Wednesday, February 8, 2012

ဆရာကြီးများရဲ့ ကြိုက်ခဲ့မိတဲ့ကဗျာလေးတွေ....

လှေခါးသုံးထစ် ငွေဆိုတာ အိပ်ကပ်မှာကြပ်၊ အထပ်လိုက်ပေါ့ ကြိုက်တာဝယ်စမ်း၊ လမ်းမတလျှောက် ခေါက်တုံ့ခေါက်ပြန်၊ စာအုပ်လှန်ကြည့် ဆာဆာရှိလား၊ သွားစမ်းစားစမ်း ဆယ့်ကိုးလမ်းမှာ၊ ဆီချက်ဆာတေး ကြေးအိုး ၀က်သား ဟာ … သူငယ်ချင်း မင်းတစ်ယောက်တည်းလား စားသာစားပါ၊ အားမနာနဲ့ ဘာလီ စပတ်ကလင်၊ ခံတွင်းချဉ်သလေ အာသာပြေအောင်၊ ဘူးလိုက်ဆောင်ထား လက်ကြားဇယ်ဆက်၊ ညှပ်လျက်ကြွားကြွား ဒူးယားစီးကရက်၊ လဆန်းရက်။ မင်းလူ

No comments: