Friday, January 4, 2013

ခင်ပွန်းကြီးဆယ်ပါး ဆိုတာ ..

ခင်ပွန်းကြီးဆယ်ပါး ဆိုတာ ..

၁။ ဗုဒ္ဓ – သဗ္ဗညုတ မြတ်စွာဘုရားရှင်
၂။ ပစ္စေကဗုဒ္ဓါ - ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ
၃။ ရဟန္တာ – အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာများ
၎။ အဂ္ဂသာဝက – မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ
၅။ မာတာ – မွေးသမိခင်
၆။ ပိတ – မွေးသဖခင်
၇။ ၀ုဒ္ဓါ – မိမိထက် အသက်၊ သိက္ခာ၊ သီလ စသည်တို့၌ ကြီး၍ မြင့်မြတ်သူ
၈။ အာစရိယ – ဆရာမြတ်
၉။ ဟိတကရ – မိမိအပေါ် ကိုယ်၊ နှုတ်၊ နှလုံးဖြင့် ကူညီဖူးသူ
၁၀။ ဓမ္မကထိက – မြတ်သောတရား ဟောကြားပြသသည့် ပုဂ္ဂိုလ်။

(ဦးသက်စိန်- မြတ်ဗုဒ္ဓသာသနာ့အခြေခံ စာအုပ်)

-----------------------------------------

ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်း

ဘုရားတပည့်တော်သည်သံသရာအစမှစ၍ ယနေ့ တိုင်အောင်॥

၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ် ၌ လည်းကောင်း၊

၂။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊

၃။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောသာဝကရဟန္တာအရှင်
ကိုယ်တော်မြတ်ကြီး တို့ ၏အပေါ်၌လည်းကောင်း၊

၎။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂ္ဂသာဝက၊မဟာသာဝက
ရဟန္တာအရှင်ကိုယ်တော်မြတ်ကြီး တို့ ၏အပေါ်၌လည်းကောင်း၊

၅။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊

၆။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့ ၏ အပေါ်၌လည်းကောင်း၊

၇။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့ ၏အပေါ်၌လည်းကောင်း၊

၈။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သောဆရာသမားတို့ ၏
အပေါ်၌လည်းကောင်း၊

၉။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ် တို့ ၏အပေါ်၌လည်းကောင်း၊

၁၀။ထမင်းတစ်လုတ် ရေတစ်မုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်
ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ ၏အပေါ်၌လည်းကောင်း၊
ကာယကံ၊၀စီကံ၊မနောကံတစ်ပါးပါးဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါက ထိုအပြစ်တို့ ကို
ပျောက်ပါစေခြင်း အကျိုးငှာရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးပူဇော်ကန်တော့ပါ၏ အရှင်ဘုရား။

ဤသို့  ရှိခိုးပူဇော်ဖူးမျှော်မာန်လျော့ကန်တော့ရသော
ကောင်းမှုကံစေတနာတို့ ကြောင့် အလုံးစုံသော
ဘေးရောဂါအန္တရာယ်အပေါင်းတို့ မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော
သစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်၍နိဗ္ဗာန်သို့ 
စံဝင်နိုင်သောကိုယ်ဖြစ်ရပါလို၏ အရှင်ဘုရား။
လောကီမင်္ဂလာအဖြာအဖြာတို့ သည်လည်း စိတ်ကြံတိုင်း၊တောင်းတတိုင်းလွယ်ကူလျင်မြန်စွာပြည့်စုံ၍
နှလုံးစိတ်ဝမ်းအေးချမ်းရပါလို၏ အရှင်ဘုရား။

------------------------------------

ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားလျှင် ကျရောက်တတ်သော ရောဂါများမှာ -

၁) ရောဂါဆန်းတွေ ဖြစ်တတ်သည်။
၂) စီးပွားကို ခက်ခဲ ဆင်းရဲ ပင်ပန်းစွာ ရှာရတတ်သည်။
၃) ခန္ဓာကိုယ် နာကျင် ကျိုးကန်း ထိခိုက်ဒဏ်ရာ ရတတ်သည်။
၎) ပွေး၊ ၀ဲ၊ ယားနာ အရေပြားရောဂါ ဖြစ်တတ်သည်။
၅) ဘေးရန် အန္တာရာယ် ကျရောက်တတ်သည်။
၆) မင်းဘေးမင်းဒဏ် သင့်တတ်သည်။
၇) အကဲ့ရဲ့ အစွပ်စွဲ ခံရတတ်သည်။
၈) ဇနီး၊ မယား သမီး သားနှင့် ရှင်ကွဲ၊ သေကွဲ ကွဲတတ်သည်။
၉) လွန်စွာ ဆင်းရဲ ဒုက္ခရောက်တတ်သည်။
၁၀) ဥစ္စာ ပစ္စည်းများ အရောင်းအ၀ယ် မဖြစ်၊ အလိမ်ခံရ၊ အခိုးခံရ၊ ဓားပြတိုက်ခံရ၊ မီးလောင်ခံရ စသည်ဖြင့် တနည်းနည်းဖြင့် ဆုံးရှူံးသွားတတ်သည်။

(ပိုင်းလော့ ဆရာတော်)

-----

ဤသူများ ကို ကာယကံ ၊၀စီကံ မနောကံ၊ တို့ ဖြင့်ပြစ်မှားစော်ကားမိပါက ရရျိနိုင်မယ့် ဒဏ်ကြီးဆယ်ပါးကတော့
၁။ ဝေဒနာကြီးမား
၂။လျော့ပါးစည်းစိမ်
၃။နေအိမ်မီးလောင်
၎။အင်္ဂါကျိုးပြတ်
၅။နူနာဝဲစွဲ
၆။စိတ်ဖောက်ရူးသွပ်
၇။ မမှန်စွပ်စွဲ
၈။မင်းပြစ်ဒဏ်သင့်
၉။ပြိုကွဲမျိုးဆွေ
၁၀။ရွှေငွေ ကျွဲနွား ယွင်းဖောက်ပြားက ဆယ်ပါးမျက်မှော ဒဏ်ကြီးရောက်၍ နောက်၌မသွေ သေပြန်လေသော် ငရဲ့ ကြီးစွာ လားဖို့ ရာတည်း ။

(ဓမ္မရံသီဆရာတော် ဦးသုနန္ဒ)

-----------------------------------------

ခင်ပွန်းကြီး ၁၀ ပါးအကြောင်း သိလိုသူများအတွက်ဖြစ်ပါတယ် ... ဒီ Post လေးကို ကျနော်ကိုယ်တိုင် ဟိုစာအုပ်က ကူး ဒီစာအုပ်က ကူးနဲ့  ကူးထားတာပါ ... အင်တာနက်စာမျက်နှာတွေမှာ အပြည့်အစုံရှာမတွေ့ တာနဲ့ တွေ့ တဲ့စာအုပ်တွေထဲက ကူးပြီးတင်ပေးတာဖြစ်ပါတယ် ...

ရေးမိရေးရာလေးများ

No comments: