ဆေးဆဲကာလက မတက်သေးဘူးပေါ့” ဟုအထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

အပက-၃ ဖြင့် တရားစွဲဆိုခြင်းကို နှစ်လအတွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

အရာရှိရှစ်ဦးတွင် ယခင်က မိုဘိုင်းအင်ဂျင်နီယာချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသည့် လက်ရှိမြန်မာ့ဆက်သွယ်ရေး၏ အထွေ ထွေမန်နေဂျာ အပါအ၀င် အင် ဂျင်နီယာချုပ် အဆင့်ရှိသူများနှင့်အတူ မြန်မာ့ဆက်သွယ်ရေးနှင့် အနီးစပ်ဆုံး လုပ်ငန်းတစ်ခုဖြစ် သော ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် အကျိုးတူ
ပူးပေါင်းထားသော အခြားပုဂ္ဂလိက လက်ခြေခံကုမ္ပဏီ အချို့မှ တာဝန်ရှိသူအချို့လည်း စစ်ဆေးမေးမြန်းမှုများတွင် ပါဝင်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
@7 day Journal

Monday, April 2, 2012

အနိုင်ရရှိသွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်



အောက်ပါမဲဆန္ဒနယ်များတွင် ..အနိုင်ရရှိသွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်..အမျိုးသားလွှတ်တော်..တိုင်းဒေသကြီးလွှတ်တော်..ကိုယ်စားလှယ်များအား ဂုဏ်ပြုလွှာ... ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး စတင်ကြေညာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားသူ အနိုင်ရရှိသူများအား အမည်စာရင်းကို ညနေ (၆)နာရီနှင့်(၈)နာရီသတင်းများတွင် နိုင်ငံပိုင်ရုပ်သံ မီဒီယာများမှတစ်ဆင့် ကြေညာသွားမည်ဖြစ်ကြောင်းသိရှိရသည်။ ရန်ကုန်၊ ဧပြီ ၂ ( 6 : 07 ) တွင် အနိုင်ရရှိသူများအား စတင်ကြေညာ (The Voice Weekly) မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် စတင်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များကို ရွေးကောက်ပွဲ ကျင်းပပြီး ၂၄ နာရီ အတွင်းမှာပင် ထုတ်ပြန် ကြေညာခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၇ နေရာတွင် ၃၅ နေရာ၌ အနိုင်ရရှိခဲ့ပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၆ နယ်တွင် ၃နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ၂နေရာလုံး အနိုင်ရရှိခဲ့ကြောင်း တွေ့ရှိရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရရှိသူများတွင် ယခင် စစ်အစိုးရ လက်ထက်တွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲက အနိုင်ရရှိသူ ၁၀ ဦး ပါဝင်လာကြောင်း မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့ နယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြောက်ခံရသူ ဦးအုန်းကြိုင်က ပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁) မဟာအောင်မြေ ( ဦးအုန်းကြိုင် )
၂ ) တံတားဦး ( ဒေါ်ခင်သန္တာ )
၃ ) ဇမ္ဗူသီရိ ( ဒေါ်စန္ဒာမင်း )
၎ ) ပုဗ္ဗသီရိ ( ဦးဖြိုးဇေယျာသော် )
၅ ) ဒက္ခိဏသီရီ ( ဦးနိုင်ငံလင်း )
၆ ) ဥတ္တရသီရိ ( ဦးမင်းသူ )
၇ ) ကျောက်ပန်းတောင်း ( ဒေါက်တာ ဇော်မြင့်မောင် )
၈ ) နွားထိုးကြီး ( ဦးပေါ်ခင် )
၉ ) မိတ္ထီလာ ( ဦးဝင်းထင် )
၁၀ ) ပြင်ဦးလွင် ( ဦးကျော်သီဟ )
၁၁ ) မရမ်းကုန်း ( ဒေါ်မေဝင်းမြင့် )
၁၂ ) ကော့မှူး ( ဒေါ်အောင်ဆန်းစုကြည် )
၁၃ ) မင်္ဂလာတောင်ညွှန့် ( ဒေါ်ဖြူဖြူသင်း )
၁၄ ) သုံးခွ ( ဒေါ်စုစုလွင် )
၁၅ ) ဒဂုံဆိပ်ကမ်း ( ဒေါက်တာ မျိုးအောင် )
၁၆ ) လှည်းကူး ( ဦးဖြိုးမင်းသိန်း )
၁၇ ) စစ်ကိုင်း ( ဦးခင်မောင်သိန်း )
၁၈ ) ပုလဲ (ဒေါ်ခင်စန်းလှိုင် )
၁၉ ) မကွေး ( ဦးမြင့်သိန်း )
၂၀ ) ရေစကြို ( ဦးတင်ဌေးအောင် )
၂၁ ) မြိုင် ( ဦးမြင့်အောင် )
၂၂ ) ပုခုက္ကူ ( ဦးပိုက်ကို )
၂၃ ) ပွင့်ဖြူ ( ဒေါက်တာ အောင်မိုးညို )
၂၄ ) တောင်ငူ ( ဦးအောင်စိုးမြင့် )
၂၅ ) ထန်းတစ်ပင် ( ဦးစိန်ထွန်း )
၂၆ ) သနပ်ပင် ( ဦးမြင့်ဦး )
၂၇ ) လက်ပံတန်း ( ဦးကျော်မင်း )
၂၈ ) ပုသိမ် ( ဦးဝင်းမြင့် )
၂၉ ) မအူပင် ( ဦးစိန်ဝင်း )
၃၀ ) မြောင်းမြ ( ဦးမန်းဂျော်နီ )
၃၁ ) ဝါးခယ်မ ( ဒေါ်မြင့်မြင့်စန်း )
၃၂ ) မြန်အောင် ( ဦးကျော်မြင့်)
၃၃ ) လောင်းလုံ ( ဦးအောင်စိုး )
၃၄ ) ကလော ( ဒေါက်တာ ဒေါ်သန်းငွေ )
၃၅ ) မော်လမြိုင် ( ဒေါ်ခင်ဌေးကြွယ် )
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
၁ ) မကွေး မဲဆန္ဒနယ်မြေ ၄ ( ဦးအောင်ကြည်ညွှန့် )
၂ ) ပဲခူး မဲဆန္ဒနယ်မြေ ၇ ( ဦး မင်းဦး )
၃ ) ဧရာဝတီ မဲဆန္ဒနယ်မြေ ၁၀ ( ဦးသိန်းဆွေ )
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁ )
ပဲခူးတိုင်းဒေသကြီး ကဝ ၂ ( ဦးမျိုးခိုင် ) ၂ )
ဧရာဝတီတိုင်းဒေသကြီး ရေကြည် ၂ ( ဒေါက်တာ လှမြတ်သွေး ) အနိုင်ရရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုသည့် ကိုယ်စားလှယ် ၄၀ ဦး စလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များဖြစ်သည်။ .

Thursday, March 15, 2012

ရေပိုင်နက်အငြင်းပွားမှုမှာ ဘာကြောင့် ဘင်္ဂလားဒက်အနိုင်ရသလဲ

by Vicky Mandra on Thursday, March 15, 2012 at 9:43am · ဦးစိန်ကျော်လှိုင်
စစ်အုပ်ချုပ်ရေးကြောင့် ရှုံးတာလား မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုမှာ မြန်မာရှုံးသွားပြီဖြစ်ပါတယ်။ တကယ်တော့ မရှုံးသင့်ပဲ ရှုံးရတဲ့အမှုဖြစ်တယ်။ ဒီအမှုဖြစ်ချိန်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့စစ်အစိုးရလက်ထက်ဖြစ်တယ်။ နိုင်ငံတကာ က ရှေ့နေတွေငှားဖို့ ငွေအလုံအလောက်ရှိရက်သားနဲ့ ကိုယ်အိတ်ထဲ ခိုးဖို့သာ အာရုံထားပီး မြန်မာရှေ့နေ ချာတူးလန်အဖွဲ့နဲ့ ပေါချောင်ကောင်း အမှုရင်ဆိုင်ရာမှာ ခုလို မရှူမလှ ရှုံးသွားတာဖြစ်တယ်။ ဒီအမှုဖြစ်ကထဲက ဘင်္ဂလားဒက်အစိုးရငှားထားတဲ့ ရှေ့နေအဖွဲံကြီးက ရှေ့နေ ၂ဝဝ ကျော်ရှိတဲ့ အမေရိကန်နိုင်ငံက နာမယ်ကြီး ရှေ့နေကုမ္ပဏီဖြစ်တဲ့ Foley Hoag ဖြစ်ပါတယ် ဒီအမေရိကန် ရှေ့နေကုမ္ပဏီကြီးက နိုင်ငံတကာ အစိုးရတွေကြား ဖြစ်ပွားတဲ့ ပင်လယ်ပြင်နယ်နိမိတ်အငြင်းပွားတဲ့ အမှုပေါင်းများစွာကို အကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေကြီးတွေ ဖြစ်ပါတယ်။ ဒါတင်မက Foley Hoag ရှေ့နေကုမ္ပဏီကြီးရဲ့ အကျိုးတူစီးပွားဘက် ရှေ့နေတွေ ကနေဒါနဲ့ အင်္ဂလန်က ဥပဒေရေးရာ ပါမောက္ခတွေကပါ ဘင်္ဂလားဒက်အစိုးရဘက်က အကျိုးဆောင်ကြမှာဖြစ်တယ်လို့ Foley Hoag ရှေ့နေကုမ္ပဏီကြီးက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာဘက်ကကိုယ်စားလှယ်အဖြစ် ဒေါက်တာထွန်းရှင် ဗိုလ်မှူးကြီးမင်းသိမ်းတင့်၊ ဒေါ်လှမျိုးနွယ် ဦးကျော်ဆန်း ဒေါ်ခင်ဦးလှိုင် တို့သာဖြစ်တယ်။ ၂ဘက်ရှေ့နေခြင်း ယှဉ်ကြည့်ရင် အဖြေက သိသာနေတယ်။
မန်မာဘက်ကရှေ့နေ ဒေါက်တာထွန်းရှင် တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်ခဲ့တဲ့ ဆိုကျိုးထဲက အကောင်းဆုံးသင်္ခဏ်းစာဖြစ်တယ်။ စစ်အုပ်ချုပ်ရေးကြောင့် စစ်တပ်က အုပ်ချုပ်ရေးမှာ ၀င်စွက်တာကြောင့် ခုလို ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတာဖြစ်တယ်။ ခုလဲဘဲ သိန်းစိန်အစိုးရက သန်းရွှေအစိုးရလို ငါတကောကောပီး ညစ်ပတ်တဲ့နည်းတွေနဲ့ ရွေးကောက်ပွဲအနိုင်ရအောင်လုပ် ဆက်အုပ်ချုပ်ရင် နောက်ထပ်ဆုံးရှုးမှုတွေ ရင်ဆိုင်ရမယ်ဆိုတာ ဒီအမှုက မီးမောင်းထိုးပြနေတယ်။ စစ်သွေးကြွနေတဲ့ မြန်မာစစ်တပ်ကို နေရာတိုင်း လက်နက်ကိုင်ဖြေရှင်းလို့မရဘူးဆိုတာ ဒီအမှုက သက်သေပြနေတယ်။ ================================================================= အမှုနောက်ခံ မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုဟာ ခုတော့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ရောက်သွားပီ ဖြစ်ပါတယ် ဒီအမှုရဲ့ နောက်ဆုံးအခြေအနေတွေကို ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။ အမှုရဲ့အကျဉ်းချုပ်ကို သောတရှင်များ သတိရအောင် ပြန်ပြောရမယ်ဆိုရင် အငြင်းပွားတဲ့နေရာဟာ ဘင်္ဂလားပင်လယ်အော်အတွင်း စိန့်မာတင်ကျွန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၅ဝ ခန့်အကွာမှာဖြစ်ပါတယ်၊ ဒီနေရာမှာ မနှစ်က ဒေးဝူးကုမ္ပဏီက ရေနံရှာဖွေရေး ပဏာပလုပ်ငန်းဖြစ်တဲ့ ဟိုက်ဒရိုကာဘွန်ရှာဖွေရေး လုပ်ငန်းတွေကို လုပ်နေတုံး ဘင်္ဂလားဒက်နိုင်ငံနဲ့ ပြဿနာဖြစ်ခဲ့တာပါ။ မြန်မာဘက်က ရေနံရှာတဲ့နေရာဟာ ဘင်္ဂလားဒက် ရေပိုင်နက်မှာဖြစ်တဲ့အတွက် မြန်မာဘက်က ကျူးကျော်တယ်လို့ ဘင်္ဂလားဒက်နိုင်ငံက စွပ်စွဲခဲ့ပါတယ်၊ ၂ ဘက်နိုင်ငံ ရေတပ်သင်္ဘောတွေနဲ့ အခင်းဖြစ်တဲ့နေရာမှာ အင်အားပြပီး မကြာခင် မြန်မာဘက်က စစ်သင်္ဘောတွေ ရုတ်တရက် ဆုတ်ပေးခဲ့ပါတယ် နောက်ပိုင်း ဒီသတင်းတွေ တိမ်မြုတ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုနဲ့ ပတ်သက်ပီး ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြိုအခြေစိုက်တဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကနေ အဆုံးအဖြတ်ပေးဘို့ ၂ဝဝ၉ ခု ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဘင်္ဂလားဒက်နိုင်ငံက လျှောက်ထားခဲ့ပါတယ်။ တနည်းပြောရရင် ပင်လယ်စာချုပ်ဥပဒေလို့လဲခေါ်တဲ့ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ သဘောတူညီချက် ၁၉၈၂ ခု ပုဒ်မ ၂၈၇ ပုဒ်မခွဲ ၄ အရ ဖြေရှင်းပေးပါဆိုပီး ဂျာမဏီနိုင်ငံအခြေစိုက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ဘင်္ဂလားဒက်နိုင်ငံက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်၊ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးဆိုတာ စောစောက ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ သဘောတူညီချက်ရဲ့ နိုင်ငံတကာ ရေကြောင်းအငြင်းပွားမှုကိစ္စတွေ တရားစီရင် ဆောင်ရွက်ဘို့ဆိုပီး ၁၉၉၄ မှာ စတင်ဖွဲံစည်းခဲ့တဲ့ နိုင်ငံတကာ ခုံရုံး ဖြစ်ပါတယ်။ နိုင်ငံတကာ တရားသူကြီး ၂၁ ဦးပါတဲ့ ခုံအဖွဲ့ဖြစ်ပါတယ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးဆိုတဲ့ ITLOS အဖွဲမှာ အဖွဲ့ဝင်နိုင်ငံ ၁၅ဝကျော် ပါဝင်ပါတယ်။ ၂ဝဝ၉ ခု နိုဝင်ဘာလ ၄ ရက်မတော့ မြန်မာစစ်အစိုးရကလဲ ဘင်္ဂလားဒက်နဲ့ အငြင်းပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးကိစ္စအတွက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး အဆုံးအဖြတ်ကို လက်ခံမယ်ဆိုပီး ကြေငြာခဲ့ပါတယ်၊ ဒီကြေငြာချက်ကို ဘင်္ဂလားဒက်နိုင်ငံက ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ၂ဝဝ၉ ခု ဒီဇင်ဘာ ၁၂ ရက်မှာ ဆက်လက်ပေးပို့ခဲ့ပါတယ်။ ထူးခြားတဲ့အချက်က မြန်မာစစ်အစိုးရအနေနဲ့ ဘင်္ဂလားဒက်နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားတဲ့ကိစ္စနဲ့ ပတ်သက်ပီး ICJ ခေါ်တဲ့ နိုင်ငံတကာတရားရုံးကို မရွေးချယ်ဘဲ ဂျာမဏီနိုင်ငံအခြေစိုက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး ITLOS ကို ရွေးချယ်လိုက်တဲ့အချက်ဖြစ်တယ်လို့ အင်္ဂလန်နိုင်ငံ ဒါဟန်းတက္ကသိုလ် နိုင်ငံတကာနယ်နိမိတ်သုတေသနအဖွဲ့က သုံးသပ်ပါတယ်။ ICJ ခေါ်တဲ့ နိုင်ငံတကာတရားရုံးဟာ ရေကြောင်းနယ်နိမိတ် သတ်မှတ်ရေးနဲ့ ပတ်သက်တဲ့အမှုတချိုံကို စီရင်ခဲ့တဲ့ အတွေ့အကြုံရှိတယ်။ ဂျာမဏီနိုင်ငံအခြေစိုက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး ITLOS ကတော့ နိုင်ငံတကာတရားရုံးက အမှုတွေ ဆက်ခံဘို့ ပြင်နေတယ်ဆိုတဲ့တိုင် စဖွဲ့တဲ့ ၁၉၉၄ ခုနှစ်ကနေ ကနေ့ထိ နိုင်ငံတကာ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့ အမှု တခုမှ ဆုံးဖြတ်ခဲ့တဲ့ အတွေ့အကြုံ မရှိဖြစ်နေတယ်လို့ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက ထောက်ပြပါတယ်။ မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို အမှုအမှတ် ၁၆ လို့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးက စာရင်းသွင်းထားပေမဲ့ ဘယ်တော့ အပြတ်စီရင်မယ်ဆိုတဲ့ ကာလအပိုင်းအခြား သတ်မှတ်ထားတာ မရှိဖြစ်နေပါတယ်။ ဒါပြင် ဒီအမှုကို ခုံအဖွဲ့အပြည့်နဲ့ စီရင်မှာလား-ခုံရုံးအဖွဲ့ငယ်နဲ့ စီရင်မလားဆိုတာလဲ ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက ပြောပါတယ်။ ဘာဘဲပြောပြော မြန်မာ ဘင်္ဂလားဒက် ၂ နိုင်ငံလုံးက ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ရွေးလိုက်တဲ့အတွက် နောင်အလားတူ ပင်လယ်ပြင်အငြင်းပွားမှုတွေ ဖြစ်လာရင် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို အသုံးချဘို့ တခြားနိုင်ငံတွေကို အားပေးဘို့မျှော်လင့်တယ်လို့ပါ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက မှတ်ချက်ချပါတယ် ဒါဆိုရင် မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို ဘယ်လို ရှေ့နေတွေက အကျိုးဆောင်ကြမလဲ ပြန်ကြည့်ဘို့လိုပါတယ်- ဒီအမှုအတွက် ဘင်္ဂလားဒက်အစိုးရငှားထားတဲ့ ရှေ့နေအဖွဲံကြီးက ရှေ့နေ ၂ဝဝ ကျော်ရှိတဲ့ အမေရိကန်နိုင်ငံက နာမယ်ကြီး ရှေ့နေကုမ္ပဏီဖြစ်တဲ့ Foley Hoag ဖြစ်ပါတယ် ဒီအမေရိကန် ရှေ့နေကုမ္ပဏီကြီးက နိုင်ငံတကာ အစိုးရတွေကြား ဖြစ်ပွားတဲ့ ပင်လယ်ပြင်နယ်နိမိတ်အငြင်းပွားတဲ့ အမှုပေါင်းများစွာကို အကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေကြီးတွေ ဖြစ်ပါတယ် ဒါတင်မက Foley Hoag ရှေ့နေကုမ္ပဏီကြီးရဲ့ အကျိုးတူစီးပွားဘက် ရှေ့နေတွေ ကနေဒါနဲ့ အင်္ဂလန်က ဥပဒေရေးရာ ပါမောက္ခတွေကပါ ဘင်္ဂလားဒက်အစိုးရဘက်က အကျိုးဆောင်ကြမှာဖြစ်တယ်လို့ Foley Hoag ရှေ့နေကုမ္ပဏီကြီးက သတင်းထုတ်ပြန်ထားပါတယ် မြန်မာစစ်အစိုးရဘက်က အကျိုးဆောင်မဲ့ သူကတော့ ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲဖြစ်တယ်လို့ စစ်အစိုးရ အဆင့်မြင့် အရာရှီတဦးက အတည်ပြူပြောပါတယ် ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး ဥက္ကဌနဲ့ ဇန္နဝါရီလ ၁၄ ရက်နေ ၁၆ ရက်ထိ ဂျာမဏီနိုင်ငံ ဟမ်းဘတ်ကို သွားရောက် တွေ့ဆုံ ဆွေးနွေးရမှာ ဖြစ်ပါတယ် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာဘက်က ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲက စစ်အစိုးရကို အက်ျိုးဆောင်မှာဖြစ်ပီး ဘင်္ဂလားဒက်ငှားထားတဲ့ ရှေနေကုမ္ပဏီကြီးနဲ့ လက်ရည်မမျှ ဖြစ်နေတယ်လို့ ရန်ကုန် ရှေနေအသိုင်းအဝိုင်းက ယူဆပါတယ် ဒီနေရာမှာ မြန်မာစစ်အစိုးရဘက်က ဘာကြောင့် ဘင်္ဂလားဒက်လို အမေရိကန်ရှေ့နေတွေ မငှားသလဲ မေးစရာရှိပါတယ်-ပင်လယ်ထဲက သဘာဝဓါတ်ငွေ့တွေ ရေနံတွေ တွေ့ခဲ့ရင် နိုင်ငံအတွက် အကျိုးအများကြ၊ီးရှိနိုင်တာမို့ ဘင်္ဂလားဒက်က အမေရိကန်ရှေနေတွေကို ဈေးကြီးပေး ငှားခဲ့တာပါ။ ဒါဆိုရင် မြန်မာက ဘာကြောင့် ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲကိုသာ လွှတ်ရသလဲ- Foley Hoag ရှေ့နေကုမ္ပဏီကြီးရဲ့ ဦးဆောင်ရှေ့နေတဦးဖြစိတဲ့ Paul Reichler ရဲ့ပြောဆိုချက်အရဆိုရင် ခုလို ပင်လယ်ပြင်နယ်နိမိတ် အငြင်းပွားတဲ့ အမှုမျိုးကို ဆုံးဖြတ်ချက်ချဘို့အတွက် အနည်းဆုံး ၃ နှစ်ကနေ ၄ နှစ်ထိ ကြာနိုင်တယ်လို့ဆိုပါတယ် ဒီနှုန်းနဲ့သာဆိုရင် မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို ၂ဝ၁၄ ခုနှစ်မှ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ၂ဝ၁ဝ အောက်တိုဘာမှာ ရွေးကောက်ပွဲလုပ်ဖြစ်တယ်ဆိုရင် ၂ဝ၁၁ ခုအစောပိုင်းမှာ ရုပ်သေးအရပ်သားအစိုးရ ပေါ်လာတော့မှာဖြစ်တယ်-ဒါကြောင့် ဘင်္ဂလားဒက်နဲ့ ပြဿနာုဖြစ်တဲ့ ပင်လယ်ပြင်အမှုကို နောက်အစိုးရလက်ထက်မှ အဖြေရမှာဖြစ်တယ်- ဒီအချိန်မှာ စစ်အစိုးရ အသွင်ပြောင်းသွားတော့မှာမို့ စစ်အစိုးရလက်ထက် လောလောဆည်မှာ ဒီအမှုအတွက် နိုင်ငံခြားရှေ့နေငှားဘို့ နိုင်ငံခြားငွေ မသုံးဘဲ ရှံးမဲ့အတူတူ ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲကိုသာ လွှတ်တဲ့သဘောလို့ ရန်ကုန်ရှေ့နေ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြောင်းပါခင်ဗျား။ (အာအက်အေ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

Wednesday, March 14, 2012

မြန်မာ၊ ဘင်္ဂလားဒေ့ရှ့်  အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်  အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု ပြဿနာအပေါ် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (ITLOS) က ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး (ကျနော်တို့လို လူပြိန်းတွေ အတွက်) အထိုက်အလျောက် နားလည်နိုင်ဖို့က အသုံးအနှုန်း၊ အခေါ်အဝေါ် တွေရဲ့ အနက်ကို အရင်သိမှ ဖြစ်ပါမယ်။ Internal Water (ကုန်တွင်း ရေပိုင်နက်/ကမ်းရိုးတန်းအတွင်း) ကုန်တွင်း ရေပိုင်နက် သတ်မှတ်ရာမှာ ရေမိုင် အတိအကျ မရှိ (ဟု ယူဆရ)။ အခြေခံမျဉ်း (Baseline) မှ ကုန်တွင်းဘက်ခြမ်း ဧရိယာအားလုံးပါ။ အခြေခံမျဉ်း (Baseline) ရဲ့ အကွာအဝေး ကို သတ်မှတ်ရာမှာ ရေတိမ်မျဉ်း (Low-Water Line) အပေါ်မူတည်။ ဒါကြောင့် ရေတိမ်မျဉ်းမှစပြီး ကုန်းတွင်း ကမ်းဦးရေတိမ်ပိုင်းဧရိယာအားလုံးကို ကုန်တွင်း ရေပိုင်နက် ဟု ခေါ်။ ကုန်တွင်း ရေပိုင်နက် အတွင်းမှာ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံက ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဌာန်းလို့ရ၊ ရှာလို့ရသမျှ (ထွက်သမျှ) သယံဇာတပိုင်၊ နိုင်ငံခြား သင်္ဘော (စစ်/အရပ်/ကုန်တင်စီးပွား) ဖြတ်သွားခွင့်မရှိ။ Territorial Waters (နိုင်ငံတစ်နိုင်ငံရဲ့ အပြည့်အဝပိုင်တဲ့ ရေပိုင်နက်) အခြေခံမျဉ်း (Baseline) မှ (ပင်လယ်ဘက်) ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်) ကို သတ်မှတ်။ ဥပဒေ နဲ့ သယံဇာတ လုပ်ပိုင်ခွင့်မှာ ကုန်တွင်း ရေပိုင်နက် နှင့် အတူတူ။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ကို မထိပါးစေတဲ့၊ အန္တာရယ်မရှိတဲ့ သင်္ဘော (Innocent Passage) သွားလာခွင့်ရှိ။ အန္တာရယ်မရှိတဲ့ သင်္ဘော အနက်အဓိပ္ပါယ်တွင် ငါးဖမ်းခြင်း၊ ပင်လယ်ပြင် (သဘာဝ ပတ်ဝန်းကျင်) ညစ်ညမ်းစေခြင်း၊ လက်နက် စမ်းသပ် ပစ်ခတ်ခြင်၊ လေ့ကျင့်ခြင်း၊ ထောက်လှမ်းခြင်း မပါ။ နိုင်ငံခြားစစ်သင်္ဘောအနေနဲ့ ခရီးလမ်းကြောင်းပေါ် ရှိနေလို့ ဖြတ်တဲ့ သဘောနဲ့ (ဆက်)သွားမယ်ဆိုရင် ဖြတ်သွားလို့ရ။ Contiguous Zone (အချုပ်အခြာ အာဏာဆက်လက်တည်မြဲတဲ့ နယ်နိမိတ်) Territorial Waters ဧရိယာ မှ နောက်ထပ် ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်)၊ တနည်းအားဖြင့် အခြေခံမျဉ်း (Baseline) မှ ရေမိုင် (၂၄) မိုင် အကွားအဝေးကို သတ်မှတ်။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံမှ လူဝင်မှု၊ အခွန်၊ ရေထု ညစ်ညမ်းမှု နဲ့ ပတ်သက်လို့ ဥပဒေ ပြဌာန်းနိုင်။ ဥပမာ - အခွန်ရှောင်/မှောင်ခို၊ လူကုန်ကူး စတဲ့ သင်္ဘောတွေကို သက်ဆိုင်ရာ နိုင်ငံရေတပ်က မိမိရဲ့ ကမ်းလွန်ရေပိုင်နက် ကို ကျော်ပြီး Contiguous Zone ထိလိုက်ဖမ်းနိုင်။ Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အခြေခံမျဉ်း (Baseline) မှ (ပင်လယ်ဘက်) ရေမိုင် (၂၀၀) မိုင် (၃၇၀ ကီလိုမီတာ/ ၂၃၀ မိုင်) ကို သတ်မှတ်။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံ မှ Exclusive Economic Zones အတွင်း ထွက်သမျှ သဘာဝ သယံဇာတ ပိုင်။ ငါးဖမ်း၊ သတ္တုတူးဖော်၊ ရေနံ/သဘာဝဓာတ်ငွေ့ ရှာ အကုန်ပါ။ ခု အထက်က ဖော်ပြထားတဲ့ ရေပိုင်နက်တွေကို အကြမ်းအားဖြင့် (နိုင်ငံတစ်နိုင်ငံ ပိုင်ဆိုင်တဲ့) မိမိရေပိုင်နက်လို့ (သီးခြားဖြစ်တဲ့ လုပ်ပိုင်ခွင့်၊ အာဏာ ကွာပေမဲ့) ခေါ်နိုင်။ ဆိုတော့ မိမိရေပိုင်နက် အပြင် (အခြေခံမျဉ်း ရေမိုင် (၂၀၀) မိုင် အလွန်) ကို နိုင်ငံတကာ ရေပိုင်နက် (International waters) လို့ ခေါ်။ အထပ်မှာ ဖော်ပြထားတဲ့ သတ်မှတ်ချက်တွေကို ပုံ (၀) တွင်ကြည့်။ အဲ့သလို အတိအကျ သတ်မှတ်ထားပေမဲ့ (မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ့်  လို) အိမ်နီးချင်း နိုင်ငံတွေမှာ အခြေခံမျဉ်း (Baseline)၊ တနည်းအားဖြင့် ကမ်းဦး ရေတိမ်မျဉ်း (Low-Water Line) သတ်မှတ်ရာမှ လုံလောက်တဲ့ အကျယ်အဝန်း မရှိတဲ့အတွက် အငြင်းပွားမှု ဖြစ်လေ့ရှိ။ ခု ဒီပြဿနာ စဖြစ်ရတာကလည်း မြန်မာက ၂၀၀၈ မှာ တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ပိုင်နက် (EEZs) မှာ သဘာဝဓာတ်ငွေ့ ရှာတော့ ဘင်္ဂလားဒေ့ရှ့် က (နှစ်နိုင်ငံ)အခြေခံမျဉ်း သတ်မှတ်မှု မတူညီဖြစ်နေတဲ့အပေါ်မူတည်ပြီး ကုလသမဂ္ဂမှာ ကန့်ကွက်ရာမှ စဖြစ်။ ရေနယ်နိမိတ်တွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ယေဘုယျ နားလည်သွားပြီ ဆိုရင် ခုတရားရုံးက ဆုံးဖြတ်ချက် မှတ်တမ်းမှာ ပါတဲ့ ဓာတ်ပုံတွေကို ကြည့်လို့ ရပြီ။ ပုံ (၁) က Territorial Waters (နိုင်ငံတစ်နိုင်ငံရဲ့ အပြည့်အဝပိုင်တဲ့ ရေပိုင်နက်) အတွက် နှစ်ဖက် (မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့် ) က တရားရုံးကို တင်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း နှစ်ကြောင်း။ ပုံ(၂) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ Territorial Waters အတွက် နယ်နိမိတ်သတ်မှတ်မျဉ်း။ ပုံ (၂) အရ ဘင်္ဂလားဒေ့ရှ့် က ရေပိုင်နက် ဧရိယာ ပိုရဟု သတ်မှတ်နိုင်။ ပုံ(၃) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံ ကမ်းရိုးတန်း ဧရိယာ အကျယ်အဝန်း။ မြန်မာက ကမ်းရိုးတန်းထိစပ်မှု ပိုရှိ၊ ပိုရှည်၊ ပိုကျယ်ပြန့်တဲ့ အတွက် ဧရိယာပိုရ။ မြန်မာ (၅၈၇ ကီလိုမီတာ)၊ ဘင်္ဂလားဒေ့ရှ့်  (၄၁၃ ကီလိုမီတာ)။ ပုံ(၄) က Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် နှစ်ဖက် (မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့် ) က တရားရုံးကို တင်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း နှစ်ကြောင်း။ ပုံ(၅) က တရားရုံးက နှစ်နိုင်ငံ Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် အကွာအဝေးပေါ်မူတည်ပြီး ကနဦးသတ်မှတ်ပေးတဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း။ ပုံ(၆) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံ Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် အကွာအဝေးပေါ်မူတည်ပြီး (နောက်ဆုံး အတိုးအလျော့လုပ်ပြီး) သတ်မှတ်ပေးလိုက်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း။ ပုံ(၄) နဲ့ ပုံ (၆) ကို နှိုင်းယှဉ် ကြည့်ရင် စီးပွားရေးလုပ်ပိုင်ခွင့်အတွက် သတ်မှတ်ပေးချက်ဟာ နှစ်ဖက်စလုံးကို မနစ်နာစေဘူး ဆိုတာ သိသာထင်ရှားစေတယ်။ ပုံ(၆) အတိုင်း စီးပွားရေးလုပ်ပိုင်ခွင့်အတွက် နောက်ဆုံးသတ်မှတ်ပေးလိုက်တဲ့နေရာမှာ နှစ်နိုင်ငံရလိုက်တဲ့ ရေပိုင်နက်နှစ်ခု ထပ်တူကျတဲ့ (Overlap) ဖြစ်တဲ့ နေရာရှိတယ်။ အညိရောင် ဧရိယာ (Grey Area) ဟု သတ်မှတ်။ ပုံ (၇) တွင် ကြည့်။ အဲ့တာဟာ နိုင်ငံတကာ မှာ ထိစပ်နေတဲ့ ရေပိုင်နက် နယ်နိမိတ်တွေရှိတဲ့ နိုင်ငံတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိ။ အညိုရောင် ဧရိယာ အတွင်း လုပ်ပိုင်ခွင့်ကို နှစ်နိုင်ငံ (နိုင်ငံတကာ နဲ့ မဆိုင်) လေးစားမှုကိုအခြေပြုပြီး နှစ်ဘက်သဘောတူ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်။ ပုံ(၈) က နှစ်နိုင်ငံ ပင်လယ်နဲ့ ထိစပ်လို့ ပိုင်တဲ့ ရေပိုင်နက် ဧရိယာအကျယ်အဝန်း စုစုပေါင်း။ ပုံ(၃) ရဲ့ သဘောတရားအတိုင်း မြန်မာက ကမ်းရိုးတန်းထိစပ်မှု ပိုရှိ၊ ပိုရှည်၊ ပိုကျယ်ပြန့်တဲ့ အတွက် ဧရိယာပိုရ၊ ဧရိယာ ပိုကျယ်ဟု ဆိုနိုင်။ ပုံ(၉) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံအတွက် ရေပိုင်နက် နယ်နိမတ်မျဉ်း။ ပုံ(၄) နဲ့ ပုံ (၆) ကို နှိုင်းယှဉ် ကြည့်တဲ့ သဘောအတိုင်းပဲ နှစ်နိုင်ငံတောင်းဆိုခဲ့တာနဲ့ နောက်ဆုံးရတာကို နှိုင်းယှဉ်ရင် နှစ်ဖက်စလုံးမနစ်နာ။ ပုံ (၉) အတိုင်း နောက်ဆုံး သတ်မှတ်ထားတဲ့ နယ်နိမတ်မျဉ်းမှာ ခြွင်းချက် ကင်းလွတ် သွားတာက စိန့်မာတင်ကျွန်း (St. Martin's Island)။ ပုံ (၉) ရဲ့ နယ်နိမတ်မျဉ်းအတိုင်းပြောရင် စိန့်မာတင်ကျွန်းကို မြန်မာပိုင်တယ်။ ဒါပေမဲ့ ကျွန်းပိုင်ဆိုင်မှုကို သတ်မှတ်ရာမှာ ပုံ (၉) ရဲ့ နယ်နိမိတ်မျဉ်းက သက်ရောက်မှု မရှိတဲ့အတွက် (Territorial Waters ပိုင်ဆိုင်မှု နယ်နိမိတ်သတ်မှတ်မျဉ်း ပုံ (၂) အရ) စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ် ပိုင်လို့ သတ်မှတ်လိုက်တယ်။ နိဂုံး စာရေးသူ ကိုယ်တိုင် ပင်လယ်ရေကြောင်း ဝေါဟာရတွေနဲ့ ဝေးတဲ့ သာမန်လူပြိန်းဖြစ်တဲ့အတွက် ဝေါဟာရများရဲ့ မြန်မာပြန်မှာ တကယ့် ဝေါဟာရ အမှန်ပြန်ထားတာနဲ့ ကွာနိုင်ပါတယ်။ ဒါပေမဲ့ အနက်အဓိပ္ပါယ် ဖွင့်ဆိုရှင်းလင်းရာမှာ အနီးစပ်ဆုံး မှန်ကန်အောင် ပြန်ဆိုထားပါတယ်။ ပြီးတော့ ဒီစာစုဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုသာ (ခု မိတ်ဆွေတွေအကြား "ငါတို့နိုင်တယ်၊ သူတို့နိုင်တယ်" ဆိုတဲ့ ငြင်းခုံမှု၊ ဒွိဟဖြစ်နေတာတွေကို ပျောက်စေလိုတဲ့ အတွက်) ရှင်းလင်းထားခြင်းဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ အကြောင်းရှာပြီး ရှင်းလင်းဖို့က ရှုပ်ထွေးတဲ့ ဥပဒေ၊ နည်းပညာ သဘောတရားတွေကို နားလည်တဲ့ ပညာရှင်များကသာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်မေးခွန်းထုတ်၊ တရားမျှတမှုကို ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ အချက်အလက်တွေကို အခြေခံပြီး ကျနော့် အမြင်ကို တင်ပြရမယ်ဆိုရင်တော့ တရားရုံးဆုံးဖြတ်ချက်ဟာ တရားမျှတမှု နဲ့ အနီးစပ်ဆုံးရှိပြီးတော့ အငြင်းပွားတဲ့ နှစ်နိုင်ငံစလုံး မနစ်နာစေပါလို့ ကောက်ချက်ချရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့အရေးတွေကို ပိုမို စိတ်ပါဝင်စားပြီး အမှန်အတိုင်း နားလည်လက်ခံနိုင်ကြပါစေ။ နောက်ဆက်တွဲ ရှင်းလင်းချက်။ ။ ရေပိုင်နက် အငြင်းပွားမှု ဆုံးဖြတ်ချက်ဟာ နှစ်ဖက်မနစ်နာဘာဘူးလို့ မင်းက ဆိုရင် ဘာကြောင့် နိုင်ငံတကာ သတင်းတချို့မှာ "ဘင်္ဂလားနိုင်တယ်" လို့ ရေးလည်းလို့ မေးကြတယ်။ အဲ့ဟာကို ရှင်းရရင် ကိုယ့်တိုင်းပြည်ကို ခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ အသုံးမကျလို့ လို့ပြောရမယ်။ မင်းကလည်း တစ်ခါလာလည်း ဒီဘူတာပဲသွားဆိုက်တယ်လို့ မဆိုချင်နဲ့။ အဲ့ဘူတာက အရေးကြီးလို့ကို ဆိုက်ရတာ။ နောက်ဆုံး တရားရုံးဆုံးဖြတ်ချက် ကြားနားပွဲကို ဘင်္ဂလားက နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်တက်တယ်။ ဆုံးဖြတ်ချက်ပြီးတော့လည်း သတင်းစာတွေနဲ့ တွေ့ပြီး သူ့အမြင်၊ တရားရုံး ဆုံးဖြတ်ချက်အကြောင်း လည်လည်ပတ်ပတ် ရဲရဲဝင့်ဝင့်နဲ့ ပြောတယ် (ပြောနိုင်တယ်)။ အဲ့သလို ပြောတဲ့ နေရာမှာ အမှန်ကိုအခြေခံပြီး ပြောရပေမဲ့ ကိုယ့် ပြည်တွင်း နိုင်ငံရေးလိုအပ်ချက်အရ လက်ရှိအာဏာရပါတီ ဂုဏ်တက်အောင် ပြောရတယ်။ အဲ့သလိုပြောရတာကြောင့် ခုဖြစ်နေတဲ့ "ဘင်္ဂလားနိုင်တယ်" ဆိုတဲ့ သတင်းတွေ တက်ရခြင်း ဖြစ်တယ်။ ကိုယ်နိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီး တက်တယ်လို့ လက်လှမ်းမီသမျှ သတင်းမှာ မတွေ့ရ။ (EU က sanction က ခရီးသွားလာခွင့်ကို ကင်းလွှတ်ခွင့်ပေးပြီး ဖြစ်။) တက်လည်း ပြီးရင် သတင်းစာတွေနဲ့ တွေ့ဆုံ ပြောလေ့မရှိ၊ ပြောနိုင်တဲ့ အရည်အချင်းလည်း မရှိ။ ငါတို့ ကြံဖန် ဂုဏ်တက်အောင်လုပ်ရင် ရပါ့လားဆိုတဲ့ စဉ်းစားနိုင်တဲ့ အသိဥာဏ်လည်း (အစိုးရ တစ်ဖွဲ့လုံး မှာ) မရှိ။ တကယ် အရည်အချင်းရှိလို့ ဒီကိစ္စအစ၊ အဆုံး တာဝန်ခံလုပ်ပေးခဲ့တဲ့ ဥပဒေ ပညာရှင်တွေ၊ တတ်သိပညာရှင်တွေက လည်း သူတို့ အမြင် အဘောထားကို ချက်ချင်း ပွင့်ပွင့်လင်းလင်း မထုတ်ပြန်နိုင်၊ လုပ်ပိုင်ခွင့်မရှိ၊ လုပ်ရဲတဲ့ သတ္တိလည်း မရှိ။ နောက်ခဏကြာရင်တော့ ပြည်တွင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပါလိမ့်မယ်။ အဲ့တော့ "ဘင်္ဂလားနိုင်တယ်" ဆိုတဲ့ သတင်းဘာကြောင့် ဖြစ်ရတယ်ဆိုတာ ရှင်းမယ်ထင်ပါတယ်။ ငြိမ်းချမ်းအေး ၁၅ မတ်လ၊ ၂၀၁၂ Photo Source: itlos.org Ref: ITLOS Final Judgement Report

Friday, March 9, 2012

ရောမနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အား ချီးမြင့်သောဆုကို ဘောလုံးသမားဟောင်း ရောဘတ်တို ဘတ်ဂီယိုက လာရောက်ပေးအပ်မည်

ကမ္ဘာကျော်အီတလီဘောလုံးကစားသမားဟောင်း ရောဘတ်တို ဘက်ဂီယိုသည်
ဒ်ါအောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့လာရောက်ရန်
ရှိပါသည်။

ရောမနိုင်ငံမှဒေါ်အောင်ဆန်းစုကြည်အားချီးမြင့်သောဆုကိုရောဘတ်တိုဘတ်ဂီယိုက
လက်ခံထိန်းသိမ်းထားသည်မှာလေးနှစ်ခန့်ရှိပါသည်။

ထိုဆုကို ဒေါ်အောင်ဆန်းစုကြည် အား လာရောက်တွေ့ ဆုံမည့်ခရီးစဉ်တွင်
ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း ပြီးခဲ့တဲ့ အင်္ဂါနေ့ ထုတ် sport center အားကစား
ဂျာနယ်တွင်ဖော်ပြထားပါသည်။

Myanmar News Now

Tuesday, February 7, 2012

ပြည်တွင်းသတင်းများ

ဇန်န၀ါရီ၂၆-ဖေဖော်ဝါရီ ၁ ၊ ၂၀၁၂ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်ပါ `တန်ဖိုးနည်းဂျီအက်စ်အမ်ဖုန်းခေါ်ခများ မပြောင်းလဲ ပါ´ စာမူတွင်ဖော်ပြထားသော ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း၏ စကားပါ။ ဖတ်ရှုကြည့်ကြပါ။ ညစ်ပတ်စုတ်ပဲ့ ကိုယ်ကြိုးရှာ သမားတို့၏ ပြည်သူကိုမကြည့် ကိုယ့်အကျိုးစီးပွားကိုသာ ကြည့်သောကြောင့် ၅၀၀၀တန်ဖုန်းများ မရောင်းခိုင်းကြောင်းထင်ရှားလှပေသည်။ တန်ဖိုးနည်း ဂျီအက်စ်အမ် ဖုန်းလိုင်းသစ်များချိတ်ဆက်ခြင်းအား ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက အထူးစီမံကိန်းအဖွဲ့၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၁/၂၀၁၁)ညှိနှိုင်းအစည်းအဝေး၌ ဧပြီ ၂၂ရက်နေ့တွင်ရှင်းလင်းပြောကြား ခဲ့သောအစီအစဉ်ကြောင့်၅၀၀၀တန်ဖုန်းများ ရောင်းခွင့်မပြုနိုင်ခြင်းမှာ ၄င်းတို့အကျိုးစီးပွားထိခိုက်မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ၄င်းအစီအစဉ်မှာ--- ကနဦးချပေးမည့် ဂျီအက်စ်အမ်ဖုန်းလေးသန်းအတွက် ပုဂ္ဂလိကကုမ္ပဏီ ၂၂ခုမှ ရင်းနှီးမြှုပ်နှံရန် ငွေကျပ် ၅ ဘီလီယံစီ အချိုးကျ ထည့်ဝင်ထားကြောင်း၊ တန်ဖိုးနည်း ဂျီအက်စ်အမ်မိုဘိုင်းဖုန်း သန်း၃၀ချပေးမည့် စီမံကိန်းကို ၂၀၁၅ခုနှစ် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရ။´ ၄င်းသတင်းအရ ကုမ္ပဏီ တစ်ခုလျှင် ၅ဘီလီယံနှင့် ကုမ္ပဏီ ၂၂ခုအတွက် ၁၁၀ဘီလီယံ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။ ၄င်းတို့က ဖုန်းတစ်လုံးကို ၃၀၀၀၀၀နှင့် ပြန်ရောင်းစားသော် ဖုန်း ၄သန်းအတွက် 300000 x 4000000 = 1200,000,000,000 ( ကျပ်- ဘီလီယံ တစ်ထောင့်နှစ်ရာ တိတိ ) ပြန်ရမည်ဖြစ်သည်။ ၄င်းပမာဏကို ကုမ္ပတစ်ခုချင်းအချိုးကျပြန်ခွဲဝေလျှင် (ကျပ်- ငါးဆယ့်လေးဘီလီယံ) ကျော် ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ၅၀၀၀ တန်ဖုန်းကိုသာခွင့်ပြုလိုက်ပါက ၄င်း ကုမ္ပဏီ ၂၂ ခု၏ အကျိုးအမြတ်နှင့် ဆက်သွယ်ရေး ၀န်ကြီးတို့၏ အကျိုးအမြတ်များ ထိခိုက်နစ်နာမည် ဖြစ်သဖြင့် အိုဟောင်းနေသော ဆက်သွယ်ရေး နည်းဥပဒေများကိုခုတုံးလုပ်ကာ ပြုလုပ်၍မဖြစ်နိုင်ကြောင်းတွင်တွင် ငြင်းဆိုနေကြခြင်း ဖြစ်ပေသည်။ ပြည်သူ့အကျိုးကို မျက်ကွယ်ပြုကာ တစ်ကိုယ်ရေကောင်းစားကို လုပ်စားနေကြသော နာယကဂုဏ် (၆)ပါးနှင့် မပြည့်စုံသည့် ၀န်ကြီးနှင့် အပေါင်းပါများကို ရာထူးမှ ဖြုတ်ချဖို့ လွှတ်တော်တွင် တောင်းဆိုကြပါဆို့။ ထို့ပြင် ပြည်သူတို့အပေါ် တိုင်းရင်းသားချင်း ဂုတ်သွေးစုတ်ချင်သော Elite အပါအ၀င် ကုမ္ပဏီ ၂၂ ခုအား ၄င်းတို့၏ ထုတ်ကုန်များကို မသုံးစွဲပဲ သပိတ်မှောက်ကြပါစို့။ ယခုအရေးကိစ္စကို နိုင်ငံတော်သမ္မတကြီးထံ လူထုအားဖြင့် ၀ိုင်းဝန်းတောင်းဆိုကြပါစို့။ စာနယ်ဇင်းများ၊ ဘလော့များ မှလည်း ပြည့်သူ့အကျိုးမကြည့် ကိုယ်ကျိုးသာ ကြည့်သော ကုမ္ပဏီများ ကို ၀ိုင်းဝန်း သပိတ်မှောက်ရန် ရေးသားကြပါစို့။ DrSoeWinAung