Showing posts with label ဗေဒင်ကဏ္ဍ. Show all posts
Showing posts with label ဗေဒင်ကဏ္ဍ. Show all posts

Friday, February 15, 2013

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၁ လုံးပါသူများ။
အရေးထက် အပြောပိုကောင်း၏ ။ သူတစ်ပါး၏ အမြင်ကို ဂရုမစိုက်တတ်။ စကားအလွန်သွက်၏ ။ ဤ သူမျိုး၏ စကားသည် ရင်ထဲကမလာ။ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၂ လုံးပါသူများ။
(၁) လုံးပါသူ၏ အပြုအမူအားလုံး။ သူတစ်ပါး၏အမြင်ကို နားလည်တတ်သူဖြစ်၏ ။ သူတစ်ပါး၏ အပြုအမူကို အတုခိုး၏ ။ ဤအရည်အချင်းသည် ကောင်းမြတ်သောအရည်အချင်းဖြစ်၏ ။ မျှမျှတတပြုသူဖြစ်၏ ။ မှန်မှန်ကန်ကန် အရည်အချင်းကိုသုံးပါက အလွန်အကျိုးရှိ၏။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၃ လုံးပါသူများ။
စကားလုံး၊ စာအရေးအသားသုံးသပ်မှု ကျွမ်းကျင်သော အရည်အချင်းရှိ၏ ။ လက်ခံစိတ်ဝင်စားနိုင်အောင် ရေးနိုင်၏ ။ စာရေးဆရာ၊ သတင်းစာဆရာများသည် ဤဂဏန်းရှင်များဖြစ်ကြ၏ ။ အချို့မှာ စကားပြော အလွန်ညံ့ခြင်း၊ မထိန်းမသိမ်း တတွတ်တွတ်ပြောတတ်သူများ တွေ့ရတတ်၏။ အခြေခံအားဖြင့် ဥာဏ်ကောင်းသူများ၊ ပျော်ရွှင်စွာနေတတ်သူများဖြစ်၏ ။ အထူးသဖြင့် မိမိနှင့် ဘ၀တူသူကိုသာ ပေါင်းသင့်၏ ။ ။

၎ လုံးအထက် / ရုပ်ရောစိတ်ပါလုပ်တတ်ခြင်း၊ အနားမယူတတ်ခြင်း၊ အတွေးမြန်ဆန်ခြင်း၊ ပြုမူအောင်ရွက်ချက်များ၊ မြန်ဆန်ခြင်းကြောင့် သူတစ်ပါး၏ အထင်လွဲခြင်းကို ခံရလေံရှိ၏ ။ (၁) ငါးလုံးအတွဲသည် အကြမ်းဖက်မှုကို လိုလား၏ ။ (၁) ဂဏန်းတွဲများသည် အစားမှား၍ အဆိပ်ဖြစ်တတ်၏ ။ စိတ်ထွက်ပေါက်တစ်ခုရှာထားလျှင် အောင်မြင်တတ်၏။ ရှာမထားလျှင် တစ်ကိုယ်ကောင်း ဆန်သူများ ဖြစ်သွားတတ်၏ ။ ပြင်ပ ဆက်ဆံရေး ညံ့တတ်၏ စိတ်လိုက်မာန်ပါနှင့် လုပ်လျှင် အောင်မြင်တတ်၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (2) ဂဏန်း ၁ လုံးပါသူများ။
လူတစ်ယောက်ကိုတွေ့လျှင် ထိုသူ၏ အခြေအနေမှန်ကိုသိအောင် စဉ်းစားနိုင်သူဖြစ်ခြင်း၊ မရိုးသားမှုကို ချက်ချင်းဖမ်းနိုင်သူဖြစ်၏ ။ ခံစားမှုပြင်းထန်၍ သမထအာရုံရရှိထားသူများဖြစ်တတ်၏ ။ စိတ်ကို ထိန်းချုပ်မှသာလျှင် ရုပ်ကိုမထိခိုက်နိုင်ဘဲ ရှိပေလိမ့်မည်။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (2)ဂဏန်း 2 လုံးပါသူများ။
အလွန်မြင့်သော အာရုံခံစားမှု ၊ သမထအာရုံနိုးကြားမှုများရှိ၏ ။ သမထအာရုံသည်သူတို့အတက်လည်းကောင်း၊ သူတစ်ပါးအတွက်လည်းကောင်း လွန်စွာအသုံးဝင်၏ ။ သူ၏အကျိုးကို ဆောင်ရွက်ပေးနေသူကိုပင်လျှင် သံသယရှိနေတတ်၏ ။ ၎င်းတို့၏ အပြုအမူများသည် အနီးကပ်နေသူများကို ထိခိုက်စေ၏ ။ သူတစ်ပါး၏ ပြဿနာတွင်ဝင်မပါရ ။ ပါလျှင် ရှင်းမရဖြစ်သွားတတ်၏ ။ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (2)ဂဏန်း ၃ လုံး နှင့်အထက်ပါသူများ။
ဘ၀၌ ရှုပ်ထွေးစေနိုင်ခြင်း၊ စိတ်မထိန်းနိုင် လုပ်လိုက်သောကြောင့် ကံဆိုးမိုးမှောင်ကျစေနိုင်၏ ။ စိတ်လိုက်မာန်ပါမလုပ်ရန် သတိပြုသင့်၏ ။ နှလုံးသားထိ မခံစားမိစေရန် အထူးလေ့ကျင့်ထားသင့်၏ ။ အထီးကျန်သမားများဖြစ်သွားတတ်၏ ။ ခံစားမှုပြင်းထန်သောကြောင့် ရုပ်ထိခိုက်နိုင်စေ၏ ။ အကြံပေးလိုသည်မှာ ဂီတကို လိုက်စားသင့်၏ ။ သို့မသာလျှင် ထွက်ပေါက်တစ်ခု ရရှိပေလိမ့်မည်။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (3)ဂဏန်း ၁ လုံးပါသူများ။
စိတ်ကူးအလွန်ကောင်းသူဖြစ်၏ ။ လက်တွ့အကောင်အထည်ဖော်ခဲ၏ ။ နေ့စဉ်လူနေမှုအခက်အခဲကို ရင်ဆိုင်နိုင်သူများ ၊ အကောင်းမြင်သမားများ၊ စိတ်ဓာတ်ကြံ့ခိုင်သူများ၊ ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံသူကို ဘ၀တစ်လျှောက်လုံး စောင့်ရှောက်သွားသူဖြစ်၏ ။ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (3)ဂဏန်း ၂ လုံးပါသူများ။
သူတစ်ပါးနှင့်မတူအောင်နေတတ်၏ ။ လူအများနှင့်ဆိုင်သော အလုပ်တစ်ခုကို ပြီးစီးအောင် လုပ်သွားတတ်ကြ၏ ။ အတွေးကို စကားလုံးနှင့်ဖော်ပြရာ၌ အလွန် ကောင်း၏ ။ စာရေးကောင်း၏ ။ လူမှုဆက်ဆံရေးတွင် တစ်ခါတရံ၌ အခက်အခဲရှိကြောင်း သဘောပေါက်သင့်၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (3)ဂဏန်း ၃ လုံးပါသူများ။
စိတ်ဓာတ်အားကောင်းသော်လည်း စိတ်ကူးရေလျင်ကြောတွင် နစ်မျောနေခြင်းမဖြစ်စေရန် သတိထားသင့် ၏ ။ ဗဟုသုတစုဆောင်းခြင်း၊ မိမိကိုယ်ကို အထင်ကြီးနေတတ်ခြင်း၊ စိတ်ကူးနှင့်ရူးနေတတ်သူများလည်းဖြစ်တတ်၏ ။ ကောင်းကင်ဆန်နေသူဖြစ်၏ ။ အကောင်းဆုံးမှာ ကောင်းကင်မှမြေကြီးသို့ အမြန်ဆင်းရန်ဖြစ်၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (4)ဂဏန်း ၁ လုံးပါသူများ။
လွန်စွာစည်းရုံးကောင်းသူဖြစ်၍ သူ့အနားတွင် လူများ ပတ်ပတ်လည်နေတတ်၏ ။ သူတစ်ပါး၏ အကြံကို လည်း လက်ခံတတ်၏ ။ လက်မှုပညာ ကျွမ်းကျင်၏ ။ ဂီတဓာတ်ခံပါရမီရှိ၏ ။ စိတ်ဓာတ်စိတ်ကောင်းရှိ၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (4)ဂဏန်း ၂ လုံးပါသူများ။
စည်းရုံးသိမ်းသွင်းနိုင်သော အရည်အချင်းရှိ၏ ။ အလုပ်တစ်ခုကိုစပြီးလျှင် ပြီးဆုံးအောင်လုပ်တတ်၏ ။ ၀ါသနာ ကြောင့်ပဲလုပ်လုပ်၊ အလုပ်သဘောပဲလုပ်လုပ် လက်မြောက်ကြသူများဖြစ်၏ ။ အနုပညာ၊ ပန်းပု၊ အိုးအလှ၊ ငွေထည်၊ သတ္တုလုပ်ငန်းလုပ်သူများအဖြစ်တွေ့ရ၏ ။ သူတို့နှင့်ဆက်ဆံရာတွင် တိတိကျကျလုပ်သင့်၏ ။ သူတို့ဘ၀တွင် အကြပ်အတည်းနှင့်နေခဲ့ကြရ၏ ။ မသပ်မရပ်ဝတ်ဆင်လျှင် မတိကျသူဟု သတ်မှတ်ရမည်။ ၎င်းတို့အား ဖိနှိပ်ရန်ခက်ခဲ၏။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (4)ဂဏန်း ၃ လုံးပါသူများ။
စည်းရုံးရေးကောင်းများဖြစ်၏ ။ မည်သည့်အလုပ်ကိုဖြစ်စေ လုပ်လျှင် လက်မြောက်သည်။ သို့ရာတွင် ထိုအလုပ်ကို လုပ်ခဲ၏ ။ လက်မှုပညာ၊ ဂီတအရာ၌ ကျွမ်းကျင်၏ ။ ဘ၀တွင် ထွက်ပေါက်အဖြစ် အနုယုဘဂီတကို လိုက် စားသင့်၏ ။ သို့မဟုတ်ပါက ခက်ထန်ကြမ်းတမ်းမည်။ စိတ်အားထက် ရုပ်အားကောင်းသူများဖြစ်၏ ။ ရှေးခေတ်က ကျေး ကျွန်းများကို ရိုက်နှက်ခိုင်းစေသူများ slave driver ဖြစ်ကြ၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (5)ဂဏန်း ၁ လုံးပါသူများ။
အားလုံးနှင့် သင့်မြတ်၏ ။ သူများ အလုပ်နှစ်ဆလုပ်နိုင်အောင် တွန်းပို့နိုင်၏။ လွတ်လပ်မှုကိုမြတ်နိုး၏ ။ အိမ်တွင်းရေးမသာယာမှုများ ကြုံမည်။ သူတစ်ပါး၏ ပြဿနာကို ဖြေရှင်းနိုင်သော်လည်း မိမိပြဿနာကို မဖြေရှင်းနိုင် သော ဂဏန်းပိုင်ရှင်ဖြစ်၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (5)ဂဏန်း ၂ လုံးပါသူများ။
( ၅ ) လုံးသမား၏ နှစ်ဆဖြစ်၏ ။ အရက်သေစာ၊ ဆေးစွဲတတ်ခြင်း၊ ကာမဂုဏ် လိုက်စားတတ်သည်။ စိတ်ပေါ့လက်ပေါ့နေတတ်၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (5)ဂဏန်း ၃လုံးပါသူများ။
ချူပ်ကိုက်ရန် အလွန်ခက်၏ ။ ဦးဆောင်သောသူလည်း ဖြစ်၏ ။ လိုချင်သောအရာကို ရအောင်ယူနိုင်၏ ။ ရေရှည်အတွက်သာ စဉ်းစားသင့်၏ ။ ခက်ခဲသောအလုပ်ကြီးကို လွယ် လွယ်ကူကူလုပ်နိုင်၏ ။ နဂိုအချစ်ထက အပိုအချစ်ကို ရှာတတ်၏ ။ အချစ်နှင့် အန္တရာယ်ကို ကြုံ တွေ့ရလေ့ရှိ၏ ။ အများ အားဖြင့် လူမုန်းများ၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (6)ဂဏန်း ၁ လုံးပါသူများ။
ပတ်ဝန်းကျင်နှင့် မိမိအိမ်ကို မြတ်နိုးတတ်သူများ၊ မိသားစုတာဝန်ကို ကျေပွန်သူများ၊ ကလေးနှင့် အသက် ကြီးရွယ်အိုးသူများအား တောင့်ရှောက်တတ်ကြ၏ ။ ၎င်းတို့အဖို့ အိမ်တွင်းရေး ပြဿနာများသည် ဒုက္ခတွေ့လှပြီဖြစ်၏ ။ မိဘအုပ်ထိန်းသူကောင်းများဖြစ်တတ်၏ ။ နောက်ဆုံး၌ အထီးကျန်များဖြစ်သွားတတ်၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (6)ဂဏန်း 2 လုံးပါသူများ။
အလွန်ချုပ်ချယ် သောမိဘမှမွေးဖွားလာပြီး ကိုယ်တိုင်မိဘဖြစ်သောအခါ သားသမီးကို ချုပ်ချယ်မည်။ သို့ရာတွင် မိသားစုနှင့် ဆန့်ကျင် ဘက်ဖြစ်၍ ထွက်ခွာသွားရတတ်၏ ။ ဘ၀နေနည်းထိုင် နည်းနှင့် ပတ်သက်၍ မသိသူများဖြစ်၏ ။ စိတ်အလိုလိုက်မှု ကြောင့် ရုပ်ခန္ဓာဒုက္ခရောက်တတ်၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (6)ဂဏန်း ၃ လုံးပါသူများ။
စိုးရိမ်စိတ်လွန်၍ ဒုက္ခတွေ့တတ်၏ ။ အဆိုးဘက် တွေးတတ်၏ ။ မလိုအပ်ဘဲ ပြဿနာရှာတတ်၏ ။ ၀ါသနာပါရာ လုပ်ငန်းကို လုပ်သင့်၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (7)ဂဏန်း ၁ လုံးပါသူများ။
အစတေးခံသူများဖြစ်၏ ။ ပြဿနာကြုံတွေ့လျှင် ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု ယုံထားပါ။ ဘ၀အတွ့ အကြုံ များသည် ။ အတွေ့အကြုံများသည် ၎င်းတို့၏ ဆရာသမားများဖြစ်၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (7)ဂဏန်း ၂ လုံးပါသူများ။
ဘ၀အခက်အခဲ မည်မျှကြီးမားသည် ဖြစ်စေ ဖြေရှင်းနိုင်မည်။ အတွင်းဓာတ်ခံ မနောစွမ်းအားကောင်း၏ ။ အခြေအနေကို အကွက်ရိုက်၍ အသုံးချတတ်၏ ။ ထို့ကြောင့် ရွှေသော့ကိုင်ထားသကဲ့သို့ အရာရာကို ဖွင့်နိုင်၏ ။ ဂီတဓာတ်ခံပါသူများဖြစ်သည်။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (7)ဂဏန်း ၃ လုံးပါသူများ။
တိုးတက်ဖြစ် ထွန်းမည်။ လောကီပညာကို အထူးစိတ်ဝင်းစား၏ ။ ကောင်းစွာစိတ်ကို ထိန်းသိမ်း၍ လိုက်စားပါက ပေါက်မြောက်သွား နိုင်သည်။ တစ်ခါတရံ၌ စိတ်ဓာတ်ကျသွားတတ်၏ ။ ထိန်းသိမ်းပါ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (8)ဂဏန်း ၁ လုံးပါသူများ။
သပ်သပ်ရပ်ရပ်နှင့် စနစ်တကျ နေထိုင်တတ်ကြသူများဖြစ်၏ ။ အလုပ်ကို ပြီးဆုံးအောင် မလုပ်ဘဲ ထွက်သွားတတ်ကြ၏ ။ ထို့ကြောင့် ( ၈ ) တစ်လုံးသမားကို Rolling Stone ဟုခေါ်သည်။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (8)ဂဏန်း ၂ လုံးပါသူများ။
သူတစ်ပါးနှင့် ဆက် ဆံရာ၌ အာဏာသံမပါရန် ဂရုစိုက်ပါလေ ။ သူတစ်ပါးကို အယုံအကြည်နည်းသူများဖြစ်၏ ပတ်ဝန်းကျင်အပြောင်းအလဲ လွန်စွာလိုလား၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (8)ဂဏန်း ၃ လုံးပါသူများ။
လွန်စွာရှားပါးသော ဂဏန်းတွဲဖြစ်၏ ။ ငယ်စဉ်က ဘ၀အပြောင်းအလဲများ၍ လူလတ်ပိုင်း တွင် တည်တည်ငြိမ်ငြိမ်ဖြစ်သွားတတ်သည်။ ငွေရှာသောလောကတွင် အောင်မြင်သူဖြစ်၏ ။ မှန်မှန်ကန်ကန်ဘ၀တွင် လျှောက်သွားလျှင် အောင်မြင်နိုင်မည်။ ငြိမ်းချမ်းမှုကိုရရန် ခက်ခဲလှ၏ ။ အထူးဂရုစိုက်ပါ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (9)ဂဏန်း ၁ လုံးပါသူများ။
အသစ်အဆန်းများ ရှာဖွေတတ်၏ ။ ရုပ်အားသန့်၏ ။ စိတ်အားဖြည့်လိုက်လျှင် အလွန်ထူးချွန်မည်။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (9)ဂဏန်း ၂ လုံးပါသူများ။
လွန်စွာကြီးမားသော စိတ်စွမ်းအားရှိသူများ၊ တစ်စုံတစ်ရာကို ထားခဲ့နိုင်မည့်သူများ၊ ပညာရှိများ၊ ဒဿနဆရာ များ ဖြစ်တတ်၏ ။ မည်သည့်အရာကို မည်သို့ဖြစ်မည်ကို မေးခွန်းထုတ်လေ့ရှိ၏ ။ အလွှာပေါင်းစုံမှလူများနှင့် ဆက်ဆံ တတ်၏ ။ စိတ်အားကို ချုပ်သုံးရသောကြောင့် နေ့စဉ် လေ့ကျင့်ခန်းလုပ်သင့်၏ ။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (9)ဂဏန်း ၃ လုံးပါသူများ။
စိတ်စွမ်းအင်ကောင်း၏ ။ သို့သော် အလွန်ဆူပူ သောင်းကြမ်း တတ်သည်။ အံ့သြလောက်အောင် စိတ်ဓာတ်နှင့် ပတ်သက်၍ ခိုင်မာပြင်းထန်သူ များဖြစ်သည်။

Thursday, February 7, 2013

ကဲ နက္ခတ်တွေမေးနေတယ်.သူတွေအတွက်ပါ


မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။

(၁)-ကြွင်းရင်- နတ်နက္ခတ်။
(၂)-ကြွင်းရင်-လူနက္ခတ်။
(၀)-ကြွင်းရင်- ဘီလူးနက္ခတ်။
နက္ခတ်နဲ့ စရိုက်။

နတ်နက္ခတ်။
နတ်နက္ခတ်မွေးဖွားတဲ့ လူတွေဟာတဲ့ နှလုံးသား နူးညံ့ပျောပျောင်းတယ်။ သူတို့က အချော့ကြိုက်တယ်။ အလှအပ အနုအရွလေးတွေကို မြတ်နိုးတတ်တယ်။ ညင်ညင်သာသာ ဆက်ဆံတာကို ကြိုက်တယ်။ သူတို့ကို သွားပြီး ကြမ်းလို့ မရဘူး။ တိုးတိတ်ညင်သာစွာ ဆက်ဆံတာကို လိုချင်တယ်ဆိုတော့ သင် စဉ်းစားရမှာက သင်ဆက်ဆံရမယ့်လူက ဘာနက္ခတ်လဲပေါ့။ နတ်နက္ခတ်ဖြစ်နေပြီ ဆိုရင်တော့ ပထမဆုံး သင့်ရဲ့ အသံကို (၃)ပေါက်လောက်အထိ လျှော့ချပစ်ရမယ်။ လုံးဝ အသံလေးက နူးနူးညံ့ညံ့လေး။ ဟုတ်ပြီနော်။ သင်ပြောတဲ့ စကားသံလေးတွေ စကားလုံးလေးတွေက စပြီး သတိထားရတော့မယ်။ စကားလုံးလေးတွေက လည်း တကယ့်ကို အနုအရွလေးတွေနဲ့ ပြောရမယ်နော်။ အရေးကြီးတာက နတ်နက္ခတ်သမားကို သွားပြီး မအော်မိစေနဲ့နော်။ ဒါ အရေးကြီးဆုံးပဲ။

လူနက္ခတ်။
အဲ လာပြီ လူနက္ခတ်က တကယ့် ဆရာကြီးတွေ။ လူဆိုတော့ စဉ်းစား ဆင်ခြင်ညာဏ် များတယ်ပေါ့။ သူက ဘလိုင်းကြီး လက်မခံဘူး။ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမှ သူက လက်ခံတာ။ အသံအနေအထား ကတော့ပုံမှန်ဆိုရပြီ။ တိုးဖို့လဲ မလိုဘူး။ ကျယ်ဖို့လဲ မလိုဘူး။ အနေအထားကတော့ မတိုးမကျယ်ပေါ့။ ဒါပေမယ့် အရေးကြီးတာက ကိုယ် ဆက်ဆံနေရတဲ့ လူက လူနက္ခတ်ဆိုတာကို မမေ့နဲ့။ အဲဒီတော့ ကိုယ်ပြောရမှာက ဘလိုင်းကြီး သွားပြောလို့ သူက လက်မခံဘူး။ အကျိုးအကြောင်း ပြချက်တွေ ခိုင်လုံမှ သူက လက်ခံမှာ။ ဥပမာ ဆိုကြပါစို့။ ၂၀၁၂-ခုနှစ်မှာ ကမ္ဘာကြီးပျက်မယ်လို့ လုံးဝ သွားမပြောနဲ့။ သူက ခင်ဗျားစကားကို လုံးဝလက်ခံမှာ မဟုတ်ဘူး။ အခု အနေအထားက ဘယ်လိုဖြစ်နေတဲ့ အတွက်ကြောင့် အဲ.. ၂၀၁၂ ခုနှစ်ရောက်ရင် ကမ္ဘာကြီးက ပျက်မယ်လို့ ပြောကြတယ်။ ဘာညာပေါ့။ အဲဒီလို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမယ်ဆိုရင်တော့ သူက နားထောင်လိမ့်မယ်။

ဘီလူးနက္ခတ်။
ဘီလူးဆိုတဲ့အတိုင်း ခပ်ကြမ်းကြမ်းနဲ့ စရမယ်။ ကြားဖူးတယ် မမဟုတ်လား။ ဘီးလူးဆိုင်းတီးပြီး ၀င်လာတယ် ဆိုတာ။ ဘီလူးနက္ခတ်သမားတွေက သူတို့က ပြတ်သားမှကြိုက်တယ်။ သူတို့ကို သွားပြီး ဖွဲ့နွဲ့နေလို့ လုံးဝ မကြိုက်ဘူး။ နောက် အသံအနေအထား။ သူကတော့ ထုံးစံအတိုင်း (၇)သံချဉ်ပေါ့။ အသံကလည်း ကျယ်မှ ။ စကားကလည်း တိုတိုတောင်းတောင်း ပြတ်ပြတ်သားသားမှ ကြိုက်တာ။ ပျော့စိစိတော့ သွားမလုပ်နဲ့နော်။ သူက ခင်ဗျားကို အချောက်ထင်သွားလိမ့်မယ်။

ကဲ ကိုယ်.ချစ်သူ ဘယ်နက္ခတ်လည်း ကြည်.ကြည်.ပေါ့ တစ်ခုတော.ပြောချင်ပါတယ် ။ကျွန်တော်လည်း ငယ်ငယ်တုံးကကြားဘူးတာပါ ချစ်သူက ဘီလူးနက္ခတ် သမီးက လူနက္ခတ်ဆိုတော့။ ကျွန်မ သူ့ကိုယူရင် အစားခံရမယ်ထင်တယ်။ သူနဲ့ ကျွန်တော်နဲ့ ယူလို့ သင့်တော်ပါ့မလား ဆရာရယ်၊ နက္ခတ်မကိုက်ဘူးတဲ့။ ဘီလူးက လူကိုသာ စားနိုင်တာ ၊ နတ်ကိုတော့ အသေကြောက်တဲ့။ အဲ.လိုတွေပေါ့ ။

ကျွန်တော်ကို "ဘီလူးနက္ခတ် နဲ့ လူနက္ခတ်ယူရင် အဆိုးဆုံးဘာဖြစ်တတ်လဲ လို.မေးရင်
" အဆိုးဆုံးကတော့ ကလေးမွေးတာပေါ့ဗျာ"လို.ဖြေမှာ ။

Sunday, April 22, 2012

ABသွေး ၊ A - သွေး ၊ B-သွေး ၊ O-သွေး ပိုင်ရှင်တို့ရဲ့ အကြောင်း




သွေးအုပ်စု - O

၁။ မုဆိုးနှင့်တူသော စရိုက်လက္ခဏာ ရှိသည်။

၂။ အစာ၊ ရေမျိုပြွန် တစ်လျှောက်မကောင်း။

၃။ လွန်ကဲသော ရောဂါခုခံ ကာကွယ်မှုစနစ်ကို ပိုင်ဆိုင်ထားသည်။

၎။ အစားအသောက် ပတ်ဝန်းကျင်တို့နှင့် လိုက်လျော ညီထွေမှု မရှိပါ။

၅။ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကိုယ်လက်လှုပ်ရှားမှုကို အကောင်းဆုံး တုံ့ပြန်နိုင်သည်။

၆။ကျစ်ကျစ်လျစ်လျစ်နှင့် အင်အားပြည့်နေစေရန် သွက်လက်ထိရောက်သာ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ် လိုအပ်သည်။

၇။ခွန်အား၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကြိုတင်သိမြင်မှု၊လုပ်ရဲကိုင်ရဲမှု၊ ခံနိုင်ရည်ရှိမှုနှင့် မွေးရာပါ အကောင်းမြင်စိတ် ရှိသူတို့ဖြစ်သည်။

၈။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလွန်း အားကြီးသည်။

၉။ ပင်ပန်းခံနိုင်၍ ခွန်အားကြီးကြသည်။

၁၀။ အသားဓာတ် ကြွယ်ဝသော အစာ အာဟာရများကို နှစ်သက်စွာ မှီဝဲကြသည်။

၁၁။ ကိုယ်ကာယ လေ့ကျင့်ခန်းနှင့် ပြင်းပြင်းထန်ထန်လှုပ်ရှားမှုကို ခံနိုင်ရည်ရှိသည်။

၁၂။လေ့ကျင့်ခန်းများနှင့် ကင်းကွာပါက စိတ်ဓါတ်ကျခြင်း ၊ အ၀လွန်ခြင်းစသည့် ပြဿနာများ ၀င်လာတတ်သည်။

၁၃။ အင်အားကြီးမားသော တိကျ သေချာသော စွမ်းရည်မြင့်မားသော ခေါင်းဆောင်မှု အရည်အသွေးများ ရှိသည်။

၁၄။ ကျန်းမာသန်စွမ်း၍ အကောင်းမြင် တတ်သည်။

ထို့ထက်ပို၍ ဆိုရလျှင် အိုသွေး ပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာ ရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှု စောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်သူများ ဖြစ်ကြပါတယ်။ အရာအားလုံးကိုတက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် တတ်သူများ ဖြစ်ကြပါတယ်။

အလုပ် အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထား တတ်ကြပါသတဲ့။

အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်းတစ်ခုမှ မထားဘဲလက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့။ အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလိုအခြေအနေ အလိုက်စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့။ ရလဒ်ကိုဘဲ ဦးစားပေးသူများ လို့လည်း ဆိုနိုင်ပါသတဲ့။ အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့။

ကိုယ့် စတိုင်လ်နဲ့ကိုယ် နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်။ ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာ လောကကို ခြေချမယ် ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့။

ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင် ကသာ အမှန်ဖြစ်တယ် ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်။ အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက် လှပါဘူး။ အိုသွေး ပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်။ တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက် ကြပါတယ်တဲ့။

အိုသွေး ပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီးသည်းခံ တတ်ပေမယ့် ရေရှည်တော့ သည်းမခံ နိုင်ပါဘူးတဲ့။ လူတွေနဲ့ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထားကြီးကြီးနဲ့ ဆက်ဆံ တတ်ကြပါသတဲ့။ ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုး လည်း ရှိပါတယ်။

အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါ သတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိ ကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့။ ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီး နေနိုင်သူများပါ။

ခြုံပြီးကြည့်ရင်တော့ ...

အိုသွေးတို့ရဲ့  အတွင်းစိတ်ကတော့ အမှန်ကို ဖုံးကွယ်တတ်သူတွေကို သည်းမခံတတ်ပါဘူး။ အခြေခံ အပြုအမူတွေ အနေနဲ့ ပြောရမယ်ဆိုရင်တော့ ရည်မှန်းချက်ကို ဖြစ်အောင် လုပ်တတ်သူတွေ ဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်ချက် ကောင်းကောင်း ရှိတတ်တယ်။ ရိုးသား ၊ အကောင်းမြင်ပြီး ထက်မြက်တယ်။ ရည်ရွယ်ချက် ပန်းတိုင်ပေါ် မူတည်ပြီး အပင်ပန်းခံ နိုင်အားထုတ်နိုင် အကြမ်းခံနိုင်သူတွေ ဖြစ်ပေမဲ့ ဆိုးတာက သူတို့ အဓိပ္ပါယ်မရှိဘူးလို့ ထင်တာနဲ့ အလွယ်တကူ လက်လျော့ တတ်ကြတာပါ။

ပြီးခဲ့တာတွေ အတွက် နောင်တ မရတတ်တာလဲ သူတို့ အရည်အချင်း တစ်ခုလို့ ပြောရမလားဘဲ။

သူတို့ အနာဂတ် အတွက်တော့ ငွေကြေး လုံလောက်စွာနဲ့ တည်ငြိမ်စွာနေထိုင် နိုင်ဖို့ ပြင်ဆင် တတ်ကြပါတယ်။ သူတို့ကို ကြည့်ရင်အမြဲ တည်ငြိမ် အေးဆေးနေပုံပါပဲ။ ရိုးသားဖြူစင်မှုနဲ့ ပတ်သက်ရင်တော့ သည်းသည်းလှုပ်လှုပ် ခံစားတတ်တာ အားနည်းချက်ပါ။ ပွင့်ပွင့်လင်းလင်းနဲ့ တည့်တည့်ပြောတတ်လို့ လူမုန်း များတတ်ကြတာလဲ သူတို့ပါဘဲ။ ရည်ရွယ်ချက် အပေါ်မူတည်လို့ သူတို့ အာရုံစိုက်နိုင်မှု စွမ်းအားတွေက အပြောင်းအလဲ ရှိတတ်ပါတယ်။ ဘာပဲလုပ်လုပ် ဦးဆောင်ချင်ကြပြီး အသေးအဖွဲလေးတွေကို ဂရုမပြုမိ တတ်တာလဲ သူတို့ရဲ့  ပျော့ကွက် တစ်ခုပါ။

~ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သွေးအုပ်စု - A

၁။ စိုက်ပျိုးရေးသမား ၏ စရိုက် လက္ခဏာ ရှိသည်။

၂။ ရှေးဦး သတ်သတ်လွတ် စားသူများ ဖြစ်သည်။

၃။ စိုက်ပျိုးသမျှ ရိတ်သိမ်းမည်ဟု ခံယူထားသည်။

၎။ တုံ့ပြန်လွယ်သော အစာရေမျိုရှိသည်။

၅။ ခံနိုင်ရည်မြင့်သော ရောဂါ ကာကွယ်ရေး စနစ် ရှိသည်။

၆။ အခြေချနေထိုင်သော ဒေသရှိ အစားအသောက်နှင့် ပတ်ဝန်းကျင်ကို လိုက်လျောညီထွေ ကောင်းစွာ နေထိုင်နိုင်သည်။

၇။ အေးဆေးတည်ငြိမ်ပြီး ဖိစီးမှုကို ကောင်းစွာတုံ့ပြန်တတ်သည်။

၈။ သွက်သွက်လက်လက် ခန္ဓာကိုယ်သေးသေးသွယ်သွယ် ဖြစ်ရန် သီးနှံအာဟာရပုံစံစားသောက်ရန်လိုအပ်သည်။

ထို့ထက်ပို၍ဆိုရလျှင် ...

အေသွေး ပိုင်ရှင်တို့သည် ငယ်စဉ် ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ် ဆိုတာသိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့။ သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့် လောက်အောင် အေးဆေး တည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့။

အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့။

တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့် တတ်ပါတယ်တဲ့။ အသစ်အဆန်းတွေကို စမ်းသပ် လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်ပြီ ဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ။

သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ။ နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာ ကိုလည်း ခံရတတ်ပါတယ်။ ဒါ့အပြင် ဘယ်လိုအခြေအနေမျိုး မဆိုကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်။ ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်းရှိနိုင်ပါတယ်။

အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါးကိုပျော်ရွှင်မှု ပေးချင်ကြသူများ ဖြစ်ပါတယ်။

တခါတလေမှာတော့ သူများကိုမယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့။ ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံ တတ်ကြပါတယ်တဲ့။

ဒီသဘာဝလေး ကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့။

ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့။ အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာ ကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့။

တစ်ယောက်တည်း သီးသန့်ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်။ အထက်လူကြီးရဲ့ အဆူ ခံရတာမျိုးကို ခံပြီးပြီ ဆိုရင်မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများ ရှိနေတတ်ပါတယ်။ ဒေါသထွက်တဲ့ အခါမှာလည်း ဒေါသကို ဖော်ပြလေ့ မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ များနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့။

ဒါကြောင့်မို့စိတ်ထဲက မကျေနပ်ချက် လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်။

ခြုံပြီးကြည့်ရင်တော့ ...

အေသွေးတို့ ရဲ့  အတွင်းစိတ်က တော့ အဆိုးမြင်ပြီး အထိမခံတတ်တာပါ။ထို့ကြောင့် ဆုံးဖြတ်ချက်ချရာတွင် ဂရုတစိုက်လုပ်တတ်သလို ပြဿနာကိုဖြေရှင်းရာမှာလဲ အဖြူအမည်း ကွဲပြားရှင်းလင်းအောင် လုပ်တတ်ပါတယ်။ လူမှုစည်းကမ်း သတ်မှတ်ချက်တွေကို အလေးထားသူလဲ ဖြစ်ပါတယ်။ ထပ်ကာထပ်ကာ လုပ်ရခြင်းနဲ့ ကိုယ်ကာယသုံး လုပ်ရခြင်းတွေကို ကောင်းကောင်း သည်းခံနိုင်တယ်။ ဒါပေမဲ့ အပြောင်းအလဲကို အလွယ်တကူ လက်ခံနိုင်ဖို့ သူတို့ အတွက် ခက်ခဲပါတယ်တဲ့။

ဝါသနာ တစ်ခုကို အလွယ်တကူ စိတ်ဝင်စားမှု လျော့တတ်ပြီးတော့ အတိတ်ကို လွယ်လွယ် မမေ့တတ်တဲ့ အပြင် အနာဂတ်ကို အဆိုးမြင်တတ်တာလေး ကတော့ ပြုပြင် သင့်တာလေးပါ။

ချီးကျူးဖို့ ကောင်းတာကတော့ စိတ်ဆိုးနေရင်တောင် အေးအေးဆေးဆေး နေပြနိုင်တယ်။ စိတ်တိုလွယ်ပြီး ခံစားလွယ်တတ်တာကတော့ အားနည်းချက်လို့ဆိုရမလားဘဲ။ အသည်းကွဲရင် တော့ ပြန်ကောင်းဖို့ အချိန်ယူရပါလိမ့်မယ်။ သူတစ်ပါးရဲ့ ထင်မြင်ယူဆချက်ကို အလေးထားတဲ့ လူမျိုးတွေလဲ ဖြစ်ပါတယ်တဲ့။ အလုပ်လုပ်ရာမှာတော့ အလွန်ကို ပြီးပြည့်စုံအောင် လုပ်တတ်သူတွေပါ။ အဲလိုလုပ်နိုင်ဖို့ တစ်ချိန်မှာ ကိစ္စတစ်ခုကိုသာ ကိုင်တွယ် ဖြေရှင်းလေ့ရှိတာ သူတို့ အလေ့အကျင့်လေးပါ။

ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိစ္စကို ခွဲခြားနိုင်တဲ့ အတွက် ချီးကျူးရပါလိမ့်မယ်။ သူတို့ဟာစိုက်ပျိုးသမျှ ရိတ်သိမ်းသူတွေ ဖြစ်တာနဲ့ အညီ လုပ်သမျှ အကျိုးဆက်ကိုတာဝန်ယူနိုင်သူတွေဖြစ်ပါတယ်။ အကောင်းဆုံး အလေ့အကျင့်လေး ကတော့ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်တဲ့ ၀ါသနာကို မိမိဘာသာ ရွေးချယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။



~ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သွေးအုပ်စု - B

၁။ သွေးအုပ်စုဘီ ကို ၂ မျိုးခွဲခြားနိုင်သည်ဆိုသော်လည်း ကန္တာ ရ မုဆိုး နိုမက်တို့နှင့်တူသော

စရိုက်လက္ခဏာကို ပိုမိုတွေ့ရသည်။

၂။ တရားမျှတမှုကို လိုလားသည်။

၃။ အားကောင်းသော ရောဂါခုခံကာကွယ်မှု ရှိသည်။

၎။ အစားအသောက် ဇီဇာမကြောင်တတ်။

၅။ နို့နှင့် နို့ထွက်ပစ္စည်းတို့ကို နှစ်သက်သည်။

၆။ ဆန်းသစ်တီထွင်မှုရှိပြီး ဖိစီးမှုကို အကောင်းဆုံး တန်ပြန်နိုင်သည်။

၇။ ထက်မြက်၊ သွက်လက်နေစေရန် ရုပ်နှင့် စိတ် တို့၏ လှုပ်ရှားမှုများဘက်ညီနေဖို့လိုပါသည်။



ထိုထက်ပို၍ဆိုရလျှင် ...

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက် ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်း စတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့် နေတတ်ပြန်ပါသတဲ့။

ဒါပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစား နေတတ်ကြတဲ့ သူများဖြစ်လို့ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ။ ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်။ ဒါပေမယ့်ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့။

ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်းဖြစ်ပါတယ်။ မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး။



ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီးလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့။ ဒါပေမယ့် သတိပြုစရာတစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ်တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်ကလူတွေကို ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ။

ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင်သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကိုဆောင်ရွက်ချင်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်။

စည်းမျဉ်းစည်းကမ်းတွေကို သိပ်ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်။ တခါဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့။

ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့။ အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ငြိုးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။



ခြုံပြီးကြည့်ရင်တော့ ...

ဘီသွေးတို့ရဲ့ အတွင်းစိတ်က ဘယ်သူပြောပြော အလွယ်နဲ့ လက်ခံလေ့မရှိဘူး။ ဆုံးဖြတ်ချက်ကို မြန်မြန်ပဲချလေ့ရှိတယ်။ အများနဲ့ လိုက်လျောညီထွေ နေနိုင်သော်ငြားလည်း စည်းမျဉ်းစည်းကမ်းတွေကို စိတ်မ၀င်စားတာကြောင့် အထက်လူကြီးတွေနဲ့ ပြဿနာ ရှိတတ်တယ်။ သိပ္ပံပညာ နဲ့ လက်တွေ့ရှာဖွေတွေ့ရှိလာတာတွေ ကို စိတ်ကူးတွေထက် ပိုပြီး သဘောကျတယ်။ဘယ်အရာကိုပဲလုပ်လုပ် ဇွဲထက်သန်စွာ စိတ်ရှည် သည်းခံပြီး လုပ်လေ့ရှိတယ်။

စိတ်မရှည်ဘူးလို့ ထင်ရတဲ့ ပုံသဏ္ဍာန်ရှိတယ်။ နောက်ပြီး ရိုးအီနေတဲ့ ထပ်ကာထပ်ကာ လုပ်ရတဲ့ အလုပ်တွေနဲ့

သူတို့နဲ့ အံဝင်ဂွင်ကျ ဖြစ်လေ့မရှိဘူး။ လောလောလတ်လတ် ကိစ္စတွေကို လွယ်လွယ်နဲ့ မမေ့တတ်ပေမဲ့

အတိတ်နဲ့အမှတ်တရတွေကို တော့ မေ့သွားတတ်ကြတယ်။

မိမိခံစားချက်ကို ပေါ်လွင်အောင် ဖော်ပြတတ်သူတွေဖြစ်ပါတယ်။

လိုအပ်ရင် အေးအေးဆေးဆေးနဲ့ အချက်ကျကျ ရှင်းပြပြီးဖြေရှင်းတတ်တယ်။

အပြောင်အပျက်လေးတွေ နည်းနည်းပါးပါးပြောတတတ်ပေမဲ့ အရမ်းရှက်တတ်တဲ့ လူတွေဖြစ်ပါတယ်။

ရာသီဥတု ကိုခန့်မှန်းရ သလိုပဲ သူတို့စိတ်က ခန့်မှန်းရခက်တယ်။ တကယ်လို့ သူတို့မကြိုက်တာ တစ်ခုခုတွေ့ခဲ့မယ်ဆိုရင်တော့ နားနဲ့မဆံ့အောင် အပြစ်ပြောခံရဖို့သာပြင်ထားပေတော့။ ဒါပေမယ့် ဖန်တီးနိုင်စွမ်းရှိပြီး စိတ်ကူးတွေ သစ်လွင်တောက်ပနေတဲ့ လူတွေဖြစ်တယ်။ မကောင်းတာလေး တစ်ခုက တော့ ကိုယ့်ဝါသနာကဘာလဲ ဆိုတာနဲ့အလုပ် နဲ့ ၀ါသနာက တူလား မတူလား မသိတာ။ ၀ါသနာက တခြား အလုပ်ကတခြားဖြစ်နေပေမဲ့ လုပ်နေရတာကို ၀ါသနာလို့ထင်တတ်တဲ့ အတွက် စိတ်ဖိစီးမှုတွေဖြစ်ပေါ်နိုင်တယ်။

သူတစ်ပါး က အမိန့်ပေးတာ ကို လက်သင့်ခံတတ်တဲ့ လူတွေတော့မဟုတ်ဘူး။ အကောင်းဆုံး အချက်လေးက တော့ အသစ်အဆန်း အပြောင်အလဲ တွေကိုမငြင်းဆန်ပဲ ကြည်ကြည်သာသာ လက်ခံနိုင်တာနဲ့ အများကဘယ်လို ဝေဖန်မလဲဆိုတာကို စိတ်မ၀င်စားတတ်တာ ပဲဖြစ်ပါတယ်။

~ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



ခေတ်သစ် လူသား များ ဖြစ်တဲ့ - AB

၁။ နုနယ်သေးသော အေဘီ သွေးအုပ်စု ရဲ့  အကြောင်း က ယခုထိ ပဟေဠိ ဆန်နေဆဲပဲဖြစ်ပါတယ်။

၂။ အေ အုပ်စု နဲ့ ဘီ အုပ်စု ပူးပေါင်းရာမှ ပေါ်ပေါက်လာတယ်လို့ ယူဆထားတယ်။

၃။ ပတ်ဝန်းကျင်နဲ့ အစားအသောက် အပြောင်းအလဲကို လိုက်လျောညီထွေ နေနိုင်မှုဟာ အံ့သြစရာပဲ။

၎။ ဒါပေမဲ့ ထိရှလွယ်တဲ့ အစာရေမျိုပြွန်ကို ပိုင်ဆိုင်ထားတယ်။

၅။ လွန်လွန်ကဲကဲ ခံနိုင်အားရှိသော ရောဂါခုခံကာကွယ်မှုစနစ်က နေရာယူထားတယ်။

၆။ ကိုယ်ကာယအား၊ တီထွင်ဆန်းသစ်သော စွမ်းအင်တို့ဖြင့် အကောင်းဆုံးတုံ့ ပြန်နိုင်တယ်။

၇။ ဆင့်ကဲဖြစ်စဉ် ရဲ့ အံ့သြဖွယ် အစိတ်အပိုင်းတစ်ခုလို့လဲ ပြောနိုင်တယ်။

ထိုထက်ပို၍ဆိုရလျှင် ...



အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီးမထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့။ မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါပဲတဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်း ရှိသူများလည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေကအေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေတတ်လာပြီး လူမှုဆက်ဆံရေးလည်းကောင်းမွန်ပြေပြစ်လာပါတယ်တဲ့။ အစပိုင်းမှာတော့အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန်ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့။ ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကိုနှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီးကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့။

လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံးသတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့

ကိုယ့်ရဲ့ ကြားမှာအတားအဆီး တစ်ခုကိုထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါကတော့သူတပါးအပေါ်မှာအမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့

အသေးစိတ်လှတဲ့ အတွေးများကြောင့်ဘဲဖြစ်ပါတယ်။

ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲခင်တတ်တဲ့အကျင့်လည်းမရှိပါဘူးတဲ့။ အလုပ်အများကြီးကို တစ်ပြိုင်နက်တည်းလုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလိုအရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ခြင်တတ်တဲ့ သူများလည်း ဖြစ်ပါတယ်။



အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့။ မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲလူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါပေမယ့်တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့။ အေဘီသွေးပိုင်ရှင်များကကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံနဲ့ ဒေါသလည်းမထွက်တတ်ပါဘူးတဲ့။

ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားချေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်။ တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကိုအေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလိုတခါတလေမှာတော့ ခက်ထန်မှုတွေကိုသာမြင်ရတတ်ပါတယ်။



ခြုံပြီးကြည့်ရင်တော့ ...

သူတို့ဟာ အလွန်ကိုပဲ ချစ်တတ် ခံစားတတ်တဲ့ လူတွေဖြစ်ကြတယ်။ အရမ်းကိုလက်တွေ့ကျတတ်တယ်။ ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်တဲ့ အရည်အသွေးကိုပိုင်ဆိုင်တယ်။ မျှတစွာဝေဖန်တတ်တယ်။ ဒါပေမဲ့ အရေးကြီးလေလေ ဆုံးဖြတ်ချက်မချတတ်တော့ လေလေဖြစ်တာက အားနည်းချက်တစ်ခုပါပဲ။ ကြိုးစားပန်းစားအားထုတ်လုပ်ကိုင်တယ်။ ဒါပေမဲ့ စိတ်မရှည်ဘူး။ အတိတ်ဟာအရေးကြီးတယ်လို့ယူဆပြီး အဲဒီ အတွက် အရမ်းခံစားနေတတ်တယ်။ ဒါပေမဲ့အာရုံကိုတော့ လက်ရှိကိစ္စမှာ စူးစိုက်ထားတတ်တယ်။

ခံစားချက်ပြင်းထန်အားကြီးတယ်။ ဆိုးတာက ပေါ်ယံအနေနဲ့ ပုံမှန်အေးဆေး တည်ငြိမ်နေတတ်ပေမဲ့ အရေးပေါ် (သို့) မရှင်းနိုင်လောက်အောင်ကြီးမားတဲ့ ပြဿနာတွေ ကြုံပြီဆိုရင်တော့ စိတ်ညစ်တတ်တယ်၊စိတ်ဓါတ်ကျတတ်တယ်။ စိတ်အပြောင်းအလဲ အရမ်းမြန်တတ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်နိုင်တယ်။ တန်ဖိုးထားတဲ့ အချက်ကတော့ အလုပ်ကြိုးစားခြင်းပါ။ မြန်မြန်ဆန်ဆန်ပဲ အရာရာတိုင်းကို နားလည်သဘောပေါက်တတ်တယ်။ ဒါပေမဲ့ အလုပ်တာဝန် စီမံချက်တစ်ခုကို စီမံကိုင်တွယ်ရာမှာ အစအဆုံး ပြီးစီးသည် အထိ တာဝန်မယူနိုင်တာလေးကတော့ အားနည်းချက်လေးပါ။ တစ်ပါးသူကို ချဉ်းကပ်ရာမှာ သိမ်မွေ့နူးညံ့တဲ့ အနုပညာ ဆန်ဆန်ချဉ်းကပ်တဲ့ အပြုအမူမျိုးပြုလုပ်တတ်ပါတယ်တဲ့။

~ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ချစ်သူ၂ဦးရဲ့ ကံဇာတာလေး တိုက်ကြည့်ရအောင် (ဗေဒင်ဝါသနာပါသူများအတွက်)

က 1

ခ 2

ှဃ 4

င 5

စ 6

ဆ 7

ဇ 8

စ် 9

ည 10

ဋ 11

ဌ 12

ဍ 13

ဎ 14

ဏ 15

တ 16

ထ 17

ဒ 18

ွဓ 19

န 20

ပ 21

ဖ 22

ဗ 23

ဘ 24

မ 25

ယ 26

ရ 27

လ 28

၀ 29

သ 30

ဟ 31

ဠ 32

အ/ဥ 33

ကကြီး ကနေ အ/ဥ အထိ နံပါတ်အလိုက်ရေးထားပေးပါတယ်။

အဆင့် 1 - မိမိနာမည်ကိုပေါင်းပါ။(နာမည်အရှေ့က မ၊မောင်၊နန်း၊ခွန်၊စိုင်း၊ စတာတွေထည့်တွက်စရာမလိုပါ။)

(ဥပမာ - မဖြူဖြူသော် ဆိုပါက မ ကိုထည့်တွက်စရာမလိုဘဲ ဖ + ဖ + သ = ရလဒ် ကိုသာ ယူရမှာဖြစ်ပါတယ်။)

အဆင့် 2 - မိမိချစ်သူ နာမည်ကိုပေါင်းပါ။

အဆင့် 3 - မိမိနာမည်ပေါင်းရလဒ်နှင့် မိမိချစ်သူနာမည်ပေါင်းရလဒ် နှစ်ခုကိုပေါင်းပါ။

အဆင့် 4 - နှစ်ခုပေါင်းရလဒ်ကို (၉) ဖြင့် စားပါ။ နောက်ဆုံးအကြွင်းကိုကြည့်ပါ။


အကြွင်း 1 ကြွင်းလျှင် ။ အသက်မကချစ်ကြမည်။

။ 2 ။ ။ ရင်နာစရာကြုံရမည်။

။ 3 ။ ။ ဘ၀ဖူးစာဖက်များဖြစ်သည်။

။ 4 ။ ။ နှစ်ဦးနှစ်ဖက် ပြေလည်မည်။

။ 5 ။ ။ အစကချစ်လည်း .. နောင်မုန်းမည်။

။ 6 ။ ။ တစ်ဦးက တစ်ဖတ်သက်သာချစ်ရရှာသည်။

။ 7 ။ ။ ချစ်သော်လည်း မညားကြချေ။

။ 8 ။ ။ မိဘများက သဘောမတူကြချေ။

Monday, March 5, 2012

~> မိန်အချစ်ဒဿန(PISCES) <~



မိန်ရာသီဖွားများသည် အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက်ရှိသည့် အချစ်တတ်ဆုံး
မေတ္တာနှလုံးသားကို ပိုင်ဆိုင်ထားသည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက အဆိုပြုသည်။
နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်ပေါ်တွင် သဲများ ဖုံးလွှမ်းနေသည့်
ကမာခွံအကြားရှိ ပုလဲရတနာ နှင့်တူသော နှလုံးသားဟု ဖော်ကျူးထားသည်။
မေတ္တာရေးတွင် ပေးဆပ်မှုကို ဦးစားပေးမည်။ အလွန်အေးချမ်း မြင့်မြတ်သော
အချစ်ပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ်ကြီး၍ တစ်ပါးသူအပေါ်
အလွန်နားလည် ခွင့်လွှတ်တတ်သော မေတ္တာ ရှင်ဖြစ်သည်။
အခိုင်အမာဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သော သဘာဝရှိသည်။ ဘဝတွင်
တစ်ပါးသူအတွက် မိမိဘဝရှင်သန်ခြင်းဖြစ်မည်။ အချစ်အတွက်ဆိုပါက
အရာရာရင်ဆိုင်ဝံ့သော နှလုံးသားပိုင်ရှင်ဖြစ်သည်။အရှ က် အကြောက်ကြီးခြင်း
တစ်ပါးသူက ဝေဖန်မည်ကို စိုးရွံခြင်းကြောင့် အမှန်တကယ်
ချစ်သူအပေါ်ဖွင့်ဟမပြောရဲ လက်မတွဲရဲတတ်ခြင်းသည်မိမိ၏ ပကတိအားနည်းချက်ဖြစ်၏။
ထို့အပြင် မိမိအချစ်ကို ပြောဆိုရန် ဝန်ခံရန် အလွန်ရှက်တတ်သဖြင့် ချစ်သူ၏
အထင်လွဲမှုကို အမြဲခံရမည်။ အေးချမ်းစွာ သီးသန့်နေတတ်၍ မသိသူများက မိမိအား
မချစ်တတ်သောသူ ဟူ၍ ထင်ယောင်ထင်မှား အဖြစ်ခံ ရမည်။ အမြဲအရွေးရခက်အောင်
အခွင့်အလမ်းနှစ်မျိုး ပေါ်ပေါက်တတ်သည်။အတ္တကို ဦးစားပေး၍ မရွေးသင့်။ မိမိအား
အလွန်နားလည်သောသူနှင့် လက်တွဲသင့်ပေသည်။
ဤရာသီဖွားများသည် မေတ္တာရေး အချစ်ရေးအပေါ်တွင် အလွန်နက်နက်နဲနဲ ခံယူတတ်သည်။
မေတ္တာတရားကို နားလည်ခြင်း ခွင့်လွှတ်ခြင်း သဏ္ဍန်နှင့် ပိုင်ဆိုင်ထားသည်။
လူတစ်ဦးတစ်ယောက်အပေါ် မိမိအချစ်သက်ရောက်ပါက ထိုသူအတွက် မိမိတတ်စွမ်းသမျှ
အရာရာပေးဆပ်ရမည် ဟူသော သဘောထားကို လက်ကိုင်ထားသူ ဖြစ်သည်။
ဤရာသီဖွားများသည် အလွန်စန်းပွင့်သော်လည်း ချစ်သူများရန် ဝန်လေးသည်။
ဘဝလမ်းကြောင်းတွင် မိမိနှင့် မွေးရပ် ဘာသာ ဓလေ့ဝန်းကျင်
မတူခြားနားသောသူများနှင့် အချစ်ဆုံစည်းတတ်သည်။ မတူသောအရာတို့ ပေါင်းစည်းသော
အချစ်အနေအထားရှိပေသည်။
ကမ္ဘာပေါ်တွင်ဤရာသီဖွားများကို အချစ်တတ်ဆုံးသူများဟု
ကမ္ဘာ့နက္ခတ်ဗေဒပညာရှင်များက ယနေ့တိုင် လက်ခံသတ်မှတ်ထားသည်။
ဤရာသီဖွားများနှင့် မေတ္တာသက်ဝင် အချစ်ရေးကြုံသူများသည်
အလွန်ကံကောင်းသောများဖြစ်သည်ဟူ၍လည်း အများက သတ်မှတ်ထားသည်။
နှုတ်မှ ချစ်ခြင်းမေတ္တာစကား စာဖွဲ့ခြင်းမရှိ လက်တွေ့ကျကျ
ဆောင်ရွက်မှုများနှင့် အနုစိတ် မိမိအချစ်ကို ပုံဖော်တတ်သည့် အချစ်အနုပညာများ
ဖြစ်သည်။ သူတစ်ပါးပြောလာသည် ဝေဖန်လာသည်ကို လုံးဝဂရုမစိုက် ။
မှန်သည်ထင်သည်ကို လုပ်၍ ချစ်သူဘက်မှ ထာဝရတည်သော
နှလုံးသားဒဿနပိုင်ရှင်များဖြစ်သည်။ ဤကားမိန်အချစ်ဒဿနပင်ဖြစ်သည်။

ကြည်ဖြူခင်ခင်

~> ကုမ်အချစ်ဒဿန (AQUARIUS) <~



ကုမ်ရာသီဖွားများသည် အစွဲအလမ်းကြီးပြီးပေးဆပ်မှုကို ဦးစားပေးတတ်သော
နှလုံးသားကို ပိုင်ဆိုင်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း
သတ်မှတ်ထားသည်။
ရေအိုးထဲမှ ရေကို သွန်လောင်းပြီး ရေငတ်သူများအားပေးသလကဲ့သို့ နှလုံးသားမှ
အေးချမ်းမြင့်မြတ်သည့် အချစ်ရေစင်အား ပက်ဖျန်းနေသော
ပုံနိမိတ်ဖြင့်ဤရာသီဖွားများ၏ အချစ်ကို ဖော်ကျူးထားသည်။
ပကတိရိုးသားတည်ကြည်သည်။ သစ္စာကြီးသည်။ ဖြောင့်မှတ်မှန်ကန်ရိုးသား၍
အမှန်တရားဘက်မှ ရပ်တည်သော နှလုံးသားပိုင်ရှင်ဖြစ်သည်။ တစ်ပါးသူအပေါ်
မာယာများရန်၊စဉ်းလဲ လိမ်ညာကောက်ကျစ်ရန် ဝန်လေးသည်။ သန့်စင်သော
နှလုံးသားနှင့် ချစ်တတ်သည်။ ရိုးရိုးဖြေင့်ဖြောင့်သမားဖြစ်သည်။
အစွဲအလမ်းကြီးခြင်း တစ်ဖက်စွန်းကျလွန်းခြင်းများကြောင့် နှလုံးသားရေးရာ
ချစ်ဒုက္ခတို့ ကြုံတတ်သည်။ သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ်
မေတ္တာထားလင့်ကစား ကံဇာတ်ဆရာမှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင်
ဖန်တီးမည်။ အဆင်ပြေချောမွေ့နေသော အချစ်ရေးလမ်းကြောင်းတွင်
မှန်းဆမထားသောအဆိုးများ ဝင်ရောက်မည်။ကာလအတန်ကြာ လွမ်းမော၍ ချစ်ရမည့်ကိစ္စကို
ကြောက်လန့်နေမည်။ ပြီးမှ တည်ငြိမ် အေးချမ်းသော မေတ္တာရှင်နှင့်တွေ့ပြီး
ဘဝတွင်အေးချမ်းသွားမည်။မေတ္တာရေးတွင် လေးလေးနက်နက် သစ္စာရှိရှိနေတတ်သည်။
ချစ်သူအပေါ် အခွင့်အရေးမယူ။အနိုင်မယူတတ်။ မိမိကသာ အနစ်နာခံတတ်သည်။
ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်ဘက်ရောက်သွားတတ်သည်။
မိမိအရည်အချင်းများရှိလျှက် မိမိထက်နိမ့်သောသူကို အမြဲဦးစားပေးတတ်သော
သဘာဝရှိသည်။ဂုဏ်အနိမ့်အမြင့် မတူသော ချစ်သူနှစ်ဦးမှ နိမ့်သောသူကိုပို၍
ဦးစားပေး ရွေးတတ်သည်။ ထို့အပြင် ချစ်သူကို မိမိထက် မြှင့်တင်ပေးမည်။
အလိုလိုက် အကြိုက်ဆောင်ထားသော မိမိတင်သည့် ရွှေမင်းသမီးမှ မိမိကို
အသည်းခွဲသွားတတ်သော အနေအထားကြုံအားတွေ့မည်။
ဤရာသီဖွား အမျိုးသမီးများသည် မေတ္တာရေးတွင် လေးလေးနက်နက်ရှိမည်။
အမြင်ကျယ်မည်။ သဘောထားကြီးမည်။နူးညံ့သိမ်မွေ့သော နှလုံးသားကို
ပိုင်ဆိုင်မည်။ မေတ္တာရေးတွင် နက်နက်နဲနဲ တွေးခေါ်တတ်၍ ဘဝကို ပေးဆပ်ထားမည်။
မေတ္တာကို စာမဖွဲ့တတ်၊ နူးညံ့ပျော့ပျောင်းစွာ နှုတ်ခမ်းဖျား လျှာဖျားမှ
မပြောတတ်။ ရိုရိုးကြီး လက်တွေ့ကျကျ လုပ်ဆောင်ပြီး အချစ်ကို ဖော်ညွန်းတတ်သော
သဘာဝရှိသည်။ ချစ်သူအပေါ် အလေးထားမည်။ ရံဖန်ရံခါတွင် ချစ်သူဘက်မှ
သွေးသားဆွေမျိုးများက မိမိအပေါ် နှိမ့်ချခြင်း
စကားတင်းပြောခံရခြင်းမျာကြုံမည်။ သို့ရာတွင် အံဩလောက်အောင် မိမိ၏
သဘောထားကို ပြသနိုင်မည်။
ဤရာသီဖွား အမျိုးသားများသည် စိတ်လှုပ်ရှားမှုနှင့် ဆန်းသစ်သည့် အတွေ့အကြုံကို
လိုလားသော နှလုံးသာကို ပိုင်ဆိုင်သည်။ သို့သော်
ဦးနှောက်နှင့်နှလုံးသားကြား အမြဲဒွဟဖြစ်တတ်၊ တွေဝေတတ်သည်။ မေတ္တာ တရားနှင့်
ပတ်သက်၍ စိတ်ဓာတ် တက်လွယ် ကျလွယ်သည်။ မိမိနှလုံးသားသည် သူတစ်ပါးအပေါ်
အဆင်ပြေ ချမ်းမြေ့ အေးချမ်းခြင်းကို ပေးလိုသည်။
ဤရာသီဖွားများ၏ မေတ္တာအပေါ် ထားရှိသော ဒဿနသည် အလွန်တရာ တန်ဖိုးကြီးသော
ပေးဆပ်ခြင်းနှင့် လိုက်လျောခြင်း၊ တစ်ပါးသူအပေါ် လေးနက်စွာ ဆက်ဆံခြင်း သစ္စာ
တည်မြဲခြင်းတို့ပေါင်းစည်းသောအရာ တစ်ခုဖြစ်သည်ဟု ယူဆကြသည်။

ကြည်ဖြူခင်ခင်

မကာရရာသီဖွားအချစ်ဒဿန



မကာရရာသီဖွားတို့ကို တစ်ပါးသူကောင်းစားရေးအတွက် မိမိနှလုံးသား
ဘဝတစ်ခုလုံးအား အနစ်နာခံပေးဆပ်ရန်ဝန်မလေးသော အချစ်ပိုင်ရှင်များဟု
ကမ္ဘာတစ်ဝှမ်းလုံးရှိ နက္ခတတ်ပညာရှင်များက တစ်ညီတညွတ်တည်း သတ်မှတ်ထားသည်။
ယစ်ပလ္လင်အထက်တွင် တဆတ်ဆတ် တုန်ခါလျက် ချစ်သူအမည်ကို တမ်းတနေသည့်
သွေးဖုံးလွှမ်းနေသော နှလုံးသားနှင့် နိမိတ်ဖော်ကျူးထားသည်။ မေတ္တာရေးတွင်
အပေးသမားဖြစ်သည်။ ကိုယ်ချစ်ကို ဦးစားပေးသည်။ နှလုံးသားကို အခြေပြု၍
ဆုံးဖြတ်ချက်ချတတ်သည်။အလွန်သီး သန့် နေလိုသည်။ မိမိ သီးသန့်ကမ္ဘာလေးအတွင်း၌
ထာဝရအဖော်မွန်တစ်ဦးကို တောင့်တနေသော သဘာဝရှိသည်။
မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှားမှုများအပေါ်၌လည်း
အမြဲဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော
အထီးကျန်သမားကို ပို၍ မေတ္တာထားတတ်၊ စာနာ ချစ်တတ်သည်။တစ်ပါးသူကဆိုးသည်။
မကောင်းဟု ဆိုသော သူများအပေါ် ရွေးချယ်မေတ္တာမျှတတ်သည်။ ချစ်သူကို အလုံးစုံ
တိုးတက်စေရန် မိမိဘဝအား ငြမ်းသဖွယ် ၊လှေကားသဖွယ်ခင်း၍ မြှင့်တင်ပေးမည်။
ချစ်သူကို အလိုလိုက်လွန်၍လည်းကောင်း၊ အသာစီးပေးလွန်း၍လည်းကောင်း
တစ်စုံတစ်ရာ မြင့်မားလာသောအခါ သူကပင် မိမိအား ပစ်ခွာသွား၍
နောက်တစ်ယောက်ရှာတတ်သည်။ ဘဝတစ်လျှောက်တွင် မိမိကသာလျှင် ပေးဆပ်ရသော
သဘာဝရှိသည်။
နှလုံးသားမှ လေးလေးနက်နက်ရှိသော်လည်း နှုတ်မှဝေဝေဆာဆာလှလှ ပပ သကာဖုံး၍
မပြောတတ်ခြင်းကြောင့် မိမိဘဝတွင် အပြောကောင်းသူများ မုသားမာယာရှင်များနှင့်
ထိပ်တိုက်တွေ့သောအခါ အမြဲအရှုံးပေးရတတ်သော သဘာဝရှိသည်။ အချစ်လွန်ကဲခြင်း
နားလည်ခွင့်လွှတ်မှုလွန်ကဲခြင်းတိုကို လျှော့သင့်သည်။တစ်ပါးသူက တစ်စုံတစ်ရာ
တိုးတက်သွားအောင် အကြံအစည်နှင့် မိမိနှလုံးသားကို
ခုတုံးလုပ်သွားခြင်းခံရမည်။
အရာရာကို ထိန်းချုပ်နိုင်သော စိတ်ရှိသလောက် မေတ္တာတရားတွင်
ထိန်းချုပ်နိုင်သော အင်အားမရှိပေ။လူတစ်ဦးတစ်ယောက်ကို ဆက်ဆံသောအခါ
မယုံသင်္ကာစိတ်ဖြင့် စတင်ဆက်ဆံတတ်သည်။ တစ်စစ ယုံစားလာသည်ဆိုကလည်း သူတစ်ပါး
လိမ်လည်ပြောဆိုသည်ကိုပင် ယုံကြည်တတ်သောစိတ်ရှိသည်။
မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား
ပိုင်ဆိုင်သည်။မိမိကိုချစ်သည်က တစ်ယောက် မိမိချစ်သူကတစ်ယောက်
ဖြစ်တတ်သည်။သီးသန့်နေလေ တစ်ပါးသူက မိမိအား စိတ်ဝင်စားလေဖြစ်ပြီး မိမိအပေါ်
သံယောဇဉ်ကြီးသူနှင့်တွေ့ကာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်မည်။
မိမိတွင်လိုအပ်နေသောအရာများနှင့် ခံစားနေသော အဆိုးများကို
အခြားသူတစ်ဦးတစ်ယောက်အပေါ်တွင် မဖြစ်စေလိုပေ။ လိုအပ်နေသော
ကွက်လပ်များကိုလည်း မပြည့်စုံသော မိမိဘဝ ကလေးတစ်ခုဖြင့်
ဖြည့်စွက်ပေးလိုက်ပြီး ထိုသူ၏ ဘဝကို ပြည့်စုံစေလိုသည်။ချစ်သူကို
အရာရာပြည့်စုံစေလိုသည်။ မိမိဘဝ သုညအဖြစ်ရှိနေသည့်တိုင်အောင် ချစ်သူအတွက်
ပေးဆပ်သင့်သည်ဟု သတ်မှတ်မည်။အနိုင်ယူသွားခြင်းအပေါ် ခွင့်လွှတ်ရန်
အမြဲရှင်သန်နေသော အချစ်နှလုံးသား ဒဿနကိုပိုင်ဆိုင်သည်။

ကြည်ဖြူခင်ခင်

~> ဓနု အချစ်ဒဿန (SAGITTARIUS) <~



ဓနုရာသီဖွားတို့၏ နှလုံးသည် သနားလွယ်၊ ယုံလွယ်၊စိတ်ညွတ်လွယ်တတ်သည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။
မီးတောက်မီးလျှံများ။ တိုက်ပွဲများကြားတွင် အောင်ပွဲခံသော
လေးညှို့ကိုင်ဆွဲသည့် လေးသည်တော်၏ ရှုံးနိမ့်သော ရန်သူအပေါ် ခွင့်လွှတ်ညှာတာ
ချမ်းသာပေးသည့် စိတ်ဓာတ်နှလုံးသားနှင့် ထပ်တူသည့် အချစ်မေတ္တာရှိသူဟု
ဖော်ကျူးထားသည်။
ဘဝတွင် အရာရာအောင်ပွဲခံနိုင်သလောက် အချစ်စစ်မျက်နှာတွင်မူ အမြဲအလံဖြူ
ဝှေ့ရမ်း အရှုံးပေးရမည်။ ချစ်သူများတတ်သည်။ ဤရာသီဖွား အမျိုးသားများသည်
သုံးကြိမ်အနည်းဆုံး အသည်းကွဲပြီးမှ အချစ်ရေး အဆင်ပြေသွားမည်။အရာရာတွင်
ရဲရင့်ခြင်းရှိသလောက် အချစ်နှင့်ပတ်သက်လျှင် အမြဲခွင့်လွှတ် အရှုံးပေး
အနစ်နာခံရတတ်သည်။ မူလချစ်သူအပြင် နောက်ထပ်ချစ်သူအသစ်ပေါ်၍
ဒွိဟဖြစ်ကာသူ့ထက်သူ ပိုသာ သယောင် ထင်ပြီး မိမိ၏ ပြောင်းလဲမှုများတတ်သော
အာားနည်းမှုကြောင့် စိတ်အနှောက်အယှက် များကြုံတတ်သည်။
ဤရာသီဖွား အမျိုးသမီးများသည် သူတစ်ပါးအပေါ် အနိုင်ရမှ ကျေနပ်မည်။
ထို့ကြောင့် အချစ်စိတ်ဓာတ် နှင့် ခံယူမှုမှာ မိမိဆိုးနွဲ့သမျှကို
ခွင့်လွှတ်နားလည်နိုင်သောသူ အနိုင်ယူနိုင်သောသူကိုသာ ချစ်မေတ္တာ ထားတတ်သည်။
မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါများသည်။ ချစ်သူရည်းစားများမည်။
နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်မည်။ ဆုံးဖြတ်ချက်ချမှတ်ပြီးမှ
မိမိဆုံးဖြတ်သည့်အပေါ် မှားယွင်းသလိုခံစားရမည်။ နောက်ဆုံးတွင်
အရင်ဆုံးချစ်သူထံ စိတ်ပြန်လည်သွားမည့် သဘာဝရှိသည်။
ထူးခြားချက်မှာ ဤရာသီဖွားများအားလုံးသည် အလွန်ခွင့်လွှတ်တတ်သည်။ မိမိကို
တစ်စုံတစ်ရာ စိတ်ဒုက္ခပေးသွားသောသူများအား ခွင့်လွှတ်ချစ်ခင်ရန်
ဝန်မလေးတတ်ပေ။ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်။ အချစ်ကြောင့်
ဇွတ်မိုက်ရမည်ကိုလည်း မနှောင့်နှေး။တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုက
လေးညှို့မှ ပစ်သည့်မြားအလား တစ်ဟုတ်ထိုး စူးစူးစိုက်စိုက်ချစ်တတ်သည်။
တစ်စုံတစ်ယောက်သောသူကို အသည်းနှလုံးပုံပေး၍ ချစ်ခဲ့ပြီး
နောက်တစ်ဦးတစ်ယောက်အား အလားတူ ထပ်တူထပ်မျှ တစ်ပြိုင်တည်းချစ်နိုင်စွမ်း
ချစ်တတ်စွမ်းရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။ လုပ်ပြီးသော
ဆုံးဖြတ်ပြီးသော အရာတစ်ခုအား ချီတုံ ချတုံ တစ်ဖန်ပြန်ဖြစ်တတ်သော
သဘာဝရှိသည်။ နှလုံးသားကို ဦးစားပေးလွန်းသူဖြစ်သည်။
မည်သို့ဆိုစေ ဤရာသီဖွားများ၏ မေတ္တာအပေါ် အမြင်သည် နှလုံးသား
သွေးကလပ်စည်းတို့မှ ဦးနှောက်၏ အလွန်နက်ရှိုင်းသော ကလပ်စည်းများဆီသို့
ပို့ဆောင်ကာ ဦးနှောက်၏ဆုံးဖြတ်ချက်ကို နှလုံးသားမှ ပြန်လည်လက်ခံ၍
သေချာစွာဆုံးဖြတ်တတ်သည့်သဘောသဘာ ဝရှိသည်။ မေတ္တာတရားအား
ရုတ်ခြည်းဆုံးဖြတ်မည်။ အချိန်ယူ၍ စဉ်းစားသော်လည်း ဆုံးဖြတ်ချက်ချရာ၌
မြန်ဆန်မည်။ ချစ်သူများမည်။အိမ်ထောင် တစ်ဆက်တည်းမြဲရန်အတွက် အထူးအားစိုက်
ဂရုထားရမည်။ အောင်မြင်သော အိမ်ထောင်ရေးကို ရရှိမည်။ လေးနက်သော နှလုံးနှင့်
ချစ်မည်။ ခွင့်လွှတ်တတ်သည်။

ကြည်ဖြူခင်ခင်

~> ဗြိစ္ဆာအချစ်ဒဿန (SCORPIO) <~


ဤရာသီဖွားများသည် အလွန်ချစ်တတ်သော၊ အလွန်မုန်းတတ်သော
အချစ်ကိုပိုင်ဆိုင်ထားပြီး တစ်ပါးသူမဆိုထားနှင့်မိမိကိုယ် မိမိ
ပင်နားမလည်နိုင်သော ထူးခြားသည့် နှလုံးသားပိုင်ရှင်ဖြစ်သည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်ကြီးများက တညီတညွတ်တည်း အဆိုပြုသည်။
ကန္တာရအလယ် ပတ်ကြားအက်နေသည့် ကျောက်မြေကြားရှိ အလွန်အဆိပ်ပြင်းသော
ကင်းမြီးကောက်တစ်ကောင်၏ ရင်ထဲမှ မွတ်သိပ်နေသော၊ နူးညံ့လွန်းသော၊
အချစ်ကြီးသော ၊အမျက်ကြီးသော နှလုံးသားမျိုးကိုပိုင်ဆိုင်သူဟု
ဖော်ကျူးပြန်သည်။
အကောင်းဆုံးနှင့်အဆိုးဆုံးကိုသာ လုပ်လိုသော
သဘာဝရှိသည်။ကောင်း၊ဆိုး၊မှန်၊မှား လုပ်သင့် မလုပ်သင့်စသည့် အစဉ်အလာအရ
သတ်မှတ်ထားချက်များကို လုံးဝလက်မခံခြင်းမရှိ။ မိမိရင်ထဲမှ ကောင်းသည်၊
မှန်သည်ဟုထင်လျှင် ခေါင်းအေးအေးနှင့် တဇွတ်ထိုး လုပ်တတ်သည်။ မိမိခံစားချက်
ခံယူချက်ကို ဦးစားပေးမည်။ ကိုယ်ပိုင်အဘိဓမ္မာနှင့် မဖြစ်မနေ လုပ်တတ်သည်။
မိမိစိတ်ထဲ၌ရှိသော အရာများကို တစ်ပါးသူအား ဖွင့်ပြောတိုင်ပင်ခြင်းမရှိ
လျှို့ဝှက်စွာ သိုသိပ်၍ မဖြစ်မနေ လုပ်တတ်သော သဘောရှိသည်။
တစ်စုံတစ်ယောက်သောသူကို ချစ်မိပြီဟု ဆုံဖြတ်ချက်ချရန်အတွက်
အလွန်အချိန်ယူတတ်သောလည်း ဆုံးဖြတ်ပြီးပါက လုံးဝ ပြန်မပြင်တတ်ပေ။ဝေဖန်မှုကို
လုံးဝဂရုမစိုက် ဥပေက္ခာပြုတတ်သည်။ဥပေက္ခာနှလုံးသား ပိုင်ရှင်ဟုလည်း
သတ်မှတ်နိုင်သည်။
မိမိချစ်သူက အမှာအယွင်းတစ်စုံတစ်ရာ ပြုလုပ်ပါကလည်း ဒေါသအမျက်ပြင်းစွာဖြင့်
လုံးဝခွင့်မလွှတ်။နှလုံးသားထဲမှ အပြီးအပိုင် ထုတ်ပစ်ပြီးဥပေက္ခာပြုလိုက်မည်။
ပင်ကိုသဘာဝတွင် အလွန်ထူးခြားသည်။ ပြန်မပြော၊ နားမထောင်၊ တစ်ပါးသူတားဆီးသည့်
ကိစ္စကိုမှ လုပ်လိုသည်။ အားနည်းသောသူဘက်မှ ရပ်တည်မည်။
အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ မေတ္တာစိတ်ပြောင်းလဲလွယ်သည်။ ခံစားချက်ကို
မျိုသိပ်တတ်သည်။ မိမိ ဘက်မှ တတ်အားသရွေ့ပေးဆပ်သည်။ သည်းခံသည်။
ခံနိုင်စွမ်းကုန်သောအခါ အရွဲ့တိုက်မည်။ အလွန်ချစ်ခဲ့သူကိုပင် စွန့်ပစ်မည်။
ခွဲခွါသောအခါတွင်လည်း သံယောဇဉ် လုံးဝမရှိသလောက်အောင်ပင် ဖြစ်မည်။
နောက်တစ်ယောက်တွေ့ပြီဆိုကလည်း အလွန်လေးနက်သော မေတ္တာနှင့်ချစ်မည်။
အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ ။ သို့သော် အချစ်ဆုံးသူနှင့် ပေါင်းရမည်။
ချစ်သူခင်သူပေါများမည်။ အခိုက်မသင့်ပါက အိမ်ထောင်ဆက်ပင်များသွားနိုင်သည်။
သူတစ်ဦးတစ်ယောက်အား မေတ္တာရှိ ချစ်မိပြီဆိုကလည်း အခြားသော သူများကဲ့သို့
မိတ်ဆွေ အပေါင်းအသင်များကို ဖွင့်ပြောလေ့မရှိ။ တစ်ဦးတည်း လျှို့ဝှက်စွာ
ကြိတ်ကြံတတ်သည်။ မိမိ အချစ်ကို နှုတ်မှ မပြောခင် ချစ်သူရှိရာသို့
အချိန်ရှိသရွေ့တရစ်ဝဲဝဲလုပ်နေတတ်သည်။ ချစ်သူဘဝရောက်ပြန်လျှင်လည်း
နှစ်ဦးတွေ့ကြသောအခါ ဖွယ်ဖွယ်ရာရာ၊ကြင်ကြင်နာနာပြောဆိုခြင်းမရှိ။
ခေါင်းကြီးငုံ့ ဘေးချင်းယှဉ်ထိုင်ကာ စကားမပြောဘဲ ဂွတိဂွကျ
မပွင့်မလင်းနေတတ်သော သဘာဝအားပိုင်ဆိုင်သည်။ မိမိကို တကယ်ချစ်ရဲ့လားဟုပင်
ချစ်သူက ထင်လောက်သည်။ စကားပြောပြီဆိုပါကလည်း ချစ်သူက စိတ်ဝင်စားသည်
မဝင်စားသည်ကို ဂရုမစိုက်၊။အခ်ျစနှင့် မပတ်သက်သည့် အရာများကို
ကရားရေလွှတ်ပြောတတ်သည်။
မည်သို့ဆိုစေကာမူ ဗြိစ္ဆာရာသီဖွားများ၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်တွင် မတူသော
ဆန့်ကျင်ဘက် နှစ်ဦးကို ပေါင်းကူးဆက်ဆံပေးနိုင်သော တစ်သားတည်းဖြစ်အောင်
လုပ်ပေးနိုင်သောအရာသည် အချစ်ဖြစ်သည်ဟု သတ်မှတ်လိမ့်မည်။

ကြည်ဖြူခင်ခင်

~> တူရာသီ အချစ်ဒဿန (LIBRA) <~


တူရာသီဖွားများသည် အသည်းမာ၍ တစ်ပါးသူအပေါ် ချစ်ရန်အလွန်ခက်ခဲသော အေးတိအေးစက်
နှလုံးသားအချစ်ကို ပိုင်ဆိုင်ထားသည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်ကြီးများက ဆိုရိုးရှိသည်။
ပေးဆပ်ခြင်းနှင့် ရယူခြင်းတို့ကို ချိန်ခွင်တစ်ဖက်တစ်ချက်တွင်တင်၍ အရာရာကို
တွက်ချက်နေသော နှလုံးသားအချစ်ရှင်ဟူ၍လည်း ဖော်ကျူးထားပြန်သည်။ဤရာသီဖြားမ်
ားသည် မျှတသော သဘာဝ နှစ်လိုသော အနေအထားရှိလင့်ကစား နှလုံးသားမာလွန်း၍
မိမိကိုယ်သာ မိမိ အချစ်ဆုံးဖြစ်မည်။သီးသန့်နေလိုစိတ်ပြင်းထန်မည်။ချစ်ခဲပြီး
အချစ်မြဲသည်။ ထူးခြားချက်မှာ ဥာဏ်မြင့်သော ပညာအတတ်ထူးချွန်သောသူတို့ကို
ဦးစားပေး၍ ချစ်တတ်သည်။
အလွန်သိမ်မွေ့ အေးချမ်းမည်။ မေတ္တာတရားတွင် အလွန်မျှတစွာ တွေးခေါ်တတ်သည်။
ချင့်ချိန်တတ်သည်။ နှလုံးသားသည် ကောင်းပြီဆိုက သူတစ်ပါးထက်ပိုကောင်းတတ်သလို
ဆိုးပြီဆိုကလည်း အလွန်ပရိယာယ်မာယာများစွာ သူတစ်ပါးထက်
သာလွန်ဆိုးပြတတ်သည်။ တစ်ပါးသူကို ဦးစားပေးတတ်သော်လည်း
မိမိကအနစ်နာခံရမည်ဆိုပါက ဘာကိုမျှမလုပ်။သားချင်းအတွင်း
ကျန်းမာရေးမကောင်းသူ ဆိုးသွမ်းသူများကြောင့် မိမိအချစ်ရေး
နှလုံးသားရေးတွင် အနှောက်အယှက် အနည်းငယ်ရှိသည်။
ပင်ကို နှလုံးသားသည် နီးစပ်မှုအား အခြေတည်၍ အချစ် သံယောဇဉ်ဖြစ်တတ်သည်။
အချစ်အပေါ် အမြင်သည် မိမိနှင့် အပေးအယူ ညီမျှ၍ မိမိအား
အထောက်အကူပြုနိုင်သောသူအပေါ် ချစ်သင့်သည်။သဘောထားမတိုက်ဆိုင်သောသူများကို
ဥပက္ခာပြုတတ်သည်။ ချစ်ခြင်းမေတ္တာနှင့်ဥပက္ခ္ခာနှစ်မျိုးရှိ၍
အမှန်တရားလုံးဝမရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။
ပင်ကိုအားဖြင့် မိမိကိုယ်မိမိသာ အချစ်ဆုံးဖြစ်၍ မိမိ
ဘဝနှင့်ထပ်တူနီးပါးတူညီပြီး အကျိုးပြုသော သူကို ဦးစားပေးချစ်တတ်သည်။
ကာလအတန်ကြာ ပိုးပန်းနေသူကိုကျော်၍ နောက်လူကို ချစ်တတ်သော သဘာဝရှိသည်။
ချစ်သင့်သည်က တစ်ယောက်၊ ချစ်မိသူက တစ်ဦး ဖြစ်တတ်သည်။
ဤရာသီဖွား အမျိုးသမီးများသည် အလွန်သံယောဇဉ်ကြီးတတ်သည်။ မိမိအား သဘောကျသောသူ
အလွန်ပေါသဖြင့် ရွေးချယ်ရာ၌ တွေဝေဒွိဟ ဖြစ်ရတတ်သည်။ အဆုံးတွင်
နှလုံးသားကို ဦးစားပေးလိမ့်မည်။ မြောက်မြားစွာသော ရွေးစရာထဲမှ စိတ်ကြိုက်
ရွေးမည်။ နီးစပ်မှုအရှိဆုံးသူကို ရွေးမည်။ အစပိုင်းတွင် တစ်ပါးသူတို့က
မိမိလူရွေးမှားပြီဟု ဝေဖန်ကြလိမ့်မည်။ ရွေးလိုက်သောသူသည်
မိမိလက်ထဲရောက်လာမှ ထက်မြက်လာမည်။ ထိုအခါ အများဝန်းကျင်က်
အရွေးကောင်းလေစွဟု ပြောကြလိမ့်ဦးမည်။
ဤရာသီဖွား အမျိုးသားများသည် ပညာအတတ်ရှိသူကို သံယောဇဉ်
တွယ်တာမည်။ချစ်ခြင်းမေတ္တာသည် အထင်ကြီးမှု လေးစားမှုအပေါ် အခြေခံ ပေါ်ပေါက်မည်။
ဘဝလမ်းကြောင်းတွင် ၅၂၈ နှင့် ၁၅၀၀ မေတ္တာနှစ်ခုအကြားလွန်ဆွဲနေရမည်။
အဆုံးသတ်တွင် မိမိ အကြိုက် မိဘဝန်းကျင်နှစ်သက်မှု နှစ်ခုလုံးရှိသူကို
နှလုံးသားမှ ဆုံးဖြတ်၍ ဘဝအဖော်အဖြစ် ရွေးမည်။
မည်သို့ဆိုစေ ဤရာသီဖွားများအားလုံး၏ အချစ်၊မေတ္တာအပေါ်
ထားရှိသောဒဿနသည်”ပေးဆပ်ခြင်း၊ရယူခြင်း၊တုံ့ပြန်ခြင်း၊
ခွင့်လွှတ်ခြင်းတို့ပေါင်းစည်းထားသည့် အလွန်တန်ဖိုးရှိသော အရာသည်
အချစ်ဖြစ်သည် “ဟူ၍ဖြစ်သည်။

ကြည်ဖြူခင်ခင်

~> ကန် အချစ်ဒဿန (VIRGO) <~



ကန်ရာသီဖွားများသည် အလွန်ထိခိုက်ခံစားလွယ်သည့် သဲသဲလှုပ် နှလုံးသား အချစ်ကို
ပိုင်ဆိုင်ထားသူများဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
အလွန်သန့်စင်လှပသော ကညာစင်တစ်ဦးက သူမ ဦးခေါင်းထက် ပန်ဆင်ရန်
ရွေးချယ်ထားသည့် ဖြူလွလွပန်းပွင့်နှင့်တူသော နှလုံးသားနှင့် အချစ်ကို
ပိုင်ဆိုင်သူများဟု ဖော်ကျူးထားသည်။ခွဲခြမ်းစိတ်ဖြာ လေ့လာပြီးမှ စနစ်တကျ
ချစ်တတ်သည်။စိတ်ထိခိုက်ခံစားလွယ်သည်။ နူးညံ့သိမ်မွေ့လွန်းသော နှလုံးသားကို
ပိုင်ဆိုင်သည်။မာမာပြောဆိုဆက်ဆံလျှင် မိမိအတွက် အကျိုးရှိသော
စကားပင်ဖြစ်လင့်ကစားလက်မခံ။ အချော့ကြိုက် ၊ အပျော့ကြိုက် မိမိအား
ဦးစားပေးဆက်ဆံမှုကို လိုလားသော အချစ်ပိုင်ရှင်ဖြစ်သည်။
တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ မိမိအား ဝေဖန်လာပါက တစ်ပါးသူထက်ပို၍
ခံစားတုံ့ပြန်တတ်သည်။ ဝေဖန်လာသူကို မုန်းတီးပစ်မည်။ မိမိအားနည်းချက်ကို
မိမိသိ၍ ပြင်မည်။ တစ်ပါးသူက ထောက်ပြလာ၍ ပြင်ရသည် ဟူသော အနေအထားကို
လုံးဝလက်မခံတတ်ပေ။
ဘဝရည်မှန်းချက် ကြီးမားစွာရှိသည်။ ရည်မှန်းချက် အောင်မြင်ရန်အတွက်
မိမိနှလုံးသားကို မိမိကိုယ်တိုင် ခုတုံးလုပ် ချနင်းပစ်ရန် ဝန်မလေး။ မိမိဘဝ
တိုးတက်မှုကို ပံ့ပိုပေးသူများအပေါ် အချစ်မေတ္တာထားမည်။ ချစ်သူပင်ဖြစ်လင့်ကစား
ဘဝရည်မှန်းချက်တိုးတက်မှုကို ဆန့်ကျင်တားဆီးလာပါက မုန်းတီးဆန့်ကျင်
တိုက်ခိုက်ဖယ်ရှားပစ်ရန် ဝန်မလေးသောသူဖြစ်သည်။

လူချစ်လူခင်ပေါပြီး သူတစ်ပါး၏ အမူအရာစကားတို့အပေါ် အကျကောက်တတ်သောကြောင့်
ပဋိပက္ခများတွေ့ရတတ်သည်။စိတ်ကြည်သာနေချိန် ပြုံးရွှင်၍ တစ်ပါးသူကို
သဘောထားကြီးခွင့်လွှတ်တတ်သလောက် အငြိုးထားမိသောကာလတွင် သဲကြီးမဲကြီး
အပြစ်ရှာ၍ တိုက်ခိုက်တတ်သည်။ ဆတ်ဆတ်ထိမခံ စကားကုန်သုံး တိုက်ခိုက်ရမှ
ကျေနပ်သည်။အမျိုးသမီးများ အချစ်ရေးတွင် ရုတ်တရက် ဆုံးဖြတ်လိမ့်မည်။
နီးစပ်မှုကြောင့် အချစ်ပေါ်ပေါက်မည်။ နောက်ဆုံးအထိ အရွေးရခက်အောင်
ဒွဟဖြစ်မည်။ ပတ်ဝန်းကျင်မှ အနှောက်အယှက်ပြုခြင်းကို မိမိနှင့်
ချစ်သူကြားကြုံမည်။ ဘဝကို အနစ်နာခံ စွန့်လွှတ်၍ ချစ်တတ်သည်။ အသိုင်းအဝိုင်း
ဘဝမတူသောသူနှင့် ချစ်မည်။ ယုံစားလွယ်၍ မေတ္တာလှည့်စားခံရမည်။
အမျိုးသားများသည် ဘဝတိုးတက်ရန်အတွက် တစ်စုံတစ်ယောက်ကို ခုတုံးလုပ်ရန်
ဝန်မလေး။တစ်ပါးသူအသည်းခွဲရန်
ဝန်မလေး။ကိုယ်တိုင်အသည်းကွဲရမည်ကိုလည်းဂရုမစိုက်တတ်။
ချစ်ခြင်းမေတ္တာဟူသည်ကား မိမိက ထားရှိရန်မလို။ မိမိကို ချစ်လာသောသူအား
အခြေအနေကိုလိုက်၍ လိုအပ်သလို တုံ့ပြန်ရန်သာဖြစ်သည် ဟူသော နှလုံးသား
ဒဿနနှင့် စိတ်ဓာတ်ရှိသည်။
ထို့ကြောင့် ဤရာသီဖွားများသည် အချစ်ရေးတွင် မတည်ငြိမ်သောလည်း
အိမ်ထောင်ရေးတွင် ဦးဏှောက်၏ဆုံးဖြတ်မှုကြောင့် ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝပြီး
ငွေပုံပေါ် ထိုင်ရမည်။ ဘဝတွင် အသက်လတ်ပိုင်းရောက်မှ နှလုံးသားသည်
နိုးကြားလာကာ အချစ်စစ်ကို တောင့်တလာမည်။ ရွှေပုံ ငွေပုံ ဓနဂုဏ်ဖြင့်
စံနေရာမှ အထီးကျန်စွာနှင့် မချစ်တတ်သော နှလုံးအပေါ် အပြစ်ဖို့ နောင်တ ရင်မှာ
ပိုက်နေရသာဘဝကို ပိုင်ဆိုင်မည်။
ဤကား ကန်ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်သည်။

ကြည်ဖြူခင်ခင်

~> သိဟ်အချစ်ဒဿန (LEO) <~



သိဟ်ရာသီဖွားများကို ဂုဏ်သိက္ခာရှိသော စိတ်ဓာတ် အကျင်သီလနှင့် ကြီးမြတ်သော
သဘောထား။မြင့်မြတ်သော နှလုံးသားများကို ပိုင်ဆိုင်စေလျက် လူ့ဘုံလောကသို့
ဖန်ဆင်းရှင်မှ မွေးဖွားစေလွှတ်လိုက်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက
သတ်မှတ်ထားသည်။
တိုက်ပွဲများ မိးလျှံများ ကြားမှ အလွန်ရဲရင့်သော ကေသရာဇာ ခြင်္သေ့မင်း၏
နှလုံးသားနှင့် ဤရာသီဖွားများ၏ နှလုံးသားကိုထပ်တူပြု၍ ဖော်ကျူးထားသည်။
အလွန်တည်ငြိမ်မြင့်မြတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်သည်။ အချစ်မေတ္တာအပေါ်
လေးနက်စွာ ခံယူကျင့်သုံးသည်။ တစ်ပါးသူတို့ အဆင်ပြေအောင်မြင်ရေးအတွက်
မိမိ၏အချစ် မိမိ၏ဘဝကို ပေးဆပ်ရန်ဝန်မလေး။ပေးဆပ်ခွင့်လွှ တ်တတ်သော
သဘောထားကြီးသော နှလုံးသားကို ပိုင်ဆိုင်လင့်ကစား ခေါင်းမာခြင်း
မာနရှိခြင်းများကြောင့် ဘဝအဖော်ကောင်းများ ဆုံးရှုံးတတ်သည်။မိမိ၏
နှလုံးသားမှ အချစ်နှင့် ဦးဏှောက်မှစေစားလာသော မာနတရားတို့ အမြဲ
လွန်ဆွဲနေသော အနေအထားကို ဘဝတစ်လျှောက် ကြုံတွေ့မည်။ မာနကို လျှော့လိုက်ပါ။
ဤရာသီဖွားအမျိုးသမီးများသည် နှလုံးသားကို ဦးစားပေး၍ အမျိုးသားများသည်
ဦးဏှောက်ကို ဦးစားပေးမည့် သဘောရှိသည်။
ဘဝအဖော် ချစ်သူရွေးသောအခါတွင် နှလုံးသားသာမက ဦးဏှောက်၏ ဆုံးဖြတ်ချက်ကိုပါ
ထည့်သွင်းတတ်သည်။ အချစ်မေတ္တာဟူသော အရာသည် နှလုံးသားနှင့် ဦးဏှောက်
ပေါင်းစပ် ဆုံးဖြတ်ရသော အခြင်းအရာဖြစ်သည်ဟူသော ဒဿနအားပိုင်ဆိုင်သည်။
အလွန်သံယောဇဉ်ကြီးတတ်သည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ သတိပေးလိုသည်မှာ
မိမိသည် အလွန်မျက်နှာပွင့် စန်းပွင့်သော သူဖြစ်မည်။တစ်ဦးထက်ပိုသော
ချစ်သူရည်းစားများ ထားရလိမ့်မည်။ချစ်သူများခြင်း သည် လည်းကောင်း၊
အချစ်များခြင်းသည်လည်းကောင်း ဘဝ၏ အနှောက်အယှက် ဖြစ်ပေလိမ့်မည်။
မိမိအပေါ် နားလည်း ခွင့်လွှတ်ခြင်း၊ပံ့ပိုးကူညီခြင်း၊အဖော်အဖြစ်ရပ်တည်ခြင်း၊
ပြုမည့်သူကို ဘဝကြင်ဖော်အဖြစ် ရွေးချယ်လိမ့်မည်။ကံခေသည်မှာ
ဤရာသီဖွားများသည် အချစ်ဆုံးသူနှင့် ကွေကွင်းရတတ်သည်။ မာနကြောင့်
အချစ်စစ်ချစ်သူနှင့် ပဋိပက္ခဖြစ်နေဆဲ၊ အားနာ သနားခွင့်လွှတ်တတ်သော
မိမိသဘာဝကို အခြားသောသူက အခွင့်အရေးယူ၍ အညှာကိုင်ကာ လက်ထပ်ရန်
တိုက်တွန်းခံရတတ်တသည်။ အချစ်ဆုံးသူ တစ်ယောက် ၊ လက်ထပ်ဆုံစည်းသူကတစ်ယောက်
ဖြစ်တတ်သည်။
အသက် ၁၆နှစ်မှ ၂၂ နှစ်ကြားမေတ္တာ ကံခေတတ်သည်။ အသက်၂၂နှစ်ကျော်မှ
မိမိနှလုံးသားသည် ရင့်ကျက်လာမည်။ အသက်၂၄ နှစ်အထက်တွင်မူ လေးနက်သော
အားမာန်ဖြင့် သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားရှိ လိမ့်မည်။မိမိ
သံယောဇဉ်ကြီးသောသူ၏စကားနှင့် ပြောသမျှအလုံးစုံအား မျက်စိမှိတ် ယုံတတ်သော
သဘာဝရှိသည်။ချစ်ခြင်းမေတ္တာတရားသည်မိမိဘဝတစ်ခုလုံးကိုတစ်စုံတရာတိုးတက်စေရန်
ဖန်တီးနိုင်သည့် စွမ်းအား တစ်ရပ်ဖြစ်သည် ဟူသော သဘောထားအား ရင်မှာ ထာဝရ
ပိုက်ထွေးထားသောများဖြစ်သည်။
ဤကား သိဟ်ရာသီဖွားများ၏ အချစ်ဒဿနပေတည်း။

ကြည်ဖြူခင်ခင်

~> ကရကဋ် အချစ်ဒဿန (CANCER) <~



ကရကဋ် ရာသီဖွားများသည် အလွန်စိတ်ကူးယဉ်ဆန်သော အချစ်ကိုလိုလားသောသူဟု
ကမ္ဘာ့နတ်က္ခတ်ပညာရှင်များက သတ်မှတ်သည်။
အလွန်လှပဆန်းကြယ်တင့်တယ်သော ရေကန်၏အလယ်တွင် လရောင်ဖျန်းသောအခါ
လန်းဆန်းဖူးပွင့်သည့် ကြာဖြူပွင့်ကဲ့သို့ နှလုံးသားကို ပိုင်ဆိုင်သူအဖြစ်
ဤရာသီဖွားများ၏ နှလုံးသားချစ်မေတ္တာအားဖော်ကျူး ထားသည်။အချစ်မေတ္တာအား
စိတ်ကူးယဉ်စရာတစ်ခုဟု
သတ်မှတ်ထားသည်။လက်တွေ့ဘဝနှင့်ကင်းကွာသောအချစ်ကိုလိုလားသည်။ချစ်ခြင်းမေတ္တာသည်
ရင်ခုန်ချင်စရာ၊ စိတ်ကူးယဉ်စရာအဖြစ်သတ်မှတ်ပြီး ဒဏ္ဍာရီပုံပြင်သမိုင်းထဲမှ
အချစ်သူရဲကောင်းများအား သဘောကျ အားကျတတ်သော နှလုံးသားကိုပိုင်ဆိုင်ထားသည်။
အလွန်ချစ်တတ်သလို အလွန်အငြိုးအတေး ကြီးတတ်သည်။ ဤရာသီဖွားများအဖို့
ချစ်ခြင်းနှင့်မုန်းခြင်းအကြားနယ်နိမိတ်သည်
မျဉ်းကြောင်းငယ်လေးမျှသာဖြစ်သည်။ တစ်ပါးသူအပေါ် သံယောဇဉ်ထားမိ၊ ချစ်မိ
၊တွယ်တာမိလျှင် အရာရာပေးဆပ်တတ်သလောက် မုန်းပြီဆိုက လုံးဝလှည့်မကြည့်တတ်။
မိမိ၏နှလုံးသားသည် အငြိုးကြီးသည်၊အမှတ်သည်းခြေကြီးသည်။မိမိကို
ဒုက္ခပေးထား၊နှိမ့်ချဆက်ဆံထားသော သူများအပေါ် အခါသင့်လျှင်
ပြန်လည်လက်တုန့်ပြန် လက်စားချေတတ်သည်။စိတ်ကြီးသည် ။ဆတ်ဆတ်ထိမခံတတ်။
တစ်စုံတစ်ရာ မိမိနှလုံးသားကိုနာကျင်ထိခိုက်အောင် တဖက်သူမှပြုလျှင်

ချက်ချင်းမုန်းတီးအရွဲ့တိုက်တတ်သော အချစ် နှလုံးသားဒဿန ရှိသည်။
ချစ်ခြင်းမေတ္တာအပေါ် အထိမခံ၊ အလွန်တန်ဖိုးထားတတ်သော သူဖြစ်သည်။ သို့သော်
မေတ္တာရေးတွင် မချောမွေ့၊ကံခေတတ်သော သဘာဝကို ပိုင်ဆိုင်သည်။ အချစ်ဦးနှင့်
ဆုံစည်းခြင်းမရှိ။ကွေကွင်းခြင်းအပေါ်လည်း ဝမ်းနည်းကိန်းမရှိ။ ထူးခြားချက်မှာ
အချစ်ဆုံးသူနှင့် အိမ်ထောင်ကျမည်။ မိမိ၏ အချစ်နှင့်နှလုံးသားခံယူချက်သည်
ဆက်ဆံသော အသိုင်းအဝိုင်းအလိုက် စိတ်ပြောင်းလဲတတ်သော သဘာဝရှိသည်။
ပတ်ဝန်းကျင်၏ ပြောဆိုမှုကို ဦးစားပေးခြင်းသည် နှလုံးသားထက် ဦးဏှောက်၏
ဆုံးဖြတ်ချက်ကို အလေးထားသလိုဖြစ်မည်။
ဘဝတွင် အသိုင်းအဝိုင်းက နှစ်သက်သူတစ်ဦး၊ နှလုံးသားကလက်ခံသူတစ်ဦးအကြား
ရွေးချယ်ရန် အခက်ကြုံလိမ့်မည်။ထိုအခါတွင် ရုပ်ဝတ္ထုပိုင်းထက် မိမိက
မေတ္တာထားသလို ထားနိုင်သောသူကိုသာ ဦးစားပေး၍ ရွေးချယ်သင့်သည်။
ဆုံးဖြတ်ချက်ချသောအခါတစ်ပါးသူက နားယောင်မှုထက် ကိုယ်ပိုင်နှလုံသား
ခံယူချက်အပေါ် အခြေပြုပါ။ အသက် ၁၆ နှစ်မှ ၂၀ ၂၅ နှစ်များတွင် တစ်ပါးသူပေးသော
ကတိအပေါ် ယုံစားတတ်၍ စိတ်အနှောက်အယှက်များကြုံကာ မေတ္တာရေးတွင် အညံ့ရှိသည်။
အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြားတွင် မိမိအား သံယောဇဉ်ကြီးသူအား ပယ်ခွာ၍
နောက်မှပေါက်သည့် ရွှေကြာကို အလွန်ဦးစားပေးမည်။
မိမိက မေတ္တာတရားနှင့် ချစ်ခြင်းကို လေးနက်စွာထား၍ ဘဝအဖော် ရွေးချယ်လင့်ကစား
မိမိအား အများက ဂုဏ်နောက် ငွေနောက် လိုက်သည်ဟု သတ်မှတ်မည်။
ဤရာသီဖွားများသည် ချစ်ခြင်းမေတ္တာကို မုန်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု
ဘဝတစ်လျှောက် တွေးခေါ်ထားသော သဘာဝအားပိုင်ဆိုင်သည်။
ဤကား ကရကဋ် ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။

ကြည်ဖြူခင်ခင်





~> မေထုန် အချစ်ဒဿန (GEMINI) <~


မေထုန်ရာသီဖွားတို့၏နှလုံးသားချစ်ခြင်းမေတ္တာသည် တစ်ပါးသူက မိမိအား မည်မျှ
တားဆီးစေ ၊ မိမိ နှလုံးသားကလက်ခံပါက ရဲရဲတင်းတင်း ပြတ်ပြတ်သားသား
ချစ်တတ်သော နှလုံးသားရှိသည်။
ကောင်းကင်မိုးမြင့် တိမ်တိုက်ကြားမှ လေဟုန်စီး ပျံသန်းနေသော ငြိမ်းချမ်းရေ
ချိုးဖြူငှက်ငယ်၏ တေးသံကြောင့် နိုးထရှင်သန်လာသည့် နှလုံးသားနှင့်
အမြဲချစ်တတ်သောသူ ဟု ဖော်ကျူးထားသည်။ပေးဆပ်တတ်သော မြင့်မြတ်သည့်နှလုံးသား
ကို ပိုင်ဆိုင်သည်။ မိမိ၏ဘဝကို လည်းကောင်း မိမိ၏ အတွေအမြင်ကိုလည်းကောင်း
တစ်ခုခုပေါ်တွင် အထောက်အကူပြုနိုင်သူအား ချစ်ခြင်းမေတ္တာသက်ရောက်မည်။
ပညာရှိပြီး ဥာဏ်ရည်ထက်မြက်သောသူကို နှစ်သက်မည်။ မိမိနှင့် တိုင်ပင်ဖော်
တိုင်ပင်ဖက်အဖြစ် ရပ်တည်နိုင်သောသူကို ဘဝအဖော်အဖြစ် ဦးစားပေး၍
ရွေးချယ်တတ်သော သဘောရှိသည်။အမြဲရွေးရခက်အောင် အခွင့်အရေးနှစ်မျိုးကြုံမည်။
ထိုကဲ့သို့ရွေးချယ်ရန်ကြုံလာပါက ဦးဏှောက်ကို ဦးစားမပေးပဲ နှလုံးသားမှ
တောင်းဆို လာသည့်အပေါ် ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်မည့်သူဖြစ်သည်။
တွေဝေ ဒွိဟဖြစ်တတ်သော သဘာဝရှိသော်ငြားလည်း ဤရာသီဖွားများ၏ နှလုံးသာမှာ
အလွန်မာသည်။အလွယ်တကူ မျက်စိမှိတ်၍ လုပ်တတ်သော သဘာဝမရှိ ။မိမိအပေါ်
လေးစားခြင်းတန်ဖိုးထားခြင်း နှင့် မိမိက လေးစားရသောသူ အပေါ်ကိုသာ ချစ်တတ်သော
သဘာဝရှိသည်။
ဤရာသိဖွားများသည် မိမိထက် အသက်အရွယ် အနေအထား ဆက်ဆံရသော ဝန်းကျင်
မတူခြားနားသောသူကို ရွေးချယ်၍ မေတ္တာမျှ အိမ်ထောင်ပြုတတ်သည်။ ပတ်ဝန်းကျင်
သားချင်း ဓလေ့များနှင့် ဆန့်ကျင်ပြီး နှလုံးသားကို ဦးစားပေး၍
ချစ်တတ်သောသူဖြစ်သည်။ ချစ်သူအတွက်ဆိုပါက မိမိကိုယ်ရေးကိုယ်တာကို မငဲ့ကွက်
ပေးဆပ်ရန် ဝန်မလေးသော သဘာဝရှိသည်။
ပင်ကို စရိုက်တွင် တစ်ပါးသူက အခက်အခဲများ အချစ်ပြဿနာများကို မိမိက ဦးဆောင်
ဖြေရှင်းနိုင်သလောက် မိမိကိုယ်တိုင်အတွက်မူ အကြံပေးနိုင်သူ ဖြေရှင်းနိုင်သူ
နည်းပါးတတ်သည်။ မကြာခဏ ချစ်သူနှင့်ဝေးကွာ ခွဲခွာနေရသော အနေအထားသို့
ရောက်လေ အချစ်စိတ်များပိုမိုပြင်းထန်လေ၊ သံယောဇဉ် ပိုကြီးလေဖြစ်သည်။
အလွန်စိတ်ကူးယဉ်တတ်သော နှလုံးသားအား ပိုင်ဆိုင်သည်။ တေးဂီတတစ်ပုဒ်
ကဗျာတစ်ကြောင်းကပင်လျှင် မိမိချစ်သူကို တမ်တ လွမ်းဆွတ်စေ နိုင်သော
နှလုံးသားအားပိုင်ဆိုင်သည်။
ဤရာသီဖွားများ၏ ၇၅%သည် အသက် လူမျိုး မိမိနှင့် မိရိုးဖလာ ကွဲပြားသောသူနှင့်
မေတ္တာမျှတတ်သော သဘာဝရှိသည်။ အသက် ၁၆ နှစ် မှ ၂၃ နှစ်ကြား ဤရာသီဖွားများ၏
ချစ်ခြင်းမေတ္တာမှာ အလွန်ရှုပ်ထွေး၍ ကိုယ်လွတ်လပ်မှုကို ပျက်စီးစေတတ်သော
အရာဟုသတ်မှတ်မည်။ မိမိကိုယ်မိမိသာအချစ်ဆုံးဟု သတ်မှတ်မည်။ အသက် ၂၄နှစ်မှ
အသက်၃၀ နှစ်ကြားအရွယ်တွင် ချစ်ခြင်းမေတ္တာဟူသည်မှာ စိတ်တူ သဘောတူနှင့်
ဘဝအားရင်ဆိုင်မည့်အပေါ်ထားရှိရမည့်ခံစားချက်ဟု သတ်မှတ်သည်။ အသက်၃၀
နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာ တရားသည် ကျယ်ပြန့်စွာ နှင့်
လူတိုင်းအပေါ်ထားရှိအပ်သော အရာဟု သတ်မှတ်မည်။
ဤကား မေထုန်ရာသီဖွားတို့၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်ပင်ဖြစ်သည်။

~> ပြိဿအချစ်ဒဿန (TAURUS)<~


ပြိဿရာသီဖွားတို့၏နှလုံးသား ချစ်ခြင်းမေတ္တာသည် အလွန်သစ္စာတရားကြီးမားပြီး
ပေးဆပ်ခြင်းကို ဦးစားပေးသော မေတ္တာတရားကြီးမားသူများဟုကမ္ဘာ့
နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
၅၂၈ နှင့်၁၅၀၀ မေတ္တာလွန်ပွဲများ ဘဝကွာခြားမှုများအကြား ကျောက်ဆစ်၊
ကျောက်တောင်ကဲ့သို့ မာကျောသော နှလုံးသားအလယ်မှ ထူးခြားစွာ ပွင့်လန်းသော
နတ်ပန်းကဲ့သို့ ပွင့်ခဲ၊ ချစ်ခဲသော၊ မွန်မြတ်သောအချစ်၊ တည်တဲ့သောမေတ္တာ
အချစ်နှလုံးသားအားပိုင်ဆိုင်သူဟု ဖော်ကျူးထားသည်။
မေတ္တာတရားအား ဆုံးဖြတ်သောအခါတွင် သေချာစွာ အချိန်ယူဆုံးဖြတ်ပြီးမှ ချစ်တတ်
တွယ်တာတတ်သည်။ ပြောခဲ့သောစကား၊ ဆုံးဖြတ်ထားသော အရာအား ဘယ်တော့မှ ပြန်မပြင် ၊
သစ္စာတရားအား ရင်ဝယ်ပိုက်ထားသူဖြစ်သည်။
ငယ်ချစ်ကို ဦးစားပေးတတ်သည်။ ခိုင်မာသော မေတ္တာ ကိုပိုင်ဆိုင်သည်။ မိမိက
ချစ်ရသူအပေါ် အမြဲ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည် ဟူသော ဒဿန ကို
ပိုင်ဆိုင်သည်။
သံယောဇဉ်ကြီးသည်။ အချော့ကြိုက် အပျော့ကြိုက်ဖြစ်သည်။ ချစ်ခဲသည်။
အချစ်မြဲသည်။ အချစ်အတွက်ဆိုလျှင် ပတ်ဝန်းကျင်နှင့် ဆန့်ကျင်ရန်လည်းကောင်း၊

မိသားစုနှင့်ဆန့်ကျင်ရန်လည်းကောင်း ဝန်မလေး။ ကိုယ်တိုင်ဆုံးဖြတ်မည်။
မေတ္တာလမ်းကြောင်းသည် မချောမွေ့ အခက်အခဲများမည်။ ချစ်သူနှင့်ပေါင်းဖက်ရန်
ဆုံစည်း ရန်သာအဓိကထားသည်။ အပျော်ချစ်သူ လုံးဝမထားတတ်။
အချစ်ကို ဦးစားပေးသည်။ မိမိကိုယ်တိုင်လည်း အယုအယကြိုက်မည်။
သစ္စာရှိသူကိုလည်းလိုလားမည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ သစ္စာတရားရှိမှ
ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသည်။
နှလုံးသားမှ အချစ်သည် သံယောဇဉ်အတွယ်အတာမှ တစ်စစ မြင့်မားလာသော
တိုးပွားလာသော ချစ်တတ်လာသော မေတ္တာအမျိုးအစားဖြစ်သည်။
ဤရာသီဖွားများသည် မိမိ ကသူတစ်ပါးအပေါ် ကောင်းသလောက် ပေးဆပ်သလောက် မိမိကို
ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းသည်။ မိသားစု ညီအကို မောင်နှမများအား ၅၂၈
မေတ္တာ ဦးစားပေးရမှုကြောင့် ၁၅၀၀ မေတ္တာတွင်အညံ့ရှိမည်။
တခါတည်းထား တစ်ကြိမ်တည်းမြဲလိုသော ချစ်သူကိုလိုလားသည်။ သို့သော် ဤရာသီဖွား
၈၀% သည် အချစ်ဦးနှင့်ဆုံစည်းကိန်းမရှိတတ်ပါ။
အချစ်အပေါ် ထားရှိသော ဒဿနအမြင်သည် အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်း မိမိကို
တစိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ် တွယ်ပြီး
နီးစပ်မှုကြောင့် မေတ္တာတရားပေါ်ပေါက်သည်ဟုသတ်မှတ်သည်။ အသက်၂၃ မှ ၂၈
နှစ်ကြားတွင် ချစ်သူထက်မိဘကို ပိုချစ်သင့်သည်ဟူသော စိတ်ရှိသည်။ အသက်
၂၈နှစ်မှ ၃၅ နှစ်ကြားတွင် မေတ္တာတရားသည် ဘဝအတွက်
ထာဝရလက်တွဲရန်အဖော်ရှာခြင်းဟု သတ်မှတ်သည်။ အသက်၃၆နှစ်အထက်တွင်မူ
မေတ္တာတရားသည် သူတစ်ပါးအားပေးဆပ်ရန် အကောင်းဆုံးသော လက်ဆောင်မွန်ဟု
သတ်မှတ်သည်။
ဤကား ပြိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။

~> မိဿအချစ်ဒဿန (ARIES) <~






မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟုကမ္ဘာ့နက္ခတ်ပညာရှင်များကတညီတညွတ်တည်းသတ်မှတ်ထားသည်။“နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ်ချက်များ၊မီးတောက်၊မီးလျှံများကြားမှအလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်၊
မြင့်မြတ်သော အချစ်ရှိသူ”ဟု ဖော်ကျူးထားသည်။အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။မေတ္တာရေးတွင်အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကိုဦးစားပေးမည်။လူတစ်ဦးတစ်ယောက်ကို ချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။ မုန်းမိလျှင်လည်းမမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ သဘောထားကြီးမြတ်မည်။သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။“အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။အချစ်အားလိုလားသည်။မိမိအပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးနူး ညံ့ညံ့ အလေးပေး၍ဆက်ဆံသူအား လိုလားသည်။ ထို့အပြင် သနားချစ်၊အားနာချစ်ကိုလည်းဦးစားပေးတတ်သည်”

အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စ အားလုံးစုံတွင် ဦးနှောက်ကို ဦးစားမပေး၊နှလုံးသားနှင့် ဆုံးဖြတ်တတ်သည်။ အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသော သတ္တိရှိသည်။တဇွတ်ထိုး လုပ်ခြင်း ၊စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစားမေတ္တာဘဝလမ်း
ကြေားင်းတွင် အနှောက်အယှက်ဖြစ်လောက်အောင်အထိ မကျရောက်နိုင်ပါ။ ဤရာသီဖွားများသည် မျက်နှာများလိမ့်မည်။အပြိုင်ရည်းစားထားလိမ့်မည်။နောက်ဆုံးအိမ်ထောင်ပြုသောအခါတွင် နီးစပ်မုအရှိဆုံးသောသူနှင့်အိမ်ထောင်ကျမည်။ အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ။သို့သော်အိမ်ထောင်ပြုသောအခါ အိမ်ထောင်တဆက်တည်းနှင့် မြဲစေရန်အမြဲထိန်းသိမ်းကြိုးစားမည်။

မိမိသည် နာမည်ပျက်ရှိသူ (သို့) တစ်စုံတစ်ရာဘဝတွင် အချစ်ကံခေခဲ့သူအား ပို၍တိမ်းညွတ်ချစ်တတ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အချစ်ကို ဦးစားပေးမည်။ချစ်သူကြောင့် မိမိဝန်းကျင် အသိုင်းအဝိုင်းအတွင်း အပြောအဆိုခံရမည်။ သို့သော် ထိုအချစ်သည်ပင် မိမိအား ပျော်ရွှင် ချမ်းမြေ့မှု့ကို ပေးလိမ့်မည်။ဤရာသီဖွားများ၏ အချစ်ဒဿနမှာ အသက်အရွယ်ကိုလိုက်၍ ကွာခြားသွားမည်။ အသက် ၁၅နှစ်မှ ၁၉နှစ်ကြား လူငယ်များသည် အချစ်ကို ရင်ခုန်စရာစိတ်လှုပ်ရှားစရာတစ်ခုဟု သတ်မှတ်မည်။အသက် ၂၀နှစ်မှ ၂၅ ကြားအရွယ်သည် အချစ်ကိုကြေကွဲစေခြင်း၊ဝမ်းနည်းစေခြင်း နှလုံးသားအားနာကျင်စေသောအရာဟုသတ်မှတ်မည်။အသက်၂၅ နှစ်မှ၃၀ နှစ်ကြားအရွယ်သည်အချစ်ကို ပေးဆပ်ခြင်းဟုယူဆသောဒဿနရှိသည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာသည် မိမိကပေးမှသာလျှင် တစ်ပါးသူထံမှ ပြန်လည်ရရှိမည်ဟူသော ဒဿနကိုရင်ဝယ်ထားရှိမည်။အသက်၄၀ အထက်တွင်မူ တစ်ပါးသူက မိမိအား သံယောဇဉ်ထားခြင်း၊အလိုလိုက်ခြင်း၊ဂရုစိုက်ခြင်းနှင့် ချစ်မြတ်နိုးမှုကို အလွန်တောင့်တသည်။ဤကား မိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။

ကြည်ဖြူခင်ခင်