Wednesday, August 14, 2013

မှားဖျက်မိတဲ့ ဖိုင်များကို ပြန်ရှာနည်းများ


Shift + Delete နဲ့ ဖျက်မိလို့  Recycle Bin မှာလည်း ရှာလို့ မတွေ့တော့တဲ့ ဖိုင်တွေကို ပြန်ရှာဖို့ နည်းအမျိုးမျိုး ရှိပါတယ်။ ဒီဆောင်းပါးမှာ မှားဖျက်မိ တဲ့ဖိုင်၊ ပျောက်ဆုံးနေတဲ့ ဖိုင်တွေကို အောင်မြင်စွာ ပြန်ရှာနိုင်ဖို့  နည်းလမ်းတွေကို ရေးပေးပါမယ်။

တကယ် ဖျက်မိလားဆိုတာ သေချာအောင် အရင်စစ်ပါ သင်ရှာနေတဲ့ ဖိုင်မတွေ့တော့တာဟာ တကယ် ဖျက်မိတာလား၊ နေရာထား မှားသွားတာ လားဆိုတာ အရင် စစ်ဆေးသင့်ပါတယ်။ Recycle Binထဲသွားပြီး ဖိုင်ကို ပြန်ရှာပါ။ ဖိုင်တွေများပြားနေရင် Right Clickနှိပ်ပြီး Sort By>Date Deletedနဲ့ Filter လုပ်ပြီးရှာရင် ပိုလွယ်ကူပြီး မြန်မြန် ရှာတွေ့နိုင်ပါတယ်။

နေရာထားမှားသွားတာကို ပြန်ရှာဖို့  Windows Explorer ကနေ သင်ဖိုင်ကို သိမ်းထားတဲ့ Drive အောက်ကိုသွားပြီး Search Box ကနေ Drive တစ်ခုလုံးမှာပြန်ရှာပါ။

တကယ်လို့ သင့် ဖိုင်တွေကို Dropbox, Google Drive, or SkyDriveတို့လို Cloud Storageမှာ သိမ်းတတ်တဲ့သူဆိုရင် အဲဒီမှာပြန်ရှာပါ။ ရှာမတွေ့ ရင် Trashထဲမှာ ရှာနိုင်ပါသေးတယ်။ Trashကလည်း Cloud Storageရဲ့  Recycle Binတစ်ခုပဲ ဖြစ်ပါတယ်။

Backup မှာရှာပါ။

စက်ပစ္စည်းတွေဟာ ပျက်ဆီးတတ်တာကြောင့် သင့်ရဲ့ အရေးကြီးဒေတာတွေကို မှန်မှန် Backup လုပ်ဖို့  အကြံပေးပါတယ်။ သင်ဟာ Backupလုပ်ထားသူ တစ်ယောက်ဆိုရင်တော့ Backupမှာ ပြန်ရှာပါ။
Windowsမှာ Backup Toolsတွေ ပါရှိပြီး Windows 7မှာပါရှိတဲ့ Previous Version Toolက ဖိုင်တွေကို ပြန်ရှာဖို့ လွယ်ကူပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါပေါ်မှာ Right Clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။ Previous Versions Tabမှာ Backupတွေကို တွေ့ မြင်နိုင်ပြီး Openကို နှိပ်ပြီးရှာပါ။

Windows 8ရဲ့  File History feature ကို အသုံးပြုရင်လည်း ဖိုင်တွေကို လွယ်လွယ်ကူကူ ပြန်ရှာနိုင်ပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါကို သွားပြီး History buttonကိုနှိပ်ပြီး ပြန်ရှာပါ။

Hard Disk Drive Vs Solid State Drive အပေါ်ကနည်းတွေ သုံးပြီးသင့်ဖိုင်တွေကို ရှာမတွေ့ဘူးဆိုရင် File Recovery Softwareတွေ သုံးပြီး ရှာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ Drive အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ အများဆုံးအသုံးပြုတဲ့ Drive တွေကတော့ Hard Disk Drive(HDD) or Magnetic Hard Driveတွေ ဖြစ်ပြီး Solid State Drive တွေကတော့ အသုံးပြုမှု နည်းပါတယ်။ သင့်ကွန်ပျူတာရဲ့  Hard Driveက ဘာအမျိုးအစားလဲဆိုတာ Manufacturer Specificationမှာ ကြည့်ပါ။

HDDမှာ ဖိုင်တွေကို Pointersတွေနဲ့  ညွှန်ပြပါတယ်။ Pointersတွေက အဲဒီဖိုင်ရဲ့ ဒေတာအစနဲ့  အဆုံးနေရာတွေကို မှတ်သားညွှန်ပြတာပါ။ HDDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် ၀င်းဒိုးက အဲဒီဖိုင်ရဲ့  Pointer ကိုပဲ ဖျက်လိုက်တာဖြစ်ပြီး အဲဒီနေရာကို Free Spaceအနေနဲ့  သတ်မှတ်လိုက်ပါတယ်။ ဒေတာတွေကိုတော့ မဖျက်ပစ်သေးပါဘူး။

အဲဒီအတွက် ဒေတာတွေကို တစ်ခြား ဒေတာတွေ Overwriteမလုပ်ခင် File Recovery Softwareတွေနဲ့ အမြန်ပြန်ရှာနိုင်ပါတယ်။ အမြန်ပြန်မရှာဘဲ တစ်ခြားဒေတာတွေ Overwriteလုပ်သွားရင်တော့ ပြန်ရှာလို့ မရတာတွေ၊ တစ်ဝက်တစ်ပျက်ပဲ ပြန်ရှာလို့ ရတာတွေ ဖြစ်တတ်ပါတယ်။
SSDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် TRIM commandကို သုံးပြီး အဲဒီနေရာကို အပြီးဖျက်လိုက်တာ ဖြစ်တဲ့အတွက် Recovery Softwareတွေသုံးပြီး ပြန်ရှာလည်း မရနိုင်တော့ပါဘူး။ Modern solid-state drives တွေနဲ့  Windows 7 and 8စတဲ့ OSတွေမှာ TRIMကို အသုံးပြုကြပါတယ်။ ရှေးကျတဲ့ SSDတွေနဲ့  Windows XPမှာတော့ TRIMကို Supportမပေးပါဘူး။ အဲလို အခြေအနေမှာတော့ သင့်ဖိုင်တွေကို Recovery Software တွေနဲ့ ပြန်ရှာနိုင်ပါတယ်။

အန္တရာယ်အကင်းဆုံးနဲ့ အောင်မြင်မှု အရှိနိုင်ဆုံးနည်း
သင်ဖိုင် တစ်ခုကို မှားဖျက်မိလိုက်တာ သိသိခြင်းပဲ ကွန်ပျူတာကို ပိတ်ပါ။ မပိတ်ဘဲ File Recovery Software တွေကို အင်စတော လုပ်မယ်ဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ Free Spaceအဖြစ် သတ်မှတ်ထားတဲ့ သင့်ဖိုင်တွေကို Overwrite လုပ်ပြီးအပြီးတိုင် ပျက်သွားနိုင်ပါတယ်။ အင်စတောလုပ်ပြီးသား Softwareတွေ Backgroundမှာ Runနေတဲ့ Programsတွေကလည်း သင့်ဖိုင်တွေကို Overwrite လုပ်ကောင်း လုပ်သွားနိုင်ပါတယ်။ အဲဒီအတွက် သင့်ကွန်ပျူတာကို ပိတ်ပြီး Driveကိုစက်ကဖြုတ်ပြီး တစ်ခြားစက်တစ်လုံးမှာ Secondary Driveအနေနဲ့  တပ်ဆင်ပြီး Recovery Softwareတစ်ခုခုနဲ့ ရှာပါ။ ဒီနည်းက သင့်ဖိုင်တွေကို ပြန်ရဖို့ အန္တရာယ်အကင်းဆုံးနဲ့  အောင်မြင်မှု အရှိနိုင်ဆုံးနည်းပါ။

အမြန်ဆုံးနည်း ဒါပေမယ့် စွန့်စားရမယ့်နည်း ဖျက်မိတဲ့ဖိုင်က အရေးမကြီးတဲ့ ဖိုင်ဆိုရင် အမြန်ဆုံးပြန်ရှာဖို့  File Recovery Softwareတွေကို သုံးနိုင်ပါတယ်။ Freeware တစ်ခုဖြစ်တဲ့ Recuvaကို ဒေါင်းပြီး အင်စတောလုပ်ပါ။ Recuva နဲ့  Driveကို Scanလုပ်ပြီး ဖိုင်ကို ပြန်ရှာနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းကို သုံးရင် သင့်ဖိုင်တွေကို ပြန်ရဖို့ မသေချာပါဘူး။ Recuva ကို အင်စတောလုပ်တဲ့အခါ ဖျက်လိုက်မိတဲ့ဖိုင်ရဲ့  ဒေတာတွေအပေါ်ကို Overwrite လုပ်သွားနိုင်ပါတယ်။ နောက်ပြီး တစ်ခြား Runနေတဲ့ Programsတွေ၊ Backgroundမှာ Runနေတဲ့ Programsတွေကလည်း Overwrite လုပ်သွားနိုင်ပါတယ်။

Professional Data Recovery Services ဖျက်မိတဲ့ဖိုင်ဟာ သင့်အတွက် အလွန်အရေးကြီးတဲ့ ဖိုင်ဖြစ်ပြီး အပေါ်ကနည်းတွေနဲ့ ပြန်ရှာလို့မတွေ့ရင် စက်ကိုပိတ်ပြီး Professional Data Recovery Servicesတွေဆီကို ပို့ လိုက်ပါ။ အဲဒီ Servicesတွေ Dying Hard Drive, Overwrite ဖြစ်သွား တာတွေကိုပါ ပြန်ရှာပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာမတော့ မခံပါဘူး။ အဲဒီ Servicesတွေရဲ့ ဝန်ဆောင်ခဟာ ကြီးမြင့်ပြီး နိုင်ငံခြားမှာတော့ ရှိပါတယ်။

ဒီမှာတော့ မသိပါ။ သင့်ရဲ့  အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့ သင့်ရဲ့ အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့  အမြဲတမ်း Backupလုပ်ဖို့ အရေးကြီးပါ တယ်။ Windows Backup Toolsတွေကို သုံးနိုင်သလို တစ်ခြား Software တွေ ကိုလည်း သုံးနိုင်ပါတယ်။ Cloud Storageတွေမှာလည်း သင့်ဖိုင်တွေကို သိမ်းပြီး Backup လုပ်နိုင်ပါတယ်။

Ref : http://www.howtogeek.com/169344/how-to-recover-a-deleted-file-the-ultimate-guide/
From: Myanmar ICT

Friday, July 19, 2013

မာယာ



ဒီနေ့ မိုးက အနည်းငယ် အုံ့ဆိုင်းကာ လေပြေလေညှင်းကလည်း အသာအယာတိုက်ခက်နေသည်။ အပြင်က ရာသီဥတုက သာသာယာယာရှိသလို ကျွန်တော့ရင်တွင်းမှာလည်း အေးချမ်းသာယာလျှက်ရှိလေသည်။ ကျွန်တော် နေ့စဉ် မပြတ်တမ်းစောင့်ကြည့်နေသော သူမသည် ဒီနေ့ အင်မတန် လှပလွန်းနေသည်။ သူမသည် ဒီနေ့ ဂျင်းန်ဂါဝန် အပြာရောင် ဖျော့ဖျော့ ဒူးလောက်မရှိတရှိ ဂါဝန်ကို ၀တ်ဆင်ထားပြီး အဖြူရောင် ကျောပိုးအိတ်လေးကို ကျောမှာလွယ်ထားကာ ပုခုံးကျော်ကျော် ဆံပင်ပျော့ပျော့စင်းစင်းလေးတွေက ပုခုံးထက်မှာ ညင်သာစွာ ယိမ်းနွဲ့လှုပ်ရှားလျှက်။ ဖြူဖွေးလှပလွန်းသော ခြေကျင်းဝတ်များတွင် Foot chain နှစ်ခုက တစ်ဖက်တချက်စီ နေရာယူလျက် တစ်ယောက်တည်း ခပ်စိုက်စိုက်ဖြင့် လမ်းလျှောက်လာခိုက်။
“ယု”
“ ဟင် “
ကျွန်တော့ကို သူ အံ့သြနေတဲ့ မျက်လုံးအစုံနှင့် အလန့်တကြား လှည့်ကြည့်သည်။
“ဒီနေ့ တစ်ယောက်တည်းလား”
“ ဟုတ်.. ဒါနဲ့ ယုကို သိလို့လားဟင်”
ယုပြောလိုက်တဲ့ စကားပေါ်မှာ ကျွန်တော် ကျေနပ်စွာနဲ့ ပြုံးလိုက်ပြီး..
“ကျွန်တော် ယုကို သိနေတာကြာပါပြီ ကျွန်တော်နာ့မည် ခန့်နိုင်ပါ.. ယု နဲ့ ခင်ချင်လို့ပါ.. ခင်ခွင့်ပြုမယ်မလား”
‘အင်း ယူက ဘယ်သူမှန်းလည်း မသိဘူးနော်..”
“ကျွန်တော်က ယုတက်နေတဲ့ သင်တန်းကပါ”
“ ဟင် .. ဟုတ်လား၊ ဒါဆို ယူလည်း Level III တက်နေတာပေါ့.. တစ် Section ထဲတောင်မှ ယု သတိမထားမိဘူး..”
“ လူများတာကိုး ယုရဲ့.. လူက ငါးဆယ်ကျော်ရှိတယ်ဆိုတော့ ကျွန်တော်လည်း အားလုံးကို မသိသေးပါဘူး.. ယုကတော့ ဆရာစာမေးလိုက်တိုင်း ကျွန်တော်ဖြေဖို့ ပြင်တုန်း ကြားထဲကနေ ၀င်ဝင်ဖြေသွားလို့ သတိထား မိတာ”
“ အယ် .. ဟုတ်လား.. အဲ့လိုဖြစ်သွားလား.. ဆရာကလည်း သူမေးတာကို ဖြေမယ့်သူမရှိရင် ဆက်သင်ရတာ အားမရှိမှာ စိုးလို့လေ.. ယုလည်း သိပ်သိလို့တော့မဟုတ်ဘူး.. ဒါကြောင့် တခါတလေ အဆူခံရတာ”
“ ယုက တော်ပါတယ်.. မိန်းကလေးပေမယ့် ဖြတ်ထိုးဥာဏ်ကောင်းတယ်.. “
“ တကယ်လား.. ဒါဆို ယုက မုန့်လိုက်ကျွေးရတော့မှာပေါ့”
ဟုပြောပြီး သူမ ရယ်မောနေလေသည်။
“ သြော် ဒါနဲ့ ဒီနေ့သူငယ်ချင်းတွေ မပါဘဲ တစ်ယောက်တည်းပါလား၊ အရင် သူငယ်ချင်းတွေနဲ့ အမြဲတွေ့နေရတာ”
“ ဟုတ်တယ် …အရင် သူငယ်ချင်းနှစ်ယောက်နဲ့ တူတူသွားနေကြလေ ဒီနေ့ တစ်ယောက်က သိပ်နေမကောင်းချင်လို့တဲ့ .. တစ်ယောက်ကတော့ ဒီနေ့ တခြားသူနဲ့ ချိန်းထားတာရှိလို့တဲ့.. ဆရာ့ကို ခွင့်တိုင်ခိုင်းလိုက်တယ်..ဒါနဲ့ တစ်ယောက်တည်း ဖြစ်သွားတယ် ..”
“သြော်…. ဒါနဲ့ ယု ဘာစားပြီးပြီလည်း”
“ ဟင့်အင်း မစားရသေးဘူး ဒါနဲ့ နာမည်က ဘယ်သူ.. “
“ ခန့်နိုင်ပါ”
“ ဟုတ် ကိုခန့်နိုင်..”
“ု ဆရာ အိမ်စာတွေပေးလိုက်တာ တွက်လို့အဆင်ပြေလား”
“ Statistics လား၊ ABC လား”
“ Statistics လေ”
“ ပြေတယ် ကိုခန့်နိုင်.. ယုတွက်ပြီးသွားပြီ.. အခုချိန်ထိတော့ Statistics ကတော့ လွယ်နေသေးတယ်”
“ ဟုတ်တယ် ယု.. Accounting တော့ ခက်တယ်တဲ့ နည်းနည်းသတိထားရမယ်”
“ ဟုတ်တယ် ဆရာကလည်း Accounting ကို နောက်မှ သင်မယ်ထင်တယ်နော်.. ဒီနှစ်ဘာသာကို အရင်ဖြတ်နေတာဖြစ်မယ်”
“အင်း ဟုတ်လောက်မယ်..”
သူမ မျက်နှာကို ငေးကြည့်လျှက်မှ …
“ယုကို နှုတ်ဆက်ဖို့ စဉ်းစားပေမယ့် သူငယ်ချင်းတွေနဲ့ အမြဲအတူသွားလာနေတော့ လာနှုတ်ဆက်ရင် ငကြောင်ဆိုပြီး အဟားခံရမှာစိုးလို့ အခွင့်မသာခဲ့လို့ အခုမှပဲ မိတ်ဆက်ဖြစ်တာ”
“ သြော်.. သူငယ်ချင်းတွေက သဘောကောင်းပါတယ်.. သူတို့လည်း ခင်တတ်ပါတယ်..“
“ ဒါဆို ယု ကျွန်တော်တို့ သူငယ်ချင်း ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ တခုခု လိုက်ကျွေးပါရစေ..”
“ဟုတ်.. သွားကြတာပေါ့ ကိုခန့်နိုင်.. ဘယ်ဆိုင်သွားမလဲ”
“ကျွန်တော်တို့ သင်တန်းနားက ဆိုင်တစ်ဆိုင်မှာပဲ သွားစားကြရင် ကောင်းမလား”
“ ကောင်းသားပဲလေ.. ယုလည်း မနက်စာ မစားရသေးတော့ တခုခု သောက်မလား စဉ်းစားနေတာ”
စကားတပြောပြောနှင့် လျှောက်သွားရင်းမှ ယုနှင့် ကျွန်တော် သင်တန်းနားက လက်ဖက်ရည်ဆိုင်သို့ ရောက်မှန်းမသိ ရောက် လာကြပြီး နေရာရှင်းသည့် စားပွဲတွင် ၀င်ထိုင်လိုက်ကြသည်။

“ယု ဘာစားမလဲ”
“ အင်း.. နက်စ် နဲ့ ပဲပလာတာစားမယ်”
စားပွဲထိုးတစ်ဦး အနီးရောက်လာခိုက်-
“ညီလေးရေ နက်စ် တစ်ခွက်။ ကျစိမ့်တစ်ခွက်နဲ့ ပဲပလာတာတစ်ပွဲ”
“ ယု .. အသက်က ဘယ်လောက်ရှိပြီလဲ.. “ ဟု ကျွန်တော် မေးလိုက်တော့ သူမက ဆိုင်ကကောင်လေး လာချသွားသော နက်စ်ကော်ဖီထုတ်ကို ရေနွေးထဲထည့်ကာ ဇွန်းဖြင့် မွှေနေရင်းမှ တချက်ပြုံး လိုက်သည်။ ပြုံးလိုက်လျှင် ပေါ်လာသော သွားတက်လေးကို ကျွန်တော် အမှတ်မထင် ငေးမော ကြည့်နေ ခိုက်…
“ ကိုခန့်နိုင်က ဘယ်လောက်ရှိပြီလဲလို့ ထင်လဲ”
ကျွန်တော့်ဖက်ကို ပြန်မြှားဦးလှည့်လာသည်။ ကျွန်တော် ဘယ်လိုဖြေလိုက်ရင် ကောင်းမလဲ၊ မိန်းကလေးများက အသက်ကို ရှိသည်ထက် ပိုငယ်ကြောင်းခန့်မှန်းပေးလျှင် သဘောကျကြသည်ဆိုတာကို ကျွန်တော် ၀တ္တုတွေ ထဲမှာ ဖတ်ဖူးသည်ဆိုတော့….
“ အင်း အလွန်ဆုံးရှိ နှစ်ဆယ်ပေါ့..”
ကျွန်တော့်ဖြေသံလည်း ကြားရော သူမ ဟက်ခနဲရယ်ပြီး…
“ အမယ် ခန့်မှန်းတာ တော်လှချည်လား ကိုခန့်နိုင်ရယ်.. ဟုတ်ပါတယ် ယုအသက်က အခုလာမယ့် မေလ (၁၂) ရက်ဆို (၂၀) ပြည့်တော့မှာ… “
“ဟုတ်လား.. ကျွန်တော် မှန်းရင်လွဲနေကျလေ ဒီတခါတော့ မှန်သွားပြီ… “
“ ဟုတ်လား.. ကိုခန့်နိုင်ကကော ဘယ်နှနှစ်ရှိပြီလဲ.. ယုထက် ကြီးလား၊ ငယ်လား”
“ ကျွန်တော်က (၂၁) ထဲမှာပါ”
“သြော် .. ဒါဆို အစ်ကိုကြီးပေါ့..”
ဟု ပြောပြီး နှစ်ယောက်သား သဘောကျစွာ ရယ်မိကြသည်။

*****************************************************************************
၂-

ယုသည် ရုတ်တရက်ကြည့်လျှင်တော့ လှသည်ထက် ချစ်စရာကောင်းသော ပုံသဏ္ဏန်ရှိသည်။ အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် အချိုးအစားပြေပြေပြစ်ပြစ်နှင့် ကျွန်တော်တွေ့ဖူးသမျှ မိန်းကလေးများထဲတွင် ပွင့်လင်းမှုရှိပြီး ပြောလို့ ဆိုလို့ကောင်းသည်။ ယုသည် မျက်နှာကျ သိပ်မလှ၊ တရုပ်မတွေလို မျက်လုံးပိတ်ပိတ် နှင့် အဖြူရောင်ဖက်သန်းသော မျက်ခုံးအရောင်ရှိသည်။ သေချာကြည့်ရင် သိပ်မလှပေမယ့် ကျွန်တော့မျက်လုံးထဲ မှာတော့ သူမဟာ နတ်သမီးတစ်ပါးပါပဲ။

သူ့ကို စသိခဲ့သည်မှာ ကျွန်တော် သင်တန်း စတက်ပြီး လေးရက်မြောက်ဖြစ်ပါသည်။ သင်တန်းရှေ့
လက်ဖက်ရည်ဆိုင်တွင် ကျော်မင်းကို ထိုင်စောင့်နေသည့်အချိန်၊ ဆိုင်ရှေ့ သူငယ်ချင်းနှစ်ယောက် နှင့် လမ်းလျှောက်သွားသော မိန်းကလေးများ အဖွဲ့မှ တခုခုကို သဘောကျပြီး အဖွဲ့လိုက် ရယ်လိုက်သော ရယ်သံကြောင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော ပုရိသများ၏ မျက်လုံးသည် ထိုအဖွဲ့သို့ ရောက် သွားကြသည်။ ထိုအချိန်မှာ သူငယ်ချင်းများပြောသည်ကို သဘောကျစွာ ရယ်မောနေသော သူမကို စတင်တွေ့ခဲ့သည်။ သဘောကျစွာ ပြုံးလိုက်သည့်အခါ ပေါ်လာသော ချစ်စဖွယ် သွားတက်လေးကို ကြည့်ပြီး ကျွန်တော် မှင်တက် ငေးမောနေခဲ့ရသည်း
သူနှင့် သူငယ်ချင်းဖြစ်ပြီး နောက်တစ်ရက် ထုံးစံအတိုင်း ကျွန်တော် မနက်စောစောထ သင်တန်းသွားရန် ပြင်ဆင်ပြီး လက္ဘက်ရည်ဆိုင်တွင် သူငယ်ချင်းတွေနှင့် ထိုင်စောင့်နေခိုက် ခပ်ဝေးဝေးမှ သူ၏ အရိပ်ဟု ထင်မှတ်သော အရိပ်တခု တဖြည်းဖြည်း နီးကပ်လာသည်။ နီးကပ်လာလေ သူဆိုတာ ပိုသေချာလာလေ။ ဟုတ်ပါတယ်။ ကျွန်တော် တိတ်တခိုးနှင့် နာမည်ပေးထားသော ကျွန်တော့ရဲ့ သွားတက်လေး။ ကျွန်တော်စိတ်တွေကို သူ့အပြုံးတွေနှင့် ဖမ်းယူ သိမ်းပိုက်ထားသည့် သူမသည် ဒီနေ့ အဖြူခံပေါ်မှာ ခဲရောင် ပန်းပွင့်အဆုပ်အဆုပ်တွေပါသော ချည်သားဂါဝန်လေးနှင့် တမျိုးဆန်းသစ် လှပနေ ပြန်သည်။
နာရီကြည့်လိုက်တော့ (၈း၃၅)မိနစ်၊ သင်တန်းက (၉း၀၀) စမှာ၊ သူ ဒီနေ့တစ်ယောက်တည်းပါလား ဟု စိတ်က တွေးလိုက်ပြီး နှုတ်ကလည်း ကံဇာတာက ခန့်နိုင်ဘက် ရပ်တည်နေတာ သေချာပြီဟု ခပ်တိုးတိုးရေရွက်ရင် ပြုံးလိုက်သည်။ သူ ကျွန်တော်ထိုင်နေသော လက်ဖက်ရည်ဆိုင်နား ရောက်ခါနီးတွင် ဆိုင်ထဲမှ ထကာ ရှေ့ထွက်၍ ရပ်စောင့်နေလိုက်သည်။
ကျွန်တော့်ကိုလည်း မြင်ရော သွားတက်လေးတွေပေါ်အောင် ထပ်ရယ်ပြပြန်သည်။ သူမ အပြုံးတွေက ကျွန်တော့ရင်တွေကို အေးစေတာတော့ စတွေ့တည်းက သတိထားမိသည်။ ကျွန်တော့်စိတ်ထဲမှ ခဏခဏ မပြုံးပြပါနဲ့လား… ယုရယ် ဟု တိတ်တဆိတ် ရေရွက်မိလိုက်ပြီး… သူမအနီးနားရောက်ခိုက်…
“ ယု “
“ ရှင့်”
“ ဒီနေ့လည် တစ်ယောက်တည်းပဲပေါ့..”
“ ဟုတ်တယ် ကိုခန့်နိုင် သူဇာ မေမေ မသက်သာသေးလို့ မနက်ဖြန်မှ တက်မယ်ပြောတယ်.. ရည်မွန်ကလည်း သူ့ကျူရှင်ကနေ တဆက်တည်း သွားမယ်ဆိုလို့လေ”
“သြော် .. ဒါဆို ယု ဘာစားခဲ့ပြီးပြီလဲ.. မစားရသေးရင် တခုခုဝင်စားရအောင်လေ..“
“ ဟုတ်.. ဒီနေ့တော့ ကော်ဖီနဲ့ အီကြာကွေးနဲ့ စားခဲ့တယ်.. ကိုခန့်နိုင်ရော စားပြီးပြီလား….”
“ ဟုတ်.. ကျွန်တော် အခုပဲ လက်ဖက်ရည်သောက်ထားတာ”
“ သြော် .. ဒါဆိုလည်း သင်တန်း တန်းသွားကြတာပေါ့”
သူမနှင့်အတူ ယှဉ်တွဲကာ သင်တန်းသို့ စကားတပြောပြောနှင့် လမ်းလျှောက်လာခိုက်..
“ကိုခန့်နိုင် စာမေးပွဲကို ဘယ် Series ဖြေမယ်စိတ်ကူးထားလဲ”
“ ကျွန်တော်တော့ နိုဝင်ဘာ ဖြေမယ်.. ယုရော ဘယ် စီးရီး ဖြေဖြစ်မလဲ”
“ အင်း.. နိုဝင်ဘာပဲ ဖြေတော့မယ်.. မြန်မြန်ဖြေပြီးတော့လည်း ပြီးတာပဲပေါ့.. “
“ ဟုတ်တယ် ယု..သင်တန်းပြီးတော့လည်း အလုပ်ဝင်မလားလို့လေ..”
“ဟုတ်တယ်.. တူတူပဲ ယုလည်း အလုပ်လုပ်ချင်နေပြီ”
စကားပြောရင်းနှင့် သင်တန်းတံခါးဝနားရောက်လာခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ပြီး
ကိုယ့်နေရာ ကိုယ်ဝင်ထိုင်လိုက်ကြလေသည်။

သူနှင့် ကျွန်တော် သင်တန်းဖြေဆိုအောင်မြင်ပြီး လအနည်းငယ်အကြာမှာတော့ သူက ရန်ကုန်ရှိ သွင်းကုန် ထုတ်ကုန်ကုမ္ပဏီတခုတွင် စာရင်းကိုင် အလုပ်ရခဲ့လေသည်။ သူက နယ်ကဆိုတော့ သူမသည် ရန်ကုန်ကအဆောင်တစ်ဆောင်မှာ နေရင်း အလုပ်လုပ်လျှက်။ ကျွန်တော်ကတော့ သူမနှင့် မရှေးမနှောင်းကာလမှာပင် မန္တလေးမြို့ရှိ နိုင်ငံခြား ဘိလပ်မြေဖြန့်ဖြူးသည့် ကုမ္ပဏီတခု၌ သူဌေးရဲ့ Personal Assistant အလုပ်တခုရ ခဲ့ လေသည်။


အချိန်တွေကြာလာတာနှင့်အမျှ ကျွန်တော်နဲ့ သူရဲ့ သံယောဇဉ်ကလည်း တဖြည်းဖြည်းကြီးမားလာသည်။ ဒီလိုနဲ့ သူနဲ့ကျွန်တော် သူငယ်ချင်း မက သမီးရည်းစားမကျ အခြေအနေတွေဖြစ်လာခဲ့ကြတယ်။ သူမကို ကြိုက်နှစ်သက်သူများပေမယ့် သူမရွေးချယ်သည့်သူ မရှိသေးတာကြောင့် ကျွန်တော် သူမကို ဖွင့်ပြောဖို့ ဆုံးဖြတ်ခဲ့တယ်။ သူငယ်ချင်း အပေါင်းအသင်းများတဲ့သူ့ကို စိတ်မချတာတွေလည်း ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်စိတ်ထဲမှာတော့ သူက ကျွန်တော်ရဲ့ ဘယ်ဘက်နံရိုးလေး တစ်ချောင်းပါပဲ။

တစ်ရက် ညနေစောင်း အချိန် ကိုခန့်နိုင်နှင့် ယုတို့နှစ်ယောက် ကော်ဖီသောက်ဖို့ Mr. Guiter ကို ရောက်လာတဲ့ အချိန်။ ဆိုင်ထဲ ၀င်ဝင်ချင်း-
“ကိုကြီး”
“ဟေ”
ကိုခန့်နိုင် စားပွဲတစ်လုံးတွင် တစ်ယောက်တည်း ကော်ဖီသောက်နေသော လူတစ်ယောက်ထံ လျှောက်သွားပြီး နှုတ်ဆက်လိုက်သဖြင့် ယုလည်း မယောင်မလည်နဲ့ ကိုခန့်နိုင်နှုတ်ဆက်သော သူ၏ စားပွဲနားသို့ ရောက်သွား ရာ-
“တစ်ယောက်တည်းလား”
“ ဟုတ်တယ်.. ညီလေးရော ကော်ဖီလာသောက်တာလား”
ဟု ပြောပြီး ကိုခန့်နိုင်ဘေးတွင် ရပ်နေသော ယုဆီမျက်လုံးရောက်လာခိုက်..
“ဟုတ်တယ်၊ ဒါ ကျွန်တော် ပြောပြောနေတဲ့ ကျွန်တော့်ကောင်မလေးလေ.. နာမည်က ယုသဉ္ဖာခိုင်တဲ့ ဘယ်လိုလဲ..လှတယ်မလား”
ဟု ယု လက်ကိုဆွဲပြီး နှုတ်ဆက်ပေးလိုက်သည်။
“ အင်း အချောလေးပါပဲ.. ငါ့ညီလေးက ရွေးတတ်သားကွ”
“ ယု.. ဒါ ကို့ အစ်ကို ၀မ်းကွဲ ကိုဇေယျာတဲ့၊ ရေတပ်က ဗိုလ်ကြီးတစ်ယောက်ပဲ”
“ တွေ့ရတာ ၀မ်းသာပါတယ် ကိုဇေယျာ”
“ ဟုတ်ကဲ့ခင်ဗျ၊ ညီလေးခေါ်သလို ကိုကြီးလို့ခေါ်လည်းရပါတယ်”
“ဟုတ်ကဲ့ပါ၊ ကိုကြီး”
ကျွန်မရဲ့ မ၀ံ့မရဲနဲ့ ထွက်ကျလာတဲ့ ကိုကြီးဆိုတဲ့ ခေါ်သံမှာ အသံတွေ တုန်ယင်လို့၊ ရင်ကလည်း တဒိန်းဒိန်းခုန်ကာ ဒူးတွေတောင် ညွက်ကျသွားမလိုလို။ “စိတ်ထိမ်းစမ်း ယု၊ ယောကျာ်းတစ်ယောက်ကြောင့် ဒီလောက် အိနြေ္ဒပျက်စရာမလိုဘူး” ဟု ကိုယ့်ကိုယ်ကို သတိပေးရသည်။
“ ဒါနဲ့ ယုက ဒီကပဲလား”
အသံတွေ မတုန်အောင် မနည်းထိမ်းပြီး…
“ဟုတ်ကဲ့.. ကိုကြီး”
“ ဟုတ်တယ် ကိုကြီး၊ ယုက ပြည်က အခု ရန်ကုန်မှာ အလုပ်လုပ်နေတာဆိုတော့ လှည်းတန်းက မိန်းကလေးအဆောင် တစ်ဆောင်မှာနေတယ်၊ ကျွန်တော်အလုပ်က မန္တလေးမှာဆိုတော့လည်း အမြဲတမ်းလာမတွေ့နိုင်ဘူးပေါ့၊၊ ရန်ကုန်ကို သူဌေးက အလုပ်ကိစ္စရှိလို့ ဆင်းလာမှပဲ အချိန်လုပြီး လာတွေ့နိုင်တာ.. ကိုကြီးက ရန်ကုန်မှာဆိုတော့ ယုကို အမြင်မတော်တာတွေရှိရင်လည်း ဆုံးမပေးပါဦး၊ အပ်ပါတယ်”
“ ကိုခန့်နိုင်ကလည်း.. ယုက ကလေးမှမဟုတ်တာ.. ကိုကြီးအလုပ်ရှုပ်အောင်”
“ရပါတယ် ယု။ ကိုယ့်ညီလေးရဲ့ ကောင်မလေးဆိုတော့ ကိုယ့်ညီမလေးပဲပေါ့ အိုကေ ညီလေး.. ဘာမှမပူနဲ့.. ဒါနဲ့ ဒီမှာပဲ ထိုင်လိုက်ကြလေ.. တစ်ဝိုင်းထဲပဲ”
“ဟုတ်ကဲ့ ကိုကြီး.. “

ကိုခန့်နိုင်က ယုနှင့် ကိုဇေယျာနှင့် မိတ်ဆက်ပေးသည့် အချိန်မှ စ၍ ယုဘ၀တွင် တခါမှ မခံစားဖူးသော ရင်ခုန်မှုကို စတင် ခံစားခဲ့ရသည်။ ကိုဇေယျာသည် ကိုခန့်နိုင်ထက် နှစ်နှစ်ကျော် ကြီးပြီး ရေတပ်က သုံးပွင့် ဗိုလ်ကြီးတစ်ယောက်။
ဝတ်ထားတဲ့ လည်ကတုံး အကျီ အဖြူလက်ရှည်နှင့် နက်ပြာရောင်ပုဆိုးအကွက်စိပ်စိပ်ကြောင့်လား မသိပေမယ့် ကိုကြီးပုံစံက တည်ငြိမ်အေးဆေးသည့် လူကြီးလူကောင်းပုံပေါ်နေသည်။ ကော်ဖီခွက်ကို ကိုင်ထားတဲ့ သူလက်ချောင်းသွယ်သွယ်တွေက ဖြူဖွေးသန့်စင်လို့။ ကိုကြီးက စကားပြောရာတွင် ညင်သာ သိမ်မွေ့သလို အနေအထိုင်လည်း ငြိမ်သက်လှသည်။ ယုရဲ့စိတ်တွေကလည်း ကိုခန့်နိုင်နှင့် ကိုကြီးတို့ ပြောနေသည့် အကြောင်းအရာတွေပေါ်မှာ ရောက်လိုက် တခြားတစ်နေရာကို ရောက်သွားလိုက်နှင့် ယောက်ယက်ခက်လို့။ တဒိန်းဒိန်းနှင့် ခုန်နေသော ရင်ခုန်သံတွေကိုလည်း ငြိမ်သက်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ယုကိုယ်တိုင်တောင် မစဉ်းစားတတ်တော့။ လက်ဖျားတွေ အေးစက်နေတာ ကိုခန့်နိုင်များ ရိပ်မိသွားမလားဟူသော အတွေးဖြင့် စိုးရိမ်စိတ်ဖြင့် ဗျာများလျှက်။
*****************************************************************************


၃ -

“ ဘာဖြစ်လို့ ငိုနေရတာလဲ.. ကိုခန့်နိုင်.. ယောက်ျားလေး မျက်ရည်ကျတာကို ယုသိပ်မုန်းတယ်လို့ ပြောထားတာ ကိုခန့်နိုင် မသိတာလား၊ ယုက ကိုခန့်နိုင်ကို အရမ်းနှိပ်စက်ရာများ ကျနေလို့လားဟင်”
“ ငိုတာမဟုတ်ပါဘူး ယုရယ်.. ရင်ထဲမှာ ပူလောင်လွန်းလို့ သူ့အလိုလို စီးကျလာတာပါ”

ယုသည် ဘာစကားမှထပ်မပြောပဲ တိတ်ဆိတ်ကာ ကောင်းကင်၌ သာနေသော လ၀န်း ၀ါဝါကို အမှတ်မထင် ငေးမောကြည့်နေသည်။ သူ၏ လက်ဖျံလေးတွေက လရောင်ကြောင့် ပိုမို ၀င်းဝါနေသလိုလို။ သူ့မျက်နာကတော့ ဒေါသ အရှိန်ကြောင့် အနည်းငယ် ခက်ထန်နီမြန်းလျှက်။
“ အလုပ်ကို အကြောင်းပြပြီး ကိုယ့်ချစ်သူကို ဂရုမစိုက်ပဲ ပစ်ထားတာက ကိုခန့်နိုင်ပါ.. ကိုခန့်နိုင် ဂရုမစိုက်လို့ ဂရုစိုက်မယ့်သူကို ရှာတာ ယု အပြစ်လား.. ယု အပြစ်လား ပြောစမ်းပါ”
“ ယုမှာ အပြစ်မရှိပါဘူး.. ဟုတ်ပါတယ် ကိုယ့်အပြစ်တွေပါပဲ.. ဒါပေမယ့် ယုရယ်.. ကိုယ့်ကောင်မလေး အကြောင်း သူများတွေဆီက ပြန်ပြန်ကြားနေရတာ ရင်နာလွန်းလို့ပါ..ကို ဂရုမစိုက်လို့ စိုက်မယ့်သူရှာတယ်ဆိုလည်း နောက်ထပ် တစ်ယောက်လောက်ဆို တော်ရောပေါ့၊ အခု ယု လုပ်နေတာတွေက ။ ယု အခုတွဲနေတဲ့ သူက ဘယ်လို အကျင့်စရိုက်ရှိတယ်ဆိုတာလည်း ယုလည်း အသိ.. မိဘချမ်းသာတာကို ဗန်းပြပြီး မိန်းကလေးတွေ ထည်လဲတွဲပြီး ကျောရရုံကြံနေတဲ့သူဆိုတာ ယု့ကို ပြောပြထားပြီးသားလေ.. ဒါနဲ့များကွာ”
“ ယုကောင်းမယ်ထင်လို့ ယုလုပ်တာ.. ဖြစ်သမျှ ကောင်းတာ ဆိုးတာကို ယု ခါးစီးခံလိုက်မယ်.. ကိုခန့်နိုင် စိတ်မပူနဲ့.. သေချာတာတော့ သူက ကိုခန့်နိုင်လိုမျိုး ယု ကို လျစ်လျူရှုမထားတာပဲ”
“ ခက်တယ် ယု.. လျစ်လှူရှုတယ်ဆိုရင် ယုလိုချင်တာတွေ ယုဖြစ်ချင်တာတွေကို ကို ဘယ် ဖြည့်ဆည်းပေးနေပါ့မလဲ။ ဟိုကောင်က လိုချင်တာရှိလို့ ယုကို ဂရုစိုက်ချင်ယောင်ဆောင်ပြီး အနားကပ်လေကွာ၊ ယုဆီကသာ သူလိုချင်တာရရင် ယု ရင်ဝကို စုံကန်ပြီးထွက်သွားမယ့် လူစားမျိုး ယုရဲ့၊ နောက်ပြီး ယုလည်း ကို့အလုပ်အကြောင်း သိသင့်သလောက် သိနေပြီပဲလေ.. ကို့အလုပ်က ကိုယ်ပိုင်အလုပ်မဟုတ်ဖူးလေ..သူဌေး PA လုပ်ရတာ၊ သူဌေးသွားသမျှ နေရာတွေကို တကောက်ကောက်လိုက်ရတာလေ။ အလုပ်များလို့ အချိန်မပေးနိုင်တာ ကို့အပြစ်လား.. အခု ကိုက တခြားမိန်းမတယောက်နဲ့ ပွေနေ ရှုပ်နေလို့ ယု့ကို အချိန်မပေးနိုင်တာမို့လား ယုရ၊ ကို အလုပ်လုပ်နေတာ ယုအတွက် လုပ်နေတာဆိုတာ ယုသိရဲ့သားနဲ့ကွာ”
“ ကိုခန့်နိုင်ရယ်.. လူတိုင်းကတော့ အလုပ်လုပ်နေကြတာပဲလေ.. ယု့ကို စလိုက်တဲ့ အချိန်က ကိုခန့်နိုင်က အလုပ်လက်မဲ့ အခြေအနေနဲ့ လိုက်ခဲ့တာလား၊ အဲ့အချိန်တည်းက အလုပ်လုပ်နေတာပဲလေ၊ အဲ့ချိန်တွေတုန်းကတော့ အချိန်ပေးနိုင်ပေမယ့် အခုသုံးနှစ်လောက် ကြာလာတဲ့အချိန်ကျမှ့ အချိန်မပေးနိုင်တာ သတိရလို့ ဖုန်းဆက်ရင်တောင် နှစ်မိနစ်ထက် ပိုပြောနိုင်တာ မဟုတ်ဘူးလေ၊ ယုက ကိုခန့်နိုင်အတွက် ဘာလဲ၊ ချစ်သူ သမီးရည်းစားဆိုတာ ပေးသင့်တဲ့ အချိန်ပေးမှု၊ ဂရုစိုက်မှုဆိုတာတော့ ရှိသင့်တာပဲလေ၊ ကြာလာလေ အလေးအနက်မထားတော့တာ အရမ်းသိသာတာပဲ.. ရပါတယ် အဆင်ပြေသလိုနေပါ.. နောက်ပြီး ဒီလို ငြီးငွေ့ဖို့ ကောင်းတဲ့ဇာတ်လမ်းကိုလည်း ယု အဆုံးသတ်ချင်နေပြီ၊ ယုလည်း ယု ပျော်ရွှင်မယ်လို့ ထင်တာတွေ ယုလုပ်မယ်.. ဘယ်ဟာ မကောင်းဘူး ကောင်းတယ်ဆိုတာ ယု့ကို လမ်းပြပေးနေရအောင် ယုက သူငယ်နှပ်စားလည်းမဟုတ်ဘူး၊ ယု့ဦးနှောက်နဲ့ ယု ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်တာ မှန်သမျှ ဘယ်တော့မှ နောင်တရမှာမဟုတ်ဖူး။ ရှေ့လျှောက် ကိုယ့်လမ်း ကိုယ်ဆက်လျှောက်ကြတာပေါ့..”
တခုခုတော့ သေချာစဉ်းစားဖို့လိုပြီ။ ဖြစ်နေတဲ့ အကြောင်းအရာတွေအပေါ်မှာ သေချာသုံးသပ်ကြည့်လျှင် ကျွန်တော်ဖက်ကနေ ကျူးလွန်ခဲ့တာ ဘာမှမရှိ။ သူမကြိုက်ဖူးထင်တဲ့ အရာတွေတော်တော်များများကို စွန့်လွှတ်ခဲ့တာ သူမနှင့် ရည်းစားဖြစ်စတည်းက။ သူမမှာတော့ ဒီလိုမဟုတ်။ သူမလုပ်သမျှတွေ ကျွန်တော် သိနေပေမယ့် သူငယ်ချင်းတွေကြားထဲ မင်းတော့ ခံလိုက်ရပြီ။ မင်းကောင်မလေး ဘယ်သူနဲ့ ဘယ်နေရာမှာ တွေ့ခဲ့ပြန်ပြီ။ ဘယ်သူနဲ့ ဘယ်ကို ခရီးထွက်သွားပြန်ပြီ။ ဘယ်သူလက်ဆောင်တွေ ပေးတာကို ယူပြန်ပြီ စတဲ့ စကားတွေလည်း နားလျှံနေအောင် ကြားခဲ့ရတာ နှစ်တွေကြာပြီ။ သူငယ်ချင်းတွေ ကျွန်တော့်ကို ကွယ်ရာမှာ တိရိစ္ဆာန်နှင့် နှိုင်းပြီးပြောနေတာတွေကိုလည်း မသိချင်ယောင်ဆောင်နေခဲ့ရတာ တော်တော်ကြာပြီး သူငယ်ချင်း(ကောင်မလေး)တွေကြားထဲလည်း သူစွပ်စွဲလွန်းလို့ ခင်မင်ရတဲ့အခြေအနေကနေ မျက်နှာပျက်ရသည့် အကြိမ်အရေအတွက် မနည်းတော့။ ဒါပေမယ့် ယု ငါ့ဖက်မှာ ရှိနေမှာပါပဲလေဆိုတဲ့ စိတ်နဲ့ အရာရာကို ခွင့်လွှတ်ခဲ့တယ်။
ကျွန်တော်မှာ သူ မက်မောလောက်တဲ့ ရာထူး၊ ရာခံ မရှိလို့ ရှိတဲ့ ကျွန်တော့် ထက်သာတဲ့သူနဲ့တွဲလည်း ကျွန်တော် မျက်စိမှိတ်ပြီး မသိချင်ယောင်ဆောင်ခဲ့ပေးတာ။ အခုချိန်မှာ သူစိတ်ချမ်းသာသလို နေပါစေ အချိန်တန်လို့ ကျွန်တော်ရင်ခွင်ကို သူပြန်လာရင် ပြီးတာပဲလေဆိုတဲ့ စိတ်နဲ့ သည်းခံနေရတာတွေက နောက်ဆုံး ကျွန်တော့ အပြစ်တွေ ဖြစ်နေတာပဲလား။ သူနှင့် စကြိုက်ပြီဆိုကတည်းက အလှအပ မက်မောလွန်းတဲ့သူ၊ ပစ္စည်းကောင်းတွေမှ ရွေးကြိုက်တတ်တဲ့သူ၊ တစ်လ တစ်လ သူရတဲ့ လစာရဲ့ လေးငါးဆလောက် သုံးချင်ဖြုန်းချင်တဲ့ သူ့ကို သူ့ မိသားစုက လောက်လောက်လားလား မထောက်ပံ့နိုင်တော့ ကျွန်တော်ချစ်တဲ့သူ မျက်နှာမငယ်စေချင်တဲ့စိတ်နဲ့ တတ်နိုင်သလောက် ထောက်ပံ့ခဲ့တာတွေကကော။ သူထပ် တက်ချင်တဲ့ ACCA ဆက်တက်ဖို့အတွက် ကျွန်တော် တတ်နိုင်သလောက် ချွေတာစုဆောင်းပြီး ထောက်ပံ့ခဲ့တာတွေက နောက်ဆုံးရလဒ်က ဘာဖြစ်လာခဲ့သလဲ။
“နေဦးယု၊ တခုခုတော့ လွဲနေပြီ၊ အခု ကိစ္စမှာ ဘယ်သူမှားပြီး၊ ဘယ်သူမှန်တာလဲ၊ ကို့ကွယ်ရာမှာ တခြားသူနဲ့ ပေါ်တင်တွဲနေတာ ဘယ်သူလဲ၊ ပြီးခဲ့တဲ့ ယုမွေးနေ့မှာ ယုဘယ်သူနဲ့တူတူ တနေ့လုံးရှိနေခဲ့တာလဲ၊ တခြား ယောကျာ်းတစ်ယောက်နဲ့ ချောင်းသာကို ညအိပ်ခရီးထွက်သွားတာက ဘယ်သူလဲ ယု၊ ပြော ယု၊ ချစ်သူများနေ့မှာ ကို့ဆီက အပြင် တခြားသူတွေက ပေးတဲ့ လက်ဆောင်ကို ကြည်ကြည်ဖြူဖြူလက်ခံပြီး ကိုနဲ့ဖုန်းပြောဖို့ အချိန်မရအောင် ကြူနေတာက ဘယ်သူလဲ၊ ယု မကြိုက်တာ ကိုဘာတွေလုပ်ခဲ့လည်း၊ တခြားမိန်းမတွေနဲ့ ပွေတာ ရှုပ်တာ အခုချိန်ထိ ယုဘာကြားခဲ့ရလဲ၊ တခုခုလုပ်မယ်ဆို ယုမျက်နှာကို အရင် ပြေးမြင်ပြီး စောင့်ထိမ်းခဲ့တာကွ၊ လူတိုင်း မဟုတ်တဲ့နေရာမှာ ပျော်မွေ့ကြတာက ယုတစ်ယောက်တည်း တင်မဟုတ်ဖူး၊ လူတိုင်းလုပ်တတ်တယ်၊ ဆင်ြခင်တုံတရားနဲ့ ထိမ်းသိမ်းပြီး ကိုယ့်ကိုယ်ကို Control လုပ်နေတာ၊ နောက်ပြီး ယုဆိုတာ မိဘနဲ့ခွဲခွာပြီး ရန်ကုန်မှာ တစ်ယောက်တည်းလာပြီး အဆောင်နေနေတဲ့သူတစ်ယောက်၊ ရန်ကုန်မှာနေတဲ့ အဆောင်သူ တော်တော်များများ ဘယ်လိုပုံစံမျိုး ယောကျာ်းတွေ သတ်မှတ်တယ်ဆိုတာ လည်း ယုကိုယ်တိုင် အသိ၊ ဒါကြောင့် ၀တ်တာစားတာ နေတာထိုင်တာက အစ ဂရုစိုက်ပါ၊ လျှပ်ပေါ်လော်လီ ၀တ်တာစားမယ်ဆိုရင် အများကို သတ်မှတ်ထားတဲ့ ပုံစံထဲ ၀င်သွားမယ် ၊ တန်ဖိုးဆိုတာ ကိုယ်နေထိုင်ပြုမူတဲ့အပေါ်လိုက်ပြီး ပြောင်းလဲတယ်ဆိုတာတွေလည်း ပြောခဲ့တာ များပြီ၊ ဒီလို အတန်တန် သတိပေးတဲ့ကြားက ယုဝတ်ချင်သလို ၀တ်။ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုဆိုတာ အတိုဝတ်ပြမှ ဖော်ပြမှ ဟိုက်ပြမှ ဆွဲဆောင်နိုင်တာမဟုတ်ဖူး၊ လှတာမဟုတ်ဘူးကွ။ ဒီလူတွေက ဒီလိုအကျင့်ရှိပါတယ်လို့ ချပြထားတာတောင်မှ တမင် အပေါင်းအသင်း ရွေးလုပ်။ တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲပြီး နေချင်သလိုနေနေတာ ဘယ်သူလဲ ယု။ ဒီကိစ္စမှာကော ဘယ်သူလွန်တာလဲ ယု ”
“ ဒီမယ် ကိုခန့်နိုင်”
ယု အသံသည် ဒေါသကြောင့် လိုအပ်သည်ထက် ပို၍ ကျယ်လောင်နေသည်။
“ ယု လုပ်တာ မှန်သမျှ ကိုခန့်နိုင်သိနေတယ်ဆိုရင် ယုလိုမိန်းမကို လက်မခံနဲ့လေ၊ ယုကြောင့် စိတ်ပင်ပန်းနေတယ် မလား၊ လက်လွှတ်လိုက်လေ.. ရတယ် .. ယုပုံစံက ကိုခန့်နိုင် ကြိုက်တဲ့ ပုံစံမဟုတ်ဘူးဆိုရင် ကိုခန့်နိုင် ကြိုက်တဲ့ ရိုးသားအေးဆေးပြီး ခြောက်ပစ်ကင်း သဲလဲစင်တဲ့ မိန်းကလေးမျို၊ ကိုခန့်နိုင်ကို ဂရုစိုက် အနွံတာခံတဲ့မိန်းကလေးမျိုးကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတယ်လေ။ ကိုခန့်နိုင် ကြိုက်တဲ့လမ်းကို ကြိုက်သလို ရွှေးချယ်သွားနိုင်တယ်”
“ မဟုတ်ဖူးလေ ယု..”
ကျွန်တော် ရုတ်တရက် စကားလုံးရှာမရပဲ ဘာဆက်ပြောရမှန် မသိဖြစ်နေတယ်၊ တစ်စုံတစ်ခု ထပ်ပြောဖို့ ဦးနှောက်ကို အလုပ်ပေးသော်လည်း မည်သည့်စကားလုံးမှ ထွက်မလာ၊ သူ စိတ်ကြီးလာရင် ကြောက်ဖို့ကောင်းသည်။ ကျွန်တော်နှင့်ပတ်သက်လျှင် ဘယ်တုန်းကမှ အလျှော့ပေးဖို့ မစဉ်းစားတဲ့ သူ့အတွက် နောက်ဆုံးတော့ ထုံးစံအတိုင်း ကျွန်တော်ကပဲ လေသံပျော့လေးဖြင့်။
“ ယုကို ကိုက လုံးလုံးလျားလျား ပစ်ထားတာလည်းမဟုတ်ဘူးလေ အလုပ်ကနေ အချိန်ရရင် ရသလို လာတွေ့နေတာပဲမဟုတ်လား..၊ ကိုတို့ ရှေ့ရေးအတွက် ကိုကြိုးစားပြီး အလုပ်လုပ်နေတာ၊ ယုကို တင့်တောင်း တင့်တယ်ထားနိုင်ဖို့အတွက် အလုပ်လုပ်နေတာ ယုနားလည်ဖို့ ကောင်းတယ်၊ ယု အရင် ကို့ပေါ် အနိုင်ယူတာတွေ ဆိုးတာတွေ အရင်ဖြစ်ခဲ့သမျှ ကိုခွင့်လွှတ်တယ်၊ အချိန်မပေးနိုင်တဲ့ ကို့ကြောင့်ဖြစ်ခဲ့ရတာဖြစ်တဲ့အတွက် ယုမှာ အပြစ်မရှိဘူး၊ ယုကို ဘယ်လောက်ထိ သည်းခံခွင့်လွှတ်ခဲ့သလဲ ကိုဘယ်လောက်သည်းခံလည်းဆိုတာ ယုအသိဆုံးပါ၊ ယု တခြားသူတစ်ယောက်နဲ့ ချိန်းတွေ့နေတာကို ပက်ပင်းတွေ့ခဲ့တာတောင် ကို ဘာတခွန်း အပြစ်ပြောခဲ့ဖူးသလဲ။ လမ်းခွဲမယ်ဆိုတဲ့စကား တခွန်း ကို စပြောခဲ့ဖူးလား၊ အခလည်း ဒီလိုပြောနေတာတွေက ယုနဲ့လမ်းခွဲချင်လို့ အပြစ်တွေ ရှာပြောနေတာမဟုတ်ဘူး၊ အရင်လုပ်ထားတာတွေ ခွင့်လွှတ်တယ်၊ နောက်ထပ် ထပ်ပြီး အဲ့လိုမျိုးတွေ ထပ်မလုပ်ပါနဲ့လို့ ကိုပြောချင်တာ ယုရဲ့.. ယုလည်း အသက်ငယ်တော့တဲ့ အရွယ်မဟုတ်တော့ပါဘူးကွာ”
ပြောရင်း ကျွန်တော့်အသံတွေ ငိုသံပါလာရင်း တိမ်ဝင်ကာ ပြောချင်တဲ့စကားတွေ ထွက်မလာပဲ ရင်ထဲ စို့နင့်နေခဲ့သည်။
“ ကိုခန့်နိုင်မှာ မာန မရှိဘူးလား၊ ယု့အကြောင်းတွေ နားနဲ့မဆံ့အောင် ကြားနေတာတောင်မှပဲ ယုကို ခွင့်လွှတ်နိုင်တယ်၊ ထပ်ပြီး ယုံကြည်ဦးမယ်တဲ့လား”
“ ဟုတ်တယ် ယု ယုံတယ်၊ ကို့ဆီမှာ ယုလိုချင်တဲ့ အရည်းအချင်းတွေ မရှိလို့ ယု တခြားသူတွေဆီကို ရောက်သွားတာ ကို ယောကျာ်းဖြစ်ပြီး ပျော့ညံ့လို့ဖြစ်တယ်ပဲ မှတ်ယူလိုက်မယ်၊ ယု အရင်က စွပ်စွဲသလို ကိုကကောက်ကျစ်လို့၊ ကို့အပြောအဆို အပြုအမူတွေက ယုလိုချင်တဲ့ လူကြီးလူကောင်းပုံစံ မပေါက်လို့ဆိုရင် ယုအနေနဲ့ တခြားသူတစ်ယောက်ကို စိတ်ကြိုက် ရွေးချယ်သွားလို့ ရပါတယ်၊ ယုအနေနဲ့ ဘယ်အရာကိုမဆို လွပ်လပ်စွာ ရွေးချယ်ခွင့်ရှိတဲ့ မိန်းမတစ်ယောက်ပဲလေ၊ ဒါပေမယ့် ယု အိမ်ထောင်မပြုမချင်းတော့ ကို ယု့ကို မျှော်လင့်နေမယ်၊ မျှော်လင့်နေခွင့်တော့ ပေးပါ၊ ကို မဟုတ်တဲ့ တခြားသူတွေနဲ့ အဆင်မပြေတဲ့အခါ ယု ခိုဝင်နိုင်ဖို့အတွက် ကို အမြဲရင်ဖွင့်ထားပါတယ် .. ယု အဆင်မပြေတဲ့အခါ၊ ပင်ပမ်းတဲ့အခါ ပြန်လာခဲ့ပါ.. အရင်လိုပုံစံနဲ့ အရင်တိုင်းပဲ စောင့်မျှော်နေမယ်”
ကျွန်တော် နင့်နင့်နဲနဲ ပြောလိုက်တဲ့ စကားသံတွေအဆုံး သူမ စိတ်ပင်ပန်းစွာဖြင့်..
“ ယု အတွက်နဲ့ ကိုခန့်နိုင် ဒီလိုဖြစ်နေရတာ မထိုက်တန်ပါဘူး ကိုခန့်နိုင်ရယ်”
ဟု စိတ်ရှု့ပ်ထွေးစွာဖြင့် ရေရွက်နေမိလေသည်။ သူသည် တခါတရံ ကလေးအလွန်ဆန်လွန်းသည်။ သူကို ကောင်းစေချင်လို့ ပြောတာတွေကို ချုပ်ချယ်လွန်းသည်ဟု သူ ထင်နေသည်။ သူများတွေ ပါးစပ်ဖျားမှာ ယု့ဟာ တန်းဖိုးရှိပြီး အေးဆေးတည်ငြိမ်တဲ့ မိန်းမပျိုလေးတစ်ယောက်ပါဆိုတဲ့ အမြင်နဲ့ မြင်စေချင်တာ ကျွန်တော်သူအပေါ်ထားတဲ့ စေတနာ။ ကျွန်တော် သူကို ညီမလေးတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ချစ်သူတစ်ယောက်လို အမျိုးမျိုး စောင့်ရှောက်ခဲ့ပေမယ့် ကျွန်တော် မကြိုက်ပါဘူးဟု ယူဆရသော အရာတွေကို သူမက လုပ်ဖြစ်အောင်လုပ်သည်။ ကျွန်တော့်ကို အရွဲ့တိုက်ခြင်း၊ ဆန္ဒပြခြင်းတွေက သူမဘ၀ရဲ့ ပျော်ရွှင်မှုပုံစံဖြစ်နေမယ်ဆိုတာ အချိန်ကြာညောင်းလာလေ ပိုသိလာလေ။



၎-

ယုရင်ထဲက ခံစားချက်တွေကို ခန့်နိုင်တစ်ယောက် သိနိုင်ဖို့လည်း အင်မတန် ခဲယဉ်းပေလိမ့်မည်။
ခန့်နိုင်ကို သူငယ်ချင်းတစ်ယောက်လိုသာ ချစ်ခင်ခဲ့ပြီး သူ့ထက်သာတဲ့သူကို ရွေးချယ်ဖို့ ဆုံးဖြတ်ကာ ကိုကြီးကို အလေးပေး ဆက်ဆံခဲ့တာတွေကြောင့် ယုဆိုတဲ့ မိန်းမကို ဂုဏ်ပကာသန မက်မောတယ်လိုပဲဆိုဆို။
ကိုကြီးနဲ့ နီးစပ်မှုများလေ ပိုတွယ်တာလေဖြစ်ပြီး ကိုခန့်နိုင်နှင့် လမ်းခွဲဖို့ စဉ်းစားခဲ့တာကြောင့် ယုကို တစ်ယောက်ဆို တစ်ယောက် သစ္စာရှိရှိ မချစ်ပဲ မျက်နှာများပြီး ပွေချင်၊ ရှုပ်ချင်သူလို့ပဲဆိုဆို ယု ကျေနပ်ပါတယ်။ သူပွေတယ် ရှုပ်တယ်ပြောသော သူများကိုလည်း ယုအနေနှင့် တမင် တွဲပြ၊တာဟာလည်း ယုအပေါ် မုန်းတီးသွားစေချင်နဲ့ ဆန္ဒသပ်သပ်နဲ့ပါ၊ သူ့ကိုလည်း ယု ကိုယ်တိုင်ပြောဖူးပြီးသား။ ကိုကြီးနှင့် တွေ့ပြီးသည့် နောက်ပိုင်းမှာ
“ကိုခန့်နိုင်ကို သူငယ်ချင်းတစ်ယောက်လိုပဲ ယုခင်ခဲ့တာ၊ ယုဘ၀မှာ ကိုကြီးနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှ အချစ်ဆိုတာကို တကယ်ခံစားတတ်ခဲ့တယ်။ ကိုခန့်နိုင်ကို လှည့်စားသလိုဖြစ်ခဲ့ရင်လည်း ယုတောင်းပန်ပါတယ်၊ အခုအချိန် ယုရင်ထဲမှာ ကိုကြီးအတွက် နေရာပဲရှိတယ်၊ တကယ်လို့ ယုကိုရမှ ကျေနပ်မယ်ဆိုရင် ယုကိုတော့ရမယ် ယုရဲ့စိတ်တွေ၊ နှလုံးသားတွေကတော့ ကိုကြီးဆီမှာ ရောက်နေမှာပဲ၊ အဲ့ချိန်ကျမှ ကိုခန့်နိုင်ရော ယုရော နောက်ဆုတ်လို့မရတဲ့ အခြေအနေတခုမှာ နှစ်ယောက်လုံး ပင်ပမ်းနေရင် ပိုစိတ်ဆင်းရဲရမယ်၊ စဉ်းစားပါ ကိုခန့်နိုင်ရယ်၊ ယုကို စောင့်စားနေတဲ့ ကိုကြီးကိုလည်း ယုသနားလှပြီ၊ ယုတို့ နှစ်ယောက်ကို လက်ထပ်ခွင့်ပြုပါ ကိုခန့်နိုင်ရယ်..”
ဟု ယုပြောခဲ့တုန်းက မချိတင်ကဲလေသံနှင့်အတူ..
“ ရက်စက်လိုက်တာ ယုရယ်”
ဆိုပြီး သူဟာ ကလေးတစ်ယောက်လို ၀မ်းနည်းစွာ ငိုကြွေးခဲ့သည်။ သူ့ကို သူငယ်ချင်းလို၊ အစ်ကိုတစ်ယောက်လို တွယ်တာမိပေမယ့် ချစ်သူလို တကယ်ချစ်လို့မရတာကြောင့် သူဘယ်လိုနာကျင်နေပစေ ယု တလျှောက်လုံး အေးစက်မာကျောစွာနှင့် နိုင်လိုမင်းထက် ဆက်ဆံခဲ့သည်။ သူ့ကို သနားပေမယ့်
ယု့ဘက်ကလည်း ဘာမှမတတ်နိုင်ခဲ့တာမို့ သူ့ကို ယုကမ္ဘာထဲက ထွက်ခွာသွားဖို့ပဲ အချိန်ရှိတိုင်း တွန်းအားပေးနေခဲ့တာ အမှန်။
“ ကိုကြီးကို သနားတယ်ဆိုတော့.. သုံးနှစ်ကျော် အနစ်နာခံပြီး ပေးဆပ်ခဲ့တဲ့ ကိုကရော.. ကိုက ယုအပေါ်မှာ ဒီသုံးနှစ်လုံးလုံး စောင့်စားခဲ့တာကရော ဘာကြောင့်လဲ ယုရဲ့.. ကို အချိန်တွေ ပိုနေလို့ ယု့ဆီမှာ အချိန်ကုန်ခံနေတယ်လို့ ယု ထင်နေတာလား.. ကို ယုကို ချစ်လွန်းလို့ အရာအားလုံးကို မျက်စိမှိတ်ထားခဲ့တာပါ…ယုက ကို တွေ့ဖူးသမျှထဲမှာ တစ်ကိုယ်ကောင် အဆန်ဆုံး မိန်းမ၊ `အတ္တကြီးတဲ့ မိန်းမ၊ ကိုယ်ဖက်ကို ကိုယ်အကြည့်ဆုံး မိန်းမတစ်ယောက်ပဲ၊ တခြားသူရဲ့ ခံစားချက်ကို နားလည်ပေးဖို့ နည်းနည်းမှ မကြိုးစားခဲ့ဘူး၊ ဝဋ်ရှိတယ်ဆိုရင်လည်း ဒီဘ၀မှာပဲ အကုန်အကျေဆပ်သွားပါရစေ” ဟု စွပ်စွဲပြောဆိုခဲ့တာတွေလည်း ယု ကျေနပ်ပါတယ်။
ယုကို သူနာကျည်းအောင်၊ မုန်းသွားအောင် ပစ်ပစ်ခါခါတွေ ပြောခဲ့တာတောင်မှ သူ့ဘက်က နောက်မဆုတ်ခဲ့။ သူ မကြိုက်သော အနေအထိုင် အပြုအမူများကို ဆက်တိုက် အရွဲ့တိုက်ပြီး သူပြောသမျွှ အကုန်ဆန့်ကျင်ခဲ့သော ယုက ..
“ နောက်ဘ၀မှာသာ ကိုခန့်နိုင်နဲ့ ယု ဆုံဆည်းခွင့်ရမယ်ဆိုရင် ယု ပြန်လည် ပေးဆပ်သင့်တာတွေ အားလုံး ယု ပြန်ပေးဆပ်ပါရစေလို့” ပြောခဲ့တုန်းက …

“ နောက်ဘ၀ ပေးဆပ်ဖို့မလိုပါဘူး.. ဒီဘ၀မှာပဲ ယုက ကို့အတွက် ဖြစ်ရင် ရပြီ”
ဆိုပြီး ခေါင်းမာမာနှင့် ပြောခဲ့တဲ့သူ၊ ယု ဘာလုပ်လုပ် အပြစ်မမြင်၊ အပြစ်မတင်တဲ့ သူ့ကို ဆုံလိုက်တဲ့အချိန်တိုင်း ဒေါသတွေဖြင့်သာ သူစိတ်ရှုပ်အောင် တမင် ဖန်တီးဖြစ်ခဲ့သည်။ နောက်ဆုံး သည်းမခံနိုင်သည့် အချိန်ရောက်ပြီး စွန့်ခွာသွားမည့် အချိန်တွင် ကိုကြီးနဲ့ ပြန်ပေါင်းထုပ်ရန်က ယုရဲ့ အဓိက ရည်ရွယ်ချက်။ သို့ပေမယ့် ယု ဘယ်လိုပင်ကြိုးစား ကြိုးစား သူ့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးပြီး သူ့ကို တစ်သက်လုံးပေးဆပ်ဖို့ ကြံရွယ်ထားတဲ့ ခန့်နိုင်ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို ဖြတ်စီးဖို့ နည်းပေါင်းစုံဖြင့် ကြိုးစားလည်းပဲ ယုနှင့် ပတ်သက်လျှင် နောင်တ မရတတ်သော သူ့ကို သနားအားနာမိသည်။ သူ့ဘ၀ကို ချနင်းပြီး ကိုယ့်ဘ၀ကိုယ် ပျော်ရွှင်အောင် ဖန်တီးခြင်း မဟုတ်ပေမယ့် ယုမချစ်တဲ့သူနှင့်တော့ တစ်ဘ၀လုံး အတူတကွ ပေါင်းသင်းသွားဖို့ ဆန္ဒ အလျဉ်းမရှိ။ သူ့ရဲ့ ရိုးသားတဲ့စိတ်၊ အားနာလွန်းတဲ့စိတ်၊ ယုအပေါ် နားလည်လွန်းတဲ့စိတ်၊ ယု့အပေါ်မှာ ထားခဲ့တဲ့ ဖြူစင်တဲ့မေတ္တာတွေ၊ ကျေးဇူးတွေကိုတော့ တကယ်အားတုံ့အားနာဖြစ်ခဲ့ပေမယ့် ယု ဘ၀တခုလုံး ယု့မချစ်တဲ့သူနဲ့ ပုံမဖော်ချင်တာ လူတိုင်း ဖြစ်လေ့ ဖြစ်ထရှိတဲ့ ဓမ္မတာ တခုပါ။ ဝဋ်ဆိုတာ လည်တတ်တယ်ဆိုတာ သိပေမယ့် ကိုယ်ချစ်တဲ့သူအတွက်နဲ့ ကိုယ်မချစ်တဲ့သူကို မလဲနိုင်တာကြောင့် ယုကို ခွင့်လွတ်ပေးပါလို့ တောင်းဆိုရုံမှတပါး ယု ထပ်ပြောစရာမရှိခဲ့တော့။


၅-
ကျွန်တော် ယု့အကြောင်းတွေးလိုက်တိုင်း စိတ်မချမှုတွေနှင့်အတူ ရင်တွေပူလောင်ရတာ လေးနှစ်ကျော်၍ ငါးနှစ်နီးပါး ရောက်လာလေပြီ။ ယုံကြည်မှုတွေကို အလွဲသုံးစား အလုပ်ခံရတာ တော်တော် မခံချိ မခံသာဖြစ်တယ်ဆိုတာလည်း နားလည်ခဲ့လေပြီ၊ ကိုယ့်ဖက်က ပိုချစ်ရလေ ပို စိတ်မချရလေ၊ ပူလောင်ရလေဆိုတာ ကြာလာလေ ကျွန်တော် သဘောပေါက်လာလေ။ သူကို ကျွန်တော် တုန်နေအောင် ချစ်တာလည်း သူ အသိပင်ဖြစ်သည်။ သူကလည်း ကိုကြီးကို တုန်နေအောင် ချစ်တာ ကျွန်တော်သိသည်။ တကယ်လို့များဆိုတဲ့ မျှော်လင့်ချက်သည် ကျွန်တော့်အတွက် မဖြစ်နိုင်တာ ကျွန်တော် အခုတော့ ကောင်းကောင်းသိခဲ့ပြီ။

ကျွန်တော်နှင့်ပတ်သက်လျှင် အင်မတန် အေးစက်စက်နိုင်သော နှလုံးသားနှင့် အကွက်များစွာ ရွေ့နေသော ထိုမိန်းကလေးအတွက် ကျွန်တော် ပေးဆပ်ရတာ ဤမျှနှင့် လုံလောက်ပြီဟုလည်း ကျွန်တော်ထင်သည်။ ဒါကြောင့် ဒီဇာတ်လမ်းကို အဆုံးသက်တော့မည်။ အချစ်ဆိုတာ ပေးဆပ်ခြင်းနှင့် ရယူခြင်းနှစ်မျိုးပဲရှိတာဆိုတော့ ကျွန်တော်ချစ်တဲ့ သူတို့အတွက် ပေးဆပ်လိုက်တော့မယ်။ သူနှင့်ကိုကြီး တိုင်ပင်ပြီး ကျွန်တော် နောက်ဆုတ်မည့် နည်းလမ်းမျိုးစုံကို လက်ဝါးချင်း ရိုက်နေခဲ့တာလည်း ကျွန်တော်သိသိကြီးနဲ့ မသိဟန်ဆောင်နေခဲ့တာ။ ကိုကြီးနှင့် ယု ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်းကြောင့် စိုးရိမ်ပူပန်ရတာလည်း ကျွန်တော့ရင်တွေ ကွဲအက်တော့မယ်။ မရနိုင်တဲ့ မျှော်လင့်ချက်တွေနဲ့ မျှော်လင့်နေမယ့်အစား သူနှင့်ကိုကြီး ပျော်ရွှင်ကြည်နူးနေတာကိုပဲ အဝေးကကြည့်နေပြီး ကျွန်တော် ကျေနပ်နှစ်သိမ့်နေလိုက်တော့မည်။ ဒီထက်ပိုပြီး အချစ်အတွက် ဘာမှ ထပ်ပြီးလောဘမကြီးတော့ဘူးဟုလည်း ကိုယ့်စိတ်ကိုကိုယ် ဆုံးမပေးတာလည်း အကြိမ်အခါမနည်းတော့။ အချိန်တွေကို အလုပ်ထဲမှာပဲ စိတ်နှစ်ပြီး အရာအားလုံးမေ့နိုင်အောင် ကြိုးစားတော့မည်။ ပျော်ရွှင်ခြင်းကို ရှာဖွေဖို့ အချိန်တွေဖြုန်းလာလိုက်တာ နာကျင်ခြင်းတွေကပဲ ကျွန်တော့်ကို ၀ါးမျိုးလိုက်တာ ငါးနှစ်နားပင် ရှိတော့မည်။ နောက်ဆုံးတော့ ကျွန်တော် ပင်ပမ်းကြီးစွာ တည်ဆောက်ခဲ့သော မျှော်လင့်ချက်များမှာ ပျက်သုဉ်းခဲ့ရပြီ။
ဒီနေရာလေး ဒီထိုင်ခုံလေးမှာ ကျွန်တော်တို့ အကြိမ်ကြိမ်ရောက်ဖူး ထိုင်ဖူး ကြင်နာခဲဖူးကြပေမယ့် ဒီတစ်ခါတော့ ကျွန်တော်တစ်ယောက်တည်း ယောင်လည်လည်နဲ့။ နောက်ထပ်လည်း ဒီနေရာကို ကျွန်တော်လာဖြစ်တော့မှာ မဟုတ်တော့တဲ့အတွက် နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ လာမိတယ်။ ထိုင်ခုံလေးမှာ ထိုင်ရင်း အဝေးတစ်နေရာကို လှမ်းကြည့်ကာ သစ်ပင် တစ်ပင်ပေါ်မှာ ငှက်ကလေးတွေ ပျော်မြူးနေကြတာ ကြည်နူးစရာ။ ဒါပေမယ့် ဒါတွေက ကျွန်တော်ခံစားဖို့ မဟုတ်တော့ပါဘူးလေ၊ ကျွန်တော့်အတွက် မျှော်လင့်ချင်းတွေ အရာရာပျက်သုဉ်ခဲ့လေ ပြီ။ အားလုံးကို တသက်တာအတွက် ပြည်ဖုံးကားချလိုက်ပါတော့မယ်။
မနက်ဖန်ဆိုရင် ကျွန်တော့်သူဌေးက သြစတေးလျကို Project တခုစဖို့အတွက် ဒီကအလုပ်ကို စိတ်ချရတဲ့သူနဲ့ထားခဲ့ပြီး အပြီးပြန်ရတော့မယ်။ သူဌေးသွားပြီး တစ်လအတွင်းပဲ ကျွန်တော့်ကို လိုက်ခဲ့ဖို့ ညွှန်ကြားထားတာကြောင့် သိပ်မကြာခင်ရက်အတွင်း ကျွန်တော်လိုက်သွားဖို့ ပြင်ဆင်ရတော့မယ်။ နှုတ်ဆက်ခဲ့ပါတယ် ယုသဉ္ခာခိုင်။ မင်းနဲ့ ကိုယ်ဟာ ပြဒါးတစ်လမ်း သံတစ်လမ်းမဟုတ်ပေမယ့် အနီးဆုံးရပ်ရင်း ကျောခိုင်းခဲ့ရသူပါ..
စိတ်ထဲမှာတော့ ဘယ်တော့မှ ဖြစ်မလာတော့တဲ့ ဘယ်ဘက်နံရိုးလေးတစ်ချောင်းကို ပုံဖော်ထုဆစ်နေချင်မိလည်း ယောင်ယမ်းကာမက်ခဲ့ရတဲ့ အိပ်မက်တွေကနေ နိုးထဖို့ အချိန်ကျရောက်ခဲ့လေပြီ။
ပင်ပန်းကြီးစွာ ဆုတ်ကိုင်ထားမိတဲ့ လက်တွေကို ဖြေချဖို့ အချိန်ကျရောက်ခဲ့လေပြီ။ အေးစက်နေတဲ့ ခံစားချက်တွေနဲ့ အတူ သူနဲ့အတူတူ ထိုင်ခဲ့ဖူးတဲ့ ခုံလေးမှာ ဆက်ထိုင်ဖို့ ခံနိုင်ရည်မရှိတော့တာနဲ့ ထိုင်ခုံလေးမှ ကျောခိုင်းဖို့ တစ်လှမ်းချင်း လျှောက်လှမ်းရင်း မျက်ဝန်းတွေကလည်း ပူနွေး စိုစွတ်လျက်။
ကျွန်တော် ဘာလုပ်ရတော့မလဲ။ သူ့အတွက် ဘ၀တခုလုံး အေးချမ်းစေချင်တဲ့ ဆန္ဒနဲ့ တတ်စွမ်းသလောက် ကြိုးစားပြီး အရိပ်တခုလို အုပ်မိုးလာပေးခဲ့ပေမယ့် ကျွန်တော့ထက် ပိုအေးမြမယ်ထင်တဲ့ လုံခြုံမယ်ထင်တဲ့ အရိပ်ကောင်းကောင်းတခုကို သူမ ခေါင်းသုံးကာ ရွေးချယ်သွားခဲ့လေပြီ။ သူက အရိပ်ပေါင်းများစွာကို စမ်းသပ်ခိုနားပြီးတဲ့အချိန် သူ့ဘ၀အတွက် လုံခြုံမှု အပေးနိုင်ဆုံးလို့ ထင်တဲ့ အရိပ်တခုကို ရွေးချယ်နိုင်တဲ့အတွက်လည်း ချီးကျူးမိပါတယ် ယုရယ်၊ တကယ် တော်ပါတယ် လူတွေရဲ့ ခံစားချက်တွေ၊ ပေးဆပ် အနစ်နာခံမှုတွေကို ကို လှည့်ကွက်တခုလို အသုံးချပြီး အကောင်းဆုံးလို့ထင်တဲ့လမ်းကို ရွေးချယ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ တဖက်သားရဲ့ မျက်ရည်နဲ့ခင်းထားတဲ့ လှေကားထစ်တွေပေါ် တထစ်ချင်း နင်းတက်ရင်း ပျော်ရွှင် သာယာနိုင်ကြပါစေ၊
အခုတော့လည်း အနစ်နာခံပြီး ဘာတွေ ဘယ်လိုပဲ ပေးဆပ်ခဲ့ ပေးဆပ်ခဲ့ နောက်ဆုံးတော့လည်း…. ဒါပေမယ့် ကျေနပ်ပါတယ်လေ။ တကယ်ကျေနပ်ခဲ့ပါတယ်။ ကျွန်တော်ကြောင့် သူတို့အနာဂတ်တွေ သာယာလှပ ပျော်ရွှင်ကြမှာကို တွေးတောရင်းနဲ့။ ဘယ်လိုမှ ပေါင်းစပ်ဖို့ မရတဲ့ ကံကြမ္မာတွေကို စိတ်နာစွာနဲ့ ကျောခိုင်းရင်း မဆုံနိုင်တော့တဲ့ လမ်းတဖက်ချက်ဆီမှာ ကျွန်တော်တို့ ဘ၀တွေက တဖြည်းဖြည်း ဝေးရင်း … ဝေးရင်း…. ဝေးရင်း………..

Su Lay Nge
4:30 AM
6th July 2013
မြန်မာဆိုက်ဘာမီဒီယာ အမှတ် (၆)

Saturday, June 8, 2013

မြန်မာနိုင်ငံရှိမြို့ များ



မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် စာရင်းအရ မြို့ပေါင်း (၃၆၆)မြို့  ရှိသည်။ယင်းမြို့  ၃၆၆ မြို့  တွင် မြို့ နယ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော မြို့တော်အဆင့် မြို့ (၃)မြို့၊ ရပ်ကွက်များဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော မြို့နယ်ရုံးစိုက်ရာမြို့ (၂၈၂)မြို့၊ အထွေထွေအုပ်ချုပ်ရေးဌာန ရုံးစိုက်ရာမြို့ (၈၁)မြို့တို့ ပါဝင်သည်။ ယင်း ၃၆၆ မြို့တွင် မပါဝင် သော်လည်း (ဌာနဆိုင်ရာရုံးများ ရုံးမစိုက်သော်လည်း)၊ လူဦးရေ ထူထပ်ပြီး၊ ကူးသန်းရောင်းဝယ်ရေး အချက်ခြာကျ၍ စည်ကားသော အချို့နေရာများကိုလည်း မြို့ဟု ခေါ်ဝေါ်ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် တည်ရှိသော မြို့များစာရင်းမှာ အောက်ပါ အတိုင်းဖြစ်သည်-
မြန်မာနိုင်ငံရှိ မြို့များ
ပြည်နယ်/တိုင်းဒေသကြီး မြို့ကြီးများ မြို့နယ် အဆင့်မြို့များ မြို့နယ်ခွဲ အဆင့်/ဌာနဆိုင်ရာရုံးစိုက်ရာမြို့ စုစုပေါင်း
ကချင်
၁၈ ၉ ၂၇
ကယား
၇ ၁ ၈
ကရင်
၇ ၈ ၁၅
ချင်း
၉ ၃ ၁၂
မွန်
၁၀ ၃ ၁၃
ရခိုင်
၁၇ ၃ ၂၀
ရှမ်း
၅၅ ၂၃ ၇၈
စစ်ကိုင်း
၃၇ ၃ ၄၀
တနင်္သာရီ
၁၀ ၆ ၁၆
ပဲခူး
၂၈ ၅ ၃၃
မကွေး
၂၅ ၂ ၂၇
မန္တလေး ၂ ၂၁ ၄ ၂၇
ရန်ကုန် ၁ ၁၂ ၃ ၁၆
ဧရာဝတီ
၂၆ ၈ ၃၄
စုစုပေါင်း ၃ ၂၈၂ ၈၁ ၃၆၆

ကချင်ပြည်နယ်

(၁) မြစ်ကြီးနားမြို့
(၂) ဗန်းမော်မြို့
(၃) မိုးညှင်းမြို့
(၄) ပူတာအိုမြို့
(၅) မိုးကောင်းမြို့
(၆) ဝိုင်းမော်မြို့
(၇) ဖားကန့်မြို့
(၈) တနိုင်းမြို့
(၉) ရွှေကူမြို့
(၁၀) မိုးမောက်မြို့
(၁၁) မံစီမြို့
(၁၂) ဆွမ်ပရာဘွမ်မြို့
(၁၃) ချီဖွေမြို့
(၁၄) ဆော့လော်မြို့
(၁၅) အင်ဂျန်းယန်မြို့
(၁၆) မချမ်းဘောမြို့
(၁၇) နောင်မွန်းမြို့
(၁၈) ခေါင်လန်ဖူးမြို့
(၁၉) ကာမိုင်းမြို့
(၂၀) ဟိုပင်မြို့
(၂၁) မြို့လှမြို့
(၂၂) ဆင်ဘိုမြို့
(၂၃) ဒေါ့ဖုန်းယန်မြို့
(၂၄) ရှင်ဗွေယန်မြို့
(၂၅) လွယ်ဂျယ်မြို့
(၂၆) ဆဒုံးမြို့
(၂၇) ပန်နန်းဒင်မြို့

ကယားပြည်နယ်

(၁) လွိုင်ကော်မြို့
(၂) ဘောလခဲမြို့
(၃) ဒီမောဆိုမြို့
(၄) ဖရူဆိုမြို့
(၅) ဖာဆောင်းမြို့
(၆) ရှားတောမြို့
(၇) မဲ့စဲ့မြို့
(၈) ရွာသစ်မြို့

ကရင်ပြည်နယ်

(၁) ဘားအံမြို့ 
(၂) ကော့ကရိတ်မြို့ 
(၃) မြဝတီမြို့ 
(၄) လှိုင်းဘွဲ့မြို့
(၅) ဖာပွန်မြို့
(၆) ကြာအင်းဆိပ်ကြီးမြို့
(၇) သံတောင်ကြီးမြို့
(၈) သံတောင်မြို့
(၉) လိပ်သိုမြို့
(၁၀) ဘောဂလိမြို့
(၁၁) ပိုင်ကျုံမြို့
(၁၂) ကမမောင်းမြို့
(၁၃) ဘုရားသုံးဆူမြို့
(၁၄) ကျုံဒိုးမြို့
(၁၅) ကျိုက်ဒုံမြို့

ချင်းပြည်နယ်

(၁) ဟားခါးမြို့
(၂) ဖလမ်းမြို့
(၃) မင်းတပ်မြို့
(၄) မတူပီမြို့
(၅) ပလက်ဝမြို့
(၆) ကန်ပက်လက်မြို့
(၇) တီးတိန်မြို့
(၈) တွန်းဇံမြို့
(၉) ထန်တလန်မြို့
(၁၀) ရိခေါ်ဒါရ်မြို့
(၁၁) ကျီခါးမြို့
(၁၂) ရေဇွာမြို့

မွန်ပြည်နယ်

(၁) မော်လမြိုင်မြို့
(၂) သထုံမြို့
(၃) ရေးမြို့
(၄) သံဖြူဇရပ်မြို့
(၅) ကျိုက်မရောမြို့
(၆) ချောင်းဆုံမြို့
(၇) ကျိုက်ထိုမြို့
(၈) ပေါင်မြို့
(၉) ဘီးလင်းမြို့
(၁၀) မုဒုံမြို့
(၁၁) ကျိုက္ခမီမြို့
(၁၂) လမိုင်းမြို့
(၁၃) ခေါဇာမြို့

ရခိုင်ပြည်နယ်

(၁) စစ်တွေမြို့
(၂) ကျောက်ဖြူမြို့
(၃) သံတွဲမြို့
(၄) မောင်တောမြို့
(၅) ဘူးသီးတောင်မြို့
(၆) မြောက်ဦးမြို့
(၇) ကျောက်တော်မြို့
(၈) ပုဏ္ဏားကျွန်းမြို့
(၉) ရသေ့တောင်မြို့
(၁၀) မြေပုံမြို့
(၁၁) ရမ်းဗြဲမြို့
(၁၂) မင်းပြားမြို့
(၁၃) ပေါက်တောမြို့
(၁၄) မာန်အောင်မြို့
(၁၅) တောင်ကုတ်မြို့
(၁၆) အမ်းမြို့
(၁၇) ဂွမြို့
(၁၈) တောင်ပြိုလက်ဝဲမြို့
(၁၉) မအီမြို့
(၂၀) ကျိန္တလီမြို့


ရှမ်းပြည်နယ်

* (၁) တောင်ကြီးမြို့
* (၂) လားရှိုးမြို့
* (၃) ကျိုင်းတုံမြို့
* (၄) လွိုင်လင်မြို့
* (၅) လောက်ကိုင်မြို့
* (၆) လင်းခေးမြို့
* (၇) ကျောက်မဲမြို့
* (၈) မူဆယ်မြို့
* (၉) ကွမ်းလုံမြို့
* (၁၀) တာချီလိတ်မြို့
* (၁၁) မိုင်းဆတ်မြို့
* (၁၂) မိုင်းဖြတ်မြို့
* (၁၃) ဟိုပန်မြို့
* (၁၄) ဟိုပုံးမြို့
* (၁၅) ပင်းတယမြို့
* (၁၆) နမ့်ဆန်မြို့ (ရှမ်းပြည်နယ် မြောက်ပိုင်း)
* (၁၇) နမ္မတူမြို့
* (၁၈) နောင်ချိုမြို့
* (၁၉) သီပေါမြို့
* (၂၀) မန်တုံမြို့
* (၂၁) မိုးမိတ်မြို့
* (၂၂) မဘိမ်းမြို့
* (၂၃) နမ့်ခမ်းမြို့
* (၂၄) ကွတ်ခိုင်မြို့
* (၂၅) သိန္နီမြို့
* (၂၆) တန့်ယန်းမြို့
* (၂၇) မိုင်းရယ်မြို့
* (၂၈) ပန်ဆန်းမြို့
* (၂၉) မိုင်းမောမြို့
* (၃၀) နားဖန်းမြို့
* (၃၁) နမ့်စန်မြို့ (ရှမ်းပြည်နယ် တောင်ပိုင်း)
* (၃၂) ပန်ဝိုင်မြို့
* (၃၃) ရပ်စောက်မြို့
* (၃၄) ရွာငံမြို့
* (၃၅) ညောင်ရွှေမြို့
* (၃၆) ပင်လောင်းမြို့
* (၃၇) ဆီဆိုင်မြို့
* (၃၈) မိုးနဲမြို့
* (၃၉) မိုင်းပန်မြို့
* (၄၀) မိုင်းကိုင်မြို့
* (၄၁) ကွန်ဟိန်းမြို့
* (၄၂) ကုန်းကြမ်းမြို့
* (၄၃) မိုင်းခတ်မြို့
* (၄၄) ဖယ်ခုံမြို့
* (၄၅) လဲချားမြို့
* (၄၆) မောက်မယ်မြို့
* (၄၇) ကျေးသီးမြို့
* (၄၈) ကလောမြို့
* (၄၉) မိုင်းရှူးမြို့
* (၅၀) မိုင်းပျင်းမြို့
* (၅၁) မိုင်းတုံမြို့
* (၅၂) မိုင်းယောင်းမြို့
* (၅၃) မိုင်းလားမြို့
* (၅၄) မိုင်းယန်းမြို့
* (၅၅) မက်မန်းမြို့
* (၅၆) အောင်ပန်းမြို့
* (၅၇) ရွှေညောင်မြို့
* (၅၈) အေးသာယာမြို့
* (၅၉) ကျောက်တစ်လုံးကြီးမြို့
* (၆၀) နောင်တရားမြို့
* (၆၁) ပင်လုံမြို့
* (၆၂) ကျိုင်းတောင်းမြို့
* (၆၃) ဟိုမိန်းမြို့
* (၆၄) အင်တောမြို့
* (၆၅) မိုင်းနောင်မြို့
* (၆၆) မိုင်းငေါ့မြို့
* (၆၇) တာမိုးညဲမြို့
* (၆၈) မုံးကိုးမြို့
* (၆၉) မန်ဟီးရိုးမြို့
* (၇၀) ချင်းရွှေဟော်မြို့
* (၇၁) နမ့်တစ်မြို့
* (၇၂) တုံတာမြို့
* (၇၃) တာလေမြို့
* (၇၄) ကျိုင်းလပ်မြို့
* (၇၅) မိုင်းယုမြို့
* (၇၆) ပုံပါကျင်မြို့
* (၇၇) မိုင်းခုတ်မြို့
* (၇၈) မိုင်းပေါက်မြို့

စစ်ကိုင်းတိုင်းဒေသကြီး

* (၁) စစ်ကိုင်းမြို့
* (၂) မုံရွာမြို့
* (၃) ရွှေဘိုမြို့
* (၄) ကလေးမြို့
* (၅) ကသာမြို့
* (၆) ခန္တီးမြို့
* (၇) တမူးမြို့
* (၈) လဟယ်မြို့
* (၉) လေရှီးမြို့
* (၁၀) ဖောင်းပြင်မြို့
* (၁၁) နန်းယွန်းမြို့
* (၁၂) ဟုမ္မလင်းမြို့
* (၁၃) မြင်းမူမြို့
* (၁၄) မြောင်မြို့
* (၁၅) ဘုတလင်မြို့
* (၁၆) ဆားလင်းကြီးမြို့
* (၁၇) ယင်းမာပင်မြို့
* (၁၈) ပုလဲမြို့
* (၁၉) ချောင်းဦးမြို့
* (၂၀) အရာတော်မြို့
* (၂၁) ဒီပဲယင်းမြို့
* (၂၂) ရေဦးမြို့
* (၂၃) ခင်ဦးမြို့
* (၂၄) ဝက်လက်မြို့
* (၂၅) ကန့်ဘလူမြို့
* (၂၆) တန့်ဆည်မြို့
* (၂၇) ကျွန်းလှမြို့
* (၂၈) ကလေးဝမြို့
* (၂၉) မင်းကင်းမြို့
* (၃၀) မော်လိုက်မြို့
* (၃၁) ပင်လည်ဘူးမြို့
* (၃၂) ကနီမြို့
* (၃၃) ဝန်းသိုမြို့
* (၃၄) ကောလင်းမြို့
* (၃၅) ထီးချိုင့်မြို့
* (၃၆) အင်းတော်မြို့
* (၃၇) ဗန်းမောက်မြို့
* (၃၈) ခမ်းပါတ်မြို့
* (၃၉) မြို့သစ်မြို့ (စစ်ကိုင်းတိုင်း)
* (၄၀) ပန်ဆောင်မြို့

တနင်္သာရီတိုင်းဒေသကြီး

* (၁) ထားဝယ်မြို့
* (၂) မြိတ်မြို့
* (၃) ကော့သောင်းမြို့
* (၄) ရေဖြူမြို့
* (၅) လောင်းလုံမြို့
* (၆) သရက်ချောင်းမြို့
* (၇) ပုလောမြို့
* (၈) တနင်္သာရီမြို့
* (၉) ဘုတ်ပြင်းမြို့
* (၁၀) ကျွန်းစုမြို့
* (၁၁) ပလောက်မြို့
* (၁၂) မေတ္တာမြို့
* (၁၃) ကလိန်အောင်မြို့
* (၁၄) ပြည်ကြီးမဏ္ဍိုင်မြို့
* (၁၅) ကရသူရိမြို့
* (၁၆) ခမောက်ကြီးမြို့

ပဲခူးတိုင်းဒေသကြီး

* (၁) ပဲခူးမြို့
* (၂) ပြည်မြို့
* (၃) တောင်ငူမြို့
* (၄) သာယာဝတီမြို့
* (၅) သနပ်ပင်မြို့
* (၆) လက်ပံတန်းမြို့
* (၇) အုတ်ဖိုမြို့
* (၈) မိုးညိုမြို့
* (၉) ကြို့ပင်ကောက်မြို့
* (၁၀) မင်းလှမြို့ (ပဲခူးတိုင်း)
* (၁၁) နတ်တလင်းမြို့
* (၁၂) ဇီးကုန်းမြို့
* (၁၃) ပေါင်းတည်မြို့
* (၁၄) ပေါက်ခေါင်းမြို့
* (၁၅) ရွှေတောင်မြို့
* (၁၆) သဲကုန်းမြို့
* (၁၇) ပန်းတောင်းမြို့
* (၁၈) ရေတာရှည်မြို့
* (၁၉) အုတ်တွင်းမြို့
* (၂၀) ထန်းတပင်မြို့ (ပဲခူးတိုင်း)
* (၂၁) ကျောက်ကြီးမြို့
* (၂၂) ဖြူးမြို့
* (၂၃) ကျောက်တံခါးမြို့
* (၂၄) ညောင်လေးပင်မြို့
* (၂၅) ရွှေကျင်မြို့
* (၂၆) ဒိုက်ဦးမြို့
* (၂၇) ကဝမြို့
* (၂၈) ဝေါမြို့
* (၂၉) ပြွန်တန်ဆာမြို့
* (၃၀) သုံးဆယ်မြို့
* (၃၁) ပဲနွယ်ကုန်းမြို့
* (၃၂) မဒေါက်မြို့
* (၃၃) ကေတုမတီမြို့

မကွေးတိုင်းဒေသကြီး

* (၁) မကွေးမြို့
* (၂) ပခုက္ကူမြို့
* (၃) မင်းဘူးမြို့
* (၄) ဂန့်ဂေါမြို့
* (၅) သရက်မြို့
* (၆) အောင်လံမြို့
* (၇) ကံမမြို့
* (၈) မင်းတုန်းမြို့
* (၉) ဆင်ပေါင်ဝဲမြို့
* (၁၀) မင်းလှမြို့ (မကွေးတိုင်း)
* (၁၁) တောင်တွင်းကြီးမြို့
* (၁၂) နတ်မောက်မြို့
* (၁၃) မြို့သစ်မြို့ (မကွေးတိုင်း)
* (၁၄) ရေနံချောင်းမြို့
* (၁၅) ချောက်မြို့
* (၁၆) ပွင့်ဖြူမြို့
* (၁၇) ဆိပ်ဖြူမြို့
* (၁၈) ငဖဲမြို့
* (၁၉) စေတုတ္တရာမြို့
* (၂၀) ဆောမြို့
* (၂၁) ထီးလင်းမြို့
* (၂၂) ပေါက်မြို့
* (၂၃) မြိုင်မြို့
* (၂၄) ရေစကြိုမြို့
* (၂၅) စလင်းမြို့
* (၂၆) စကုမြို့
* (၂၇) ကျောက်ထုမြို့

မန္တလေးတိုင်းဒေသကြီး

* (၁) နေပြည်တော်မြို့
* (၂) မန္တလေးမြို့
* (၃) မိတ္ထီလာမြို့
* (၄) မြင်းခြံမြို့
* (၅) ကျောက်ဆည်မြို့
* (၆) ပြင်ဦးလွင်မြို့
* (၇) ရမည်းသင်းမြို့
* (၈) ညောင်ဦးမြို့
* (၉) မတ္တရာမြို့
* (၁၀) စဥ့်ကူးမြို့
* (၁၁) စဥ့်ကိုင်မြို့
* (၁၂) တံတားဦးမြို့
* (၁၃) မြစ်သားမြို့
* (၁၄) ဝမ်းတွင်းမြို့
* (၁၅) သာစည်မြို့
* (၁၆) မလှိုင်မြို့
* (၁၇) ကျောက်ပန်းတောင်းမြို့
* (၁၈) မိုးကုတ်မြို့
* (၁၉) တောင်သာမြို့
* (၂၀) နွားထိုးကြီးမြို့
* (၂၁) ငါန်းဇွန်မြို့
* (၂၂) ပျော်ဘွယ်မြို့
* (၂၃) သပိတ်ကျင်းမြို့
* (၂၄) တကောင်းမြို့
* (၂၅) ပုဂံမြို့
* (၂၆) မြစ်ငယ်မြို့
* (၂၇) ငါ့သရောက်မြို့

ရန်ကုန်တိုင်းဒေသကြီး


* (၁) ရန်ကုန်မြို့
* (၂) သန်လျင်မြို့
* (၃) ကျောက်တန်းမြို့
* (၄) သုံးခွမြို့
* (၅) ခရမ်းမြို့
* (၆) မှော်ဘီမြို့
* (၇) တိုက်ကြီးမြို့
* (၈) လှည်းကူးမြို့
* (၉) ထန်းတပင်မြို့ (ရန်ကုန်တိုင်း)
* (၁၀) တွံတေးမြို့
* (၁၁) ကော့မှူးမြို့
* (၁၂) ကွမ်းခြံကုန်းမြို့
* (၁၃) ကိုကိုးကျွန်းမြို့
* (၁၄) ဥက္ကံမြို့
* (၁၅) အဖျောက်မြို့
* (၁၆) တံတားမြို့

ဧရာဝတီတိုင်းဒေသကြီး

* (၁) ပုသိမ်မြို့
* (၂) ဟင်္သာတမြို့
* (၃) မအူပင်မြို့
* (၄) ဖျာပုံမြို့
* (၅) မြောင်းမြမြို့
* (၆) လပွတ္တာမြို့
* (၇) ကန်ကြီးဒေါင့်မြို့
* (၈) ကျောင်းကုန်းမြို့
* (၉) ရေကြည်မြို့
* (၁၀) ကျုံပျော်မြို့
* (၁၁) သာပေါင်းမြို့
* (၁၂) ငပုတောမြို့
* (၁၃) အိမ်မဲမြို့
* (၁၄) ဝါးခယ်မမြို့
* (၁၅) လေးမျက်နှာမြို့
* (၁၆) မော်လမြိုင်ကျွန်းမြို့
* (၁၇) ဘိုကလေးမြို့
* (၁၈) ကျိုက်လတ်မြို့
* (၁၉) ဒေးဒရဲမြို့
* (၂၀) ညောင်တုန်းမြို့
* (၂၁) ပန်းတနော်မြို့
* (၂၂) ဓနုဖြူမြို့
* (၂၃) ဇလွန်မြို့
* (၂၄) အင်္ဂပူမြို့
* (၂၅) မြန်အောင်မြို့
* (၂၆) ကြံခင်းမြို့
* (၂၇) ငသိုင်းချောင်းမြို့
* (၂၈) ကနောင်မြို့
* (၂၉) ဟိုင်းကြီးကျွန်းမြို့
* (၃၀) ပြင်စလူမြို့
* (၃၁) အမာမြို့
* (၃၂) ငရုတ်ကောင်းမြို့
* (၃၃) ငွေဆောင်မြို့
* (၃၄) ရွှေသောင်ယံမြို့

တပ်မြို့ များ

အထက်ပါမြို့များ အပြင် တပ်ရင်းတပ်ဖွဲ့ အများအပြား အခြေစိုက်၍ တပ်မြို့စည်ပင်သာယာရေးကော်မတီဖြင့် ဖွဲ့စည်း အုပ်ချုပ်သော တပ်မြို့များလည်း ရှိသည်။ ၎င်းတို့မှာ-

* (၁) ဗထူးတပ်မြို့ (ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်)
* (၂) ရဲမွန်တပ်မြို့ (ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်)
* (၃) ဘုရင့်နောင်တပ်မြို့ (ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်)

Tuesday, April 23, 2013

နက်တဲ့ ဒဏ်ရာ ...

ဒဏ်ရာရှိနေပြီးသား အနာတစ်ခုကို
နောက်ထပ်တခါ ဒဏ်ရာတွေ ထပ်ပေးတော့
နာကျင်မှုက ကျွန်မဘ၀ရဲ့ လက်တွဲဖော် ဖြစ်မှန်းမသိဖြစ်လို့..

အသီးအပွင့်တွေ မဝေဆာနိုင်တာကို သိလျက်နဲ့
အဆိပ်ပင်ကို ထပ်ခါထပ်ခါ ရေလောင်းမိပြန်တော့
နောက်ဆုံး ရရှိခဲ့တာက ဗလာနထ္ထိ

တူညီတဲ့ခံစားချက်တချို့ ရလိုရငြားဆိုတဲ့
အတွေးတွေကို ရင်မှာ ပိုက်လို့
သူ့ဇာတ်မျောထဲမှာ လိုက်ပါစီးနင်းရင်း
တကယ်တန်း ဒဏ်ရာတွေ မချိမဆန့် ဖြစ်လာတော့
ကူရာကယ်ရာတွေမဲ့လို့....

Wednesday, April 17, 2013

ဗုဒ္ဓဘာသာ (၅)မျိုး


ဗုဒ္ဓဘာသာ (၅)မျိုး

|Like --->Buddhism Beams(myanmar)
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။ အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့

(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ

>>>> http://buddhismbeams.blogspot.com/2013/02/blog-post_11.html <<<< (၁)ကုလ ဗုဒ္ဓဘာသာ ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။ (၂)လာဘ ဗုဒ္ဓဘာသာ လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာရွေးပြီးကိုးကွယ်တယ်။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ ဘုရား ကျောင်းဆောင် ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ (၃)ဘယ ဗုဒ္ဓဘာသာ ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရား ကိုးကွယ်မှ အသက်ရှည် မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ ဒီလူမပါ။ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။ (၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။ > သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် နက်ကိုဟောကြားတော် မူခဲ့ပါတယ်။ ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက ***ရှောက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။
> မိစ္ဆာသဒ္ဒါယုံကြည်မှုကလာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။

အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။ မှားတာကို မှားတယ်လို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့ အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္တာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။
ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေ ကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။
............................................................................................

Tuesday, April 9, 2013

သတိထားနိုင်ကြပါစေ..

ကျွန်မတို့ မြန်မာလူမျိုးတွေ Face Book ကို အသုံးပြုသူတွေ တစ်နေ့ထက် တစ်နေ့ ပိုပို များပြားလာကြပါတယ်..
ဆယ်ကျော်သက်တွေကော.. ဆယ်ကျော်သက်မကတွေကော.. လူငယ်မက လူကြီးမကျ ကျွန်မတို့လို အရွယ်တွေကော..
ဦးဦး ဒေါ်ဒေါ် ဘဘ လူကြီးအရွယ်တွေကော လူမျိုးစုံ လူတန်းစားအစုံ Face Book ကို သုံးစွဲနေကြပါတယ်..

ကျွန်မပြောချင်တာလေးက .. ဆယ်ကျော်သက်ရွယ် မကတဲ့ နှစ်ဆယ်ကျော် အရွယ်လေး ကောင်မလေးတစ်ချို့အကြောင်း..
ဒီ Face Book ဆိုတာ ကိုယ်ရေးလိုက်တဲ့ Status (သို့) Comment တစ်ကြောင်းဟာ စက္ကန့်ပိုင်းအတွင်း မိနစ်ပိုင်းအတွင်း
သိန်းချီ သန်းချီတဲ့ လူတွေကြားထဲကို တစ်ခဏလေးနဲ့ ရောက်သွားတာ အမှန်ပါ.. နောက်တခုက ကိုယ်ရေးလိုက်တဲ့စာ တစ်ကြောင်း
ဟာ ကိုယ့်စိတ်ကို ဖော်ပြနိုင်တယ်ဆိုတာလည်း ရှိနေသေးတယ်ဆိုတော့..

ဒါကြောင့် စိတ်တိုလွယ်တဲ့ကျွန်မ ဒေါသထွက်မြန်တဲ့ ကျွန်မဆို ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ဒီစာမျက်နှာပေါ်မှာ ချရေးပြီး စိတ်ဖြေလိမ့်ရှိတဲ့အကျင့်တွေကို မနည်း ဖျောက်ဖျက်ထားရတယ် .. ဒါတောင် တခါတခါ စိတ်လွတ်သွားပြီး ပေါက်ကွဲမိနေတုန်း..
(ဒါပေမယ့် ကျွန်မပေါက်ကွဲတဲ့ စကားလုံးတွေဟာ ရင့်ချင်ရင့်နေလိမ့်မယ်.. ရိုင်းတဲ့ ဆဲဆိုမှုတွေ မပါဘူးဆိုတာ ကိုယ်ကိုယ်တိုင် အသိပါ)

တချို့မိန်းကလေးတွေဆို ဒီနေ့ ဒီလူနဲ့ Relation Ship လုပ်.. နောက်ရက်ကျရင် အဲ့ဒါကို ပြန်ဖြတ်.. နောက်တစ်ယောက်ကို
Relation လုပ်.. နောက် ပြန်ဖြတ် တခြားတစ်ယောက်ကို Friend List ရဲ့ ပထမဆုံးနေရာမှာ ထားလိုထား.. သြော် ခက်တော့နေပြီ..
ကိုယ့်ညီမတွေ အစ်မတွေသာဆို မရှက်ဖူးလားလို့ ကျွန်မ မေးလိုက်ချင်တယ်.. မိနစ်ပိုင်းအတွင်း ကိုယ်လုပ်သမျှတွေ လူတိုင်း သိမြင်နိုင်
တဲ့ အခြေအနေတခုမှာ ဘာကြောင့် စိတ်ကို အလိုလိုက်ပြီး ကိုယ်လုပ်ချင်သလို ပြင်ချင်သလို ပြင်နေကြတာလည်း.. တဖက်လူ မကောင်း
လို့ အဲ့လိုလုပ်တယ်ဆိုလည်းပဲ ကိုယ်လုပ်တာ ကိုယ်ပြင်နေတာ ကိုယ်တင်နေတာတွေက ကိုယ့်ကိုပဲ လူတွေသိပြီး ကျန်တဲ့တခြားသူကို
လူမသိလေတော့ ကိုယ့်ပဲ အမြင်တစ်မျိုးနဲ့ စကားတစ်မျိုးနဲ့ အပြောခံရမှာ မဟုတ်ဖူးလား...

နောက်တခု ကျွန်မ Friend Listထဲက ကောင်လေးတစ်ယောက်က သူ့အသိကောင်မလေးတစ်ယောက်ဆီကို ကွန်မန့်ပေးလိုက်တယ်..
ဒါနဲ့ ဘာရယ်မဟုတ် တခုခု တက်လာရင် သွားကြည့်တတ်တဲ့ ကျွန်မက အဲ့ကလေးမလေးပရိုဖိုင်းကို ရောက်သွားတယ်ဆိုပါတော့...
ကောင်မလေးက (ကိုယ့်ထက်ငယ်လောက်မယ်ထင်လို့ ကောင်မလေးလိုက်တာ) ရုပ်လေးက လှတပတလေး အသားဖြူဖြူလေးနဲ့ မျက်နှာလေးက တကယ်ကို Sweet ဖြစ်ပါတယ်.. တော်တော် ချစ်ဖို့ကောင်းတဲ့ထဲ ပါတယ်.. ဒါနဲ့ သူပုံလေးတွေက ချစ်ဖို့ကောင်းတော့
ဓါတ်ပုံတွေ လိုက်ကြည့်ရင်း သူ့သူငယ်ချင်းတွေနဲ့ သူနဲ့အပြန်အလှန်ရေးထားတဲ့ ကွန်မန့်တွေ ဖတ်ပြီး ကျွန်မ လန့်သွားတယ်....
ဆဲထားလိုက်တာဆိုတာလေ.. ယောက်ျာ်းလေးတွေ ဆဲသလိုတွေ အပြန်အလှန် ဆဲထားလိုက်ကြတာ.. ကွန့်မန့်ပေးတဲ့ထဲမှာ ယောကျာ်း
လေးက တော်တော်များတယ်.. အဲ့ယောကျာ်းလေးတွေက သူ့ကိုဆဲသလို သူကလည်း အပြန်အလှန်တွေ ဆဲထားလိုက်တာဆိုတာလေ..
ကျွန်မ ဆက်မဖတ်ရဲလို့ သူ့ပရိုဖိုင်းကနေ လှည့်ပြန်ခဲ့ရတယ်.. လူငယ်တွေ ကြားထဲမှာ ဘာတွေ ဘယ်လို ဖြစ်ကုန်လည်းဆိုတာ ကျွန်မပဲ
လိုက်မမှီတော့တာလား.. သူတို့ပဲ ခေတ်တွေ လွန်နေကြတာလား... ဖရုဿဝါစာတွေကို လက်လွတ်စပယ် ဘာကြောင့် ဒီလောက်များ
ပြောဆိုနေကြတာလည်းဆိုတာကို စဉ်းစားမရပဲ အတွေးတွေ များစွာနဲ့ပဲ...

Thursday, February 28, 2013

"အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း "


ရှက်ဖို့ ကောင်းလှသည် . . .

ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင် ကောင်းမှု များပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီး ဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုး ဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော် တို့နှင့် ယခုတိုင် အချို့သော သူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရ ဆဲပင် ဖြစ်သည်။

ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီး ဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။

လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြ သည်။

လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ် နေကြသည်။

အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။

ဒါဆို . . . ကျွန်တော်မေးတော့မည်။

( လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့ ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။ ) ... suon won .. ကြိုက်တဲ့စာသားမို့ ....( - ) ...

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။

တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း။
တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။
အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့ သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။

သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ် ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . .။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?

သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။
နောက် . .. နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကား မကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက် မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်း တင် လေယာဉ်ပျံများ ဖြတ်သန်းနေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ် ဝင်တာကို တော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ် များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား စဉ်းစားကြပါ . . . ။ သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။

မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင် စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။

ကိုယ့်စိတ်ကို ပြန်စစ်ကြည့် စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။ မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။

ကျော်သူ