Tuesday, February 5, 2013

Save Mandalay



Save Mandalay ဆိုပြီးစကြဖို့ ဆော်သြတာတွေ့ရတယ်။ ကောင်းပါတယ်။ မန္တလေးဟာ ယဉ်ကျေးပြန်လည်အသက်သွင်းဖို့အတွက် ကနဦးစစ်မျက်နှာဖြစ်သင့်ပါတယ်။

တစ်ခုရှိတာက ဒါဟာ လူမျိုးရေးစစ်ပွဲမဟုတ်ဘူး။ ယဉ်ကျေးမှုစစ်ပွဲဖြစ်တယ်လို့မြင်စေ့ချင်တယ်။ သုံးရမယ့်အားက အမာမဟုတ်။ အပျော့ပါဝါသာလျှင် ဖြစ်သင့်တယ်။

ဥပမာ ရိုးရာအားကစားပွဲများကို သိသိသာသာ မြှင်င့်္တင်ပေးတာ၊ နာမည်ကျော် ဈေးချိုသူတွေရဲ့ ဘ၀တွေကို ပြန်လည်ဖော်ထုတ်ပေးတာ၊ မြို့ပြင်ရောက်စာရေးဆရာတွေကို မြို့ထဲဆွဲသွင်းပြီး စာပေဟောပြောပွဲတွေနိုင်နိုင်လုပ်ပေးတာ။

တစ်ခုပဲ သတိပေးချင်ပါတယ်။ လူမျိုးရေးစစ်မျက်နှာမဖွင့်ပါနဲ့။ မုချ ရှုံးပါလိမ့်မယ်။ ယဉ်ကျေးမှုစစ်မျက်နှာဖွင့်စေချင်ပါတယ်။

ထိုင်ဝမ်ရောက်တရုတ်တွေ သင်္ကြန်ပွဲတော်လုပ်ကြပါတယ်။ ယဉ်ကျေးမှုလက်နက်ပါ။ သတိထားစေ့ချင်ပါတယ်။ အောင်မြင်စေချင်ပါတယ်။ ဇွဲတော့လိုပါလိမ့်မယ်။ ဆယ်စုနှစ် နှစ်စုနီးပါး ကြာကောင်းကြာနိုင်ပါလိမ့်မယ်။

No comments: