Showing posts with label တွေးတွေး ရေးရေး. Show all posts
Showing posts with label တွေးတွေး ရေးရေး. Show all posts

Wednesday, March 14, 2012

ရင်လေးပါဘိ မြန်မာရယ်

— with Yamin Aung Than.
မြန်မာနဲ့ ဘင်္ဂလာ ရေပိုင်နက်ကိစ္စမှာ မြန်မာတွေနိုင်တယ်လို့ဆိုပေမယ့် ကမ်းလွန်ရေပိုင်နက်လုပ်ကွက်တွေတော့ ကုလားတွေလက်ထဲ ရောက်ခဲ့ရပြန်ပြီ... မြန်မာနိုင်ငံရဲ့ မြစ်ကြီး၊ မြစ်ငယ်၊ မြစ်လက်တက်ကလေးတွေလည်း တခြားသူတွေရဲ့လက်ထဲကို မရောက်သင့်ပဲရောက်ခဲ့ရပြီးပြီ... ကုလားတွေ၊ တရုတ်တွေ မြန်မာနိုင်ငံကို တဖြည်းဖြည်း နယ်ချဲ့ကျူးကျော်လာခဲ့သည်မှာ အများရဲ့ အမြင်ပဲဖြစ်ပါတယ်.. တို့နိုင်ငံခေါင်းဆောင်တွေ ဘာတွေလုပ်နေကြသလဲ၊ တို့နိုင်ငံရဲ့ လုံခြုံရေးစနစ်တွေက ဘယ်လိုကာကွယ်စောင့်ရှောက်နေကြလဲ၊ တို့မြန်မာတွေရဲ့ ပိုင်နက်တွေကို ရှေ့လျှောက် ဘယ်လိုအကာအကွယ်တွေနဲ့ တာဝန်ယူမှာလဲ၊ ဘာကြောင့်မြန်မာပိုင်နက်တွေကို တခြားတိုင်းတပါးလက်ထဲကို မရောက်သင့်ပဲရောက်ခဲ့ရတာလဲ၊ တကယ်နက်နက်နဲနဲတွေးကြည့်ရင် ရှေ့ဆက်ဖြစ်လာမည့် မြန်မာအနာဂတ်ကို မြန်မာတစ်ယောက်အနေနှင့် တကယ်ကို ရင်လေးမိပါတယ်...

Wednesday, February 22, 2012

သင်သိရဲ့လား...

တခါတရံမှာ မိန်းကလေးတွေဟာ ဟန်ဆောင်ရယ်မောလေ့ရှိတတ်ုကတယ်.. ဒါဟာ သင်ပြောပြတဲ့ဟာသတွေတိုင်းရယ်စရာကောင်းနေလို့ တော့မဟုတ်ဘူး.. သူ့ အပေါ်မှာထားတဲ့ သင့်ရဲ့ ပျော်ရွှင်စေလိုတဲ့စိတ်ဆန္ဒကို အလေးထားပေးတာဖြစ်တယ်.. တခါတရံမှာ မိန်းကလေးတွေဟာ နှုတ်ဆိတ်နေတတ်ုကတယ်.. ဒါဟာ သင့်အပြစ်တွေကိုသူတို့ မသိလို့ မဟုတ်ဘူး.. သင်နဲ့ အမြဲတမ်းစကားများရန်ဖြစ်မနေချင်လို့ ဖြစ်တယ်... တခါတရံမှာ မိန်းကလေးတွေဟာ မသိဟန်ဆောင်လေ့ရှိတတ်ုကတယ်.. ဒါဟာ သင့်လုပ်ရပ်တွေကိုသူတို့ မသိလို့ မဟုတ်ဘူး.. သင့်ကိုသင် ပြုပြင်နိုင်ဖို့ အချိန်ပေးတာဖြစ်တယ်... အခါတော်တော်များများမှာ မိန်းကလေးတွေဟာ တိတ်တဆိတ်ငိုေုကွးလေ့ရှိတတ်ုကတယ်... ဒါဟာ သူတို့ ရဲ့ ဝမ်းနည်းအားငယ်မှုကို မမြင်စေချင်လို့ တော့မဟုတ်ဘူး... သူတို့ မျက်ရည်တွေကို သင့်စိတ်ပြောင်းဖို့ အတွက်လက်နက်အဖြစ်အသုံးပြုတယ်လို့  သင်ယူဆသွားမှာစိုးရိမ်လို့ ဖြစ်တယ်.... -- ဆုဝေဖြိုး --

Thursday, February 9, 2012

....မင်္ဂလာပါ ...

                                                             အားလုံးပဲမင်္ဂလာပါ....

http://sulayngal.blogspot.com/စုလေးငယ် နဲ့ ရွှေစင် http://yellowrose.blogspot.com တို့ရဲ့ မြှောက်ပေးမှု့
နဲ့ စပ်မိစပ်ရာလေးများ ၀င်ရေးသားမိခြင်းဖြစ်ပါသည် (၀န်ခံချက် ) :))
ကိုယ်တိုင်ကတော့ မရေးတတ်ပေမဲ့ ဖတ်ရတာဝါသနာပါတဲ့အတွက် ကောင်းတာလေးတွေကို ပြန်ပြီးဝေမျှပေးပါ့မယ် ..
အားလုံးကို အပေါ်က ချယ်ရီပန်းခက်ကလေးတွေနဲ့ ကြိုဆိုလိုက်ပါတယ်နော်.........