Showing posts with label ရောက်တက်ရာရာ. Show all posts
Showing posts with label ရောက်တက်ရာရာ. Show all posts

Saturday, June 8, 2013

မြန်မာနိုင်ငံရှိမြို့ များ



မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် စာရင်းအရ မြို့ပေါင်း (၃၆၆)မြို့  ရှိသည်။ယင်းမြို့  ၃၆၆ မြို့  တွင် မြို့ နယ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော မြို့တော်အဆင့် မြို့ (၃)မြို့၊ ရပ်ကွက်များဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော မြို့နယ်ရုံးစိုက်ရာမြို့ (၂၈၂)မြို့၊ အထွေထွေအုပ်ချုပ်ရေးဌာန ရုံးစိုက်ရာမြို့ (၈၁)မြို့တို့ ပါဝင်သည်။ ယင်း ၃၆၆ မြို့တွင် မပါဝင် သော်လည်း (ဌာနဆိုင်ရာရုံးများ ရုံးမစိုက်သော်လည်း)၊ လူဦးရေ ထူထပ်ပြီး၊ ကူးသန်းရောင်းဝယ်ရေး အချက်ခြာကျ၍ စည်ကားသော အချို့နေရာများကိုလည်း မြို့ဟု ခေါ်ဝေါ်ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် တည်ရှိသော မြို့များစာရင်းမှာ အောက်ပါ အတိုင်းဖြစ်သည်-
မြန်မာနိုင်ငံရှိ မြို့များ
ပြည်နယ်/တိုင်းဒေသကြီး မြို့ကြီးများ မြို့နယ် အဆင့်မြို့များ မြို့နယ်ခွဲ အဆင့်/ဌာနဆိုင်ရာရုံးစိုက်ရာမြို့ စုစုပေါင်း
ကချင်
၁၈ ၉ ၂၇
ကယား
၇ ၁ ၈
ကရင်
၇ ၈ ၁၅
ချင်း
၉ ၃ ၁၂
မွန်
၁၀ ၃ ၁၃
ရခိုင်
၁၇ ၃ ၂၀
ရှမ်း
၅၅ ၂၃ ၇၈
စစ်ကိုင်း
၃၇ ၃ ၄၀
တနင်္သာရီ
၁၀ ၆ ၁၆
ပဲခူး
၂၈ ၅ ၃၃
မကွေး
၂၅ ၂ ၂၇
မန္တလေး ၂ ၂၁ ၄ ၂၇
ရန်ကုန် ၁ ၁၂ ၃ ၁၆
ဧရာဝတီ
၂၆ ၈ ၃၄
စုစုပေါင်း ၃ ၂၈၂ ၈၁ ၃၆၆

ကချင်ပြည်နယ်

(၁) မြစ်ကြီးနားမြို့
(၂) ဗန်းမော်မြို့
(၃) မိုးညှင်းမြို့
(၄) ပူတာအိုမြို့
(၅) မိုးကောင်းမြို့
(၆) ဝိုင်းမော်မြို့
(၇) ဖားကန့်မြို့
(၈) တနိုင်းမြို့
(၉) ရွှေကူမြို့
(၁၀) မိုးမောက်မြို့
(၁၁) မံစီမြို့
(၁၂) ဆွမ်ပရာဘွမ်မြို့
(၁၃) ချီဖွေမြို့
(၁၄) ဆော့လော်မြို့
(၁၅) အင်ဂျန်းယန်မြို့
(၁၆) မချမ်းဘောမြို့
(၁၇) နောင်မွန်းမြို့
(၁၈) ခေါင်လန်ဖူးမြို့
(၁၉) ကာမိုင်းမြို့
(၂၀) ဟိုပင်မြို့
(၂၁) မြို့လှမြို့
(၂၂) ဆင်ဘိုမြို့
(၂၃) ဒေါ့ဖုန်းယန်မြို့
(၂၄) ရှင်ဗွေယန်မြို့
(၂၅) လွယ်ဂျယ်မြို့
(၂၆) ဆဒုံးမြို့
(၂၇) ပန်နန်းဒင်မြို့

ကယားပြည်နယ်

(၁) လွိုင်ကော်မြို့
(၂) ဘောလခဲမြို့
(၃) ဒီမောဆိုမြို့
(၄) ဖရူဆိုမြို့
(၅) ဖာဆောင်းမြို့
(၆) ရှားတောမြို့
(၇) မဲ့စဲ့မြို့
(၈) ရွာသစ်မြို့

ကရင်ပြည်နယ်

(၁) ဘားအံမြို့ 
(၂) ကော့ကရိတ်မြို့ 
(၃) မြဝတီမြို့ 
(၄) လှိုင်းဘွဲ့မြို့
(၅) ဖာပွန်မြို့
(၆) ကြာအင်းဆိပ်ကြီးမြို့
(၇) သံတောင်ကြီးမြို့
(၈) သံတောင်မြို့
(၉) လိပ်သိုမြို့
(၁၀) ဘောဂလိမြို့
(၁၁) ပိုင်ကျုံမြို့
(၁၂) ကမမောင်းမြို့
(၁၃) ဘုရားသုံးဆူမြို့
(၁၄) ကျုံဒိုးမြို့
(၁၅) ကျိုက်ဒုံမြို့

ချင်းပြည်နယ်

(၁) ဟားခါးမြို့
(၂) ဖလမ်းမြို့
(၃) မင်းတပ်မြို့
(၄) မတူပီမြို့
(၅) ပလက်ဝမြို့
(၆) ကန်ပက်လက်မြို့
(၇) တီးတိန်မြို့
(၈) တွန်းဇံမြို့
(၉) ထန်တလန်မြို့
(၁၀) ရိခေါ်ဒါရ်မြို့
(၁၁) ကျီခါးမြို့
(၁၂) ရေဇွာမြို့

မွန်ပြည်နယ်

(၁) မော်လမြိုင်မြို့
(၂) သထုံမြို့
(၃) ရေးမြို့
(၄) သံဖြူဇရပ်မြို့
(၅) ကျိုက်မရောမြို့
(၆) ချောင်းဆုံမြို့
(၇) ကျိုက်ထိုမြို့
(၈) ပေါင်မြို့
(၉) ဘီးလင်းမြို့
(၁၀) မုဒုံမြို့
(၁၁) ကျိုက္ခမီမြို့
(၁၂) လမိုင်းမြို့
(၁၃) ခေါဇာမြို့

ရခိုင်ပြည်နယ်

(၁) စစ်တွေမြို့
(၂) ကျောက်ဖြူမြို့
(၃) သံတွဲမြို့
(၄) မောင်တောမြို့
(၅) ဘူးသီးတောင်မြို့
(၆) မြောက်ဦးမြို့
(၇) ကျောက်တော်မြို့
(၈) ပုဏ္ဏားကျွန်းမြို့
(၉) ရသေ့တောင်မြို့
(၁၀) မြေပုံမြို့
(၁၁) ရမ်းဗြဲမြို့
(၁၂) မင်းပြားမြို့
(၁၃) ပေါက်တောမြို့
(၁၄) မာန်အောင်မြို့
(၁၅) တောင်ကုတ်မြို့
(၁၆) အမ်းမြို့
(၁၇) ဂွမြို့
(၁၈) တောင်ပြိုလက်ဝဲမြို့
(၁၉) မအီမြို့
(၂၀) ကျိန္တလီမြို့


ရှမ်းပြည်နယ်

* (၁) တောင်ကြီးမြို့
* (၂) လားရှိုးမြို့
* (၃) ကျိုင်းတုံမြို့
* (၄) လွိုင်လင်မြို့
* (၅) လောက်ကိုင်မြို့
* (၆) လင်းခေးမြို့
* (၇) ကျောက်မဲမြို့
* (၈) မူဆယ်မြို့
* (၉) ကွမ်းလုံမြို့
* (၁၀) တာချီလိတ်မြို့
* (၁၁) မိုင်းဆတ်မြို့
* (၁၂) မိုင်းဖြတ်မြို့
* (၁၃) ဟိုပန်မြို့
* (၁၄) ဟိုပုံးမြို့
* (၁၅) ပင်းတယမြို့
* (၁၆) နမ့်ဆန်မြို့ (ရှမ်းပြည်နယ် မြောက်ပိုင်း)
* (၁၇) နမ္မတူမြို့
* (၁၈) နောင်ချိုမြို့
* (၁၉) သီပေါမြို့
* (၂၀) မန်တုံမြို့
* (၂၁) မိုးမိတ်မြို့
* (၂၂) မဘိမ်းမြို့
* (၂၃) နမ့်ခမ်းမြို့
* (၂၄) ကွတ်ခိုင်မြို့
* (၂၅) သိန္နီမြို့
* (၂၆) တန့်ယန်းမြို့
* (၂၇) မိုင်းရယ်မြို့
* (၂၈) ပန်ဆန်းမြို့
* (၂၉) မိုင်းမောမြို့
* (၃၀) နားဖန်းမြို့
* (၃၁) နမ့်စန်မြို့ (ရှမ်းပြည်နယ် တောင်ပိုင်း)
* (၃၂) ပန်ဝိုင်မြို့
* (၃၃) ရပ်စောက်မြို့
* (၃၄) ရွာငံမြို့
* (၃၅) ညောင်ရွှေမြို့
* (၃၆) ပင်လောင်းမြို့
* (၃၇) ဆီဆိုင်မြို့
* (၃၈) မိုးနဲမြို့
* (၃၉) မိုင်းပန်မြို့
* (၄၀) မိုင်းကိုင်မြို့
* (၄၁) ကွန်ဟိန်းမြို့
* (၄၂) ကုန်းကြမ်းမြို့
* (၄၃) မိုင်းခတ်မြို့
* (၄၄) ဖယ်ခုံမြို့
* (၄၅) လဲချားမြို့
* (၄၆) မောက်မယ်မြို့
* (၄၇) ကျေးသီးမြို့
* (၄၈) ကလောမြို့
* (၄၉) မိုင်းရှူးမြို့
* (၅၀) မိုင်းပျင်းမြို့
* (၅၁) မိုင်းတုံမြို့
* (၅၂) မိုင်းယောင်းမြို့
* (၅၃) မိုင်းလားမြို့
* (၅၄) မိုင်းယန်းမြို့
* (၅၅) မက်မန်းမြို့
* (၅၆) အောင်ပန်းမြို့
* (၅၇) ရွှေညောင်မြို့
* (၅၈) အေးသာယာမြို့
* (၅၉) ကျောက်တစ်လုံးကြီးမြို့
* (၆၀) နောင်တရားမြို့
* (၆၁) ပင်လုံမြို့
* (၆၂) ကျိုင်းတောင်းမြို့
* (၆၃) ဟိုမိန်းမြို့
* (၆၄) အင်တောမြို့
* (၆၅) မိုင်းနောင်မြို့
* (၆၆) မိုင်းငေါ့မြို့
* (၆၇) တာမိုးညဲမြို့
* (၆၈) မုံးကိုးမြို့
* (၆၉) မန်ဟီးရိုးမြို့
* (၇၀) ချင်းရွှေဟော်မြို့
* (၇၁) နမ့်တစ်မြို့
* (၇၂) တုံတာမြို့
* (၇၃) တာလေမြို့
* (၇၄) ကျိုင်းလပ်မြို့
* (၇၅) မိုင်းယုမြို့
* (၇၆) ပုံပါကျင်မြို့
* (၇၇) မိုင်းခုတ်မြို့
* (၇၈) မိုင်းပေါက်မြို့

စစ်ကိုင်းတိုင်းဒေသကြီး

* (၁) စစ်ကိုင်းမြို့
* (၂) မုံရွာမြို့
* (၃) ရွှေဘိုမြို့
* (၄) ကလေးမြို့
* (၅) ကသာမြို့
* (၆) ခန္တီးမြို့
* (၇) တမူးမြို့
* (၈) လဟယ်မြို့
* (၉) လေရှီးမြို့
* (၁၀) ဖောင်းပြင်မြို့
* (၁၁) နန်းယွန်းမြို့
* (၁၂) ဟုမ္မလင်းမြို့
* (၁၃) မြင်းမူမြို့
* (၁၄) မြောင်မြို့
* (၁၅) ဘုတလင်မြို့
* (၁၆) ဆားလင်းကြီးမြို့
* (၁၇) ယင်းမာပင်မြို့
* (၁၈) ပုလဲမြို့
* (၁၉) ချောင်းဦးမြို့
* (၂၀) အရာတော်မြို့
* (၂၁) ဒီပဲယင်းမြို့
* (၂၂) ရေဦးမြို့
* (၂၃) ခင်ဦးမြို့
* (၂၄) ဝက်လက်မြို့
* (၂၅) ကန့်ဘလူမြို့
* (၂၆) တန့်ဆည်မြို့
* (၂၇) ကျွန်းလှမြို့
* (၂၈) ကလေးဝမြို့
* (၂၉) မင်းကင်းမြို့
* (၃၀) မော်လိုက်မြို့
* (၃၁) ပင်လည်ဘူးမြို့
* (၃၂) ကနီမြို့
* (၃၃) ဝန်းသိုမြို့
* (၃၄) ကောလင်းမြို့
* (၃၅) ထီးချိုင့်မြို့
* (၃၆) အင်းတော်မြို့
* (၃၇) ဗန်းမောက်မြို့
* (၃၈) ခမ်းပါတ်မြို့
* (၃၉) မြို့သစ်မြို့ (စစ်ကိုင်းတိုင်း)
* (၄၀) ပန်ဆောင်မြို့

တနင်္သာရီတိုင်းဒေသကြီး

* (၁) ထားဝယ်မြို့
* (၂) မြိတ်မြို့
* (၃) ကော့သောင်းမြို့
* (၄) ရေဖြူမြို့
* (၅) လောင်းလုံမြို့
* (၆) သရက်ချောင်းမြို့
* (၇) ပုလောမြို့
* (၈) တနင်္သာရီမြို့
* (၉) ဘုတ်ပြင်းမြို့
* (၁၀) ကျွန်းစုမြို့
* (၁၁) ပလောက်မြို့
* (၁၂) မေတ္တာမြို့
* (၁၃) ကလိန်အောင်မြို့
* (၁၄) ပြည်ကြီးမဏ္ဍိုင်မြို့
* (၁၅) ကရသူရိမြို့
* (၁၆) ခမောက်ကြီးမြို့

ပဲခူးတိုင်းဒေသကြီး

* (၁) ပဲခူးမြို့
* (၂) ပြည်မြို့
* (၃) တောင်ငူမြို့
* (၄) သာယာဝတီမြို့
* (၅) သနပ်ပင်မြို့
* (၆) လက်ပံတန်းမြို့
* (၇) အုတ်ဖိုမြို့
* (၈) မိုးညိုမြို့
* (၉) ကြို့ပင်ကောက်မြို့
* (၁၀) မင်းလှမြို့ (ပဲခူးတိုင်း)
* (၁၁) နတ်တလင်းမြို့
* (၁၂) ဇီးကုန်းမြို့
* (၁၃) ပေါင်းတည်မြို့
* (၁၄) ပေါက်ခေါင်းမြို့
* (၁၅) ရွှေတောင်မြို့
* (၁၆) သဲကုန်းမြို့
* (၁၇) ပန်းတောင်းမြို့
* (၁၈) ရေတာရှည်မြို့
* (၁၉) အုတ်တွင်းမြို့
* (၂၀) ထန်းတပင်မြို့ (ပဲခူးတိုင်း)
* (၂၁) ကျောက်ကြီးမြို့
* (၂၂) ဖြူးမြို့
* (၂၃) ကျောက်တံခါးမြို့
* (၂၄) ညောင်လေးပင်မြို့
* (၂၅) ရွှေကျင်မြို့
* (၂၆) ဒိုက်ဦးမြို့
* (၂၇) ကဝမြို့
* (၂၈) ဝေါမြို့
* (၂၉) ပြွန်တန်ဆာမြို့
* (၃၀) သုံးဆယ်မြို့
* (၃၁) ပဲနွယ်ကုန်းမြို့
* (၃၂) မဒေါက်မြို့
* (၃၃) ကေတုမတီမြို့

မကွေးတိုင်းဒေသကြီး

* (၁) မကွေးမြို့
* (၂) ပခုက္ကူမြို့
* (၃) မင်းဘူးမြို့
* (၄) ဂန့်ဂေါမြို့
* (၅) သရက်မြို့
* (၆) အောင်လံမြို့
* (၇) ကံမမြို့
* (၈) မင်းတုန်းမြို့
* (၉) ဆင်ပေါင်ဝဲမြို့
* (၁၀) မင်းလှမြို့ (မကွေးတိုင်း)
* (၁၁) တောင်တွင်းကြီးမြို့
* (၁၂) နတ်မောက်မြို့
* (၁၃) မြို့သစ်မြို့ (မကွေးတိုင်း)
* (၁၄) ရေနံချောင်းမြို့
* (၁၅) ချောက်မြို့
* (၁၆) ပွင့်ဖြူမြို့
* (၁၇) ဆိပ်ဖြူမြို့
* (၁၈) ငဖဲမြို့
* (၁၉) စေတုတ္တရာမြို့
* (၂၀) ဆောမြို့
* (၂၁) ထီးလင်းမြို့
* (၂၂) ပေါက်မြို့
* (၂၃) မြိုင်မြို့
* (၂၄) ရေစကြိုမြို့
* (၂၅) စလင်းမြို့
* (၂၆) စကုမြို့
* (၂၇) ကျောက်ထုမြို့

မန္တလေးတိုင်းဒေသကြီး

* (၁) နေပြည်တော်မြို့
* (၂) မန္တလေးမြို့
* (၃) မိတ္ထီလာမြို့
* (၄) မြင်းခြံမြို့
* (၅) ကျောက်ဆည်မြို့
* (၆) ပြင်ဦးလွင်မြို့
* (၇) ရမည်းသင်းမြို့
* (၈) ညောင်ဦးမြို့
* (၉) မတ္တရာမြို့
* (၁၀) စဥ့်ကူးမြို့
* (၁၁) စဥ့်ကိုင်မြို့
* (၁၂) တံတားဦးမြို့
* (၁၃) မြစ်သားမြို့
* (၁၄) ဝမ်းတွင်းမြို့
* (၁၅) သာစည်မြို့
* (၁၆) မလှိုင်မြို့
* (၁၇) ကျောက်ပန်းတောင်းမြို့
* (၁၈) မိုးကုတ်မြို့
* (၁၉) တောင်သာမြို့
* (၂၀) နွားထိုးကြီးမြို့
* (၂၁) ငါန်းဇွန်မြို့
* (၂၂) ပျော်ဘွယ်မြို့
* (၂၃) သပိတ်ကျင်းမြို့
* (၂၄) တကောင်းမြို့
* (၂၅) ပုဂံမြို့
* (၂၆) မြစ်ငယ်မြို့
* (၂၇) ငါ့သရောက်မြို့

ရန်ကုန်တိုင်းဒေသကြီး


* (၁) ရန်ကုန်မြို့
* (၂) သန်လျင်မြို့
* (၃) ကျောက်တန်းမြို့
* (၄) သုံးခွမြို့
* (၅) ခရမ်းမြို့
* (၆) မှော်ဘီမြို့
* (၇) တိုက်ကြီးမြို့
* (၈) လှည်းကူးမြို့
* (၉) ထန်းတပင်မြို့ (ရန်ကုန်တိုင်း)
* (၁၀) တွံတေးမြို့
* (၁၁) ကော့မှူးမြို့
* (၁၂) ကွမ်းခြံကုန်းမြို့
* (၁၃) ကိုကိုးကျွန်းမြို့
* (၁၄) ဥက္ကံမြို့
* (၁၅) အဖျောက်မြို့
* (၁၆) တံတားမြို့

ဧရာဝတီတိုင်းဒေသကြီး

* (၁) ပုသိမ်မြို့
* (၂) ဟင်္သာတမြို့
* (၃) မအူပင်မြို့
* (၄) ဖျာပုံမြို့
* (၅) မြောင်းမြမြို့
* (၆) လပွတ္တာမြို့
* (၇) ကန်ကြီးဒေါင့်မြို့
* (၈) ကျောင်းကုန်းမြို့
* (၉) ရေကြည်မြို့
* (၁၀) ကျုံပျော်မြို့
* (၁၁) သာပေါင်းမြို့
* (၁၂) ငပုတောမြို့
* (၁၃) အိမ်မဲမြို့
* (၁၄) ဝါးခယ်မမြို့
* (၁၅) လေးမျက်နှာမြို့
* (၁၆) မော်လမြိုင်ကျွန်းမြို့
* (၁၇) ဘိုကလေးမြို့
* (၁၈) ကျိုက်လတ်မြို့
* (၁၉) ဒေးဒရဲမြို့
* (၂၀) ညောင်တုန်းမြို့
* (၂၁) ပန်းတနော်မြို့
* (၂၂) ဓနုဖြူမြို့
* (၂၃) ဇလွန်မြို့
* (၂၄) အင်္ဂပူမြို့
* (၂၅) မြန်အောင်မြို့
* (၂၆) ကြံခင်းမြို့
* (၂၇) ငသိုင်းချောင်းမြို့
* (၂၈) ကနောင်မြို့
* (၂၉) ဟိုင်းကြီးကျွန်းမြို့
* (၃၀) ပြင်စလူမြို့
* (၃၁) အမာမြို့
* (၃၂) ငရုတ်ကောင်းမြို့
* (၃၃) ငွေဆောင်မြို့
* (၃၄) ရွှေသောင်ယံမြို့

တပ်မြို့ များ

အထက်ပါမြို့များ အပြင် တပ်ရင်းတပ်ဖွဲ့ အများအပြား အခြေစိုက်၍ တပ်မြို့စည်ပင်သာယာရေးကော်မတီဖြင့် ဖွဲ့စည်း အုပ်ချုပ်သော တပ်မြို့များလည်း ရှိသည်။ ၎င်းတို့မှာ-

* (၁) ဗထူးတပ်မြို့ (ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်)
* (၂) ရဲမွန်တပ်မြို့ (ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်)
* (၃) ဘုရင့်နောင်တပ်မြို့ (ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်)

Friday, July 27, 2012

သင့်ရဲ့  လက်သန်းလေး တွေကို ကြည့်လိုက်ပါ

သင့်ရဲ့  လက်သန်းလေး တွေကို ကြည့်လိုက်ပါ။ ( အမျိုးသား ဆို ဘယ်ဘက်၊ အမျိုးသမီး ဆို ညာဘက်။ ) လက်သန်းမှာ အပိုင်း သုံးပိုင်း ကန့် ထားပါတယ်။ အဲ သုံးပိုင်း အရ အရှည်ဆုံး အပိုင်း ရဲ့  အားသာချက်တွေပါ။

1. (ပုံ 1) ထိပ်ဆုံးက အရှည်ဆုံး ဖြစ်ပါတယ်။ သင်ဟာ ဆွဲဆောင်မှု ရှိတယ်၊ ဘာသာစကားကြွယ်ဝတယ်၊ တစ်ယောက်ယောက်ကို ဖော်ပြတဲ့ အခါမှာ ကျွမ်းကျင်တယ်၊ လေ့လာ ခြင်း ကောင်းတာကြောင့် သူများတွေရဲ့  အရူးမလုပ်ခံရပါဘူး။

2. (ပုံ 2) အလယ်ပိုင်းက တစ်ခြား အပိုင်းတွေထက် ရှည်နေမယ်ဆိုရင် သင်ဟာ သူများ ကို စိတ်ရှည်လက်ရှည် နဲ့  ပြုစု စောင့်ရှောက်ဖို့  ပင်ကို ကောင်းပြီးသားပါ။ ကျန်းမာရေး နယ်ပယ်မှာ လုပ်နေတဲ့ ၀န်ထမ်းတွေ တော်တော်များများ ဒီလို လက်သန်းမျိုး ပိုင်ကြပါတယ်။

3. (ပုံ 3) အောက်ဆုံး အပိုင်းက ပိုပြီး ရှည်နေခဲ့မယ်ဆိုရင် သင်ဟာ လွတ်လပ်ခြင်းကို နှစ်သက်တယ်။ အပူအပင်မရှိတဲ့ ဘ၀ကို အေးအေး ဆေးဆေးနေချင်တယ်။ သင်ဟာ အချက်လက်လက် ကျကျ နဲ့  စကားကို ပြန်ပြောနိုင်စွမ်းရှိတယ်။

ထိုနည်းတူစွာ အဲ သုံးပိုင်း အရ အတိုဆုံး အပိုင်း ရဲ့  အားနည်း ချက်တွေပါ။

4. (ပုံ ၄ ) အပေါ်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သင့်ကိုယ်သင် ဖော်ပြနိုင်မှု အားနည်းတယ်။ သင်ဟာ မွေးလာကတည်းက ရှက်တတ်တာကြောင့် သင့်ကိုယ်သင် နားလည် ရန်ခက်ခဲ့ပါတယ်။ သင်ဟာ အပေါင်းအသင်းတွေ ကြားမှာတော့ သိပ် ထင်ပေါ် ကျော်ကြားခြင်းမရှိပါဘူး။

5. (ပုံ 5) အလယ်ပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သစ်စာရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။ သင့် စိတ်သဘောထားတွေက အမြဲတမ်း တူညီနေသလို သင့် ဟာ လိုက်လျောညီထွေစွာ မပြောင်းလဲတတ်ပါဘူး။ ဒါဟာ အားသာချက် ဖြစ်ပေမယ့် တစ်ဖက်မှာတော့ သင်ဟာ ခေါင်းမာတတ်တဲ့လူတစ်ယောက် ဆိုတာ ဖော်ပြနေပါတယ်။

6. (ပုံ ၆) အောက်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ တစ်အား ရိုးစင်းပြီး သူများ အပေါ် ခဏလေး နဲ့ ယုံတတ်ပါတယ်။ တစ်အား ရိုးတော့ တစ်ခါ တစ်လေ သူများ အပေါ် မယဉ်ကျေးတာမျိုး မသိနားမလည်တာမျိုး ဖြစ်တတ်ပါတယ်။

၁ ကနေ ၃ က အရှည်ဆုံး အပိုင်း ကို တိုင်း.. ပြီးမှ အားသာချက် ဖတ်..။

အောက်က ၄ ကနေ ၆ က ဘယ်ဟာ အတိုဆုံး တိုင်း.. အဲတာပြီးမှ အားနည်းချက် ဖတ်..။ တစ်ခုထဲ မဟုတ်ဘူးနော်.. အပေါ် ၁ ကနေ ၃ က အားသာချက်.. ၄ ကနေ ၆ က အားနည်းချက်။ :P

Friday, March 30, 2012

ရေးမယ်တွေးမယ်

စာမရေးတာကြာသွားလို့လာရေးပါတယ် ဘာအကြောင်းရေးရမှန်းလဲမသိဘူးရောက်တတ်ရာရာပေါ့ တွေးမိတာတွေကလဲခုတလောကဟိုရောက်ဒီရောက် ခုတလောပို့စ်များတင်ခြင်းရောဂါရနေ(အဲ့ရောဂါဆွပေးသူကကိုယ့်ကိုကိုယ်သိပါနော်ငှဲငှဲ) ဟင်းချက်တာခုတလောစိတ်မပါ၍မတင်ပါ။ ခုတလောရပ်ကွက်ထဲမှာသိပ်ဆူပဲ ဟိုတရက်ကတော့၁နာရီလောက်အသက်ငယ်ငယ်လင်မယား၂ယောက်စကားများကြတယ် အသက်ကငယ်ဆို၅၀ကျော်ပြီလေ :D။စဉ်းစားကြည့်ပါည၁နာရီလောက်ရန်ဖြစ်မှတော့အားလုံးကြားရတာပေါ့။ ဒါတောင်အိမ်ကအိမ်ဦးနတ်ကနာရီကြည့်ဦးတဲ့ အိပ်တာချင်းအတူတူဘာလို့ကြည့်ရမှာလဲနော့။အဲဒါနဲ့ကိုယ်လဲကြားမိကြားရာကြားတာတော့ ယောက်ကျားကနင်တော်တော့ဆိုလိုက်မိန်းမက၁၀ခွန်းလောက်ပြောလိုက်နဲ့...(အဲ့လောက်ကြောက်တာနော်)..#@@##@@#@@@.. ကိုယ်သာအိပ်ပျော်တယ်သူတို့ဇာတ်လမ်းမဆုံးပါ. ဒီလိုနဲ့နောက်နေ့စောစောအိပ်မယ်ကြံတော့အိမ်အနားကကပ်နေတဲ့အိမ်က၉နာရီခွဲလောက်သံစဉ်လမ်းကလမ်းပြကြယ်နဲ့မယ်လိုဒီဝေါစဖွင့် ပါတယ်။ဆိုလိုက်တာဆိုတာလဲပြောမပြတတ်အောင်ပါပဲကွယ်။အဲ့ဒါနဲ့စိတ်တိုတို၂ယောက်သားဆိုင်ကယ်နဲ့လျှောက်သွားပြီး ၁၀နာရီခွဲတော့ ပြန်လာချိန်ထိသူ့အစီအစဉ်ကမပြီးသေးပါ။(ဒီနေရာမှာပြောချင်တာတော်ရုံတန်ရုံဆူတာမဟုတ် ဘောက်စ်ကိုမိုင်ကုန်ဖွင့်ထားခြင်းဖြစ်သည်။) အဲ့ဒါနဲ့ကုလားမနိုင်ရခိုင်မဲပြီးအိမ်ကလူကို"ရှင်ပဲအေးချမ်းလှချည်ရဲ့ဆိုဒီနေရာမပြောင်းချင်ဦး ...###"ဆက်လက်အားပေးပြီးစာအုပ်ကိုင် သူလဲအိုင်ပက်ကိုင်ပြီးအိပ်ရာထဲဝင်ပြီးနားဒုက္ခခံတုန်းဘယ်အိမ်ကလဲမသိ ခဲတလုံးနှင့်အားပေးပါသည်။ (ပျော်လိုက်တာ..ရွှီး.ဖြောင်းဖြောင်း) အဲ့အချိန်မှရပ်သွားပြီးနားဒုက္ခမှကင်းဝေးသွားပါကြောင်း မနေ့ကလဲခပ်လန့်လန့်အိပ်ရာဝင်ခဲ့ရသော်လည်းအနှောင့်မယှက်မရှိအိပ်ပျော်ခဲ့ပါကြောင်း ရေးချင်တာရေးသွားသည်။ ဒေါ်စုလေးငယ်အားပုံတပုံလက်ဆောင်ပေးသွားသည်။ မှန်ရှေ့ ဓာတ်ပုံရိုက်ရာတွင်.. တစ်လုံးနဲ့ မလောက်လို့ နှစ်မျိုးဒီလိုကိုင်ပြီး ရိုက်လိုက်ရတယ် xD - photo from 9gag
နောက်တပုံလဲပေးသွားသည်.(မျက်လုံးကိုသနားပါသတိရလို့)
~ သခွါးသီးက မျက်စိအေးစေတယ်ဆိုလို့လေ ~