Wednesday, February 29, 2012

ကင်ဆာရောဂါအတွက်



ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများစိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး

အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။

ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်း ဓါတ်စာကိုမှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်"။

အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။

ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက် တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။

သာဓကတစ်ခုအနေနဲ့ကတော့ ......

မစ္စတာတီ ဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့

မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။

အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြား သိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။

အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်းပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။

သုတေသီ တိုမီဇသ-က သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။

သူဟာ ကင်ဆာဆေး အဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့သတင်း မကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။

အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား

အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့

အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။``လို့ဖော်ပြထာားပါတယ် ။

အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။

ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။

ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ် ။

အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် ။

သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက

မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။

အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ် အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။

ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့် ပါတ်သက်ပြီး အာကိတ တက္ကသိုလ်

ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ-က ပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကို

ထိန်းချုပ်စေတဲ့ ဓါတ်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။

အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်း တွေ့ရပါတယ် ။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။


အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။

အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။

ဖြန့်ဝေသူ၏ အမှာစကား

ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည်။

ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။

ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။ မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည်ဖြစ်ပါသည် ။

မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊

ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ

(လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။

သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည်

ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ

လက်တွေ့အသုံးချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။

ငှက်ကလေး မှ တင်သွင်းခဲ့သည်။

ရှောင်သင့်တဲ့ ယောကျာ်းများ

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဘ၀လက်တွဲဖော်ယောကျာ်းဆိုတာ အိမ်ထောင်ဦးစီး၊ မိသားစုကို ဦးဆောင်ရမယ့်သူ၊ ကိုယ်က တသက်လုံးအားကိုးရမယ့်သူနော်။ အဲဒီတော့ အချစ်တစ်ခုထဲနဲ့ ရွေးချယ်လို့ မရဘူးပေါ့။ တချို့ယောကျာ်းတွေရဲ့အကျင့်စရိုက်တွေက ရေရှည်ကျရင် ပြဿနာတွေဖြစ်လာနိုင်တယ်လေ။ အဲဒီတော့ တစ်ဘ၀လုံးစိတ်မဆင်းရဲရအောင် ရှောင်သင့်တဲ့ယောကျာ်းတွေကို ပြောပြမယ်နော်။


ဆင်ခြေတက်လွန်းသူ
ဘယ်အရာကမှ သူ့အတွက်ပြည့်စုံတယ် ကျေနပ်တယ်ဆိုတာမရှိတဲ့ ယောကျာ်းမျိုးပေါ့။ ဘယ်လောက်ပဲကောင်းအောင် လုပ်ပေးပေး တစ်ခုမဟုတ်တစ်ခုတော့ မကျေနပ်သေးတာရှိနေတတ်တယ်လေ။ အဲဒီလို ယောကျာင်္းမျိုးနဲ့ ကြာကြာများတွဲမိလို့ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်လေးပါ ပျောက်သွားအုံးမှာ။




အသဲကွဲသမား
အသဲကွဲနေပြီး ရုန်းထွက်ဖို့ မကြိုးစားတဲ့ ယောကျာ်းမျိုးကိုလည်း ဝေးဝေးက ရှောင်သင့်တယ်နော်။ သူအသဲကွဲနေတာကို ငါရအောင်ကုစားပေးမယ်ဆိုပြီး သူရဲကောင်းလုပ်မိနေရင်လည်း အချိန်ကာလတစ်ခုထိဘာမှတိုးတတ်မှု ရှိမလာဘူးဆိုရင်တော့ စိတ်လျှော့လိုက်ပါတော့။ သူကိုယ်တိုင်က အသဲကွဲခြင်းမှာ ပျော်မွေ့နေတာလေ။ ဒါကြောင့် အချိန်မဖြုန်းမနေနဲ့တော့နော်။


အားကစားကို သင့်ကိုထက် ပို၍ကြိုက်နှစ်သက်သူ
ယောကျာ်းလေးတော်တော်များများက အားကစားကို အရမ်းဝါသနာပါကြတယ်နော်။ ဒါပေမယ့် ချစ်သူကိုတော့ အရေးကြီးတာတွေကိုတော့ ဦးစားပေးကြပါတယ်။ ဒါပေမယ့် အားကစားကို အလွန်အကျွံဝါသနာပါတဲ့သူတွေ
ကျတော့ ထမင်းမေ့၊ ဟင်းမေ့၊ ချစ်သူကိုလည်းမေ့ အကုန်မေ့တော့တာနော်။ အလုပ်ပဲရှိရှိ၊ ကလေးပဲငိုငို
သူဂရုစိုက်မှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ်ဒုက္ခရောက်မယ့်ဘေးကို ဝေးဝေးကရှောင်နော်။


လောင်းကစားသမား

ဖဲရိုက်၊ ကြက်တိုက်၊ နှစ်လုံး၊ သုံးလုံး၊ ဘောလုံး ဘယ်လိုလောင်းကစားမျိုးကိုပဲဖြစ်ဖြစ် ၀ါသနာပါတဲ့ ယောကျာ်းကို အားကိုးမိလို့ကတော့ ဘယ်တော့မှ ကြီးပွားမှာ မဟုတ်တဲ့အပြင် ကိုယ်ပိုင်ဆိုင်သမျှလေးပါ ကုန်မှာ။ အတွေးမမှားနဲ့နော်။



သောက်သောက်စားစား လူ့မင်းသား

အဓိကက အရက်သမားတွေပေါ့။ ပြီးတော့ ဆေးသမား။ ဒီလိုလူတွေကိုများ ယူမိလို့ကတော့ လင်ဆိုးမယား တဖားဖားဖြစ်နေမှာ။ ကြောက်စရာကြီးနော်။


စိတ်ကြီးသူ
စိတ်ကြီးတယ်ဆိုတာ စိတ်တိုလွယ် စိတ်ဆိုးလွယ် ဒေါသဖြစ်လွယ်တဲ့သူမျိုးပေါ့။ အဲဒါဆိုရင်တော့ တချိန်လုံး တဂျိန်းဂျိန်းဖြစ်နေမှာ။ လက်ပါတတ်တဲ့သူဆိုရင် သေရော။ ကိုယ်တိုင်လည်း အရိုက်အထောင်းခံနေရမယ်။ သူများတွေနဲ့လည်း ပြဿနာဖြစ်လိုက် ရန်ဖြစ်လိုက် ဖြစ်တတ်ရင် ခဏခဏ ရုံးရောက်လိုက် ဂတ်ရောက်လိုက်နဲ့ ဘယ်တော့မှ စိတ်ချမ်းသာရမှာ မဟုတ်ဘူး။


ဘက်ပေါင်းစုံကနေ အသေးစိတ်ကြည့်နေတတ်တဲ့ယောကျာ်း

သင့်ကိုအမြဲ မျက်စိဒေါက်ထောက်ကြည့်ပြီး သင်လုပ်သမျှအားလုံးကို လိုက်ပြီးခွဲခြမ်းစိတ်ဖြာ စိစစ်သရုပ်ခွဲနေတတ်တဲ့ ယောကျာ်းမျိုးပေါ့။ သင် ဘာစားတယ်၊ ဘယ်ရုပ်ရှင်ကြည့်တယ်ဆိုတာကအစ လိုက်ကြည့်နေပြီး နောက်ဆုံးသူ့ရဲ့ စာအုပ်ကြီးအတွေးအခေါ်တွေထဲ အတင်းပုံသွင်းတတ်တယ်တဲ့။ စိတ်ရူပ်စရာပဲနော်။


အလွန်အလှကြိုက်သူ

အရမ်းအလှကြိုက်တဲ့ ယောကျာ်းမျိုးနဲ့တွေ့ရင်လည်း ကိုယ့်ကိုယ်ကိုမလှဘူးဆိုပြီး ခံစားရပြီး အားငယ်သွားတာပဲ အဖတ်တင်သွားလိမ့်မယ်နော်။ သူက တချိန်လုံး ကိုယ့်ကိုယ်ကိုလှအောင်ပြင်နေမှာ ဆိုတော့လေ။ သူက အရမ်းကိုလှပနူးညံ့နေတော့ သူနဲ့ယှဉ်မိပြီး ကိုယ်ကစိတ်ဓာတ်တွေကျနေတော့မှာ။ :D ပြီးတော့ ယောကျာ်းတစ်ယောက်က အဲလောက်အလှအပကြိုက်နေတော့ ဘာလုပ်မှာလဲနော်။ ဘယ်အားကိုးရတော့မလဲ။ ကျားကျားယားယားနဲ့ ယောကျာ်းပီပီသသကိုပဲ ရှာပါ။

ငါသာအတော်ဆုံး

သူပဲတော်တယ် သူပဲတတ်တယ် သူပဲမှန်တယ်ဆိုတဲ့ ယောကျာ်းမျိုးနဲ့တွေ့လို့ကတော့ သင့်အကြိုက်ဆိုတာရှိမှာ မဟုတ်တော့ဘူးနော်။ သင်ရွေးချယ်တာထက် သူရွေးတာက ပိုကောင်းတယ်ပဲ ဖြစ်နေမှာ။ ကိုယ်လုပ်တာထက် သူလုပ်တာက ပိုကောင်းတယ် ဖြစ်နေမှာ။ ကိုယ့်စိတ်နဲ့ ကိုယ်ဖြစ်မှာ မဟုတ်တော့ ကြာရင်လောကကြီးကို စိတ်ကုန်လာနိုင်တယ်နော်။ လောကကြီးကို တာတာ့ မပြမိခင် သူ့ကိုပဲ တာတာ့ပြလိုက်ပါ။

သံသယလူသား

သူ့စိတ်ထဲမှာ သံသယတွေနဲ့ ပြည့်လျှံနေပြီး အားလုံးကိုလည်း သံသယမျက်လုံးစိမ်းကြီးတွေနဲ့ ကြည့်နေတတ်တယ်လေ။ သင်လိမ်နေလားပဲ သူတွေးနေမှာ။ သင်လှလှလေးပြင်ထားရင်လည်း သံသယ၀င်နေလိမ့်မယ်။ တခြားသူတွေနဲ့လည်း စွတ်စွဲလိမ့်မယ်။ ဒီလိုလူမျိုးနဲ့ တစ်ဘ၀လုံးနေရရင်တော့ လုံးဝချောင်မှာမဟုတ်ဘူးနော်။ ကိုယ်က အကျဉ်းသားလိုလို တရားခံလိုလိုနဲ့ ဖြစ်သွားတော့မှာ။

မရင့်ကျက်သူ

မရင့်ကျက်သေးတဲ့ ယောကျာ်းမျိုးပေါ့။ အလုပ်လုပ်ရကောင်းမှန်းမသိ၊ ပိုက်ဆံရှာရကောင်းမှန်းမသိ၊ ဦးဆောင်ချင်စိတ်လည်းမရှိ၊ တာဝန်ယူချင်စိတ်လည်း မရှိတတ်ဘူးနော်။ ဒီလိုယောကျာ်းမျိုးကို အားကိုးမိရင်တော့ ကိုယ်ကျိုးနည်းမှာ သေချာတယ်။


လူရူပ်လူပွေ

တစ်ခါခြံခုန်ဖူးတဲ့မြင်းဟာ နောက်တစ်ခါခြံခုန်ဖို့လည်း ၀န်မလေးဘူးတဲ့။ လူရူပ်လူပွေကိုသာ ကြိုက်မိရင်တော့
တစ်ဘ၀လုံး သူ့ရဲ့အရူပ်အထွေးဇာတ်လမ်းတွေနဲ့ စိတ်ဆင်းရဲနေရဖို့က 90 % သေချာတယ်။ ဒီတော့ လူရူပ်လူပွေဆိုရင် အစထဲက ကင်းကင်းသာနေလိုက်ပါတော့။


အလိုက်မသိတဲ့ယောကျာ်း

သင်နဲ့ ဟိုဟိုဒီဒီလျှောက်သွားဖို့လည်း မစဉ်းစားဘူး။ သင့်အတွက် ဘာဘာညာညာဝယ်ပေးတာမျိုးလည်း မရှိဘူး။ သင့်အတွက်ဆိုပြီး ဘာမှလည်းမလုပ်ပေးဘူး။ သင့်အတွက်ဆိုတာ ဘာမှကို မစဉ်းစားတာ။ ဒီလောက်တောင် သွေးအေးနေတဲ့လူမျိုးနဲ့ တဘ၀လုံးသာဆိုရင်.. :O ၀ဲလိုက်တော့နော်။

ဘာရယ် ညာရယ်မဟုတ်ပါဘူး။ အင်တာနက်မှာ ရှာရင်းဖွေရင်းတွေ့လို့ သူငယ်ချင်းတို့ သိသင့်တယ်လို့ ဘာသာပြန်ပြီး မျှဝေလိုက်တာပါ။ တကယ်လည်း သိသင့်တာပဲနော်။ ဘယ်သူမှ ခြောက်ပစ်ကင်း သဲလဲစင် မရှိပေမယ့် အစွန်းရောက်လွန်းနေရင် မကောင်းဘူးပေါ့။ အပေါ်က ယောကျာ်းမျိုးတွေနဲ့ တစ်သက်လုံးအတူနေဖို့ကတော့ တွေးကြည့်ရုံနဲ့ ရင်မောစရာပဲလေ။ အဲလို ယောကျာ်းမျိုးတွေကို ဝေးဝေးကရှောင်နော်။ ယောကျာ်းကောင်းတွေလည်း အများကြီးပဲလေ။ အချစ်တစ်ခုထဲနဲ့ ကိုယ့်ဘ၀ကို အနစ်မွန်းမခံမိစေနဲ့နော် သူငယ်ချင်းတို့။

( ခု ဒီပို့စ်လေးကို ဖတ်တဲ့ထဲက အပေါ်ကရှောင်သင့်တဲ့ ယောကျာ်းမျိုးထဲကပါရင် ရင်နှင်းကို မေတ္တာတွေပို့နေမှာ သေချာတယ်။ :D ဒါပေမယ့် စဉ်းစားကြည့်ပါနော်။ အပေါ်က အကျင့်တွေက ကောင်းမှမကောင်းတာ။ ကိုယ့်ချစ်သူလေးအတွက်ရော ပြီးတော့ ကိုယ့်မိသားစုအတွက် ကိုယ့်အတွက်လည်း ကောင်းဘူးလေ။ အဲဒီတော့ ပြင်သင့်တာကို ပြင်ရင်း ဆင်ခြင်သင့်တာကို ဆင်ခြင်ရင်း အကောင်းဆုံးဘ၀တစ်ခုကို အချစ်ဆုံးသူလေးနဲ့ ပျော်ပျော်ရွှင်ရွှင် တည်ဆောက်နိုင်ပါစေရှင်.. )
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

Thursday, February 23, 2012

အတိတ်ကအရိပ်..

တွယ်တာမှုဆိုတဲ့စကားရဲ့နောက်က သံယောဇဉ်တွေကို ကြောက်မိတယ်... ဆုံးရှုံးမှုဆိုတဲ့ စကားလုံးရဲ့နောက်က ကျဆုံးမှုတွေလည်း ငါမလိုချင်တော့ဘူး ချစ်သူရယ်... အလွမ်းတွေနဲ့လည်း မနိုးထချင်တော့ဘူး… ရင်ခွင်ဟောင်းဆီလည်း ပြန်မတိုးဝင်ချင်တော့ပါဘူး.. ဒါပေမယ့်လည်း …. ဒါပေမယ့်လည်းပေါ့လေ... အပြုံးလေးတခုကြောင့် အားအင်တွေပြည့်ခဲ့ဖူးတာကိုတော့ မှတ်မှတ်ရရပါပဲ.... နင်ပြောခဲ့တဲ့ သတိရသေးလားဆိုတဲ့ စကားရဲ့နောက်မှ ကျရှုံးတတ်တဲ့ ငါ့ကိုယ်ငါလည်း စိတ်ပျက်မိပါရဲ့... လေပြေလေညှင်းတွေ တိုက်ခက်ပေမယ့် ငါ့ရင်ထဲမှာ ပူလောင်နေတာ ဘယ်သူသိမှာလဲ... အပေါ်ယံမျက်နှာ ပြုံးနေပေမယ့် ငါ့စိတ်ထဲမှာ သက်ပြင်းတွေအခါခါချနေတာ ဘယ်သူသိမှာလဲ.. အရင်က အတူပျော်ရွှင်ခဲ့ဖူးပေမယ့် ခုချိန် အဖော်မဲ့တဲ့ ခံစားချက်တွေကို ဘယ်သူရိပ်မိမှာလဲ.... တခါတရံမှာ ခံစားချက်တွေ ချိုမြိန်နေပေမယ့် တခါတရံမှာ ဒီခံစားချက်ကြောင့် စိတ်ချောက်ခြားမိတယ်.. အတူဆုံဖူးတယ်..ရင်ခုန်ဖူးတယ်……ငိုခဲ့ဖူးတယ်…သ၀န်တိုဖူးတယ်..ရန်ဖြစ်ဖူးတယ်….. သူငယ်ချင်းနှစ်ယောက်နဲ့ ချစ်သူတစ်ယောက်ရဲ့ကြားမှာ ဗျာများခဲ့ဘူးတယ်.... ရူးရူးမိုက်မိုက်နဲ့ ရှေ့ဆက်တိုးဖို့ ကြိုးစားဖူးတယ်… အများစကားနားယောင်ပြီး ခြေလှမ်းတွေလည်း နောက်ဆုတ်ဖူးတယ်….. အရာရာကို တွေးကြည့်လိုက်ရင် မနေ့တနေ့ကလိုပါပဲ.. ငါလိုချင်ခဲ့တာက ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာ… ငါရခဲ့တာက ပူလောင်မှုတွေနဲ့ ပြည့်နေတဲ့ အချစ်တခု… ဘာပဲဖြစ်ဖြစ် ငါလေ တကယ် ကျေနပ်ခဲ့ပါတယ်...

My Creation

Wednesday, February 22, 2012

မိန်းမဖြစ်နေရတာကို ဂုဏ်ယူလိုက်ပါ...

ပုံပြင်အစ တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........ "ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ" ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က "ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား" ဟုမေးလိုက်လေ၏ ။ နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။

ဘုရားသခင်ကဆက်ပြောပြသည် ။ ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး.... "ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် " ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။ ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။ "လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ." ဟုပြောပြီးခေါင်းခါနေပြန်၏ ။ ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ... "ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား" ဟုထပ်မေးပြန်၏ ။ "ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်" ဘုရားသခင်က ဆက်ပြောပြန်၏ ။ "ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ " "..........." "နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။ နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။

"နူးညံ့လွန်းလှချည်လား "ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်" "သူမကတွေးတတ်လား" ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။ "တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်" နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏ "ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး" "ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်" "ဘာအတွက်လဲ" "သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ" ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။ "သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်" ဟုဆိုလိုက်သည် ။ ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။ "ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်" "သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်" "အဲ့ဒီလောက်တောင်ပဲလား" "ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် " "အို" "သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"

"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်" နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။ "သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ .... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်" "............" "အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်" "ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်" "ဘယ်လို" နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏
"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ" "ဘာချို့ ယွင်းချက်လဲ" "သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်" "ဟင်" "နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်" ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။ ပုံပြင်အဆုံး ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို့ မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး.. စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့ အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီးဆက်ဆံလိုက်ပါလို့ ...ပြောကြားရင် ပုံပြင်လေးကို အဆုံးသတ်လိုက်ပါတယ်... Forward Mail မှကူးယူဖော်ပြသည်

အသည်းကွဲနေသော ကောင်မလေးတွေ ဖတ်ရန်

အသည်းကွဲနေသော ကောင်မလေးတွေ ဖတ်ရန် ပုံပြင်အစ တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........ "ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ" ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား" ဟုမေးလိုက်လေ၏ ။နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။ ဘုရားသခင်ကဆက်ပြောပြသည် ။ ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး.... "ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် " ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။ "လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ." ဟုပြောပြီးခေါင်းခါနေပြန်၏ ။ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ... "ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား" ဟုထပ်မေးပြန်၏ ။"ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်" ဘုရားသခင်က ဆက်ပြောပြန်၏ ။"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ " "..........." "နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။ နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။ "နူးညံ့လွန်းလှချည်လား "ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်" "သူမကတွေးတတ်လား" ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။"တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်" နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏ "ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး" "ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်" "ဘာအတွက်လဲ" "သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ" ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။ "သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်" ဟုဆိုလိုက်သည် ။ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။ "ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်" "သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်" "အဲ့ဒီလောက်တောင်ပဲလား" "ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် " "အို" "သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး" "သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်" နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။ "သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ .... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်" "............" "အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်" "ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်" "ဘယ်လို" နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏ "ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ" "ဘာချို့ ယွင်းချက်လဲ" "သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်" "ဟင်" "နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်" ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။ ပုံပြင်အဆုံး ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို့ မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး.. စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့ အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီးဆက်ဆံလိုက်ပါလို့ ...ပြောကြားရင်း .... . ဒီပုံပြင်လေးဟာ လူနေ (နတ်သမီးအဆောင်)ဆိုတဲ့ ၀တ္ထု စာအုပ်ကလေးထဲက ဇာတ်လိုက်မင်းသားလေးကို သူ့ အဖေက ပြောပြနေတဲ့ ပုံပြင်လေးဖြစ်ပါတယ် ။ ၀တ္ထုစာအုပ်လေးက sample အဖြစ်ထုတ်ထားတာမို့ လို့ တော်တော်တော့ ရှာဝယ်ရမှာပါ ။ ဖတ်ကြည့်လိုက်ပါ အရမ်းကောင်းပါတယ် ။ လူနေရဲ့ ပရိသတ်တွေ သိပြီးသားနေမှာပါ ။ လူနေ ရဲ့ စာအရေးအသားကို ။ ဘယ်လို အကြောင်းအရာလေးလဲဆိုတော့ အသည်းကွဲနေတဲ့ ကောင်မလေး တစ်ယောက်ကို လမ်းမှန်ပြန်ရောက်အောင် ကောင်လေးတစ်ယောက်က ဘယ်လို ပို့ ပေးလိုက်တယ်ဆိုတဲ့ အကြောင်းလေးကို ... လူငယ်အကြိုက် ..ရေးဖွဲ့ ထားထာ ဖြစ်ပါတယ် ။ အဲ့ဒါကြောင့် အပြေးကလေး ၀ယ်ပြီး ဖတ်ရှုလိုက်ကြပါဦးလို့ သတင်းကောင်းပါးလိုက်ပါတယ် ။

သင်သိရဲ့လား...

တခါတရံမှာ မိန်းကလေးတွေဟာ ဟန်ဆောင်ရယ်မောလေ့ရှိတတ်ုကတယ်.. ဒါဟာ သင်ပြောပြတဲ့ဟာသတွေတိုင်းရယ်စရာကောင်းနေလို့ တော့မဟုတ်ဘူး.. သူ့ အပေါ်မှာထားတဲ့ သင့်ရဲ့ ပျော်ရွှင်စေလိုတဲ့စိတ်ဆန္ဒကို အလေးထားပေးတာဖြစ်တယ်.. တခါတရံမှာ မိန်းကလေးတွေဟာ နှုတ်ဆိတ်နေတတ်ုကတယ်.. ဒါဟာ သင့်အပြစ်တွေကိုသူတို့ မသိလို့ မဟုတ်ဘူး.. သင်နဲ့ အမြဲတမ်းစကားများရန်ဖြစ်မနေချင်လို့ ဖြစ်တယ်... တခါတရံမှာ မိန်းကလေးတွေဟာ မသိဟန်ဆောင်လေ့ရှိတတ်ုကတယ်.. ဒါဟာ သင့်လုပ်ရပ်တွေကိုသူတို့ မသိလို့ မဟုတ်ဘူး.. သင့်ကိုသင် ပြုပြင်နိုင်ဖို့ အချိန်ပေးတာဖြစ်တယ်... အခါတော်တော်များများမှာ မိန်းကလေးတွေဟာ တိတ်တဆိတ်ငိုေုကွးလေ့ရှိတတ်ုကတယ်... ဒါဟာ သူတို့ ရဲ့ ဝမ်းနည်းအားငယ်မှုကို မမြင်စေချင်လို့ တော့မဟုတ်ဘူး... သူတို့ မျက်ရည်တွေကို သင့်စိတ်ပြောင်းဖို့ အတွက်လက်နက်အဖြစ်အသုံးပြုတယ်လို့  သင်ယူဆသွားမှာစိုးရိမ်လို့ ဖြစ်တယ်.... -- ဆုဝေဖြိုး --

Tuesday, February 21, 2012

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ....

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ.... တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။ တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီး အမြဲပျော်ရွှင်တယ်။ တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။ ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။ တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။ တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။ တုံးအတဲ့မိန်းမက ယောက်ျားရဲ့အမှားကို မလွတ်တမ်းဆုပ်ကိုင်ပြီး ယောက်ျားအကြောင်းအကုန်သိသူလို့ ကိုယ့်ကိုယ်ကိုထင်တယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ကလေးလို့ဆိုတယ်။ တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။ ထက်မြက်တဲ့မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။ တုံးအတဲ့မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကိုရောက်လေပါပဲ။ ထက်မြက်တဲ့မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေးလက်အေးကိုင်တယ်။ တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။ ထက်မြက်တဲ့မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။ တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။ တုံးအတဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။ ထက်မြက်တဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။ တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေပေးတယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကိုပေးတယ်။ တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကိုကျရှုံးစေတယ်။ ထက်မြက်တဲ့မိန်းမက သူ့အရယ်အပြုံးကြားမှာ ယောက်ျားကိုအောင်မြင်စေတယ်။ မူရင်း---http://www.duwenzhang.com/wenzhang/jingdianwenzhang/yuju/20101221/165373.html နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Sunday, February 19, 2012

စားကြပါဦး(၂)

ပိန္ဒဲသီးဟင်း သူများချက်တာစားကောင်းလို့ချက်လိုက်တာတော်တော်ကြာကြာချက်ရတယ်နူးအောင်လို့ ချက်နည်းကတော့ဆီသတ်ပြီးတခြားအသီးအရွက်တွေလိုပါပဲ။သူကတော့ရေစင်အောင်စိမ်ထားရတယ်။
မရမ်းသီးငပိကြော် ပုစွန်ခြောက်ညက်အောင်ထောင်းကြက်သွန်နီဖြူထောင်းငရုတ်သီးပွတောင့်ကိုမညက်တညက်ထောင်းပြီးမရမ်းသီးလေးတွေပါးပါးလှီး အရင်ဆုံးဆီဆူတာနဲ့ငရုတ်သီးထည့်နောက်မျှင်ငပိနဲ့ပုစွန်ခြောက်ကြက်သွန်ဖြူထည့်ပြီးမှမရမ်းသီးထည့်ရင်ပြီးပါပြီရှင်
ငါးကလေးဟင်း ဈေးထဲကဘာငါးလဲတော့မသိဘူး အဟီး။သူကအကြေးခွံကဓါးပါးလေးနဲ့နဲနဲရှင်းလိုက်ရင်ရတယ်သိပ်လဲမညှီဘူး ငါးကိုသန့်ရှင်းဆား၊ကြက်သားမှုန့်နယ်၊ပြီးရင်အရင်ကြော်ထားတယ်၊နောက်မှဆီသတ်ရင်းကြက်သွန်ဖြူနီရုတ်သီးထည့်၊နံနံပင်ကအိမ်ကကိုယ်တော်ကြိုက်လို့ကျွန်မက မကြိုက်ဘူးဒါကြောင့်ဆီသတ်တဲ့အထဲနွမ်းအောင်လုပ်လိုက်တယ်နောက်ငါးထည့်ရေအနဲငယ်ထည့်ပြီးရင်စားလို့ရပါပြီ
ဝက်သားဟင်း ၀က်သားကိုဆား၊နနွင်း၊ကြက်သားမှုန့်နယ်ပြီးပြုတ်ထားတယ်။နောက်ဆီသတ်ထည့်ခရမ်းချည်သီးထည့်ငပိနဲနဲထည့်ပြီးနူးအောင်တည်ပါတယ် ဒီနေ့အရည်ဟင်းမရှိလို့ဆီကျန်ရေကျန်ချက်လိုက်တယ်
ပဲကြီးဆီပြန် ပဲကြီးလေးတွေကိုရေစိမ်ပြီးညှစ်ပါ။ညှစ်ပြီးသားလဲရောင်းပါတယ်။နူးရင်ဆီသတ်ပါ။ဆီသတ်ရင်ကျွန်မကတော့ဂျင်းပါထည့်တယ်ပဲဟင်းတွေကဂျင်းပါထည့်မှပိုမွှေးသလိုမို့။ဒါကတော့ဆီပြန်အခြောက်ကလေးပေါ့နော်
သရက်သီးထောင်း သရက်သီးကိုအရင်ကထောင်းမစားဖူးပါဘူးမစုဗူးအိမ်ရဲ့ဘလော့ကဖတ်ပြီးထောင်းကြည့်တာပါ။သရက်သီးကိုအခွံနွှာရေစိမ်ပါ။နောက်ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုလှော်ပါ။စစချင်းပုစွန်ခြောက်နဲ့မြေပဲကိုညက်အောင်ထောင်းတယ်။နောက်ကြက်သွန်ဖြူ၊ငရုတ်သီးကိုထောင်း၊ပြီးမှသရက်သီူထည့်ထောင်း။ဆား။ဘာညာထည့်ပြီးရင်စားလို့ရပါပြီရှငါ။ဒါပေမယ့်ကြာရင်ညိုသွားတယ်နော်။
ဒါကတော့အတို့စုံပါ
နေ့လယ်ပျင်းရင်မုန့်စားပါဦးအောက်ကကြံရည်လေးလဲသောက်သွားနော်

Sunday, February 12, 2012

စားကြပါဦး

နားရက်မှာချက်ဖြစ်တဲ့ဟင်းတွေပါ
ကြက်တုံးကြော် ကြက်သားကိုစင်အောင်ဆေးဆား၊ကြက်သားမှုန့်၊နနွင်းမှုန့်နယ်ပြီးမီးအေးအေးနဲ့ကြော်လိုက်တာပါ
သီးရွက်စုံကြော် ကိုယ်ကြိုက်တဲံအရွက်စုံကိုရေစင်အောင်ဆေးပြီးစကာနဲ့စစ်ပါ။ပြီးရင်ကြက်သွန်ဖြူနဲ့အနီကိုပါးပါးလှီး ဆီသတ်ပြီးထည့်လိုက်ပါ။အရွက်ကိုစိမ်းစိမ်းလေးတွေကြိုက် ရင်ရေနဲနဲဖြန်းပြီးနွမ်းတာနဲ့ချလိုက်ပါ။(အရောင်နွမ်းနွမ်းကြိုက်ရင်ကြာကြာထားပါ)
မရမ်းသီးထောင်း ငပိကိုမီးနဲ့ကင်ပါ(ခုတော့ရယ်ဒီမိတ်ပဲသုံးထားတာပါ) ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုမီးအေးအေးနဲ့လှော်ပါ။လှော်ပြီးရင်ပုစွန်ခြောက်နဲ့ငရုတ်သီးလှော်ပြီးသားတွေထောင်းညက်ရင်ငပိထည့်ပြီးရင်မရမ်းသီးထောင်းထည့်ပါ။
ဝက်အာလူးဟင်း ၀က်သားကိုစင်အောင်ဆေးပြီးဆား၊ကြက်သားမှုန့်၊နနွင်းမှုန့်နယ်ပါ ပြီးရင်ဆီကျက်တာနဲ့ကြက်သွန်ဖြူနီဂျင်းထောင်းပြီးသားကိုဆီသတ်ပါ(ငရုတ်သီးအပွတောင့်ကိုပါထောင်းထားပါတယ်အရောင်တင်မှုန့်မသုံးချင်လို့ပါ) ၀က်သားကိုလုံးရေခန်းအောင်တည်ပါ။ပြီးရင်အာလူးလေးစိတ်စိတ်ပြီးသားကိုပါအိုးထဲထည့်ပါ။ပြီးရင်ရေထည့်ပြီးအာလူးနူးရင်ချလို့ရပါပြီ
ပုစွန်ဆိတ်ဟင်း ပုစွန်လေးတွေကိုခေါင်းချိုးပြီးရေစင်အောင်ဆေးပါ။ကျန်တာကတော့ဆီသတ်ြ့ပီးထုံးစံအတိုင်းပါပဲ
ငါးခူကအရင်ထဲကကြော်ပြီးသာါး။ရေဆေးပြီးဆားနယ်ပြီးရင်ဆီများများနဲ့ကြော်ပါ။(ငါးခူကချွဲလို့မန်ကျည်းသီး(သို့)သံပရာသီးနဲ့ဆေးပါတယ် ငရုတ်သီးကိုမညက်တညက်ထောင်းပြီးကြက်သွန်ဖြူနီနဲ့ပြန်ကြော်ထားတာပါ ပဲကြီးဟင်းရည်ကတော့ကုန်သွားမှသတိရလို့မရိုက်လိုက်ရပါဘူး :P
အော်တို့စရာလေးတွေလဲတို့ကြပါဦး
အားလုံးစားပြီးရင်အချိုပွဲအသီးစားကြပါဦးရှင်

Thursday, February 9, 2012

....မင်္ဂလာပါ ...

                                                             အားလုံးပဲမင်္ဂလာပါ....

http://sulayngal.blogspot.com/စုလေးငယ် နဲ့ ရွှေစင် http://yellowrose.blogspot.com တို့ရဲ့ မြှောက်ပေးမှု့
နဲ့ စပ်မိစပ်ရာလေးများ ၀င်ရေးသားမိခြင်းဖြစ်ပါသည် (၀န်ခံချက် ) :))
ကိုယ်တိုင်ကတော့ မရေးတတ်ပေမဲ့ ဖတ်ရတာဝါသနာပါတဲ့အတွက် ကောင်းတာလေးတွေကို ပြန်ပြီးဝေမျှပေးပါ့မယ် ..
အားလုံးကို အပေါ်က ချယ်ရီပန်းခက်ကလေးတွေနဲ့ ကြိုဆိုလိုက်ပါတယ်နော်.........




တွေးမိတွေးရာ...

အခုတလော မပျော်ဘူး... ဘာဖြစ်နေမှန်းလည်းကိုယ့်ကိုယ်ကိုယ်မသိ..လိုတာမရ ရတာမလိုလို့ ပြောရင်လည်း အဲဒါအပျိုကြီးရောဂါ လို့ အပြောခံရဦးမယ်... ရည်းစားထားပြန်တော့လည်း ဘဲရှုပ်တယ် အပြောခံရမယ်... မထားပြန်တော့လည်း တစ်စိတ်ရှိ အပျိုကြီး တစ်ဆိတ်ရှိအပျိုကြီး လာလာထိခိုက်ကြတယ်...အပျိုကြီးလည်း လုပ်ချင်စိတ်ရှိရင်လုပ်မှာပေါ့တော် ဟုတ်ဖူးလား... ခုချိန်ထိတော့ တစ်ယောက်တည်းနေရတာ အေးဆေးပါပဲ.. ကျွန်မရဲ့ကံဇာတာကလည်း တွေ့တဲ့လူ လိုက်တဲ့လူတိုင်းကလည်း ကြည့်လိုက်ရင် လက်ခံချင်စရာကတစ်ကွက်ကောင်းရင် နှစ်ကွက်သုံးကွက်လောက်က ဆိုးနေတယ်..ကျွန်မကပဲ တခုခုဆိုအဆုံးထိတွေးပြီး ကြောက်စိတ် ၀င်နေတာလား...သတ္တိမရှိတာလားအဆင်မပြေမှာတွေ..ဒုက္ခရောက်မှာတွေကို တွေးပူနေလားမပြောတတ်တော့.လာကြိုက်တဲ့လူတွေကပဲ လိုအပ်ချက်တွေရှိနေလားကျွန်မကပဲ ဂျေးထူနေတာလားလည်း အသေအချာမသိတော့...တချို့လူတွေကျတော့လည်း ကျွန်မနဲ့ သူတို့နဲ့အဆင်ပြေအောင် အောင်သွယ်ခိုင်းတဲ့ အောင်သွယ်တော်တွေနဲ့ပဲ ကြိုက်သွားကြတယ် ... တချို့ကျတော့လည်း နီးရာစပ်ရာ သူတို့ကို လက်ခံနိုင်မယ့် မိန်းကလေးတွေကို ရွေးချယ်သွားကြတယ်... ဒါပေမယ့် ဒါတွေက ကိစ္စတော့မရှိပါဘူး.. ကျွန်မလက်မ ခံနိုင်ပေမယ့် လက်ခံနိုင်တဲ့သူလက်ခံတာ ကျွန်မအတွက် ပြဿနာမဟုတ်ပါဘူး....ဒါပေမယ့်တခါတလေ လူတွေကို နားမလည်နိုင် ဘူး... သူတို့တွေရဲ့စိတ်တွေကပဲ အပြောင်းအလဲမြန်နေကြလား... ကိုယ်ပဲလိုက်မမှီတာလားေ သချာစဉ်းစားပြန်တော့လည်း အဖြေ ရယ်လို့ တိတိကျကျထွက်မလာ...လူငယ်သဘာဝ လွပ်လွပ်လပ်လပ်နေထိုင်တတ်ပေမယ့် တချို့နေရာတွေကျတော့ အတွေးနက်နေ တာကပဲ သူတို့အတွက် ပြဿနာတခုလိုလို.. ရှိစေတော့ ကျွန်မလည်း ကျွန်မစိတ်နဲ့ကျွန်မပဲ..သူတို့လည်းသူတို့စိတ်နဲ့သူတို့ပဲလေ.. ပြီးတော့ အစ်ကိုတစ်ယောက်က ပြောသေးတယ်ညည်းက သာမန်မိန်းကလေးတွေထက် လူရည်လည်တယ်တဲ့.. အဟက် .. အဲလို လည်တယ်ပြောခံရရင် ကျွန်မက သိပ်သဘောကျတတ်တာရှင့်.. ဒါနဲ့သူငယ်ချင်း သုံးလေးယောက်ကို မေးကြည့်လိုက်တယ်.. ငါတ ကယ်ပဲလည်လားဟင်ဆိုတော့ လည်တဲ့ထဲလည်းပါဘူး မလည်တဲ့ထဲလည်းမပါပါဘူး သာမန်ပဲတဲ့... တချို့ကကျတော့လည်း လည်ပါ တယ်တဲ့.. ကိုယ့်ကိုယ်ကိုယ်တော့ လည်တဲ့လို့ထင်မိပါဘူး... အဲ့ တခုရှိတာက လူတွေနှပ်ချလို့ မရအောင်တော့ သတိထားနေတတ် တယ်... တချို့တွေကလည်း ပြောပါတယ် ပါးနပ်တယ်တဲ့.. ကျွန်မကလည်း ကျွန်မကိုလည်တယ်တို့ ပါးနပ်တယ်လို့ပြောရင် ဘယ် လိုသဘောကျမှန်းကိုမသိတာ..ဒါလည်းရောဂါတစ်မျိုးပဲထင်တယ်နော်...စိတ်ပေါက်ပေါက်နဲ့ တွေးမိတွေးရာ ရေးမိရေးရာတွေ ရေး သွားပါတယ် ကျေးဖူးပဲနော် ပေါက်တတ်ကရတွေရေးထားတာကို အဆုံးထိသည်းခံဖတ်ပေးတဲ့အတွက်...

Wednesday, February 8, 2012

မှိုများများစားပါက ရင်သားကင်ဆာ မဖြစ်နိုင်

မှိုများများစားပါက ရင်သားကင်ဆာ မဖြစ်နိုင် လတ်ဆတ်သောမှိုများ စားသုံးခြင်းသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းကျဆင်းစေကြောင်း သုတေသီများက ထောက်ခံခဲ့ကြသည်။ သုတေသန လေ့လာမှုစစ်တမ်းများအရ နေ့စဉ်မှိုစားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်စေနိုင်သည့် အဖုအကြိတ်များ ထွက်လာနိုင်ခြေကို လျှော့ချပေးလိုက်ကြောင်း သိရသည်။ မှိုအခြောက်များတွင် ရင်သားကင်ဆာ ကာကွယ်နိုင်မှုစွမ်းရည် အနည်းငယ်ကျဆင်းနေတတ်ပြီး ရင်သားကင်ဆာ ခြိမ်းခြောက်မှုကို (၅၀)ရာခိုင်နှုန်းမျှသာ ဟန့်တားနိုင်ချိန်တွင် လတ်ဆတ်သောမှိုများက (၆၄)ရာခိုင်နှုန်းထိ တားဆီးနိုင်ကြောင်း တရုတ်သုတေသန ပညာရှင်များကတွေ့ရှိခဲ့သည်။ ထိုရလဒ်ကို ဆက်လက်စီစစ်ပြီးနောက် အချို့သော မှိုစားများသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဟန့်တားနိုင်ခြေသည် (၉၀)ရာခိုင်နှုန်းထိ ထိုးတက်သွားကြောင်း ဆရာဝန်များက ပြောကြားခဲ့ကြသည်။ နိုင်ငံတကာ ကင်ဆာဂျာနယ်တွင် ရေးသားဖော်ပြမှုအရ မှိုစားခြင်းဖြင့် ကင်ဆာကို တားဆီးနိုင်ခြင်းဆိုသည်မှာ သက်သေမရှိသေးဘဲ အတည်ပြုချက် လိုအပ်နေသေးကြောင်း ပါရှိသည်။ သို့သော်လည်း ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ မှိုအတွင်းရှိ ဓာတ်ပစ္စည်ျးားသည် ကင်ဆာဖြစ်စေသည့် အကြိတ်များကို ဖျက်ဆီးတတ်သည့် ဂုဏ်သတ္တိ အထင်အရှားရှိနေပြီး လူ၏ကိုယ်ခံစွမ်းအား စနစ်တစ်ခုလုံးကို လှုံ့ဆော်ပေးကြောင်း သိရှိလာရသည်။ အခြားအထောက်အထားများအရ မှိုသည် ရင်သားကင်ဆာ တိုက်ဖျက်မှု ဆေးဝါးများနှင့် အာနိသင်အတူတူရှိပြီး ကင်ဆာဖြစ်စေနိုင်သည့် Oestrogenဟိုမုန်းများ ထွက်လာခြင်းကို ပိတ်ပင်ပေးကြောင်း တွေ့ရသည်။ ကယ်လီဖိုးနီးယားမှ ပညာရှင်များသည် ပြီးခဲ့သောလအတွင်းက တစ်နေ့မှိုနှစ်ကြိမ်စားပါက တစ်လအတွင်း ကင်ဆာတားဆီးနိုင်မှု သဘာဝစွမ်းရည် သိသိသာသာ တိုးမြင့်လာကြောင်း ထောက်ခံထားကြသည်။ ဩစတြေးလျနိုင်ငံရှိ အနောက်ဩစတြေးလျ တက္ကသိုလ်က စမ်းသပ်တွေ့ရှိမှုအရ ဗြိတိန်တွင် နှစ်စဉ်အမျိုးသမီး (၄၀၀၀၀)မျှ ရင်သားကင်ဆာ ဖြစ်ပွားချိန်တွင် တရုတ်နှင့် အရှေ့ဖျားဒေသနိုင်ငံများမှ ရင်သားကင်ဆာဖြစ်ပွားသူ အမျိုးသမီးဦးရေ ကျဆင်းလာမှုကြား အဓိကကွာခြားမှုမှာ မှိုစားသည့် အလေ့အထပင်ဖြစ်ကြောင်း သိရသည်။ အကြမ်းဖျင်းအားဖြင့် မှိုများများစားသည့် အမျိုးသမီးများတွင် ကင်ဆာကြိတ်မဖြစ်နိုင်ဟုပင် သတ်မှတ်နိုင်ကြောင်း သုတေသီများကဆိုသည်။ ဆေးပညာဆိုင်ရာ သုတေသန စာတမ်းတစ်ခုကလည်း မှိုပမာဏများပြားစွာ စားသုံးလေလေ၊ ကင်ဆာဖြစ်ပြီးနှင့် မဖြစ်ခင် အခြေအနေနှစ်ခုလုံးအတွက် အကျိုးရှိလေလေဟု ဖော်ပြထားကြောင်း သတင်းရရှိသည်

ကင်ဆာအတွက် သင်္ဘောရွက်

ရိုးရာတိုင်းရင်းဆေးပညာ များစွာတို့တွင် သင်္ဘောရွက်နှင့် သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်း လုပ်သောက်ခြင်းက ကင်ဆာရောဂါ အမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြ၏။ ယခုအခါ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသနပညာရှင် နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များ ထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။ ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။ ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှ ရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှု ရှိသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါး များစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုး များစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။ သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။ ဒေါက်တာဒန်းနှင့် အဖွဲ့သည် သင်္ဘောရွက်မှနေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်း လုပ်ငန်းစဉ်အတွက် တိုကျိုတက္ကသိုလ်မှ တစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ မင်းချစ်သူမောင်

ကင်ဆာရောဂါမဖြစ်ရအောင် နေထိုင်ရမည့်နည်းလမ်းများ

သင့်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အမူအကျင့်တွေရှိနေရင် ကင်ဆာရောဂါဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အချက်တွေထဲမှာ ၇၀ ရာခိုင်နှုန်းဟာ ဘ၀နေထိုင်မှုနဲ့ ဆက်စပ်နေပြီး ရှောင်ရှားလို့ ရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ စားတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဆေးလိပ်ရှောင်တာတွေဟာ ရောဂါကို ခုခံနိုင်တဲ့ ပထမခြေလှမ်းတွေပါ။ ဒါ့အပြင် မကြာခင်က ပြုလုပ်တဲ့လေ့လာမှုအသစ်တွေအရ သင့်ရဲ့ဘ၀နေ့စဉ်အစိတ်အပိုင်းမှ အံ့သြဖွယ်ရာနည်းလမ်းတွေနဲ့ ရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ကင်ဆာရောဂါမဖြစ်အောင် အောင်ပါနည်းလမ်းတွေကို အသုံးပြုကြည့်ပါ။ (၁) ရေဘုံဘိုင်ခေါင်းမှရတဲ့ ရေကိုစစ်ပြီး အသုံးပြုပါ ဒီလိုအသုံးပြုတာကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ Carcinogen နဲ့ဟော်မုန်းကိုအနှောင့်အယှက်ပေးတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုနည်းသွားနိုင်ပါတယ်။ ရေသန့်စင်စက်ကိုအသုံးပြုပြီးဘုံဘိုင်မှ ရေကိုအသုံးပြုတာဟာ ရေသန့်ဘူးတွေလောက် အရည်အသွေးမကောင်းပေမယ့် အန္တရာယ်ပိုကင်းပါတယ်။ ဓာတုပစ္စည်းနဲ့ ထိတွေ့မှုနည်းအောင် ပလက်စတစ်ဘူးတွေနဲ့ ရေထည့်သောက်မယ့်အစား စတီး ဒါမှမဟုတ် ဖန်ဘူးတွေအသုံးပြုပါ။ (၂) ဓာတ်ဆီတိုင်ကီမှာ ဆီပြည့်နေရင် ဆီထည့်တာကို ရပ်လိုက်ပါ ဆီဆိုင်မှာ ဓာတ်ဆီ ဒါမှမဟုတ် gas ပြည့်နေစဉ် သင်ဝယ်ထားတဲ့ဆီအမှတ်မရောက်သေးဘဲ ဆီတိုင်ကီပြည့်သွားရင် ဆက်မပြည့်ပဲရပ်လိုက်ပါ။ ဆီတွေလျှံကြလာတာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်ပစ္စည်းတွေ လေထဲပျံ့နှံ့သွားနိုင်ကာ သင့်အရေပြား ဒါမှမဟုတ်အဆုတ်ထဲရောက်သွားနိုင်လို့ပါ။ (၃) အသားတွေကို မကင်ခင်နှပ်ထားပါ အသား၊ ငါးတွေကို မီးသွေးနဲ့ကင်စားရင် အသားကင်ပေါ်က မီးခိုးမှိုင်းတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ Heterocy-clic amines HCAS တွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် အသားငါးတွေမကင်ခင်မှာ အနည်းဆုံး တစ်နာရီခန့်ကြိုတင်ပြီး မဆလာနဲ့နှပ်ထားပါ။ မဆလာမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ HCAS ကို ၈၇ ရာခိုင်နှုန်းခန့်လျော့ချနိုင်တယ်လို့ Karsas တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ (၄) နေ့တိုင်းကော်ဖီသောက်ပါ နေ့စဉ်ကော်ဖီကို ငါးခွက် ဒါမှမဟုတ် ဒါထက်ပို သောက်သူတွေဟာ ကော်ဖီအနည်းဆုံးသောက်သူတွေ ထက်ဦးနှောက်ကင်ဆာဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့နည်းတယ် လို့ အင်္ဂလန်မှ၂၀၁၀ အတွင်း လေ့လာမှုအရ သိရပါတယ်။ နေ့စဉ် ကော်ဖီငါးခွက်သောက်တာဟာ ခံတွင်းနဲ့ လည်မျိုကင်ဆာ လည်းဖြစ်နိုင်ခြေ လျော့ချနိုင်တယ်လို့ ဆိုပါတယ်။ လက်ဖက်ရည်ဟာ ကော်ဖီလောက်ကာကွယ်နိုင်စွမ်းမရှိဘူးလို့လည်း သုတေသီတွေက ပြောကြပါတယ်။ (၅) ရေများများသောက်ပါ ရေနဲ့ အခြားအရည်တွေကို များများသောက်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်တွေ ဆီးအတွင်းမှာ Dilute ဖြစ်သွားပြီး ဆီးအိမ်မှ မြန်မြန်ထွက် သွားစေတာကြောင့် ဆီးအိမ်ကင်ဆာ ဖြစ် နိုင်ခြေနည်းသွားနိုင်ပါတယ်။ နေ့စဉ် ရေရှစ်ခွက်အနည်းဆုံးသောက်ပါ။ (၆) အစိမ်းရောင် ဟင်းသီးဟင်းရွက် များများစားပါ ဟင်းသီးဟင်းရွက်ကို အစိမ်းရောင်ဖြစ်စေတဲ့ ကလိုရိုဖီးမှာ မဂ္ဂနီစီယမ်များစွာပါဝင်တာကြောင့် အမျိုးသမီးတွေမှာအူမကြီးကင်ဆာဖြစ်နိုင်ခြေလျော့နည်းနိုင်ပါတယ်။ အစိမ်းရင့်ရောင်အရွက် တွေကို များများစားပေးပါ။ ချက်ပြီးသား ဟင်းနုနယ်ခွက်တစ်ဝက်စာမှာ မဂ္ဂနီစီယမ် ၇၅မီလီဂရမ်ပါဝင်ပါတယ်။ နေ့စဉ်လိုအပ်ချက်ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းပါ။ (၇) အခွံမာသီးစားပါ အခွံမာသီးမှာ ပါဝင်တဲ့ ဆီလီနီယမ်တွေဟာ ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့ချနိုင်ပါ တယ်လို့ Dartmouth ဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ အခြားလေ့လာမှု အရလည်း သွေးတွင်း ဆီလီနီယမ်ပါဝင်မှုများ သူတွေဟာ အဆုတ်နဲ့ အူမကြီးကင်ဆာကြောင့် သေဆုံးနှုန်းကျဆင်းသွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဆီလီနီယမ်ဟာ Cell တွေကို ဓာတ်တိုးပစ္စည်းမှ ကာကွယ်ပေးနိုင်ရုံမက ခုခံအားလည်း ကောင်းမွန်စေကာကင်ဆာအကျိတ်တွေကို အာဟာရ ပေးမယ့် သွေးကြောတွေမပေါ်ပေါက်အောင်လည်း ဖိနှိပ်ပေးပါတယ်။ (၈) သားမြတ်ကင်ဆာမဖြစ်အောင် လေ့ကျင့်ခန်းလုပ်ပါ လမ်းမြန်မြန်လျှောက်တာလိုမျိုးအသင့်အတင့်လေ့ကျင့်ခန်းကို တစ်ပတ်မှာ နှစ်နာရီလုပ်တာကြောင့် သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်း လျော့ချနိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန် လုပ်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ အီစထရိုဂျင်ကိုထုတ်လုပ်ပေးတဲ့ အဆီတွေ လောင်ကျွမ်းစေတာကြောင့် ဖြစ်နိုင်ခြေလျော့သွားတာပါ။ (၉) အ၀တ်ကို အခြောက်မလျှော်ပါနဲ့ အခြောက်လျော်သန့်စင်ရည်မှာ ပါဝင်တဲ့ perchloroethylene ဓာတုပစ္စည်းဟာ အသည်းနဲ့ကျောက်ကပ်ကင်ဆာနဲ့ သွေးကင်ဆာဖြစ်စေနိုင်တယ်လို့၂၀၁၀ ပြည့်နှစ်စောစောပိုင်းက Na-tional Academies Of Science ကသုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ဆပ်ပြာရည်အပျော့စားနဲ့ အ၀တ်လျှော်ပြီးလေထဲမှာ အခြောက်ခံပါ။ အစွန်းအထင်းရှိနေရင်လည်း ရှာလကာရည်နဲ့ဖျက်ပါ။ (၁၀) လက်ကိုင်ဖုန်း (Cell Phone) ကြောင့် အန္တရာယ်မရှိအောင် လက်ကိုင်ဖုန်းကို စကားတိုတိုပြောဖို့ ဒါမှမဟုတ် Message ပို့ဖို့သာ အသုံးပြုပါ။ ဒါမှမဟုတ်ရင်လည်း နားကျပ်တပ်ဆင်ပြီးပြောပါ။ လေ့လာမှုတွေအရ လက်ကိုင်ဖုန်း အသုံးပြုသူတွေ ဟာ ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေများတယ် လို့ တွေ့ရှိထားပါတယ်။ (၁၁) နေလောင်ဒဏ်ကိုအရောင်နဲ့ ကာကွယ်ပါ သင်အိမ်ပြင်ကိုထွက်ရင် အရောင် ရွေးပြီး ၀တ်ဆင်တာဟာ အရေပြားကင်ဆာကို ကာကွယ်နိုင်ပါတယ်လို့ စပိန်မှသိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အပြာရောင်နဲ့ အနီရောင်အ၀တ် တွေဟာ အ၀ါရောင်နဲ့ အဖြူရောင်အ၀တ်တွေထက် နေရောင်ခြည်ရဲ့ UV rays ဒဏ် သိသိသာသာပိုမိုကာကွယ်နိုင်တယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ဦးထုပ်ဆောင်းဖို့လည်း မမေ့ပါနဲ့။ မှဲ့ကင်ဆာဟာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ ပိုဖြစ်နိုင်လို့ပါ။ ဦးခေါင်း ဒါမှမဟုတ်လည်ပင်းမှာ မှဲ့ကင်ဆာရှိသူတွေဟာ အခြားနေရာမှာရှိသူတွေထက် သေဆုံးနှုန်းနှစ်ဆပိုများတယ်လို့ North Caro-lina တက္ကသိုလ်က သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ (၁၂) သန့်ရှင်းတဲ့အစာစားပါ ပဋိဇီဝဆေးနဲ့ ဟော်မုန်းဆေးအသုံးမပြုတဲ့ အသားတွေသာ ၀ယ်စားပါလို့ ကင်ဆာအသင်းဥက္ကဋ္ဌက ပြောပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေး အသုံးမပြုထားတဲ့ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေ အသုံးပြပါ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်ပေါ် ပိုးသတ်ဆေး အကြွင်းအကျန်တွေ ကုန်စင်အောင် ဆေးကြောပြီးမှ အသုံးပြပါ။ မုန်ညှင်း၊ စတော်ဘယ်ရီ၊ ပန်းသီး၊ မက်မွန်သီးနဲ့ Blueberries တွေမှာ ပိုးသတ်ဆေး အများဆုံးဖျန်းထားတတ်ပါတယ်။ ပိုးသတ်ဆေးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းအမျိုးပေါင်း ၄၀ ကျော်ပါဝင်တာမို့ ထိတွေ့မှုအနည်းဆုံးဖြစ်အောင် ကြိုးစားပါ။ (၁၃) သင့်သားမြတ်သိပ်သည်းဆကို မေးမြန်းပါ သင်သားမြတ်ကို Mammogram ရိုက်ကြည့်ရင် သားမြတ်သိပ်သည်းဆ ဘယ်လောက်ရှိသလဲဆိုတာကို မေးကြည့်ပါ။ သားမြတ်သိပ်သည်းဆ ၇၅ ရာခိုင်နှုန်း ဒါမှမဟုတ် ဒါထက်များသူတွေဟာသိပ်သည်းဆနည်းသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ လေးဆမှ ငါးဆခန့်ပိုများပါတယ်။ သားမြတ်သိပ်သည်းဆများတာဟာ အီစထရိုဂျင်အဆင့်တွေ များတာကြောင့် ဖြစ်တာမို့ လေ့ကျင့်ခန်းပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်မှ အဆီ Cell တွေ ကျုံ့သွားတာကြောင့် ကင်ဆာဖြစ်နိုင်တဲ့ Cell တွေ နည်းသွားနိုင်ပါတယ်။ (၁၄)ကင်ဆာတွန်းလှန်နိုင်တဲ့အစွမ်း ပိုမိုရရှိအောင် သင်ဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအမျိုးစုံကို များများစားမယ်ဆိုရင်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိမှာပါ။ မှန်ပါတယ်။ အချို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို လက်တစ်ဆုပ်စာစားရုံနဲ့ ကင်ဆာကို တွန်းလှန်နိုင်တဲ့ အာဟာရဓာတ်တွေရရှိစေနိုင်တယ်ဆိုတာ ၂၀၁၀ ပြည့်နှစ်အတွင်း လေ့လာ စမ်းသပ်မှု တွေအရ သိရပါတယ်။ ကင်ဆာရောဂါကို အကောင်းဆုံးတွန်းလှန်နိုင်တဲ့အာဟာရဓာတ်နဲ့ အစားအစာတွေကိုရွေးချယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒေါက်တာခင်မိုးမိုး

ကျွန်မ လက်စွမ်းပြထားသော စာတိုပေစများ...

မငိုတတ်ခဲ့တာကြာပြီ... ရယ်ဖို့အင်အားမရှိခဲ့တာလည်း ကြာခဲ့ပြီ... အတိတ်ကိုနောက်ပြန်လှည့်ကြည့်မိတော့ ခပ်ဝါးဝါးပုံရိပ်တွေပဲ မြင်မိတယ်... ဘယ်မှာလဲအချစ်... ဘယ်မှာလဲ ဘ၀... ဘယ်မှာလဲ သံယောဇဉ် ပါးစပ်ကတော့ ထာဝရဆိုတာကို တဖွဖွပြောခဲ့ပါတယ်... တကယ်လက်တွေ့ကျတော့ ဘာမှမဟုတ်ခဲ့ပါလားကွယ်.. လိမ်မာမှုနဲ့ဖုံးကွယ်ထားတဲ့ ဟန်ဆောင်စကားလုံးတွေကို... တကယ်ဘ၀လို့ သတ်မှတ်မိတော့လည်း ခံပေတော့ပေါ့... ကိုယ့်ကိုယ်ကို မြေစာပင် ဖြစ်ခဲ့မှန်းလည်း သိခဲ့ပါတယ်... ကိုယ့်ကို လူမိုက်ငှားခဲ့မှန်းလည်း ရိပ်မိပါတယ်... ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ခဲ့မှန်းလည်း သိခဲ့တယ်... ကွယ်ရာမှာ ပြောပြောပြီး ဟားတိုက်ရယ်နေကြတာကိုလည်း သတင်းတွေကြားခဲ့ပါတယ်... သိရက်နဲ့ ထောင်ချောက်ထဲဆင်းခဲ့မိတာ ကျွန်မပဲပေါ့.. လူတွေကတော့ပြောကြတယ် ကိုယ်ဖြစ်ကိုယ်ခံတဲ့.... အင်းပေါ့လေ... ၀ဋ်ရှိသရွေ့ပေါ့...

ချစ်စရာပန်းကလေးများ(၁)







ချစ်စရာပန်းကလေးတွေ








ရာသီအလိုက်ပွင့်တဲ့ပန်းကလေးတွေပါနောက်မှထပ်တင်ပေးပါဦးမယ်

ဖိနပ်လှလှလေးတွေ




ဒီမှာသွားကြည့်လဲရပါတယ်http://www.mm-flashsongs.com/profiles/blogs/5202681:BlogPost:883954#axzz1lqj4b81M(Copy to thuya Blog)

foto








MM Flash Songs ကိုရင်ကျော်မှshareထားတာပါ

ဆရာကြီးများရဲ့ ကြိုက်ခဲ့မိတဲ့ကဗျာလေးတွေ....

လှေခါးသုံးထစ် ငွေဆိုတာ အိပ်ကပ်မှာကြပ်၊ အထပ်လိုက်ပေါ့ ကြိုက်တာဝယ်စမ်း၊ လမ်းမတလျှောက် ခေါက်တုံ့ခေါက်ပြန်၊ စာအုပ်လှန်ကြည့် ဆာဆာရှိလား၊ သွားစမ်းစားစမ်း ဆယ့်ကိုးလမ်းမှာ၊ ဆီချက်ဆာတေး ကြေးအိုး ၀က်သား ဟာ … သူငယ်ချင်း မင်းတစ်ယောက်တည်းလား စားသာစားပါ၊ အားမနာနဲ့ ဘာလီ စပတ်ကလင်၊ ခံတွင်းချဉ်သလေ အာသာပြေအောင်၊ ဘူးလိုက်ဆောင်ထား လက်ကြားဇယ်ဆက်၊ ညှပ်လျက်ကြွားကြွား ဒူးယားစီးကရက်၊ လဆန်းရက်။ မင်းလူ