Sunday, January 27, 2013

.....

နှလုံးသားတစ်ခုလုံးတောင် ရင်းပြီး ချစ်ခဲ့ပြီးပြီပဲ
ဘာလို့ အသေးအမွားကိစ္စလေးတွေနဲ့ ရန်ဖြစ်ဦးမှာလဲ

ပစ္စုပ္ပန်မှာ နင့်ဘေးနား ငါရှိနေပြီပဲ
ဘာလို့ အနာဂတ်ကို တွေးပူနေဦးမှာလဲ..

ရင်ဘက်ချင်းတောင် ထပ်တူကျနေပြီပဲ
ဘာလို့ မာန ဆိုတဲ့ အလွှာပါးလေးနဲ့ ခြားထားဦးမှာလဲ..

ငိုကျွေးဖို့အတွက် ငါ့ရင်ခွင်တခုလုံးရှိနေပြီပဲ
ဘာလို့ တစ်ယောက်တည်း ကြိတ်ပြီး ခံစားနေဦးမှာလဲ...

♚Thu Thu Lay♚

No comments: