အမျိုးသမီးတိုင်းသိသင့်တဲ့ ရင်သားကင်ဆာ
ရင်သားကင်ဆာ… ဒီအသံ(စကား) ကြားလိုက်ရုံနဲ့ ဘယ်အမျိုးသမီးမဆို ကျောချမ်းတုန်လှုပ်သွားစေတာပါပဲ။ ဒီရောဂါအကြောင်းကို နားလည်သိရှိဖို့ သိပ်ကိုလိုအပ်ပါတယ်။ Breast Cancer မဖြစ်အောင် အကောင်းဆုံး ကာကွယ် တိုက်ဖျက်နည်းကို နားလည်ထားနိုင်ဖို့ ဖတ်ကြည့်ပါဦး။ ရင်သားကင်ဆာဆိုတာ ဘာလဲ? ရင်သားကင်ဆာဆိုတာက ရင်သားရဲ့ ကလာပ်စည်းက စတင်ဖြစ်ပေါ်တဲ့ အန္တရာယ်ပေးနိုင်တဲ့ အကျိတ်တစ်ခုပဲဖြစ်တယ်။ အဲဒါက အမျိုးသမီးတိုင်းလိုလိုမှာ ဖြစ်တတ်ပြီးအမျိုးသားတွေလည်း ဒီရောဂါကို ရနိုင်တယ်။ စင်ကာပူနိုင်ငံ ကင်ဆာအသင်း အဆိုအရ၊ နှစ်စဉ်အမျိုးသမီး (၁၃၀၀)လောက် ရင်သားကင်ဆာဖြစ်တာကို ရောဂါစစ်တမ်းက ဖော်ပြနေတယ်။ အမျိုးသမီး အသက်အရွယ်အုပ်စုတိုင်း ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အသက်(၄၀)ကျော် အမျိုးသမီးတွေက ဒီရောဂါပိုပြီး ဖြစ်ကြတယ်။ အမျိုးသမီး ခုနှစ်ယောက်မှာ တစ်ယောက်ဟာ Breast Cancer ရောဂါရဲ့ အန္တရာယ်ဟာ တိုးပွားလာတယ်။ အမျိုးသမီးတိုင်းဟာ ဒီရောဂါဘေးနဲ့ ကြုံရတတ်ပါတယ်။ ရင်သားကင်ဆာဖြစ်ရတဲ့ အကြောင်းရင်း ဒီရောဂါဖြစ်ရတဲ့အကြောင်းရင်း တိတိကျကျကို မသိရသေးပါဘူး။ ရင်သားကင်ဆာဟာ အမျိုးသမီးဟော်မုန်းဓာတ် (Female Hormones) နဲ့ ဆက်နွယ်နေပြီး ရင်သားကင်ဆာ ဖြစ်စေတဲ့ ဖြစ်နိုင်တဲ့အချက်တွေထဲမှာ ခေတ်ပေါ်ဓာတ်စာ (ယနေ့စားနေကျ အစားအစာ)၊ ဘဝနေထိုင်ပုံစံစနစ်စိတ်ဖိစီးမှုဖြစ်စဉ်တွေနဲ့ ပါဝင်ပတ်သက်နေတယ် လို့ဆိုပါတယ်။ ရင်သားကင်ဆာ စဖြစ်ဖြစ်ခြင်း နာကျင်ကိုက်ခဲမှု မဖြစ်ဘူး။ ဘာရေဂါလက္ခဏာမှလည်း မပြဘူး။ ဒါပေမယ့် ကင်ဆာကြီးထွားလာတဲ့ အခါမှာတော့ ရင်သား သို့မဟုတ် ဂျိုင်းအောက်မှာ အဖုတစ်ခုကို တွေ့ရမယ်။ ရင်သားရဲ့အရွယ်ဟာ ပုံသဏ္ဌာန်ပြောင်းလဲ သွားမယ်။ ရင်သားနဲ့ရင်သားထိပ်ရှိ ညိုမဲနေတဲ့အဝိုင်းကွင်း သို့မဟုတ် နို့သီးခေါင်းတွေမှာ အရောင်ပြောင်းလဲသွားတာ တွေ့ရမယ်။ ဒါမှမဟုတ် အဲဒီ့နေရာတွေမှာ အာရုံခံစားမှု ပြောင်းလဲသွားတာတွေ့ရမယ်။ နို့သီခေါင်းမှာ နို့ရည်ထွက်ခြင်း၊ နို့သီးခေါင်းဆုတ်ယုတ်လာခြင်း၊ ပြောင်းပြန်ဖြစ်ခြင်း၊ သို့မဟုတ် အထိမခံပဲ နာကျင်လာခြင်းတွေ ဖြစ်လာတတ်ပါတယ်။ အသက်ငယ်ငယ်နဲ့ ရာသီလာခဲ့ရင်၊ အထူးသဖြင့် အသက် (၁၁)နှစ်မတိုင်မီ ရာသီပေါ်ခဲ့ရင် ဒါမှမဟုတ် မင်းသွေးဆုံးချိန်က အသက် ၅၅နှစ်ထက် နောက်ကျရင် ဒီရောဂါပိုမိုဖြစ်တတ်ပါတယ်။ အလားတူပဲ မင်းမှာကလေး မရှိခဲ့ရင်၊ ဒါမှမဟုတ်ပဲ မင်းအသက် ၃၅နှစ် နောက်ပိုင်းမှပထမကလေးကို ရရှိခဲ့ရင်၊ မင်းဒီရောဂါအတွက်ပိုပြီး အန္တရာယ်ရှိတယ်။ ဆေးဝါးများ သွေးဆုံးချိန်လက္ခဏာတွေကို ပျောက်ကင်းဖို့ အမျိုးသမီး လိင်ဆိုင်ရာဟောမုန်း Estrogenနဲ့ သန္ဓေသားတားဆီးစေတဲ့ ဟော်မုန်းဆေးဝါးမျိုးကို လေးနှစ်ကျော်စားသုံးခဲ့ရင် ဖြစ်နိုင်ခြေပိုရှိပါတယ်။ အစောဆုံး အဆင့်ရင်သားကင်ဆာဖြစ်တဲ့ လူနာများအဖို့၊ ရေဒီယိုဓာတ်ရောင်ခြည်ကုထုံး၊ ဓါတုကုထုံးတို့နဲ့အတူ ရင်သားထိန်းသိမ်း ခွဲစိတ်ကုသနည်းကို ဦးစားပေးလုပ်သင့်တယ်လို့ ဆိုပါတယ်။ စောစောရောဂါရှာဖွေခြင်းဟာ သော့ချက်ပါပဲ ကြိုတင် ရောဂါရှာဖွေမှုနဲ့ ကုသမှုစနစ်တွေတိုးတက်လာတာကြောင့် အခု (Breast Cancer)ဖြစ်တဲ့ အမျိုးသမီးတွေဟာ အရင်ကထက် ပိုပြီးအသက်ရှင်လာကြတယ်လို့ သတင်းကောင်းကြားရပါတယ်။ ဒီရောဂါဖြစ်လာရင်၊ စောစောစီးစီးစစ်ဆေး၊ စောစောကုသမှုခံယူမယ်ဆိုရင် လူနာပိုပြီးသက်သာပြီး အသက်ပိုရှင်မယ်။ ဒါကြောင့်ကိုယ့်မှာ ရင်သားကင်ဆာ ရောဂါ လက္ခဏာတွေ ရှိတယ်လို့ထင်ရရင် ဆရာဝန်ဆီ ချက်ချင်းသွားတိုင်ပင် ဆွေးနွေးပါလို့ အကြံပြုလိုက်ပါတယ်။ Ref: 8 Days
No comments:
Post a Comment