Thursday, February 23, 2012

အတိတ်ကအရိပ်..

တွယ်တာမှုဆိုတဲ့စကားရဲ့နောက်က သံယောဇဉ်တွေကို ကြောက်မိတယ်... ဆုံးရှုံးမှုဆိုတဲ့ စကားလုံးရဲ့နောက်က ကျဆုံးမှုတွေလည်း ငါမလိုချင်တော့ဘူး ချစ်သူရယ်... အလွမ်းတွေနဲ့လည်း မနိုးထချင်တော့ဘူး… ရင်ခွင်ဟောင်းဆီလည်း ပြန်မတိုးဝင်ချင်တော့ပါဘူး.. ဒါပေမယ့်လည်း …. ဒါပေမယ့်လည်းပေါ့လေ... အပြုံးလေးတခုကြောင့် အားအင်တွေပြည့်ခဲ့ဖူးတာကိုတော့ မှတ်မှတ်ရရပါပဲ.... နင်ပြောခဲ့တဲ့ သတိရသေးလားဆိုတဲ့ စကားရဲ့နောက်မှ ကျရှုံးတတ်တဲ့ ငါ့ကိုယ်ငါလည်း စိတ်ပျက်မိပါရဲ့... လေပြေလေညှင်းတွေ တိုက်ခက်ပေမယ့် ငါ့ရင်ထဲမှာ ပူလောင်နေတာ ဘယ်သူသိမှာလဲ... အပေါ်ယံမျက်နှာ ပြုံးနေပေမယ့် ငါ့စိတ်ထဲမှာ သက်ပြင်းတွေအခါခါချနေတာ ဘယ်သူသိမှာလဲ.. အရင်က အတူပျော်ရွှင်ခဲ့ဖူးပေမယ့် ခုချိန် အဖော်မဲ့တဲ့ ခံစားချက်တွေကို ဘယ်သူရိပ်မိမှာလဲ.... တခါတရံမှာ ခံစားချက်တွေ ချိုမြိန်နေပေမယ့် တခါတရံမှာ ဒီခံစားချက်ကြောင့် စိတ်ချောက်ခြားမိတယ်.. အတူဆုံဖူးတယ်..ရင်ခုန်ဖူးတယ်……ငိုခဲ့ဖူးတယ်…သ၀န်တိုဖူးတယ်..ရန်ဖြစ်ဖူးတယ်….. သူငယ်ချင်းနှစ်ယောက်နဲ့ ချစ်သူတစ်ယောက်ရဲ့ကြားမှာ ဗျာများခဲ့ဘူးတယ်.... ရူးရူးမိုက်မိုက်နဲ့ ရှေ့ဆက်တိုးဖို့ ကြိုးစားဖူးတယ်… အများစကားနားယောင်ပြီး ခြေလှမ်းတွေလည်း နောက်ဆုတ်ဖူးတယ်….. အရာရာကို တွေးကြည့်လိုက်ရင် မနေ့တနေ့ကလိုပါပဲ.. ငါလိုချင်ခဲ့တာက ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာ… ငါရခဲ့တာက ပူလောင်မှုတွေနဲ့ ပြည့်နေတဲ့ အချစ်တခု… ဘာပဲဖြစ်ဖြစ် ငါလေ တကယ် ကျေနပ်ခဲ့ပါတယ်...

No comments: