Wednesday, February 6, 2013

ဖန်ဆင်းရှင်

ပျော်ရွှင်မှုတွေ ဖလှယ်
နားလည်မှုတွေနဲ့ ပွေ့ဖက်
သံယောဇဉ်တွေနဲ့ တုပ်နှောင်
အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ဒုက္ခတွေကို မကြောက်
သုခတွေရဲ့ကြားမှာ
ယုံကြည်ချင်းတွေ တပွေ့တပိုက်နဲ့
အားလုံးကျရှုံးခဲ့ဖူးပါတယ်..

အနာဂတ်တွေကိုလည်း မတွေး
နေ၀င်ချိန်တွေကိုလည်း မေ့မြော
ချစ်သူ့ရဲ့ ရင်ခွင်သာ
ကျွန်မရဲ့ ငြိမ်းချမ်းရာလေးလို့
တကယ် မှတ်ထင်ခဲ့တယ်လေ..

သူပြောတဲ့ ဆိုးတူကောင်းဖက်
ဒိုးတူဘောက်ဖက် ဆိုတဲံစကားရဲ့ အနက်တွေကို
သေသေချာချာတွေးကြည့်
ကြည်နူးချင်း တ၀က် ရင်ခုန်ခြင်း တဖုံ
အချစ်မျက်ဝန်းတစ်စုံကသာ
ကျွန်မရဲ့ အရာရာ.. ကျွန်မရဲ့ အနာဂတ်..
ကျွန်မရဲ့ မျှော်လင့်ချင်း.. ကျွန်မရဲ့ အိပ်မက်တွေပါပဲလေ..






No comments: