Monday, March 12, 2012

စားကြပါဦး

< အားလုံးပဲမင်္ဂလာပါရှင် မျှစ်ချဉ်ဟင်းလေးမိတ်ဆက်ပေးမယ်နော် မျှစ်ကိုရေစင်အောင်ဆေးပြီးစကာထဲမှာစစ်လိုက်ပါ။ဆီသတ်ပြီးကြက်သွန်ဖြူနီထည့်ရေဆူရင်မျှစ်ပါထည့်ပြီးရင်မျှင်ငပိလေးလဲထည့်ပြီးမျှစ်နူးရင်ချလိုက်ပါနော်
ဝက်သားဟင်းဆီပြန် ၀က်သားကိုအနေတော်တုံးပြီးရင်ဆားကြက်သားမှုန့်ဆနွင်းနဲ့နယ်ပြီးရင်ငရုတ်သီးအပွအနီတောင့်၊ဂျင်း၊ကြက်သွန်ဖြူနီကိုဆီသတ်ပါ.၀က်သားကိုလုံးရေခန်းအောင်တည် ပြီးရင်နူးရင်ချလိုက်နော်.ပုံထဲမှာရေများနေတယ်:P
ကြက်ဟင်းခါးသီးကြော် ကြက်ဟင်းခါးသီးကိုအပါးလေးတွေလှီးပါ။ပြီးရင်ဆားနဲ့နယ်ပြီးခဏထားလိုက်နော်။သူများတွေကတော့အစေ့ကိုလွှတ်ပစ်ကြတယ်တဲ့ ကျွန်မတို့အိမ် ကတော့အစေ့ကိုပုစွန်ခြောက်နဲ့ထောင်းတယ် ကြက်သွန်ဖြူနီနဲ့ငရုတ်သီးစိမ်းတွေကိုညက်အောင်ထောင်းလိုက်တယ် ပြီးရင်ဆားနယ်တဲ့ ကြက်ဟင်းခါးသီး ကိုရေဆေးလိုက်ပါ။ဆီသတ်လိုက်ပါ ကြက်သွန်ဖြူနီကိုပြီးရင်ကြက်ဟင်းခါးသီးထည့် ကြက်ဟင်းခါးစေ့ကိုပါထည့်ပါ။ကျွန်မကအခါးသက်သာအောင် ၀က်သား အဆီတုံးလေးတွေကိုထည့်ကြော်တယ်.မျှင်ငပိလဲထည့်တယ်။ရေထည့်ပြီးကြက်ဟင်းခါးသီးနူးရင်ဆီပြန်ရင်ချလို့ရပါပြီ။
ဂေါ်ဖီကြော် ဂေါ်ဖီလေးကိုပါးပါးလှီးပြီးရေစစ်ထားနော်.ကြက်သွန်နီလေးနဲ့ဆီသတ်ပြီးဂေါ်ဖီထည့် ရေနဲနဲထည့်ပြီးရင်စားလို့ရပါပြီ

No comments: