Thursday, April 19, 2012

ကြက်ဥစားပါ.....မုန်လာဥစားပါ


လတ်တလော သုတေသနတွေ အရ ကြက်ဥတွေမှာ ကယ်ရိုတီးနွိုက် (Carotenoid) လို့ခေါ်တဲ့ အမြင်အာရုံ အကျိုးပြု အင်တီအောက်ဆီးဒင့်တွေ ပါဝင်တယ်လို့ သိရှိရပါတယ်။ Lutein နဲ့ Zeaxanthin တွေဟာ အမြင်အာရုံခံလွှာရဲ့ အလယ်ဗဟို မြင်ကွင်းနဲ့ ဆိုင်တဲ့ အစိတ် အပိုင်းကို အကျိုးပြုတဲ့ အရေးကြီး ကယ်ရိုတီးနွိုက်တွေ ဖြစ်ပါတယ်။ ကြက်ဥမှာ ပါဝင်တဲ့ Lutein နဲ့ Zeaxanthin တွေဟာ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တာလောက် မများပါဘူး။

ဒါပေမဲ့ သင့်ခန္ဓာကိုယ်ဟာ ကြက်ဥမှာပါတဲ့ ဒီအင်တီအောက်ဆီးဒင့်တွေကို ပိုပြီး စုပ်ယူ နိုင်ပါတယ်လို့ Tuffs University မှ ဇီဝဓာတု ပညာရှင် Elizabeth Johnson က ဆိုပါတယ်။ ကြက်ဥစားလို့ ကိုလက်စထရောများမှာကို စိတ်မပူပါနဲ့။ တစ်နေ့ကို ကြက်ဥ တစ်လုံး စားခြင်းဟာ သွေးထဲက ကိုလက်စထရော ဒါမှမဟုတ် ထရိုင်ဂလစ်စရိုက် အဆင့်ကို မမြင့်တက်စေဘဲ Lutein အဆင့်ကို ၂၆ ရာခိုင်နှုန်း တိုးတက်စေပြီး Zeaxanthin အဆင့်ကို ၃၈ ရာခိုင်နှုန်း တိုးတက်စေပါတယ်။

Ref: Good Health

မုန်လာဥတွင်ပါသော နိုက်ထရိတ်ဓာတ် သွေးတိုးခြင်းကို ကျဆင်းစေနိုင်ဟုဆို

နယူးယောက်၊ ဇွန်၊ ၂၉-မုန်လာဥတွင် ပါဝင်သော နိုက်ထရိတ်ဓာတ်သည် သွေးတိုးခြင်းကို ကျဆင်းစေနိုင်ကြောင်း သုတေသီများက ပြောကြားသည်။ မုန်လာဥကို ဟင်းချက်၍ စားသုံးသည် ဖြစ်စေ၊ နိုက်ထရိတ်ဆေးပြားများ သောက်သုံးသည် ဖြစ်စေ သွေးတိုးကျ စေနိုင်ကြောင်း အမေရိကန်နှလုံးနှင့် သွေးကြောဆိုင်ရာ ဆေးဂျာနယ်၌ ဖော်ပြသည်။

နိုက်ထရိတ်ဓာတ်သည် ဟင်းသီးဟင်းရွက်တို့တွင် အများဆုံး ပါဝင်တတ်သည်။ မုန်လာဥတွင် နိုက်ထရိတ်ဓာတ်များ ပါဝင်နေသဖြင့် နှလုံးနှင့်ဆိုင်သော ရောဂါများ ကုသရာ၌ ပိုမိုထိရောက်စွာ ကုသနိုင်လိမ့်မည်ဟု သုတေသီများက မျှော်လင့်ထားသည်။ ကမ္ဘာပေါ်တွင် အရွယ်ရောက်သူ ၂၅ ရာခိုင်နှုန်းမှာ နှလုံးနှင့်ဆိုင်သော ရောဂါများ ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၅ ခုနှစ်အရောက်တွင် ထို့ထက်ပိုလာနိုင်သည် ဟုဆိုသည်။

Ref: New Light of Myanmar

No comments: