Saturday, January 19, 2013

သူသိပါစေ....

ပြောချင်တဲ့စကားတွေကို မပြောရက်လို့ ငြိမ်နေမိတာ..နားလည်ပေးရင်ကောင်းမယ်နော်..
တခါတလေလည်း ဆုတောင်းပါတယ်ငါ့ရဲ့နှုတ်ကနေဖွင့်မပြောချင်တဲ့စကားတွေကိုအလိုလိုနားလည်ပါ စေလို့လေ.
.ပြောလိုက်ရင်လည်း ငြိုငြင်တယ်လို့ တွေးမိမှာလည်းစိုးတယ်.. အမှန်တော့ ငြိုငြင်တာမဟုတ်ပါဘူး..
ချုပ်ချယ်တာလည်း မဟုတ်ရပါဘူး.. သူပြောသလို မလေးနက်တာ ပေါ့တာမျိုးလည်း မဟုတ်ရပါဘူး..
ဒါပေမယ့် ရှိသင့်တဲ့ အနေအထားထက် ဘောင်ကျော်နေတာမျိုးတွေကျတော့လည်း လက်မခံချင်ပြန်ဘူး..
ဘယ်အရာမဆို ရှိသင့် ရှိထိုက်တဲ့ ဘောင်အတွင်းမှာပဲ ရှိနေစေချင်တာ ငါ့ဆန္ဒပါ.. ဒါတွေကို ပြောပြလိုက်ပြန်ရင်လည်း .. စိတ်မကောင်းဖြစ်မှာစိုးတယ်..မပြောပဲ နေရင်လည်း ............. စိတ်ရှုပ်တယ်နော်..
ဘယ်လိုများလုပ်ရပါ့မလဲ.. အခုအနေအထားမှာတော့ ငါ့စိတ်ထဲကို မြင်နိုင်အောင် ကြည့်ပြီး နားလည်ပေးပါလို့
တိတ်တိတ်လေး ဆုတောင်းနေရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးလေ…..

No comments: