Tuesday, August 21, 2012

နွံ

နွံဆိုတာကို ကြောက်လို့ သံယောဇဉ်နဲ့ ဝေးဝေးနေခဲ့မိတယ်
နွံဆိုတာကိုကြောက်လို့ မသိစိတ်နှင့်သိစိတ်ကို အတန်တန် သတိပေးခဲ့တယ်..
အဲ့ဒီ နွံဆိုတာကို ကြောက်လို့ပဲ အရာရာကို သံသယနဲ့ကြည့်တတ်ခဲ့တယ်..
အဲ့ဒီနွံနဲ့ ဝေးအောင် ကိုယ့်ကိုယ်ကို အံဝင်ခွင်ကျအောင် ဇယားချထားတတ်တယ်…
အဲ့ဒီနွံနဲ့ ဝေးအောင် တစ်ယောက်တည်းနေတတ်အောင် ကာလအတော်ကြာ ကြိုးစားခဲ့မိတယ်..

ဒီလိုအတန်တန် ကိုယ့်ကိုယ်ကို သတိပေးနေရက်က မထင်မှတ်တဲ့အချိန် အဲ့နွံထဲမှာ ကျွန်မနစ်နေခဲ့တယ်..
ဟုတ်တယ် ကျွန်မ ဘယ်အချိန် နစ်မှန်းမသိလိုက်ပေမယ့် သိလိုက်တဲ့အချိန်မှာ တော်တော် နစ်နေခဲ့တယ်

ဒီနွံထဲကို ကျွန်မကို သူဆွဲခေါ်ခဲ့တယ်..
ဒီနွံထဲမှာ ပျော်အောင် သူဖန်းတီးခဲ့တယ်..
ဒီနွံထဲမှာပဲ သူ့စိတ်ကူးယဉ်အိပ်မက်တွေကို နားထောင်ခဲ့ရဖူးတယ်..
ဒီနွံတွေထဲမှာပဲ ကျွန်မတို့ မကြာခဏ စိတ်ကောက်ဖြစ်ခဲ့ကြတယ်..
ဒီနွံထဲမှာပဲ တစ်ယောက်အသက်ရှုသံ သဲ့သဲ့ကို တစ်ယောက် ခံစားတတ်ခဲ့ကြတယ်..

ဒီနွံထဲမှာပဲ သူ့ရင်ခုန်သံတွေကို ကျွန်မ နားစွင့်တတ်လာတယ်…
ဒီနွံထဲမှာပဲ သူ့လက်ကို ကျွန်မ မရဲတရဲ ဆုပ်ကိုင်တတ်လာတယ်..
ဒီနွံထဲမှာပဲ အပြန်အလှန် တိတ်တခိုး သတိတွေရနေတတ်ခဲ့တယ်..
ဒီနွံထဲမှာပဲ ကျွန်မတို့ စကားတွေအများကြီး ပြောဖြစ်ခဲ့ကြတယ်..

ဒီနွံထဲမှာပဲ သံယောဇဉ်တွေ ထပ်ထပ်တိုးလာတယ်…
ဒီနွံထဲမှာပဲ ကျွန်မတို့ အပြန်အလှန် သ၀န်တိုမှုတွေဖြစ်လာတယ်..
ဒီနွံထဲမှာပဲ ရှေ့ရေးအတွက် အိပ်မက်တွေ မက်တတ်လာတယ်…
ဒီနွံထဲမှာပဲ… ဒီနွံထဲမှာပဲ…. ဒီနွံထဲမှာပဲ…. ဒီနွံထဲမှာပဲ ကျွန်မတို့ နစ်သထက် ပို နစ်လာကြတယ် ..

No comments: