မငိုတတ်ခဲ့တာကြာပြီ... ရယ်ဖို့အင်အားမရှိခဲ့တာလည်း ကြာခဲ့ပြီ... အတိတ်ကိုနောက်ပြန်လှည့်ကြည့်မိတော့ ခပ်ဝါးဝါးပုံရိပ်တွေပဲ မြင်မိတယ်... ဘယ်မှာလဲအချစ်... ဘယ်မှာလဲ ဘ၀... ဘယ်မှာလဲ သံယောဇဉ် ပါးစပ်ကတော့ ထာဝရဆိုတာကို တဖွဖွပြောခဲ့ပါတယ်... တကယ်လက်တွေ့ကျတော့ ဘာမှမဟုတ်ခဲ့ပါလားကွယ်.. လိမ်မာမှုနဲ့ဖုံးကွယ်ထားတဲ့ ဟန်ဆောင်စကားလုံးတွေကို... တကယ်ဘ၀လို့ သတ်မှတ်မိတော့လည်း ခံပေတော့ပေါ့... ကိုယ့်ကိုယ်ကို မြေစာပင် ဖြစ်ခဲ့မှန်းလည်း သိခဲ့ပါတယ်... ကိုယ့်ကို လူမိုက်ငှားခဲ့မှန်းလည်း ရိပ်မိပါတယ်... ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ခဲ့မှန်းလည်း သိခဲ့တယ်... ကွယ်ရာမှာ ပြောပြောပြီး ဟားတိုက်ရယ်နေကြတာကိုလည်း သတင်းတွေကြားခဲ့ပါတယ်... သိရက်နဲ့ ထောင်ချောက်ထဲဆင်းခဲ့မိတာ ကျွန်မပဲပေါ့.. လူတွေကတော့ပြောကြတယ် ကိုယ်ဖြစ်ကိုယ်ခံတဲ့.... အင်းပေါ့လေ... ၀ဋ်ရှိသရွေ့ပေါ့...
No comments:
Post a Comment